Wednesday, July 31, 2013



Viber ( Update v3.1 )
Viber Update လေး ထွက်လာပြန်ပါပြီ :)

download - (12MB)

Dropbox
 

Zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Vintage 8mm Video Camera

အသစ်ထွက်လာတဲ့ Video Camera App လေးပါ။ စိတ်ကူးလေးက
လန်းတယ်။ မြန်မာ MTV တွေမှာ အခုနောက်ပိုင်းတော်တော်များများ
Vintage Effect တွေ သုံးလာကြပါတယ်။ အတွေးပုံရိပ်ကို ပုံဖော်တဲ့အခါ ဝေေ၀၀ါးဝါး ဒီဇိုင်းလေးတွေနဲ့

ရိုက်ကူးကြပါတယ်။ ရှေးတုန်းက
Video တွေလိုလို ဖြစ်အောင်လဲ ဖန်တီးနိုင်ပါတယ်။ Audio တော့ မပါဘူး။ Vintage Effect (၅)မျိုး ပါဝင်ပါတယ်။ ဓါတ်ပုံအနေနဲ့လဲ ရိုက်ကူးနိုင်ပါတယ်။ ရိုက်ကူးပြီးသား Video & Photo များကို SD Card အောက်က ..Vantage 8mm ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။ အလန်းလေးပါ။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, July 30, 2013



QuickPic (Update)

ကျွန်တော် အကြိုက်ဆုံး Photo Gallery App လေး update ထွက်လာလို့တင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေ scan ဖတ်ချက်ကတော့ လန်ထွက်နေတာပါပဲ။ ဘယ်လောက်ပဲ ပုံများများ စက္ကန့်ပိုင်းအတွင်း မိမိဖုန်းထဲမှ ရှိသမျှ ဓါတ်ပုံများကို ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းတွေမှာ built in ပါတဲ့ Gallery တွေက လေးပါတယ်။ Videos တွေ ဖတ်တဲ့အခါ ချက်ခြင်းမပေါ်ပဲ ဖြေးဖြေးချင်းမှ ပေါ်လာတတ်ပါတယ်။ QuickPic ကို သုံးကြည့်ပါ။ ခဏလေးနဲ့ အကုန်လုံး ဖော်ပြပါတယ်။ တစ်ခါပဲ scan ဖတ်ထားရုံနဲ့ နောက်တစ်ခါဖွင့်တဲ့အခါ ချက်ချင်း ဖော်ပြပေးတယ်။ မယူရသေးသူတွေ ယူကြဗျာ။ ဓါတ်ပုံတွေ အများကြီးရှိနေရင် ဒီကောင်လေးနဲ့ ရှာဖွေရေးလုပ်တာ အမြန်ဆုံးပါပဲ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

copy

zippyshare


ပျော်ရွှင်ပါစေ။

Mr.AD

Monday, July 29, 2013




** Samsung ဖုန်းများတွင် Quick Test Menu စမ်းသပ်နည်း **

လိုင်းမကောင်းလို့ app တွေ တင်မရတာနဲ့ Samsung ဖုန်းတွေမှာ အလွယ်တကူစမ်းသပ်နိုင်တဲ့ Quick Test Menu အကြောင်း ရေးပေးလိုက်ပါတယ်။ မသိသေးသူတွေအတွက် ပြောပြပေးတာပါ။
ဖုန်းရဲ့ Dial Pad ကနေ *#7353# ဆိုပြီး ရိုက်လိုက်ပါ။
Quick Test Menu ပေါ်လာပါလိမ့်မယ်။ တစ်ခုသတိထားရမှာက ဖုန်းမှာ မူရင်းပါတဲ့ Dial Pad ဖြင့်သာ စမ်းသပ်နိုင်ပါတယ်။
Dialer App တစ်ခုခုထည့်ထားပြီး အဲ့ဒီကနေ ရိုက်ရင်တော့ ..
အဆင်ပြေချင်မှ ပြေပါမယ်။ Quick Test Menu မှာ စမ်းသပ်နိုင်တာတွေက မော်ဒယ်မြင့်ဖုန်းတွေဆို function (12)မျိုး စမ်းနိုင်ပြီး မော်ဒယ်နိမ့်ဖုန်းဆိုရင် 

function (10)မျိုးစမ်းသပ်နိုင်ပါတယ်။ ပါဝင်တဲ့ function တွေက ..

(1) Melody ( ဖုန်းပြောသံ စမ်းသပ်ခြင်း )
(2) Vibration ( တုန်ခါမှု စမ်းသပ်ခြင်း )
(3) Speaker ( အသံထွက် စမ်းသပ်ခြင်း )
(4) Dimming ( Screen အလင်းအမှောင် စမ်းသပ်ခြင်း )
(5) Camera ( ကင်မရာ စမ်းသပ်ခြင်း )
(6) VT Camera ( ရှေ့ကင်မရာ စမ်းသပ်ခြင်း )
(7) Bluetooth ( Bluetooth စမ်းသပ်ခြင်း )
(8) TSP Dot Mode ( Touch Screen ကို အစက်ပျောက်ဖြင့် စမ်းသပ်ခြင်း )
(9) TSP Grid Mode ( Touch Screen ကို ဇယားဖြင့် စမ်းသပ်ခြင်း )
(10) Accelerometer Sensor ( 360 ဒီဂရီ လှည့်တာ စမ်းသပ်ခြင်း )
(11) Proximity Sensor စမ်းသပ်ခြင်း
(12) Light Sensor စမ်းသပ်ခြင်း

အစရှိသည်တို့ကို သေချာ ကောင်း ၊ မကောင်း စမ်းသပ်နိုင်ပါတယ်။ ဖုန်းအသစ် ၀ယ်တာပဲဖြစ်ဖြစ်၊ အဟောင်း ပြန်ဝယ်တာပဲဖြစ်ဖြစ် Quick Test Menu ဖြင့် ဖုန်းတစ်လုံးရဲ့ function အချို့ ကောင်း၊ မကောင်းကိုဒီနည်းလမ်းဖြင့် အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။ စမ်းပြီးမှ ၀ယ်တော့ ..
မမှားတော့ဘူးပေါ့ဗျာ။ Samsung ဖုန်းတွေ အတွက် ဖြစ်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 28, 2013



Super System Info

အသုံးဝင်တဲ့ system app လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ အစကတော့ app နာမည်ကိုဖတ်ပြီး ထုံးစံအတိုင်း ကျွန်တော်တို့ ဖုန်းတွေရဲ့ CUP , Memory , Model .. အဲ့ဒါတွေလောက်ပဲ ..
ဖော်ပြပေးတဲ့ app လို့ထင်ခဲ့ပါတယ်။ စမ်းကြည့်လိုက်တော့ ကျွန်တော့်အထင် မှားခဲ့ပါတယ်။ ဘာတွေလုပ်ဆောင်နိုင်လဲဆိုတော့ ..

- System Information များ ဖော်ပြခြင်း။
- App များကို Backup လုပ်နိုင်ခြင်း။
- Task Killer ( နောက်ခံ run နေသော app များ ပိတ်ပေးခြင်း )

စတဲ့ function တွေပါဝင်နေပါတယ်။ သဘောကျတာက ပေါ့ပေါ့ပါးပါးနဲ့အသုံးပြုလို့ရတာပါပဲ။ App များ Loading လုပ်တာလဲ မြန်တယ်ဗျာ။ App တွေကို Backup ဆွဲပြီး SD Card အောက်မှာ Backups ဆိုတဲ့ ..
folder ထဲမှာ ပြန်ယူနိုင်ပါတယ်။ Play Store မှာ download ဆွဲထားတဲ့ App တွေ Backup လုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ Task Killer ကလည်း လန်းတယ်။ Notification ဘားပေါ်မှာ ရှိနေလို့ အလွယ်တကူ အသုံးပြုနိုင်တယ်။ တကယ်လဲ နောက်ခံ run နေတာတွေကို သတ်ပေးပါတယ်။ ကွန်ပျူတာမှာ Ctrl+Alt+Delete နဲ့ Process တွေကို သတ်သလိုမျိုး Super System Info က Process လုပ်နေတဲ့ App တွေကို ဖော်ပြပေးပါတယ်။ တစ်ခုချင်းဆီ ပိတ်ပစ်လို့ရပါတယ်။ system memory ကို အမောပြေစေမယ့် Task Killer လေးပါ။ ထည့်ထားသင့်တဲ့ System App လေးမို့ တင်ပေးလိုက်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -
 

dropbox

copy

box
 

mega

ပျော်ရွှင်ပါစေ။

Mr.AD

Music Off

ဒါလေးကတော့ သီချင်းနားထောင်ပြီး အိပ်တတ်သူတွေအတွက်
သီချင်းကို Timer ပေးပြီး ပိတ်လို့ရမယ့် app လေးဖြစ်ပါတယ်။
Music Player တော်တော်များများနဲ့ အဆင်ပြေပါတယ်။
Timer off နဲ့ auto music off ဆိုပြီး နှစ်မျိုးပါတယ်။
Timer ပေးလိုက်တဲ့အခါ Timer ပြည့်သွားတာနဲ့ သီချင်းသံက
တဖြည်းဖြည်းချင်း တိုးသွားပြီး နောက်ဆုံး ပိတ်သွားပါမယ်။ music volume ကို ပိတ်ပြီးတာနဲ့ media volume ကို နဂိုအတိုင်းပြန်ချိန်ပေးသွားပါတယ်။ ဒါလေးလဲ အသုံးဝင်တာလေးမို့ တင်ပေးလိုက်တယ်။ ကျွန်တော်လဲ တစ်ခါတစ်လေ စိတ်ပင်ပန်းရင် သီချင်းဖွင့်ထားပြီး အိပ်တတ်တော့ ဒီ app လေးနဲ့ အိုကေပါပဲ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

copy
 

box
 

mega
 

ပျော်ရွှင်ပါစေ။

Mr.AD

** အဆင်လှ အလှဆင်နိုင်သော Android Widgets များ **

ရှာဖွေရေး By Mr.AD (Happy Android World)


ဖုန်းတစ်လုံးနဲ့တစ်လုံး အမြင်အာရုံ ကွာပြားသွားစေနိုင်တဲ့အထဲမှာ Home Screen တွေ အလှဆင်ထားတဲ့ အပိုင်းလဲ ပါဝင်ပါတယ်။ မော်ဒယ်မြင့်မှ အလှဆင်နိုင်တာမဟုတ်ပါဘူး။ မော်ဒယ်နိမ့်ဖုန်းများတွင်လဲ
အလှဆင်တတ်ရင် သူ့ဟာနဲ့သူ ကြည့်လို့ကောင်းနေပါတယ်။ ဒီတစ်ခါတော့ ဘော်ဒါတို့အတွက် မိမိဖုန်း Screen ပေါ်မှာ အလှဆင်နိုင်မယ့် အသုံးဝင် Widget လေးတွေကို တင်ပေးလိုက်ပါတယ်။

အခုတင်ပေးလိုက်တဲ့ app တွေသည် Widgets များ ဖြစ်တဲ့အတွက် install လုပ်ပြီးတဲ့အခါ application list ထဲမှာ icon ပေါ်ချင်မှ ပေါ်ပါမယ်။ အသုံးပြုချင်ရင် Home Screen ကို ကြာကြာဖိပြီး Widgets ဆိုတာကိုရွေးကာ Home Screen ပေါ်သို့ တင်ပြီး သုံးရမှာဖြစ်ပါတယ်။ Widgets ဆိုတာကို မသိသေးသူတွေအတွက်ရှင်းပြတာဖြစ်ပါတယ်။ နောက်ပြီး Widgets နဲ့ ပက်သက်ပြီး သိထားရမယ့်အချက်တွေက ..

- Task Killer အသုံးပြုတဲ့အခါ Widgets များ အလုပ်မလုပ်ပဲဖြစ်သွားတတ်ပါတယ်။
- Widgets တစ်ခုကို install လုပ်ပြီး ဖုန်းရဲ့ Widgets List ထဲမှာ မတွေ့ခဲ့ဘူးဆိုရင် ဖုန်းကို Restart ချပေးရပါတယ်။
- Widgets များကို SD Card ထဲမှာ install မလုပ်ရပါ။ လုပ်ထားမိရင် Widgets များ အသုံးပြုလို့မရ ဖြစ်တတ်ပါတယ်။

ကျွန်တော် တင်ပေးလိုက်တဲ့ Widgets လေးတွေကတော့ ...

Contact Widget BCW Lite ( ပုံ - ၁ ၊ ၂ )
ဒီ Widget ကတော့ ဖုန်းနံပါတ်(Contacts)များကို ဒီဇိုင်းလှပစွာဖြင့် Screen ပေါ်မှာ အလှဆင်နိုင်မယ့် widget လေးဖြစ်ပါတယ်။ ပုံ(၁) နှင့် (၂) မှာ ပြထားတဲ့အတိုင်း ဒီဇိုင်းမျိုးစုံ ပါဝင်ပါတယ်။ Screen ပေါ်မှာ ထုတ်ထားသော Contact Widget တွေကို တစ်ချက်နှိပ်လိုက်ရင် Call , SMS , Email ဆိုပြီး function သုံးခုရွေးချယ်ပြီး သုံးနိုင်ပါတယ်။ Widget ဒီဇိုင်း (၁၀)မျိုး ပါဝင်ပါတယ်။ Free Version လေးပါ။

Bottle Widgets ( ပုံ - ၃ )
ဒီ Widget လေးကတော့ Social app များဖြစ်တဲ့ Facebook , Viber ,Twitter , Gmail , Google+ အစရှိတဲ့ နာမည်ကြီး logo များကို ပုလင်းလေးထဲထည့်ထားတဲ့ပုံစံ ဖန်တီးထားတဲ့ Widget များဖြစ်ပါတယ်။
မိမိနှစ်သက်ရာ app ကို သတ်မှတ်ပေးပြီး Bottle Widget လေးများကို ဖန်တီးနိုင်ပါတယ်။ ချစ်စရာကောင်းပြီး အမြင်ဆန်းသစ်သွားစေပါတယ်။ Home Screen ပေါ် ထုတ်ပြီးသွားရင် ပုလင်းလေးတွေကို တစ်ချက်နှိပ်ပြီး သတ်မှတ်ထားတဲ့ Social App များကို ဖွင့်နိုင်ပါတယ်။

Clock Widgets ( ပုံ - ၄ )
နာရီ Widgets လေးတွေပါ။ ဒီဇိုင်းလှပပြီး အရောင် နှင့် စတိုင်များကို မိမိစိတ်ကြိုက် ပြုပြင်ပြောင်းလဲလို့ရပါတယ်။ နာရီလေးတွေ ဒီဇိုင်းစုံ၊
size အစုံပါဝင်ပါတယ်။ သဘောကျနှစ်သက်မယ်ထင်လို့ ထင်ပါတယ်။

Aqua Battery ( ပုံ - ၅ )
ချစ်စရာကောင်းတဲ့ Battery Widgets လေးတွေပါ။ ရေသတ္တ၀ါလေးတွေနဲ့ အလှဆင်ထားပါတယ်။ Battery အားပြည့်နေတဲ့အခါ ရေသတ္တ၀ါလေးတွေပျော်ရွှင်နေပါတယ်။ အားတစ်ဝက်လောက်ဆိုရင် နည်းနည်း မဲ့သွားတယ်။ အားကုန်ခါနီးဆိုရင် သူတို့တွေ မပျော်ရွှင်တော့ပါဘူး။ ဖန်တီးထားတဲ့ ..
စိတ်ကူးလေးကိုသဘောကျလို့ တင်ပေးလိုက်ပါတယ်။

ဒီရက်ပိုင်း connection မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ ကျွန်တော် ဒီ widgets လေးတွေတင်ဖို့ အချိန် အတော်ပေးခဲ့ရတယ်။ download - upload တွေ Speed အရမ်းကျနေပါတယ်။ လိုင်းရရင် ရသလို
တင်ပေးပါ့မယ်။ အားလုံးသဘောကျ နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ Widgets များ အသုံးပြုခြင်းက Battery ကိုတော့ အနည်းငယ်အားကုန်စေပါတယ်။ ယခုတင်ပေးလိုက်တဲ့ Widgets များမှာ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီး Battery လဲ အားသိပ်မကုန်တာကြောင့် တင်ပေးလိုက်တာပါ။

download - ( Zip file - 11MB )

copy

mega
 

box

ပျော်ရွှင်ပါစေ။

Mr.AD


** အလန်းစား Sparky Lock Screen **

ပူပူနွေးနွေး app အသစ်လေးပါ။ အတော်လေးကို လန်းပါတယ်။
Lock Screen မှာ ဒီဇိုင်းအဆန်းတွေနဲ့ အလှဆင်ချင်သူတွေအတွက် ..
Sparky က စိတ်ကျေနပ်မှု အပြည့်ဝ ပေးပါလိမ့်မယ်။ သဘောကျလွန်းလို့
ချက်ချင်းကို တင်ပေးလိုက်တယ်။ Lock Screen (၈)မျိုး ပါဝင်ပါတယ်။
(၈)မျိုးစလုံး အကုန်လန်းတယ်ဗျာ။ မြင်နေကျ Lock Screen တွေနဲ့မတူပဲ
ထူးထူးခြားခြားလေးကို လှပနေတာ။ ပုံမှာ မြင်တဲ့အတိုင်းပါပဲ။
Lock Screen ကို မသတ်မှတ်ခင် Test လုပ်ပြီး စမ်းနိုင်ပါတယ်။ သဘောကျရင် Activate ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ အရမ်းမိုက်စ် :D 

ကဲ .. လက်မနှေးနဲ့ဘော်ဒါတို့ link လေးတွေ ရှင်သန်နေတုန်း ယူကြဗျို့။
Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (9MB)

copy

box
 

mega
 

zippyshare


ပျော်ရွှင်ပါစေ။

Mr.AD


Pocket Yoga

ကျန်းမာရေးနဲ့ဆိုင်ရာ app လေးတွေ ကျွန်တော် သိပ်မတင်ဖြစ်ဘူး။ ဒါကြောင့်မို့ အခု ယောဂ ကျင့်စဉ် သင်ကြား ပို့ချပေးမယ့် ကျန်းမာရေး app လေးကို တင်ပေးလိုက်ပါတယ်။ ဖုန်းတော်တော်များများနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ယောဂ ကျင့်စဉ် Position များကို animation ပါဝင်ပြီး အသံနှင့်တကွ သင့်ကို ရှင်းပြပါလိမ့်မယ်။
လေ့ကျင့်ခန်းများကို ဖြေးဖြေးချင်း နည်းစနစ်မှန်ကန်စွာဖြင့်

သင်ကြားပေးပါလိမ့်မယ်။ ယောဂ သင်တန်းတွေ အချိန်မပေးနိုင်လို့ မတက်ဖြစ်တဲ့သူတွေ အတွက် ဒီ app လေးနဲ့ အိမ်မှာပဲ အလွယ်တကူ လေ့ကျင့်နိုင်ပါတယ်။ လေ့ကျင့်ချိန်ကိုလဲ အချိန်သတ်မှတ်ပေးလို့ရတယ်။ စတင်လေ့ကျင့်သူမှသည် အဆင့်မြင့်လေ့ကျင့်တဲ့အထိ ပါဝင်ပါတယ်။
ကျန်းမာရေးလိုက်စားသူများအတွက် ဆောင်ထားသင့်တဲ့ app လေးဖြစ်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (20MB)

copy

box

mega
 

ပျော်ရွှင်ပါစေ။

Mr.AD


** ဖုန်းနံပါတ် (Contacts) တွေကို ကောင်းကင်ပေါ်မှာ သိမ်းထားကြပါစို့ **

ကျွန်တော်တို့တွေရဲ့ ဖုန်းတွင် အရေးပါတဲ့ ကဏ္ဍနေရာမှာ Contacts တွေလဲ ပါဝင်ပါတယ်။ ဖုန်းပျောက်သွားလို့ (သို့) ပျက်စီးသွားရင် အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ တစ်ချို့က ဒီလိုမဖြစ်ရအောင် ကွန်ပျူတာမှာ PC Suite Software တွေနဲ့ Contacts တွေကို backup
လုပ်ထားကြပါတယ်။ တစ်ခုခုဖြစ်ရင် ဖုန်းနံပါတ်တွေ မပျောက်အောင် ပြန်ထည့်နိုင်ဖို့ ကြိုတင် ကာကွယ်ထားကြပါတယ်။ ဘော်ဒါရော လုပ်ထားလား။ တကယ်လို့ မလုပ်ထားမိသေးဘူးဆိုရင် အခု ကျွန်တော်ပြောမယ့် နည်းလမ်းလေးကို စမ်းကြည့်စေချင်ပါတယ်။ ကွန်ပျူတာမလိုပါဘူး။ Contacts တွေကို ကောင်းကင်ပေါ်မှာ သိမ်းထားကြရအောင်။ ဒီနည်းလမ်းလေးက ဘာတွေအကျိုးရှိလဲဆိုရင် ..

- Contacts တွေကို လုံခြုံ စိတ်ချစွာ သိမ်းဆည်းနိုင်တယ်။
- ဘယ်ဖုန်းအမျိုးစားပဲဖြစ်ဖြစ် ပြန်ထည့်ပြီး သုံးလို့ရတယ်။
- အခမဲ့ အသုံးပြုခွင့်ပေးတယ်။
- အချိန်မရွေး၊ နေရာမရွေး၊ အလွယ်တကူ Contacts တွေ ပြန်ယူနိုင်တယ်။
- ကွန်ပျူတာ မသုံးပဲ Contacts တွေကို သိမ်းထားနိုင်တယ်။

တကယ်ကို အသုံးဝင်ပါတယ်။ Iphone ကနေ Android ဆီကို Contacts တွေထည့်မလား။ မတူညီတဲ့ ဖုန်းအမျိုးစားတွေမှာ ကြိုက်သလို ပြောင်းလဲနိုင်လို့ အလန်းစားလေးပါ။
ကဲ စကားလဲ များပြီးပြီ။ လုပ်နည်းလေး ပြောပြတော့မယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ app နာမည်လေးက Zootta ပါ။ စက်ရုပ်လေးပေါ့။ ကျွန်တော်တို့ ဖုန်းနံပါတ်တွေကို သိမ်းဆည်းပေးမယ့် online စက်ရုပ်လေးပါ။ အရင်ဆုံး Zootta app ကို download ဆွဲပြီး install လုပ်ပါ။ ပြီးရင် ဖုန်း intertnet ဖွင့်ထားပေးပါ။ Zootta မှာ register လုပ်ရပါမယ်။
မြန်ပါတယ်။ ဘာ code မှာ မျှော်နေစရာမလိုပါဘူး။ ချက်ချင်းလုပ် ချက်ချင်း သုံးနိုင်ပါတယ်။ email , သင့်ဖုန်းနံပါတ် (+9509 ............. ) , Pin (zootta အတွက် password) တွေကို ဖြည့်ပေးပြီး register လုပ်ပါ။ register လုပ်ပြီးရင် ပုံ(၁)မှာလို မြင်ရပါမယ်။

Manage Contacts ကို နှိပ်ပါ။ ဖုန်းနံပါတ်များကို Zootta online storage ကြီးတွင် သိမ်းချင်ရင် ( Save my contacts ) ကို နှိပ်ပါ။ Warning ဆိုပြီး စာတက်လာရင် OK နှိပ်လိုက်ပါ။ ဒါဆိုရင် သင့် ဖုန်းနံပါတ်တွေကို online storage မှာ မှတ်သားထားပါပြီ။ တကယ်လို့ သင့်ဖုန်းနံပါတ်တွေ သိမ်းထား မထား သေချာသိချင်ရင် www.zootta.com ဆိုတဲ့ website မှာ သွားကြည့်နိုင်ပါတယ်။ email နဲ့ pin code လေးရိုက်ပြီး log in ၀င်ကာ သင့် ဖုန်းနံပါတ်များကို ကြည့်နိုင်ပါတယ်။ ပြင်ဆင်နိုင်ပါတယ်။

ကဲ .. သင့်ဖုန်းနံပါတ်တွေကို ဖုန်းထဲ ပြန်ထည့်ချင်ပြီဆိုပါတော့ Zootta app ကိုဖွင့်ပါ။ pin နံပါတ်ရိုက်ပြီး login ၀င်ပါ။ Manage contacts ကို နှိပ်ပါ။ ( Retrieve my contacts ) ကိုနှိပ်ပါ။
နှိပ်လိုက်ရင် ပုံ(၂)မှာလိုမြင်ရပါမယ်။ Retrieve selective contacts ဆိုတာကတော့ ဖုန်းနံပါတ်တွေကို အကုန်မထည့်ပဲ ကိုယ်လိုချင်တဲ့ နံပါတ်ကိုသာ select မှတ်ပြီး ပြန်ထည့်ဖို့ပါ။ Retrieve all contacts ဆိုတာကတော့ မှတ်ထားတဲ့ ဖုန်းနံပါတ်အကုန်လုံးပြန်ထည့်ဖို့ပါ။ 

ကိုယ် လိုချင်သလို ပြန်လည်ထည့်သွင်းနိုင်ပါတယ်။

လက်တွေ့စမ်းချင်ရင် Contacts ထဲမှာ ဖုန်းနံပါတ်တစ်ခုကို ဖျက်ပစ်လိုက်ပါ။ ပြီးရင် Zootta ကိုသုံးပြီး ဖျက်ထားတဲ့ နံပါတ်ကို select မှတ်ကာပြန်ထည့်ကြည့်ပါ။ ဖျက်လိုက်တဲ့ ဖုန်းနံပါတ် ချက်ချင်းပဲ သင့်ဖုန်းထဲကို ပြန်ရောက်လာပါလိမ့်မယ်။

ဒီလောက်ဆို အသုံးပြုနည်းရော အသုံးဝင်ပုံပါ သိလောက်ပါပြီ။ Contacts တွေကို ဒီနည်းလေးနဲ့ မှတ်သားထားပါလို့ အကြံပြုပါရစေ။ ဘာမှလဲ မခက်ခဲပါဘူး။ အင်တာနက်လေးဖွင့်ပြီး အချိန်အနည်းငယ်ပေးလိုက်တာနဲ့ ကိုယ့်ဖုန်းနံပါတ်တွေ ကောင်းကင်ပေါ်မှာ စိတ်ချလက်ချ သိမ်းထားလို့ရပါတယ်။ ကွန်ပျူတာလဲ မလိုအပ်တော့ လွယ်တာပေါ့ဗျာ။ အလိုရှိတိုင်း ပြန်ထည့်နိုင်တာမို့ သုံးကြည့်ပေးပါလို့ ညွှန်းလိုက်ပါတယ်။

download Zootta app -

copy

mega

box

Contacts များကို ပြန်ကြည့်ချင်ရင် www.zootta.com မှာ ၀င်ကြည့်နိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD (www.facebook.com/happyandroidworld)


Brand Phones Ringtones

နာမည်ကြီး Phone အမျိုးစားများစွာရဲ့ မူပိုင် Ringtones , Alarm tones,
Notification tones တွေကို ရယူနိုင်မယ့် app အလန်းစားလေးဖြစ်ပါတယ်။
internet connection တော့ လိုအပ်ပါတယ်။ မိမိ နှစ်သက်ရာ Brand ကို ရွေးချယ်ပြီး Tones များကို ရယူနိုင်ပါတယ်။ ရယူနိုင်တဲ့ Phone Brand တွေက အများကြီးပဲဗျာ။ ဘာတွေပါလဲဆိုတော့ Iphone , Samsung , Nokia , HTC , Motorola , Sony , LG , Google , Huawei .. စတာတွေ ပါဝင်တယ်။ Brand တစ်ခုချင်းဆီကို Model အလိုက် အများကြီး ထပ်ရှာပြီး အသံတွေကို ယူနိုင်သေးတယ်ဗျာ။ S4 , Iphone 5 , Xperia Z တွေ အထိ .နောက်ဆုံးထွက် Phone Model တွေအထိ ရယူနိုင်လို့ သဘောကျမိပါတယ်။ Ringtones တွေကို အချိန်ပေးပြီး စုစည်းထားပေးတဲ့ App ဖန်တီးရှင်ကိုလဲ ကျေးဇူးတင်မိပါတယ်။ Google Play မှာ Free ပေးထားတဲ့ app လေးပါ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

copy

box

mega

ပျော်ရွှင်ပါစေ။

Mr.AD

Friday, July 26, 2013

VRoot ခေါ် ROOT Masters version သစ် VRoot 1.4.3.3359

 MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version သစ် VRoot_1.4.3.3359 ဖြစ်ပါတယ်.. 25.7.2013 ရက်နေ့က နောက်ဆုံးထွက်ရှိပါတယ်..  ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 2000 ကျော်ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ်.. နောက်ထပ်တွေ့လာရတာက i-Mobile IQ တွေကို ဒီကောင်နဲ့ Root လို့ရတာပါ.. Driver မသိရင်လည်း Online က Auto ချပေးတယ်... ပိုစုံလာတာပေါ့ဗျာ..

နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..
2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..


3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..


4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..
ဒါဆို အဆင်ပြေလောက်ပါပြီ..

ဒီကောင်နဲ့ Root ဖောက်ပြီးတဲ့အခါ App Drawer ထဲမှာ နာမည်မသိတဲ့ Application လေး တစ်ခု ရောက်နေပါတယ်.. အဲဒါကတော့ SuperUser ပေါ့ဗျာ.. တရုတ်လိုရေးထားတော့ ကျွန်တော်တို့ မဖတ်တတ်တာပါ.. Application တွေကို Install လုပ်လိုက်တဲ့အခါ ဒီ တရုတ်ဆော့ဖ်ဝဲလေးတက်လာပါတယ်.. ညာဘက်က ခလုတ်က Grant ဖြစ်ပြီး ဘယ်ဘက်ကဟာလေးကတော့ Deny ဖြစ်ပါတယ်.. 

ပုံထဲမှာ C8812 ကို Root လုပ်အောင်မြင်ကြောင်း ပြထားပါတယ်...

မောင်ပေါက်<Knowledge Note>
www.maungpauk.org

( Credit to - မောင်ပေါက်<Knowledge Note> )

Thursday, July 25, 2013

Android Phone များအတွက် လျှို့ဝှက် ကုဒ်များ


ကျွန်တော် Android Phone ကိုင်ဆောင်သူတွေအတွက် လျှို့ဝှက်ကုဒ်လေးတွေဖြစ်ပါတယ်။ အောက်မှာ စမ်းသပ်နိုင်ပါတယ်။
( မှတ်ချက် ။ ။ ANDROID PHONE တိုင်းတွင်ရသည်ဟူ၍မဟုတ်၊ တချို့ဖုန်းများ ကုဒ်နံပါတ်နှင့် အဆင်မပြေဖြစ်တတ်သည်။ )

1. Testလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* (or) *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test


2. Firmware အချက်အလက်ကြည့်ခြင်း

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်

*#*#273283*255*663282*#*#*


4. Service mode

*#*#197328640#*#*



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို
အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။


*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ပစ်ပါသည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics
ကျွန်တော် သိသလောက်၊ တတ်သလောက်လေး ပြန် Share ပေးထားတာပါ။ အမှားပါရင်လည်းခွင့်လွှတ်ပါ။


Credit to မောင်ပေါက် ( Knowledge Note )
http://www.maungpauk.org/2012/10/android-phone-android-phone-1.html

အိမ်ရှင်မရဲ့အနုပညာ

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၁၆.၆ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 415 အိမ်ရှင်မရဲ့အနုပဥ၁ာ အသုံးချပရိုဂရမ်တွင် အသီးအနှံများကို လှလှပပလေး စားချင်သူများအတွက်၊ ပုံဖော်လိုသူများအတွက် ရည်ရွယ်ပါတယ်။ ပုံဖော်နည်းများကို အသေးစိတ်ဖော်ပြထားလို့ မိမိစိတ်ကြိုက်အလွယ်တကူပြုလုပ်လို့ရပါတယ်။

download ဆိုရန် အောက်က link ဆီသို့ဒိုးပါ။

http://www.jas.com.mm/welcome/appsdetails/238

Credit to http://www.jas.com.mm/

 
ကီးခလုတ်တွေ နှိပ်စရာ မလိုဘဲ Recovery Mode ကို ဝင်ရအောင် ( Android One Click Rovery )

ကျွန်တော်တို့တွေ ဖုန်းကို Recovery mode ဝင်ရင် ကီးတွေ တွဲနှိပ်ပြီး ဝင်ကြရတယ်မဟုတ်လား..
ကီးတွေအနှိပ်မှားရင် Recovery mode ကို မရောက်ဘူးလေ.. ဒီတော့ ဆော့ဝဲလေး တစ်ခု ရလာပါတယ်.. ဘယ်ဖုန်းတွေကို Support ပေးသလဲတော့ မသိဘူး. ကျွန်တော့် Huawei မှာတော့ အလုပ်လုပ်ပါတယ်..
ဖုန်းမှာ USB Debugging ကို on ထားပြီး USB ကြိုးနဲ့ Computer မှာ ချိတ်လိုက်.. Driver သိပါစေ..
ပြီးရင် ဒေါင်းလို့ရလာတဲ့ exe ဖိုင်ကို Install လုပ်လိုက်ပါ. ပြီးရင် Run လိုက်ပါ..  ပေါ်လာတဲ့ဘောက်လေးထဲမှာ  Click To Enter Recovery ဆိုတာကိုနှိပ်လိုက်ပါ.. ဖုန်းက Restart ကျသွားပြီး Recovery Mode ကိုရောက်နေပါလိမ့်မယ်... နာမည်က Android One Click Recovery တဲ့ဗျား...

အဆင်ပြေပါစေ..


မောင်ပေါက်

Download : 5.93 MB

Credit to မောင်ပေါက် ( Knowledge Note)

Android Version 2 ကနေ Version 4 ထိ Unlock Code တောင်းစရာမလိုဘဲ Root နိုင်တဲ့ ERoot New Version 1.3.5


Android Version 2 ကနေ Version 4 ထိ Unlock Code တောင်းစရာမလိုဘဲ Root နိုင်တဲ့ ERoot New Version 1.3.3 တင်ပေးလိုက်ပါတယ်.. ထွက်တာ ဒီလအစပိုင်းလောက်ကဖြစ်မယ်ထင်တယ်.. မသိလိုက်လို့. ခုမှ သိတယ်. ERoot ရဲ့ အားသာချက်က Huawei နဲ့ Sony ဖုန်းတော်တော်များများကို Unlock Code တောင်းစရာမလိုဘဲ Root နိုင်တာပါ.. One Click Root Tool ဖြစ်တာကြောင့် CWM နဲ့ Custom ROM သွင်းပြီး Root တာထက် Error ကင်းပါတယ်..  နောက်ဆုံးထွက်လေးဖြစ်လို့ ခု လက်ရှိရောက်နေတဲ့ 4.2.2 တွေနဲ့ ပိုပြီး အဆင်ပြေပြေဖြစ်လာနိုင်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်

Download Here !


Credit to မောင်ပေါက် ( Knowledge Note )
 

Monday, July 22, 2013


Pocket Skip Track

သီချင်းဖွင့်ထားပြီး Screen Off လုပ်ထားတဲ့အချိန် Screen On စရာမလိုပဲ Volume ခလုတ်တွေကို နှိပ်ပြီး သီချင်း အပုဒ်ကျော်နိုင်မယ့် app လေးဖြစ်ပါတယ်။ အရင်လို သီချင်း အပုဒ်ကျော်ချင်တဲ့အခါ screen on ပြီး ပြောင်းစရာ မလိုတော့ဘူးပေါ့။ အလွယ်သုံးနိုင်အောင် ဖန်တီးပေးထားလို့တင်ပေးလိုက်ပါတယ်။ Pocket Skip Track ကို install လုပ်ပြီးရင် Service ဆိုတာကို on ပေးလိုက်ရင် အသုံးပြုလို့ရပါပြီ။ သီချင်းဖွင့်ပါ။
Screen Off လုပ်ပါ။ Volume + ခလုတ်ကို ကြာကြာဖိရင် နောက်တစ်ပုဒ်၊ Volume - ကို ဖိလိုက်ရင် ရှေ့အပုဒ် ကျော်သွားပေးပါမယ်။ Plugin headphone function ကို အမှန်ခြစ် လုပ်ထားပေးရင် နားကြပ်ထိုးလိုက်တဲ့အခါ သီချင်း အလိုလို ဖွင့်ပေးပါမယ်။ နားကြပ်ဖြုတ်လိုက်ရင် သီချင်းကို Pause လုပ်ပေးထားပါမယ်။ Widget နှစ်ခုလဲ ပါဝင်ပါတယ်။ home screen ပေါ်တွင် တင်ထားပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

ဖုန်းအမျိုးစားအားလုံးနဲ့တော့ အဆင်ပြေချင်မှ ပြေပါမယ်။

download -

copy

mega

box

ပျော်ရွှင်ပါစေ။


Mr.AD

** ချစ်စရာ Minion Ringtones & Live Wallpapers App များ **

Despicable Me 2 ဇာတ်ကားထွက်ပြီးတဲ့နောက်ပိုင်း minion လေးတွေကို ပိုပြီး လူသိများလာပါတယ်။ ပေါက်ကရလုပ်တတ်တဲ့ စရိုက်၊ သခင့်ကို ချစ်တဲ့ စိတ်ထား၊

 ပြောင်ချော်ချော်လုပ်တတ်ပုံ .. စတဲ့ သူတို့ပုံစံတွေကအရမ်းချစ်စရာကောင်းခဲ့ပါတယ်။ အစကတော့ minion နဲ့ပက်သတ်ပြီး Apps တစ်ခုပဲ တင်မလို့ပဲ။ ဒါပေမဲ့ ရှာရင်း ရှာရင်း minion နဲ့ ပက်သက်တဲ့ app လေးတွေ အများကြီးတွေ့တာနဲ့ မထူးပါဘူးဆိုပြီး တစ်ခါတည်း စုတင်ပေးလိုက်တယ်ဗျာ။ ဘာတွေတင်ပေးလိုက်လဲဆိုတော့ ..

MinionFun
Despicable Me 2 ဇာတ်ကားထဲမှ minion အသံလေးတွေကို ..
စုစည်းပေးထားတဲ့ soundboard app ဖြစ်ပါတယ်။

Minion Ringtones
ဒါကတော့ minion အသံတွေကို Ringtone လုပ်နိုင်မယ့် ..
app ဖြစ်ပါတယ်။ Ringtones (၉)မျိုး ပါဝင်ပါတယ်။

Dispicable Minion Wallpaper
minion wallpaper လေးတွေ စုစည်းထားတဲ့ app ပါ။
ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ HD Wallpaper တွေကို စုပေးထားပါတယ်။

Dispicable Me 2 Live Wallpaper
မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ပြပြီး ချစ်စရာကောင်းတဲ့ ..
minions live wallpaper လေးတွေပါ။ Live Wallpaper ဖြစ်လို့ ..
သူတို့ရဲ့ ရုပ်အရှင်လေးတွေနဲ့ ကိုယ့်ဖုန်းမှာ အလှဆင်နိုင်ပါတယ်။
Live Wallpaper (၄)မျိုး ပါဝင်ပြီး Sound လဲပါဝင်လို့ Ringtone များလဲ
ပြုလုပ်နိုင်ပါတယ်။

download - (40MB) Zip file

zippyshare

Sendspace 


ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 21, 2013


*** အသုံးဝင် Android Facebook Application များ ***

Facebook ကိုဖုန်းကနေ အသုံးပြုသူတွေအတွက် ဒီပို့စ်ကို ရေးလိုက်ပါတယ်။
Facebook နဲ့ပက်သတ်ပြီး အသုံးဝင်တဲ့ app တွေဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။ ကဲ ဘာတွေလဲ ကြည့်ရအောင် ..

*** FB Touch ***
ဒါကတော့ Facebook ကို အမြန်သုံးနိုင်မယ့် app တစ်ခုပါ။ connection မကောင်းတဲ့အချိန်မျိုးမှာ Facebook ကို ဖွင့်ကြည့်နိုင်ပါတယ်။ Offical Facebook နဲ့ တစ်ပုံစံတည်း တူအောင် ဖန်တီးထားပါတယ်။
ကျွန်တော် တင်ပေးပြီးသားပါ။ တကယ်မြန်ဆန်စွာ အသုံးပြုနိုင်ပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

*** TiKL TouchTalk WalkieTalkie ***
ဒါကတော့ Facebook ပေါ်ကသူငယ်ချင်းတွေနဲ့ ဝေါ်ကီတော်ကီ သဘောမျိုး တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားပြောနိုင်မယ့် app ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Voice Chat လုပ်လို့ရပါတယ်။Group Voice Chat အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။ ကျွန်တော် အရင်က တင်ပေးပြီးသားပါ။ အဆင်ပြေပါတယ်။

*** My Album ***
ဒါကတော့ Facebook ပေါ်မှာ ဓါတ်ပုံတွေကို download/upload လုပ်နိုင်တဲ့ ..
app ဖြစ်ပါတယ်။ ဓါတ်ပုံတွေ သိမ်းဆည်းထားချင်သူများ၊ ပုံအသစ်တွေ တင်ချင်သူများ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ လူကြိုက်များသော FB Photo downloader app ဖြစ်ပါတယ်။ Tags အလုပ်ခံထားရတဲ့ ပုံတွေကိုပါ download ပြုလုပ်နိုင်ပါတယ်။ SD card အောက်က MyAlbum ဆိုတဲ့ folder ထဲမှာ ပုံတွေကို save ပေးပါတယ်။

*** First Cover ***
Facebook Timeline Cover ပုံတွေကို ပြောင်းလဲပေးနိုင်တဲ့ app တစ်ခုပါ။ cover ပုံတွေ အများကြီး ရှာဖွေပြီး ပြောင်းလဲနိုင်ပါတယ်။ မိမိ Timeline ပေါ်ကို အလွယ်တကူ စိတ်ကြိုက် cover များရှာဖွေပြီး
ပြောင်းလဲနိုင်ပါတယ်။

*** my ChatDroid for Facebook ***
Facebook Chatting app တစ်ခုပါ။ မြန်ဆန်ပြီး အသုံးပြုရတာ အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ Chatting သီးသန့် အသုံးပြုချင်သူတွေအတွက် အဆင်ပြေပါတယ်။ Facebook app ကိုဖွင့်ပြီး
အသုံးပြုရတာမဟုတ်တော့ စက်လဲ မလေးတော့ဘူးပေါ့။

တစ်ခြားအသုံးဝင် facebook apps တွေ ကျန်ပါသေးတယ်။ အခုတင်ပေးလိုက်တာတွေကတော့ သယ်ရင်းတို့ မသိတာများမယ်ထင်ပြီး တင်ပေးလိုက်တာပါ။ တစ်ချို့ app တွေကတော့ နာမည်ကြီးတွေဆိုတော့ သိလောက်မယ်ထင်ပြီး မတင်တော့ပါဘူး။ စမ်းကြည့်လိုက်ကြပါဦး။
ကျွန်တော်လဲ တစ်ညနေလုံး ဒါတွေပဲ ထိုင်ကလိပြီး အခုမှ တင်ဖြစ်တာပါ။ ကဲ .. အားလုံးပဲ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ app တွေကို စုစည်းပြီး zip file အနေနဲ့တင်ပေးလိုက်ပါတယ်။

download - (15MB)

box

dropbox

zippyshare

ပျော်ရွှင်ပါစေ

Mr.AD (http://www.facebook.com/happyandroidworld)

*** Pansi SMS , Pansi SMS Emoji Plugin , Panis SMS Themes ***
(လွယ်ကူ မြန်ဆန် လှပသော Pansi SMS Android applications )


SMS နဲ့ပက်သက်ရင် Pansi ပဲ ကျွန်တော်ကတော့ သုံးတော့မယ်။ အဆင်ပြေလိုက်တဲ့ဟာလေး။ sms အသစ်ရောက်လာရင် pop up box လေးတက်လာပြီး အလွယ်တကူ ဖတ်လို့ရတယ်။ စာပြန်ချင်ရင်လဲ တစ်ခါတည်း ပြန်ရေးပြီး ပို့လိုက်ရုံပဲ။ ဖျက်ချင်ရင် တစ်ခါတည်း ဖျက်ပစ်လိုက်လို့ရတယ်။ ကော်ပီလဲ ကူးလိုက်နိုင်သေး။ နောက် .. ဒီဇိုင်းပိုင်းကလည်း ရိုးရှင်းပြီး အသုံးပြုရ လွယ်ကူတယ်။ ဘေးကို slide လုပ်ပြီး inbox , outbox တွေ ကြည့်လို့ရတယ်။  sms ကို ကြိုတင်ပို့ပေးနိုင်တဲ့ schedule function လဲပါတယ်ဗျ။
ဘယ်နေ့ ဘယ်ရက် ဘယ်လ ဘယ်အချိန်မှာ ပို့ပေးဆိုရင် တိတိကျကျ ပို့ပေးပါလိမ့်မယ်။ Emoji ခေါ် ရုပ်ပြောင်လေးတွေနဲ့လဲ စာရိုက်တဲ့အခါ အသုံးပြုလို့ရသေးဗျာ။ ရုပ်ပြောင်တွေလဲ အများကြီးပဲဗျာ။ ရုပ်ပြောင်တွေသုံးချင်ရင်တော့ ကိုယ့် ပို့မယ့်ဖုန်းမှာ Pansi SMS Emoji Plugin တော့ ရှိဖို့လိုတာပေါ့။ နောက် Themes ဒီဇိုင်းတွေလဲ အများကြီး ရှိပါတယ်။ ကျွန်တော်ကတော့ GO SMS ထက် ပိုသဘောကျတယ်။ သုံးရတာ အတော် အဆင်ပြေပါတယ်။ ထည့်ထားသင့်တဲ့ sms app ဖြစ်ပါတယ်။ ထည့်လိုက်တော့ဗျာ။

ရုပ်ပြောင်တွေသုံးနိုင်ဖို့ Pansi SMS Emoji Plugin နှင့် theme ဒီဇိုင်းတွေ ပြောင်းနိုင်ဖို့ Pansi SMS Themes တွေကိုပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။ အားလုံးကို install လုပ်ပြီး အသုံးပြုရုံပါပဲ။ ကျွန်တော့်ဘော်ဒါတွေအတွက် ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ကြိုးစားတင်ဆက်ပေးလိုက်တယ်ဗျာ။

download -

Pansi SMS (2.9MB)

1mobile
 

box

dropbox


..........................................................................
Pansi ရုပ်ပြောင်များယူရန် (Pansi SMS Emoji Plugin ) - (1.7MB)

1mobile

box

dropbox


..........................................................................
Pansi SMS Themes - zip file (5.1MB)

box

dropbox


ပျော်ရွှင်ပါစေ

Mr.AD ( www.facebook.com/happyandroidworld )

Movies Now Hollywood

အသစ်ထွက် ဇာတ်ကားများ နှင့် ထွက်ပြီးသား ဇာတ်ကားဟောင်းများကို
အများကြီး ရှာဖွေကြည့်ရှုနိုင်တဲ့ movie tube app တစ်ခုဖြစ်ပါတယ်။
အင်္ဂလိပ်ဇာတ်ကားများ အဓိကထားပြီး တင်ပေးထားပါတယ်။
ဇာတ်ကားတွေကို အမျိုးစားအလိုက် ခွဲခြားပြီး ရှာဖွေနိုင်ပါတယ်။
movie ၀ါသနာအိုးတွေအတွက် movie ရတနာသိုက်ကြီးတစ်ခုပါ။ connection ကောင်းရင် ကောင်းသလို ကြည့်ရတာ အဆင်ပြေပါတယ်။ HD movie တွေလဲ တင်ပေးထားတာမို့ ရုပ်ထွက်ကြည်လင်စွာ ခံစားနိုင်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

dropbox

1mobile

ပျော်ရွှင်ပါစေ

Mr.AD


FVD - Free Video Downloader

FVD free video downloader ဟာ Browser နဲ့ downloader ပေါင်းစပ်ထားပါတယ်။ အဲ့ဒီအတွက် Browser သီးသန့် အသုံးပြုနေစရာမလိုတော့ပါဘူး။ ကြည့်ချင်တဲ့ video websiteကိုဖွင့်လိုက်ပါ။
video ပေါ် တစ်ချက်နှိပ်လိုက်တာနဲ့ download လုပ်မလား တစ်ခါတည်း မေးပါမယ်။ အလွယ်တကူ ဒေါင်းလိုက်ရုံပါပဲ။ download ဆွဲထားတဲ့ video တွေကို SD card အောက်မှာ သိမ်းပေးပါလိမ့်မယ်။ ကျွန်တော်စမ်းကြည့်တာတော့ မြန်လည်းမြန်ပြီး site တော်တော်များများကိုလည်း အသုံးပြုလို့ရတာ တွေ့ရပါတယ်။ တကယ်လန်းပါတယ်။ website ပေါ်က video တွေကို ဒေါင်းဖို့ အခက်ခဲဖြစ်နေသူများ စမ်းသုံးကြည့်ပါ။ Android 2.1 နှင့် အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

dropbox
 

1mobile

Tips - Youtube မှ video တွေကိုတော့ download မဆွဲပေးဘူး။ ဘာလို့လဲဆိုတာ့ Youtube ရဲ့ copyright law ကို Permit မလုပ်ပေးတာမို့ပါ။ တစ်ခြားဆိုက်ဒ် တော်တော်များများမှာတော့ အဆင်ပြေပါတယ်။ မြန်လဲမြန်တယ်ဗျ။ စမ်းကြည့်လိုက်ပါ။

ပျော်ရွှင်ပါစေ

Mr.AD

Finger Face

ဒီ app လေးကတော့ ချစ်စရာသိပ်ကောင်းပြီး ဆန်းသစ်တဲ့ app လေးပါ။ ကျွန်တော်တို့ရဲ့ လက်ချောင်းတွေ ခြေချောင်းတွေမှာ လူပုံစံ အရုပ်ကလေးတွေ

aရးဆွဲဖန်တီးလို့ရပါတယ်။ idea ကတော့ အလန်းဗျာ။
ကိုယ့်လက်ချောင်းတွေမှာ ပုံဖော်ရတာ ပျော်စရာပါပဲ။ ချစ်သူနဲ့အတူ (သို့) မိသားစုနဲ့အတူ ကလိကြည့်လိုက်ရင် ပိုပြီး ကြည်နူးပျော်ရွှင်ရမှာပါ။ အရုပ်ဒီဇိုင်းတွေက အစုံပါပဲ။ ကျား/မ ဒီဇိုင်းအစုံပါတယ်။ မျက်နှာ၊ အင်္ကျီ၊ ဆံပင်၊ ဦးထုပ် စတာတွေ အများကြီးပါတဲ့အတွက် စိတ်ကြိုက်ကလိပေတော့။
ကဲ .. သဘောကျနေပြီမလား။ Android 2.2 နှင့်အထက် ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

download - (10MB)
 

play store
 

box

dropbox

mediafire

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

Mr.AD

Piano Live Wallpaper

Piano app ကို live wallpaper အနေနဲ့ဖန်တီးထားပါတယ်။
အဲ့ဒီတော့ Piano live wallpaper မှာ Piano တီးလို့ရပါတယ်။
ဆန်းသစ်သွားတာပေါ့။ Live wallpaper က Piano ဖြစ်နေတယ်။
သဘောကျလို့တင်ပေးလိုက်တယ်။ screen ကို ထိမိတိုင်း Piano သံတွေ ထွက်ထွက်လာတာ ပျော်စရာပါပဲ။ မိုက်တယ်ဗျ။ထူးခြားတဲ့ live wallpaer အလန်းလေးနော်။ ယူကြဗျာ :)

download - (2.7MB)

box

dropbox

mediafire

ပျော်ရွှင်ပါစေ။

Mr.AD ( www.facebook.com/happyandroidworld )

Body Symbol HD

Camera app တစ်ခုပါ။ ထူးခြားတာကတော့ ပုံမှာ မြင်ရတဲ့အတိုင်း ကျွန်တော်တို့ရဲ့ လက်တွေနဲ့ အရုပ်ပုံဖော်နိုင်အောင် ကူညီပေးမယ့် camera app ဖြစ်ပါတယ်။ တော်တော်များများ သိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ .. ကိုယ့်ဘာသာ ဓါတ်ပုံတွေ တစ်ပုံခြင်းရိုက် ..ပြီးရင် ကွန်ပျူတာမှာ ပြန် edit လုပ် .. အဲ့လိုတွေ လုပ်နေရင် အချိန်ကြာမယ် အလုပ်ရှုပ်မယ်။ အခု ဒီ camera app နဲ့ဆိုရင် Body Symbol ပုံတွေ အချိန်ခဏလေးအတွင်း လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။ အလန်းလေးဗျ။ ကလိကြည့်
facebook မှာ body symbol ရိုက်ထားတဲ့ပုံတွေနဲ့ ဘော်ဒါတွေကြားမှာလန်းလို့ရတယ်နော်။ symbol ဒီဇိုင်းတွေလဲ အများကြီး ပါတယ်။ Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.6MB)

box

dropbox

ပျော်ရွှင်ပါစေ။

Mr.AD

Facebook Dictionary

app နာမည်ကို ကြည့်လိုက်တာနဲ့ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ facebook သုံးတဲ့အခါ အတိုကောက် စကားလုံးတွေ သုံးလေ့ရှိတယ်။ ဥပမာ LOL (Laughing Out Loud) , (Smile) , စတဲ့ အတိုကောက်စကားလုံးများရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါတယ်။ နောက်ပြီး လိုအပ်လျင် အလွယ်တကူ copy လုပ်ပြီး ပေးပို့နိုင်ပါတယ်။
facebook မှာ အသုံးများတဲ့ အတိုကောက်စာလုံးများကို စုစည်းပေးထားတဲ့ facebook သုံး အဘိဓာန် အလန်းလေးပါ။ ကျွန်တော် မသိတဲ့ စကားလုံးတွေ တော်တော်များများကို သိလိုက်ရတယ်ဗျာ။ ခပ်တည်တည်နဲ့သူများတွေကို

 တော်ကီပွားလို့ရတာပေါ့။ ခေတ်နောက်မကျအောင် ထည့်ထားကြနော် :)

download -

box

zippyshare
 

dropbox

ပျော်ရွှင်ပါစေ။

Mr.AD

DX Toolbox

ကျွန်တော် အစောပိုင်းက Page မှာ အသုံးများတဲ့ app တွေကို
စစ်တမ်းကောက်ကြည့်တော့ ဘော်ဒါ တော်တော်များများ DX Toolbox ကို သုံးကြတာ သိလိုက်ရတယ်။ ကျွန်တော် မသုံးဖူးပါဘူး။ ဒါနဲ့ စမ်းကြည့်ပါတယ်။ မိမိဖုန်းကို ပေါ့ပါးသွက်လက်သွားစေပြီး ..
အသုံးဝင် function အစုံပါ app တစ်ခုပါ။ ဘာတွေပါလဲဆိုတော့ File Manager , Shortcuts, Memory Management , Phone Accelerate , Trash Cleaner , Power Saver , Traffic Monitor , Phone Checker , Apps Classification , Boot Manager , Apps Manager , Anti-harass ,
Quick Settings , User Center , App2SD တို့ဖြစ်ပါတယ်။ စုံနေတာပဲ။ ထည့်ထားသင့်တဲ့ system app တစ်ခုပါ။ ကဲ မရှိသေးသူကော .. မသိသေးသူကော စမ်းကြည့်လိုက်ကြပါဦး။ DX Toolbox Update version လေးကို တင်ပေးလိုက်ပါတယ်။ အသုံးပြုဖို့ မိမိရဲ့ဖုန်းက Root လုပ်ထားဖို့တော့ လိုအပ်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

box

zippyshare
 

dropbox

အဆင်ပြေပါစေ။

Mr.AD

Fast Battery Charger 2X

ဒါလေးကတာ့ အားသွင်းတဲ့အခါ အားပြည့်တာ မြန်အောင် လုပ်ပေးပါမယ်။
တကယ် အသုံးဝင်ပါတယ်။ တကယ်လဲ မြန်အောင် သွင်းပေးပါတယ်။ Battery ကိုလဲ မထိခိုက်ပါဘူး။ အရေးကြီး သွားစရာရှိတဲ့ အခါမျိုး ..
ဖုန်း battery ကလည်း အားသိပ်မကျန်တဲ့အခါမျိုးမှာ အမြန်အားသွင်းလို့ရပါတယ်။ မူလ အားသွင်းချိန်ထပ် အနည်းငယ် ပိုမြန်သွားပါတယ်။ free version ဖြစ်တဲ့အတွက် 15 percent လောက် မြန်အောင် သွင်းပေးပါမယ်။ Paid version ဆိုရင်တော့ ဒီထက် ပိုမြန်မယ်လို့ သိရပါတယ်။ ကျွန်တော် စမ်းကြည့်ပြီးပါပြီ။ အရင်ကထက်စာရင်တော့မြန်တယ်ဗျ။ ကဲ ဘော်ဒါတို့လဲ စမ်းကြည့်ဗျာ။ ဂိမ်းဆော့သူများ၊ online သုံးသူများ battery ကို အားသွင်းမြန်စေချင်ရင် Fast Battery Charger 2X ကို on ထားပြီး သွင်းဗျာ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

zippyshare
 

dropbox

ပျော်ရွှင်ပါစေ။

Mr.AD

Myanmar eRadio

ရေလည်လန်းပါတယ်။ မြန်မာ online radio တစ်ခုပါ။internet ချိတ်ဆက်ပြီး နားထောင်ရမှာ ဖြစ်ပါတယ်။
ဘာတွေ နားထောင်နိုင်လဲဆိုတော့ ...
Mandalay FM
Voice of America (VOA)
Radio Free Asia (RFA)
ABC Australia
BBC News (morning)
BBC News (evening) , NHK World Radio တို့ဖြစ်ပါတယ်။ VOA , BBC , RFA လိုင်းတွေ ပါနေတာ သဘောကျစရာပါပဲ။ နောက်ဆိုရင် ရေဒီယိုကြီးနဲ့ လိုင်းရှာနေစရာမလိုတော့ပါဘူး။
internet ချိတ်ပြီး အလွယ်တကူ နားဆင်လို့ရပါပြီ။ အဆင်ပြေပဲဗျ။
ဒီ app ကို ဖန်တီးခဲ့တဲ့ JS Media ကိုလဲ ကျေးဇူးတင်ပါတယ်။

download -

box
 

zippyshare

PlayStore မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

My Camera - Hero

Super Hero ကြီးတွေဖြစ်တဲ့ Superman , Batman , Spiderman , Iron Man တို့နဲ့ ဓါတ်ပုံတွဲမရိုက်ချင်ဘူးလား။ ဓါတ်ပုံတွဲရိုက်ချင်တယ်ဆိုရင်တော့ My Camera - Hero ကို ဖုန်းထဲထည့်ပြီး ရိုက်ဗျာ။ camera screen ပေါ်မှာ Hero တွေ တစ်ခါတည်း ပါပြီးသားပါ။ အလွယ်တကူ size ချိန်ပြီး ရိုက်လိုက်ရုံပဲ။ Super Hero တွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။ ကျွန်တော်တောင် ဟီးရိုးကြီးတွေနဲ့ အမှတ်တရ ရိုက်ပြီးသွားပြီ .. လန်းတယ်နော် .. ရိုက်ကြပေတော့။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

box

zippyshare

Google Play Store တွင်လဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Guitaroid

Guitaroid ကတော့ ပြီးပြည့်စုံတဲ့ Guitar app တစ်ခုလို့တောင် ညွှန်းချင်ပါတယ်။ ဂစ်တာတီးတတ်သူကော ၊ ဂစ်တာ တီး သင်နေတဲ့ သူတွေအတွက်ပါ အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ ပါဝင်တဲ့ ..
function တွေကတော့ တကယ်အသုံးဝင်ပြီး အတော်ကောင်းပါတယ်။ကျွန်တော် နည်းနည်း ရှင်းပြပါမယ်။

Metronome ဆိုတာကတော့ band တစ်ခု မတီးခတ်ခင်မှာ စည်းချက်ရိုက် အချက်ပြတဲ့အခါ တီးလေ့ရှိတဲ့ အသံတွေကို ဆိုလိုပါတယ်။ Metronome အသံမျိုးစုံ ထည့်သွင်းပေးထားပါတယ်။ ဒါလဲ လန်းပါတယ်။

Rhythm Guide မှာတာ့ Drum အသံတွေကို ထည့်သွင်းပေးထားပါတယ်။ ဂီတအမျိုးစားပေါ်မူတည်ပြီး Rock , Pop , Jazz , Funk စသဖြင့် တီးခတ်မှုတွေကို လေ့လာမှတ်သားလို့ရပါတယ်။ Tempo ကိုလည်း လိုအပ်သလို ချိန်ညှိနိုင်ပါသေးတယ်။

Virtual Guitar ကတော့ ဂစ်တာ တီးခတ်နိုင်ပါတယ်။ Chord တွေကို စိတ်ကြိုက် စီစဉ်ပေးထားပြီး တစ်ချက်နှိပ်ကာ အလွယ်တကူ Chord အကူးပြောင်းကို လုပ်နိုင်မှာဖြစ်ပါတယ်။ လိုချင်တဲ့ Chord ကိုလည်း ထည့်သွင်း တီးခတ်နိုင်မှာ ဖြစ်ပါတယ်။

Song Play ကတော့ သီချင်းတစ်ချို့ကို ဂစ်တာနဲ့ လိုက်တီးနိုင်အောင် သူ့ဘာသာသူ စီစဉ်ပေးထားပါတယ်။ အလွယ်တကူ လိုက်တီးရုံပါပဲ။ ပြထားပေးတဲ့အတိုင်း အစီစဉ်လိုက် တီးခတ်သွားရတာ အတော်မိုက်တယ်။

Ear Test ကတော့ သင်ကြားမှုအပိုင်းလို့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ Chord တစ်ခုရဲ့ အသံထွက်ကို သင်ကြားပေးပါတယ်။ ထွက်လာတဲ့ အသံက ဘယ် Chord ရဲ့ အသံလဲဆိုတာ မှတ်သားရပါမယ်။
Earing ကောင်းဖို့ လေ့ကျင့်ပေးတဲ့အတိုင်းပါပဲ။

Chord Book ကတော့ Chord အမျိုးစား နဲ့ အသံထွက်တွေကို လေ့လာနိုင်ပါတယ်။ Chord တွေ စုံလင်စွာ ပါရှိတာကြောင့် ဂစ်တာတီး သင်နေတဲ့သူတွေအတွက် အရမ်း အသုံးဝင်ပါတယ်။

ကဲ .. မမိုက်ပေဘူးလား။ ဂစ်တာတီး ၀ါသနာပါသူတွေအနေနဲ့ မရှိမဖြစ် ထည့်ထားသင့်တဲ့ app လေးတစ်ခုပါ။ ဒေါင်းလိုက်ကြဦး ဘော်ဒါတို့ :)

Android 2.2 နှင့်အထက် ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

download - (3MB)

box
 

zippyshare

Google Play Store တွင်လဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Autodesk - SketchBook

နာမည်ကြီး Drawing software တွေ ထုတ်လုပ်တဲ့ Autodesk မှ ထုတ်လုပ်လိုက်တဲ့ mobile သုံး Drawing app ဖြစ်ပါတယ်။ Autodesk က ထုတ်လုပ်ထားတော့ app ကလည်း အလန်းပါပဲ။ ပုံဆွဲမှုဆိုင်ရာတွေကို အသေးစိတ် ဆွဲနိုင်ပါတယ်။ ခဲတံ၊ မှင်ဆို၊ ဖောင်တိန်၊ စုတ်တံ အစရှိတဲ့ အသုံးဝင် tool များနဲ့ ကိုယ့်စိတ်ကူးထဲက ပုံရိပ်ကို အပြည့်အ၀ ပုံဖော်နိုင်မှာဖြစ်ပါတယ်။ app design ကလည်း ရိုးရှင်းပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ tool တွေကိုလဲ အထူအပါး၊ အလင်းအမှောင် ချိန်ဆ နိုင်ပါတယ်။ Sketch app တွေထဲမှာတော့ အကောင်းဆုံးလို့တောင်မြင်မိပါတယ်။ ပုံဆွဲ ၀ါသနာပါသူများ စမ်းကြည့်လိုက်ပါ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (7MB)

box

zippyshare

Google Play Store တွင်လဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Magic Art

ထူးခြားဆန်းသစ်တဲ့ app လေးတစ်ခုဖြစ်ပါတယ်။
နာမည်ကို သဘောကျတာနဲ့ ကလိကြည့်မိတော့ ..
ရေလည်လန်းပါလားဆိုပြီး သဘောကျတာနဲ့ တင်ပေးလိုက်ပါပြီ။ ဘယ်လိုလေးလဲဆိုတော့ screen ပေါ်မှာ ပြေးလွှားနေတဲ့ အမှုန်လေးတွေ ၊ အချောင်းလေးတွေကို ဆော့ကစားရမှာဖြစ်ပါတယ်။
ကိုယ့်လက်ရဲ့ ခိုင်းစေမှုအတိုင်း

 ပြေးလွှားလှုပ်ရှားနေကြမှာဖြစ်ပါတယ်။
 

အတော်လေး ကြည့်လို့ကောင်းပါတယ်။ ပျော်စရာလဲ ကောင်းတယ်ဗျ။ နောက်တစ်ခုက သီချင်းဖွင့်တဲ့အခါ သီချင်းရဲ့ သံစဉ်နဲ့အတူ ထို အမှုန်အမွှားလေးတွေက စည်းချက်လိုက်ပြီး လှုပ်ရှားပေးပါမယ်။
အပျင်းပြေ ထိုင်ကလိချင်စရာ app လေးတစ်ခုပါ။ App setting ထဲမှာလဲ ကလိစရာ အများကြီး ပါဝင်ပါသေးတယ်။ အလန်းလေးမို့ စမ်းကြည့်လိုက်ပါဦး။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

box

zippyshare
 

Google PlayStore မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD


Call Timer

ဒါကတော့ ဖုန်းပြောချိန်ကို Timer ပေးလို့ရတဲ့ app ပါ။
အထူးသဖြင့် ချစ်သူစုံတွဲတွေအတွက် ရည်ရွယ်ပါတယ် .. ဟီး။
ဒီနေ့တော့ ဘယ်နှနာရီပဲ ပြောမယ်ဆိုပြီး timer ပေးလို့ရတာပေါ့။
နောက်ပြီး timer အချိန်ပြည့်ခါနီးရင် သတိပေးတဲ့ function လဲပါတယ်။
အချိန်ပြည့်တာနဲ့ ဖုန်းကျ သွားမှာဖြစ်ပါတယ်။ အသုံးဝင်မယ်ထင်ပါတယ်။
လိုချင်ရင် ယူလိုက်ကြပေဦး။ 2.2 နှင့်အထက် ဖုန်းများတွင် သုံးနိုင်ပါတယ်။

download -

dropbox

box

zippyshare


ပျော်ရွှင်ပါစေ။

Mr.AD

Saturday, July 20, 2013


Pose Tool 3D

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍန်၊ အချိုးအစားကို လိုအပ်သလို
ပြောင်းလဲနိုင်မယ့် app ဖြစ်ပါတယ်။ ကလိလို့ ကောင်းတဲ့ app လေးပါ။ Role Model လူရုပ်တစ်ရုပ်ကို မိမိစိတ်ကြိုက် ပုံသဏ္ဍန် အနေထားပြောင်းလဲလို့ရပါတယ်။ male or female ပြောင်းနိုင်တယ်။ အသက်ရွယ် change နိုင်တယ်။ ပိန်တာ ၀တာ ပြောင်းလဲနိုင်တယ်။ တော်တော် လန်းတယ်ဗျ။ ဘယ်နေရာတွေမှာအသုံးဝင်လဲဆိုတော့ story board ရေးသူတွေ .. ပန်းချီဆွဲသူတွေ .. ကာတွန်းဖန်တီးသူတွေ .. Character ဒီဇိုင်း ဖန်တီးသူတွေအတွက် အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ငယ်တုန်းက ဆော့ဖူးတဲ့ ရွံ့စေးရုပ်ကို ဆော့နေရသလိုပဲ လိုသလို ပုံသွင်းလို့ရတော့ ကလိရတာ အရသာရှိနေတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို လိုအပ်သလို ..
ပြောင်းလဲ ပြုပြင်နိုင်တာကိုက လန်းပါတယ်။ စိတ်ကူးထဲရှိတဲ့ ပုံစံတစ်ခုကို ပုံဖော်ကြည့်ရတာ ပျော်စရာပါပဲ။ အသုံးပြုပုံကတော့ မိမိ ပြောင်းလဲချင်သော ခန္ဓာကိုယ် အစိတ်ပိုင်းနေရာကို တစ်ချက်နှိပ်ပြီး ဘေးမှာရှိတဲ့ toolbar မှာ လိုသလို ချိန်ရမှာဖြစ်ပါတယ်။ ပြောင်းလဲနိုင်သော နေရာအစိတ်ပိုင်းများကိုလဲ ပုံနဲ့တကွ app ထဲမှာ ရှင်းလင်းပြသပေးထားပါတယ်။ လုပ်ငန်းသုံးလဲဖြစ် အပျော်ကလိလို့လဲကောင်းလို့ တင်ပေးလိုက်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (13MB)

dropbox

copy

အဆင်ပြေပါစေ။

Mr.AD

GSM , WCDMA , CDMA , 1500 တန် CDMA 800 Mobile Phone တွေအားလုံး အတွက် Internet Setting ချိန်နည်းများ






သူငယ်ချင်းတစ်ယောက်မေးထားလို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်... မြန်မာပြည်မှာ နေတာ မဟုတ်တဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်တာ နားလည်ပေးပါ...:)
1.GSM Network သုံး Mobile Phone တွေအတွက်

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။

APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။

1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် - ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။

2.CDMA 800 Network သုံး Mobile Phone တွေအတွက်


1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name - CTNET

APN - #777

Proxy - ဘာမှ မထည့်ပါနဲ့။

Port - ဘာမှ မထည့်ပါနဲ့။

Username - Yekyawphyo@c800.mm (Yekyawphyo ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)

Password - မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။

Server - ဘာမှ မထည့်ပါနဲ့။

Authentication type - PAP or CHAP

APN type - Default

APN protocol - IPv4

APN Roaming protocol - IPv4

Bearer - Unspecified

Data Bearer - Package Data

Prompt password - #777

ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ......ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။ Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။

3.1500 တန် CDMA 800 Network သုံး Mobile Phone တွေအတွက်

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name - Mectel (or) Card
APN  -  #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Server - ဘာမှ မထည့်ပါနဲ့။
MMSC - ဘာမှ မထည့်ပါနဲ့။
MMS Proxy - ဘာမှ မထည့်ပါနဲ့။
MMS Port - ဘာမှ မထည့်ပါနဲ့။
MCC - 460
MNC - 03
Authentication type - PAP or CHAP (or) CHAP
APN type - ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer - မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။ Connection name တောင်းခဲ့ရင် mectel ပါနော်။

 
ကြိုးစားလျက်....!
 (Yekyawphyo
Credit : IT Bank
ဒါလေးကတော့ Myanmar Mobile User Group က မျှဝေထားတာလေးပါ... တလက်စတည်း Share ပေးလိုက်ပါတယ် .....


Myanmar Mobile Application Store ရဲ့ facebook Mobile Group ဖြစ်တဲ့ Myanmar Mobile Users Group မှာ တင်ထားတဲ့ GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်းကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။
အခု GSM ဖုန်းအားလုံးမှာ အင်တာနက်သုံးလို့ရပြီဆိုတော့ GSM အမျိုးအစား Android ဖုန်းများတွင်

GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )
ပထမဦးစွာ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – ဒီအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ပြောတာ )
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ

ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ..

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ
မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….
အဆင်ပြေကြပါစေ …ကျေးဇူးတင်ပါတယ်..
 Credit : Myanmar Mobile Application Store 
 
 
http://www.winkabarkyaw.net/ မှာတွေ့လို့ ကူးယူပြီး တင်ပေးလိုက်ပါတယ်။

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!