Showing posts with label System နှင့် Utility ဆိုင်ရာ App များ. Show all posts
Showing posts with label System နှင့် Utility ဆိုင်ရာ App များ. Show all posts

Friday, October 25, 2013

Photo: Download - Pesoguin Memo Pad Widget (4MB)

dropbox - https://www.dropbox.com/s/qvaol2m0ci8n1lw/Mr.AD%20-%20Pesoguin%20memo%20pad.apk

copy - https://copy.com/jIwGCozi6fYa

Download - Pesoguin Clock Widget (4MB)

dropbox - https://www.dropbox.com/s/kmujomwpabvta7b/Mr.AD%20-%20Pesoguin%20Clock%20widget.apk

copy - https://copy.com/FXl8ThPBAGkT

ပျော်ရွှင်ပါစေ။

Mr.AD
Download - Pesoguin Memo Pad Widget (4MB)

dropbox

copy

Download - Pesoguin Clock Widget (4MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Love Lock Screen Theme

Lock Screen လန်းလန်းလေးကြိုက်သူတွေအတွက် ချစ်စရာအသည်းပုံလေးတွေပါတဲ့ Love Lock Screen Theme အလန်းစားလေးပါ။ ဒီ Lock Screen မှာ အသည်းပုံ wallpaper (၅) ခုပါပါတယ်။ ဒီ Locker လေးရဲ့ ထူးခြားချက်က wallpaper ပြောင်းလို့ ရတာအပြင် slider နှင့် slider bar ကိုပါပြောင်းလို့ ရတာဖြစ်ပါတယ်ရှင်။ Locker အများစုက Background wallpaper ပဲပြောင်းလို့ရတာဖြစ်ပေမယ့် ဒီ application လေးက တော့ slider သာမက slider bar ကိုပါကိုယ့်စိတ်ကြိုက်ပြောင်းလို့ရတာဖြစ်ပါတယ်ရှင်။ Slider နှင့် slider bar ကိုလည်း ( ၅ ) မျိုးစီပြောင်းလို့ရပါတယ်ရှင်။

Size – ( 1.62 MB )

dropbox

copy
 
ပျော်ရွှင်ပါစေရှင်..

*Laddy Sis Lay*
Internet Lock

အင်တာနက်အသုံးပြုနိုင်သော Wifi , Data နှစ်မျိုးစလုံးကို Lock ချထားလို့ရပါပြီ။ တစ်ခြားသူတွေ ကိုယ့်ဖုန်းနဲ့အင်တာနက်မသုံးစေချင်ရင် ..
Password နံပါတ်ပေးပြီး ပိတ်ထားလို့ရပါတယ်။ Internet Lock ကို အသုံးပြုထားရင် wifi (သို့) data ဖွင့်လိုက်တာနဲ့ password တောင်းပါလိမ့်မယ်။ ဒါဆို တစ်ခြားသူတွေ လွယ်လွယ်ကူကူ အသုံးပြုလို့မရတော့ပါဘူး။ Wifi , Data နှစ်မျိုးစလုံးကို ပိတ်ထားနိုင်ပါတယ်။
အသုံးပြုပုံကလဲ လွယ်ကူပါတယ်။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy


ပျော်ရွှင်ပါစေ။

Mr.AD
Shush! Ringer Restorer

“ ဟေ့ကောင် ငါဖုန်းခေါ်နေတာကြာလှပြီ .. ဘာလို့မကိုင်တာလဲ ”

“ ဟာ ဆောရီးကွာ .. ငါ meeting ၀င်နေရလို့ ဖုန်းကို silent လုပ်ထားတာ ..
ပြန်ဖွင့်ဖို့ မေ့သွားတယ် ”

“ မင်းကွာ အရေးကြီးပြောစရာရှိပါတယ်ဆိုမှ .. အေး မင်းကြိုက်နေတဲ့
ကောင်မလေး ခုနက ငါတို့နဲ့အတူ မုန့်စားနေတာ .. မင်းကို ခေါ်မလို့ပဲ .. ခုတော့ နောက်ကျသွားပြီ .. ခံပေါ့ကွာ ”

“ ဟာ .. သေပါတော့ကွာ .. ”

တွေ့လား ဘော်ဒါ ဒါမျိုးလေးတွေက ဖြစ်တတ်တယ်။ အစည်းဝေးရှိလို့ ဖုန်းကို silent လုပ်ထားပြီး ပြန်ဖွင့်ဖို့ မေ့တတ်သူတွေအတွက် Shush! က
ကူညီပါလိမ့်မယ်။ Shush! ကို install လုပ်ထားလိုက်ရုံပါပဲ။ အစည်းဝေး(သို့)silent လုပ်စရာ အခြေနေတစ်ခုခု ဖြစ်လာရင် ဖုန်းရဲ့ Volume ခလုတ်ကို အဆုံးထိ တိုးလိုက်ပါ။ Shush! app လေး သူ့လိုလို ပွင့်လာပါလိမ့်မယ်။ Timer ပေးလိုက်ပါ။ Timer ပြည့်သွားတာနဲ့ Shush! က
ဖုန်း Volume ကို နဂိုမူလအတိုင်း ပြန်ကျယ်ပေးသွားပါလိမ့်မယ်။
လန်းတယ်နော် .. လိုအပ်ရင် အခုတကည်းက ထည့်ထားလိုက်ပေါတော့
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Finger Shortcuts

ဒီ app လေးကတော့ Google Gesture လိုမျိုး screen ပေါ် ပုံဆွဲပြီး ကြိုက်နှစ်သက်ရာကို ဖွင့်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်။ ဖုန်းထဲမှာ ထည့်ထားတဲ့
App တွေကို အမြန်ဆုံးဖွင့်နိုင်အောင် ကူညီပါလိမ့်မယ်။ ဖုန်းထဲမှာ App တွေ ထည့်ထားတာ များလာရင် ပြန်ရှာရခက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အမြဲသုံးနေတဲ့ app တွေကို Finger Shortcuts ကို အသုံးပြုပြီး ..
အမြန်ဆုံးဖွင့်နိုင်ပါတယ်။

အသုံးပြုပုံကတော့ finger shortcuts ရဲ့ widget ကို home screen ပေါ်တင်ထားပြီး အသုံးပြုရပါမယ်။ ကိုယ် ဖွင့်စေချင်တဲ့ app ကို ဖွင့်နိုင်ဖို့ finger shortcuts ရဲ့ setting ထဲမှာ Your Finger Gestures ဆိုတဲ့အထဲဝင်ပြီး ကြိုက်ရာ ပုံတစ်ခုခုကို သုံးကြိမ် တူအောင်ဆွဲပေးပြီး ..
ဖွင့်လိုတဲ့ app ကို ရွေးချယ် သတ်မှတ်ပေးရပါမယ်။ သတ်မှတ်ပြီးသွားရင် ..
home screen ပေါ်မှာ တင်လိုက်တဲ့ finger shortcuts widget ကို နှိပ်လိုက်ရင် သတ်မှတ်ပေးထားတဲ့ ပုံကို ဆွဲလိုက်တာနဲ့ သက်ဆိုင်ရာ app ကို ချက်ချင်းဖွင့်ပေးမှာဖြစ်ပါတယ်။ finger shortcuts ကို အသုံးပြုခြင်းဖြင့် home screen ပေါ်မှာ app icon တွေ ရှုပ်နေတာမျိုး မရှိတော့ဘူး။ folder တွေဆောက်ပြီးလဲ app တွေကို စုစည်းနေစရာလဲ မလိုတော့ဘူး။ ကိုယ်ဖွင့်ချင်တဲ့ app ကို screen ပေါ် ပုံဆွဲပေးခြင်းဖြင့် ..
အလွယ်တကူ တန်းဖွင့်နိုင်သွားပါတယ်။ အတော်လေး မိုက်ပါတယ်။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

မှတ်ချက် - finger shortcuts ရဲ့ widget ကို home screen ပေါ် တင်ထားပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
သီတင်းကျွတ် အမှတ်တရ App လေးများ (၄)

*** ရှယ်ဓာတ်မီး ***


ဒီ app လေးကတော့ ကျွန်တော် ဟိုးအရင်တုန်းက တင်ပေးခဲ့ဖူးပါတယ်။
Fun Torch ဆိုတဲ့ app လေးပါ။ အဲ့တုန်းက Page က လူသိမများသေးတော့ တစ်ချို့တွေ သိကြမယ်မထင်လို့ .. အခု သီတင်းကျွတ် အမှတ်တရလေးအဖြစ် ထပ်ပြီး တင်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ မြန်မာလိုလေး ရေးပေးပြီး ကလိထားပါတယ်။ ဓာတ်မီး app တွေထဲမှာ fancy အကျဆုံးလို့ ပြောလို့ရပါတယ်။ ဓာတ်မီးပုံစံ မျိုးစုံ ပါဝင်ပြီး အရမ်းလှတဲ့ ချစ်စရာ app လေးပါ။ မီးသီး မီးဆိုင်းများ၊ မီးချောင်း အလန်းစားများ ပါဝင်တဲ့အတွက် သီတင်းကျွတ်မှာ ဘော်ဒါတွေ အချင်းချင်း အချက်ပြနှုတ်ဆက်တာပဲဖြစ်ဖြစ် .. ပျော်ရွှင်လို့ ဖုန်းတွေ ဝှေ့ယမ်းတဲ့အခါပဲဖြစ်ဖြစ် အသုံးဝင်မှာ သေချာပါတယ်။ စမ်းကြည့်ကြဗျာ။ အားလုံး သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

download - (3MB)

dropbox

copy

ပျော်ရွှင်ပါစေဗျာ။

Mr.AD
Virtual Button Bar

ဖုန်းမှာပါတဲ့ Home key , Back key , Menu Key .. အစရှိတဲ့ button တွေရဲ့ function တွေကို Screen ပေါ်မှာတင် အသုံးပြုနိုင်အောင် ဖန်တီးပေးထားတဲ့ Virtual Bar လေး ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ ခလုတ်တွေ မနာအောင်နဲ့ .. ဖုန်းမှာပါတဲ့ ခလုတ်တွေ အလုပ်မလုပ်တော့ရင် Virtual Button Bar နဲ့ အဆင်ပြေပြေ လုပ်ဆောင်နိုင်ပါတယ်။ အတော်လေး အသုံးဝင်တယ်ဗျ။ အသုံးပြုဖို့အတွက်ဖုန်းမှာတော့ Root လုပ်ထားဖို့လိုအပ်ပါတယ်။ Camera , Search , Sounds အစရှိတဲ့ function key တွေပါ ထပ်ဖြည့်လို့ရသေးတယ်။ Color နဲ့ Position များလဲ ပြောင်းလဲနိုင်ပါတယ်။ ဖုန်းမှာပါတဲ့ Home , Menu , Back ခလုတ်တွေ အလုပ်မလုပ်တော့ဘူးဆိုရင် စိတ်မညစ်နဲ့ .. Virtual Button လေးနဲ့ဆို အားလုံး အဆင်ပြေသွားပါလိမ့်မယ်ဗျာ :)
Android 2.1 နှင့်အထက်တွင် သုံးနိုင်ပါတယ်။

ိdownload -
 

ပျော်ရွှင်ပါစေ။

Mr.AD
 
Quickly Notification Shortcuts

ကိုယ်သုံးချင်တဲ့Applications တွေကို Noti Bar ပေါ်မှာတင်လို့ရတာလေးပါ။ ထူးခြားတာလေးက Applications တင်မဟုတ်ပဲနဲ့ Direct Dial To Contact, Direct Call To Contact, Direct Message To Contact URL Bookmark တွေပါ Noti Bar မှာတင်ထားလို့ရပါတယ်။ ပြီးတော့Launcher Shortcutလည်းရပါသေးတယ်။ Launcher Shortcut ကိုနှိပ်လိုက်ရင်တော့ ဖုန်းထဲမှာ installထားတဲ့ Applications တွေ အကုန်လုံးစီကိုရောက်သွားပါတယ်။ Applications Icons လေးတွေကိုလည်း Gallery ထဲကကိုယ့်စိတ်ကြိုက်ပုံစံတွေပြောင်းလို့ရသေးတယ်နော့်။ Background အရောင်တွေကိုလည်း Row တခုချင်းဆီလည်း စိတ်ကြိုက်အရောင်ရွေးပီး ပြောင်းလို့ရပါသေးတယ်။ Row တစ်ခုမှာ (၄)ခုဆီနဲ့အနည်းဆုံး Row (၁) ခုကနေ အများဆုံး(၃)ခုအထိ ထားလို့ရပါတယ်။
တော်တော်လေးကိုသုံးလို့အဆင်ပြေတဲ့ Application လေးတခုပါ။
file sizeကလည်းသေးသေးလေးပါ။Android Version 4.1 နှင့်အထက် အသုံးပြုလို့ ရပါတယ်ရှင်။

download - ( 546.6 KB)

dropbox
 
copy
 
ပျော်ရွှင်ပါစေရှင်..

*Laddy Sis Lay*

Tuesday, October 8, 2013

Internet Watch

Internet ကိုအချိန်ဘယ်လောက်ကြာအောင်သုံးခဲ့လဲဆိုတာ မှတ်ထားပေးတဲ့ Application လေးပါ။ ကိုယ်သုံးတဲ့ရက်စွဲ၊ စသုံးတဲ့အချိန်၊ ဘယ်လောက်ကြာအောင် သုံးခဲ့လဲဆိုတာတွေကို သေသေချာချာမှတ်ထားပေးပါတယ်။ မှတ်ထားတဲ့ History ကလည်း ကိုယ်ဖျက်မှပျက်တာပါ။ အင်တာနက်သုံးနေတဲ့တစ်ချိန်လုံး Noti Bar မှာ တောက်လျှောက်ပေါ်နေမှာဖြစ်လို့  ကိုယ်သုံးတာဘယ်လောက်ကြာနေပြီလဲဆိုတာကို အလွယ်တကူသိနိုင်မှာပါ။ ကိုယ်ဘယ်လောက်ကြာအောင်သုံးခဲ့လဲဆိုတာကို တိတိကျကျသိတဲ့အတွက် MPT က Bill ပိုဖြတ်မဖြတ်ဆိုတာလည်းသိနိုင်တာပေါ့ရှင်။ File size ကလည်း သေးသေးလေးပါပဲ။ Android 2.2 နှင့်အထက်မှာ သုံးနိုင်တယ်ရှင်။

Size – (976.6KB)

dropbox

copy

ပျော်ရွှင်ပါစေရှင် ..

*Laddy Sis Lay*
လိုတိုရှင်း အသုံးဝင် App လေးများ ( အပိုင်း-၁)

file size ပိချိကွေးလေးတွေနဲ့ အသုံးဝင်တဲ့ လိုတိုရှင်း App လေးတွေပါ။
အပိုတွေ သိပ်မပါတဲ့ app တွေပါ။ Target ကိုပဲ အဓိက လုပ်ဆောင်ပါတယ်။
ဒီ app လေးတွေကို သဘောကျလို့ ကျွန်တော် အမြဲသုံးဖြစ်ပါတယ်။
ဒါက (အပိုင်း-၁) .. နောက်ပိုင်းမှာလဲ နောက်ထပ် တင်ဆက်ပေးပါ့မယ်။

Beam Player (1MB)
Folder ထဲမှ သီချင်းများကို အလွယ်တကူဖွင့်နိုင်တဲ့ Player ဖြစ်တယ်။
ကိုယ့်စိတ်ကြိုက်သီချင်းတွေ Folder တစ်ခုထဲ ထည့်ထားပြီး selection
သဘောမျိုးနားဆင်နိုင်တယ်။ ဘာ Playlist မှ လုပ်နေစရာမလိုဘူး။
Lock screen မှာလဲ အလုပ်လုပ်တယ်။ မြန်တယ်။ ရှင်းတယ်။

Battery 100% Alarm (387KB)
Battery အားသွင်းနေတုန်း အားပြည့်သွားရင် အသိပေးပါမယ်။
ကြိုက်နှစ်သက်ရာ အသံကို Alarm အဖြစ် သတ်မှတ်ပေးနိုင်တယ်။

Extract Apk (588KB)
App များကို Backup လုပ်တဲ့အခါ အသုံးပြုပါတယ်။ Loading မြန်တယ်။
တစ်ခြားအပိုတွေ မပါဘူး။ တစ်ချက်နှိပ်ပြီး သိမ်းရုံပဲ။

Snap Camera (4MB)
ဓါတ်ပုံ-ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ menu အသုံးပြုရပုံမှာ မြန်ဆန်တယ်။
ပုံထွက်အရည်သွေးကောင်းပြီး function စုံတယ်။ UI ရှင်းလင်းသပ်ရပ်တယ်။

Android System Info Pro (1MB)
ကိုယ်စီးတဲ့ မြင်း အထီးလား အမလား သိအောင်လုပ်ဆိုတဲ့ အတိုင်းပဲ ..
ကိုယ် ကိုင်တဲ့ဖုန်း ဘာအမျိုးစားလဲ ဘာတွေပါလဲ သိချင်ရင် ဒါနဲ့ကြည့်ပါ။
information အစုံပါတယ်။ ဖုန်း system တစ်ခုလုံးကို အသေးစိတ် သိနိုင်တယ်။

Fast Reboot (1MB)
နောက်ခံမှာ အလုပ်လုပ်နေတဲ့ App တွေကို ပိတ်ပစ်တဲ့ Task Killer တစ်ခုပါ။
ဒီအတိုင်းမသုံးပဲ widget ထုတ်ပြီးသုံးပါ။ တစ်ချက်နှိပ် အကုန် ဗြင်းတော့တာပဲ။

QuickPic (396KB)
ဓါတ်ပုံများ အမြန်ဆုံး ရှာဖွေဖော်ပြပေးမယ့် Gallery App လေးပါ။
အကြိုက်ဆုံးပါပဲ။ Loading မြန်တယ်။ စက္ကန့်ပိုင်းမျှသာ စောင့်စားရပါတယ်။

Zedge (2MB)
Ringtones , Wallpapers များ ရှာဖွေနိုင်တဲ့ App ပါ။ internet လိုပါတယ်။
loading မြန်တယ်။ အလွယ်တကူ အသုံးပြုနိုင်တယ်။ မြန်မာ Ringtones တွေလဲရှိတယ်။Wallpaper အလန်းစားများလဲ ရယူနိုင်ပါတယ်။

အခုပြောတဲ့ app တွေ မရှိသေးတဲ့သူများ download ဆွဲနိုင်အောင် တင်ပေးလိုက်ပါတယ်။ တော်တော်များများနဲ့ ရင်းနှီးပြီးသား app တွေပါ။ Review လုပ်ချင်စိတ် ပေါ်လာလို့ရေးပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ။

Mr.AD (happyandroidworld)

download - (Zip file - 10MB)

copy

http://d-h.st/G6u
Android ဖုန်းနဲ့ PC ဂိမ်းတွေကို Control လုပ်မယ် (သို့) Wifi PC Joystick

ကွန်ပျူတာနဲ့ PC ဂိမ်းတွေဆော့တဲ့အခါ မိမိ ဖုန်းကို ဂိမ်းလက်ကိုင်(Joystick)အဖြစ် အသုံးပြုပြီး ဆော့နိုင်မယ့် နည်းလမ်းလေးပါ။ Wifi Joystick ဆိုတဲ့ app လေးက ဘော်ဒါရဲ့ဖုန်းကို ကွန်ပျူတာနဲ့ wifi ချိတ်ဆက်ပြီး ဂိမ်းလက်ကိုင်အဖြစ် ပြောင်းလဲပေးပါလိမ့်မယ်။ အသုံးပြုပုံကလဲ လွယ်ကူ ရိုးရှင်းပါတယ်။

Step(1)
Wifi Joystick app ကို ဒေါင်းပြီး ဖုန်းထဲကို install လုပ်ပါ။ Wifi Joystick ကို ကွန်ပျူတာနဲ့ချိတ်ဆက်ဖို့အတွက် ကွန်ပျူတာမှာ Joystick Server software တစ်ခုလိုပါတယ်။ Joystick Server software ကို
အောက်မှာပေးထားတဲ့ link ကနေ ဒေါင်းလိုက်ပါ။ ပြီးရင် ..
ကွန်ပျူတာမှာ install လုပ်ပါ။ ဒါတွေပြီးသွားရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို ..
wifi ချိတ်ပါ။ ချိတ်နည်းကတော့ အားလုံးသိမှာပါ။ ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာကနေ လှမ်းချိတ်တာပါပဲ။ ဖုန်းနဲ့ကွန်ပျူတာ နှစ်ခုစလုံး .. Network တစ်ခုတည်း အောက်မှာပဲရှိနေရပါမယ်။

Step(2)
ကွန်ပျူတာမှာ install လုပ်ထားတဲ့ Joystick Server ကို ဖွင့်လိုက်ပါ။
Start ကိုနှိပ်လိုက်ပါ။ အပေါ်က Local IP ဆိုတဲ့နေရာမှာရေးထားတဲ့ ..
IP နံပါတ်များကို မှတ်သားထားပါ။ ပြီးရင် ဖုန်းထဲမှာ ထည့်ထားတဲ့ Wifi Joystick ကိုဖွင့်ပါ။ wifi ပုံလေးပြထားတဲ့နေရာကို နှိပ်လိုက်ပါ။ ပြီးလျင် စောစောက မှတ်သားထားတဲ့ IP နံပါတ်အတိုင်း တူအောင် ရိုက်ထည့်ပေးပါ။ ပြီးလျင် OK ကိုနှိပ်လိုက်ပါ။
နံပါတ်ရိုက်တာ မှန်တယ်ဆိုရင် ကွန်ပျူတာမှာ ချိတ်ဆက်ကြောင်း စာတန်းလေးပေါ်လာပါမယ်။ အဲ့ဒါဆိုရင် ဖုန်းက Joystick တစ်ခုအဖြစ်လို့ ရောက်ရှိသွားပါပြီ။ ဒီလောက်လေးပါပဲ။

ဂိမ်းတွေ ကစားတဲ့နေရာမှာ ဘောလုံးဂိမ်းလိုမျိုး လက်ညိုးခလုတ် အသုံးပြုရတဲ့ ဂိမ်းတွေနဲ့တော့ အဆင်မပြေပါဘူး။ Fighting ဂိမ်းတွေ , Need for Speed လို ကားမောင်းဂိမ်းတွေ .. စတဲ့ဂိမ်းတော်တော်များများမှာ
အဆင်ပြေတာတွေ့ရပါတယ်။ နောက်တစ်ခုက Joystick တွေနဲ့ ..
ဆော့နိုင်မယ့် ဂိမ်းမျိုးမှာပဲ အားလုံးအဆင်ပြေပါတယ်။ ဆိုလိုတာက ဂိမ်းတွေရဲ့ Option ထဲမှာ Joystick နဲ့တွဲပြီး ကစားနိုင်မယ့် function တွေ ပါမှပဲ အဆင်ပြေပါမယ်။ Joystick ကိုလက်ခံတဲ့ ဂိမ်းအများစုမှာ မိမိနှစ်သက်ရာ ခလုတ်များကို ပြန်လည် ပြုပြင်ခွင့်ပေးထားပါတယ်။
ကိုယ်အားသန်ရာ ခလုတ်အနေထားများကို ပြုပြင်သတ်မှတ်ပေးပြီး အဆင်ပြေစွာ ဆော့ကစားနိုင်ပါတယ်။ ကျွန်တော် Need for Speed Most Wanted ဂိမ်းနဲ့စမ်းခဲ့ပါတယ်။ လုံးဝ ဂွတ်တယ်ဗျာ။
motion sensor လဲပါတဲ့အတွက် ဖုန်းကို ဘယ်၊ညာ ယိမ်းရုံဖြင့်လဲ control လုပ်နိုင်တယ်ဗျာ။

ချိတ်ဆက်ပုံ ချိတ်ဆက်နည်းကို နားမလည်သေးရင် Youtube မှာကြည့်နိုင်မယ့် link ပါတင်ပေးလိုက်တယ်။

http://www.youtube.com/watch?feature=player_embedded&v=Yk7rBhSwaEw

ကဲ .. ဂိမ်းကိုကို မမများ စမ်းကြပေတော့။
Android 2.2 နှင့်အထက်ဖုန်းများတွင် အသုံးပြုနိုင်တယ်။

download -

Wifi PC Joystick (for android)

dropbox

copy

.........................................................................

Joystick Server (for window)

https://disk.yandex.com/public/?hash=IjjDNia22FqCpI5iLLhSqydG2wDCVwV4fbCSOq8B9FA%3D&locale=tr

ပျော်ရွှင်ပါစေ။

Mr.AD
Volume Booster

ဖုန်းအသံတိုးလို့ စိတ်ညစ်နေလား။ ဒီကောင်လေးကို စမ်းကြည့်ဗျာ။ တကယ်ကြီး ကျယ်လာတာပါ။ Booster app တွေ များကြီးရှိတဲ့အထဲမှ ဒီကောင်လေးက လန်းပါတယ်။ အသံစုံ ကျယ်ပစ်လို့ရတယ်။ Ringtone , Notification , Alarm , Media , System , Voice Call .. အစုံကို ကျယ်ပစ်လို့ရပါတယ်။ Play Store မှာ comment လေးတွေဖတ်ပြီး ..
အားရတာနဲ့ စမ်းကြည့်ခဲ့တာပါ။ တစ်ချို့ Huawei ဖုန်းတွေဆို အသံတော်တော်တိုးတယ်ဗျ။ အဲ့လိုဖုန်းတွေကို ဒီ App လေးက ကူညီပေးပါမယ်။ ကျယ်ပြီးသား ဖုန်းတွေမှာတော့ အရမ်း မကလိနဲ့ဗျာ။
တော်ကြာ စပီကာ လစ်သွားဦးမယ်။ တိုးနေတဲ့ဖုန်းတွေမှာကလိကြည့်။ ကျယ်တဲ့ဖုန်းတွေမှာကလိချင်လဲ နားကြပ်တပ်ပြီးတော့ ကလိစေချင်တယ်။ အသံအားလုံး ကျယ်စေချင်ရင် Boost ဆိုတာလေးသာ နှိပ်လိုက် volume တွေကို အမြင့်ဆုံးထားပေးလိမ့်မယ်။ ကျွန်တော် S3 နဲ့စမ်းခဲ့ပါတယ်။ တကယ်ကျယ်လို့ တင်ပေးလိုက်တာပါ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)
 
dropbox

copy

Play Store မှာလဲ free ရယူနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD
Night Lamp Auto ( ညမီးအိမ် )

ဒီလို ဓါတ်မီး App မျိုး လိုချင်နေတာကြာပါပြီ။ ကျွန်တော်အရင်က ရှာခဲ့ဖူးတယ်။ စိတ်တိုင်းကျ မတွေ့ခဲ့ဘူး။ Night Lamp Auto ကိုတော့ အရမ်းကြိုက်တယ်ဗျာ။ ညရေးညတာတွေမှာ ဖုန်းနဲ့ ဓါတ်မီး ထိုးကြည့်ဖို့ဆိုရင် အရင်ဆုံး ဖုန်း screen ကို on ရပါမယ်(သို့)
Lock ဖြည်ရပါမယ်။ ပြီးမှ ဓါတ်မီး App ကို နှိပ်ကာ အသုံးပြုရမယ်။
အိပ်ချင်မူးတူးနဲ့ဆို အမြန်လုပ်ဖို့ မလွယ်ပါဘူး။ အရေးအကြောင်း တစ်ခုခုဖြစ်တဲ့အခါ ဓါတ်မီးအမြန်ထိုးကြည့်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးမှာကတော့ ညရေးညတာတွေမှာ
အလျင်မြန်ဆုံး အသုံးပြုနိုင်မယ့် Night Lamp Auto ပါပဲ။

ဒီ App လေးမှာ မီးဖွင့်နိုင်တဲ့ အဓိက function နှစ်ခုပါတယ်။ တစ်ခုက အသံနဲ့ မီးဖွင့်တာဖြစ်ပြီး နောက်တစ်ခုက လှုပ်ရှားမှုကို အာရုံခံပြီး မီးဖွင့်တာဖြစ်ပါတယ်။ အသံနဲ့ဖွင့်ရာမှာ ဖုန်းရဲ့ Microphone ပေါက်ကို အသုံးပြုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း Microphone sensitivity ကို အနည်းငယ်လောက်သာ ဆွဲထားပါ။ မိမိဖုန်းရဲ့ Mic Sensitivity အလိုက် လိုအပ်သလို ချိန်ညှိပေါ့ဗျာ။ ကျွန်တော့်ဖုန်းနဲ့က ပုံထဲမှာ
ပြထားတဲ့အတိုင်းလောက်ဆို အိုကေတယ်။
အောက်က လှုပ်ရှားမှုနဲ့ဖွင့်တာကို မသုံးချင်ရင် အဆုံးထိ ဆွဲပြီး ပိတ်ထားလိုက်ပါ။ ကျွန်တော်ကတော့ အသံနဲ့ဖွင့်တာကို ပိုပြီး သဘောကျတယ်။ လိုသလောက်လေး ချိန်ညှိပြီးပြီဆိုရင် Mic ပေါက်နားကို လေပြင်းပြင်းတစ်ချက်လောက် မှုတ်လိုက်ပါ။
Flash မီး လင်းသွားပါမယ်။ နောက်တစ်ခေါက် ထပ်မှုတ်လိုက်ရင် မီးပိတ်သွားပါမယ်။ စိတ်ထဲမှာ ဖယောင်းတိုင်မီးကို လေနဲ့မှုတ်ပြီး ငြိမ်းလိုက်ရသလို ခံစားလိုက်ရတယ်။ Screen Off ဖြစ်နေချိန်မှာလဲ အသုံးပြုနိုင်တော့ အလွန် အသုံးဝင်သွားပါတယ်။ ညရေးညတာများ
အရေးပေါ် ဓါတ်မီးထိုးကြည့်ချင်ရင် Screen on စရာမလိုပဲ
လေမှုတ်လိုက်ရုံနဲ့ မီးလင်းပြီဗျာ။

Movement Sensitivity ကတော့ ဖုန်းကို ကိုင်လှုပ်လိုက်တာနဲ့ မီးလင်းပါမယ်။ ခဏတာ မီးလင်းပေးပြီး ဖုန်းကို အငြိမ်ထားလိုက်ရင် မီးပြန်ပိတ်သွားပါမယ်။ Movement function လဲ လန်းပါတယ်။
ဒါပေမဲ့ Mic function ကိုအသုံးပြုရတာ ပိုကြိုက်တယ်။
အဓိက သဘောကျတာကတော့ Screen Off လုပ်ထားတာတောင် အသုံးပြုနိုင်တာပဲ။ ဒါကြောင့် အရေးပေါ်မီးထိုးကြည့်ဖို့ အလျင်မြန်ဆုံး အသုံးပြုနိုင်တဲ့အတွက် ဘော်ဒါတိုင်းရဲ့ဖုန်းထဲမှာ ထည့်ထားကြပါလို့ အကြံပေးပါရစေ။ ညအိပ်ခါနီးရင် Night Lamp Auto ကို on ထားပြီး အိပ်မယ်ဆိုရင် အချိန်မရွေး မီးထွန်းနိုင်သွားပါပြီလို့ ပြောရင်း ညမီးအိမ်လေးကို ယခုပင် download ဆွဲလိုက်ကြပါတော့
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

Play Store မှာလဲ ရှိပါတယ်။ free ပေးတာလေးပါ

ပျော်ရွှင်ပါစေ။

Mr.AD
Notification Off

တ တုံ တုံ ၊ တ ဂွမ် ဂွမ် နဲ့ တက်လာတဲ့ Notification တွေကို ပိတ်ပစ်လို့ရပါပြီ။ ကိုယ်အမြဲသုံးနေတဲ့ App တွေက လွဲပြီး တစ်ခြား App တွေကနေ တက်လာမယ့် Noti တွေကို ပိတ်ထားနိုင်ပါတယ်။ အခုမှပဲ အတော် စိတ်ချမ်းသာသွားပါတယ်။ internet ဖွင့်လိုက်တာနဲ့ တစ်ချို့ App တွေကနေ ကြေငြာ Noti တွေ အရမ်းတက်တယ်ဗျာ။ သွားနှိပ်မိရင်လဲ အခန့်မသင့်ရင် virus က ၀င်နိုင်ပါသေးတယ်။ ဒီတော့ အမြဲသုံးလေ့ရှိတဲ့ App တစ်ချို့လောက်ပဲ Noti တက်ခွင့်ပေးလိုက်ပေါ့။ ဥပမာ Facebook , Viber စသဖြင့် ကိုယ်သုံးလေ့ရှိတာပဲ ခွင့်ပြုထားလိုက်ပါ။ ဒါဆို မလိုအပ်တဲ့ Noti တွေ Clear လုပ်ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားပါပြီ။ Notification Off မှာ ကိုယ်မကြည့်ချင်တဲ့ Noti တက်မယ့် App တွေကို အမှန်ခြစ် ဖြုတ်ပေးခြင်းဖြင့် ပိတ်ထားနိုင်ပါတယ်။ ဒီ App ကို အသုံးပြုဖို့ ဘော်ဒါရဲ့ဖုန်းက Root ဖောက်ထားဖို့တော့ လိုပါတယ်။
Profile တွေ သတ်မှတ်ပြီးလဲ Noti တွေကို ပိတ်ထားလို့ရပါတယ်။
အားလုံးအတွက် လိုအပ်မယ် ထင်ပါတယ်။ ကဲ ထည့်ထားလိုက်တော့။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Timely Alarm Clock

ဒီ app လေးကို တွေ့နေတာကြာပြီ။ Alarm app ဆိုတော့ ထူးခြားတာ ..
မဟုတ်ဘူးထင်ပြီး မစမ်းဖြစ်ခဲ့ဘူး။ အခုမှ စမ်းကြည့်ပြီး ရေလည် ခိုက်သွားပါတယ်။ Timely မှာ function (၄)မျိုး ပါရှိပါတယ်။
Clock , Alarm , Timer , Stopwatch တို့ဖြစ်ပါတယ်။ သဘောကျရခြင်းက ဖန်တီးထားတဲ့ Creation ကြောင့်ပါ။ ဘယ်လိုဖန်တီးထားတာလဲဆိုတာတော့
စာနဲ့ ရေးပြဖို့ရာ မလွယ်ဘူး။ ကိုယ်တိုင် ကလိကြည့်တာ ပိုပြီး အရသာရှိမယ်။ Creation က ဆန်းသစ်ပြီး အလွယ်တကူသုံးနိုင်အောင်
ပြုလုပ်ပေးထားတယ်။ Alarm ပိုင်းမှာ အိပ်ယာနိုးတဲ့အခါ မထချင်ပဲ အိပ်ချင်မူးတူးဖြစ်နေမှာစိုးလို့ Alarm သံကို သချာင်္သုံးပြီး အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား နဲ့ပိတ်နိုင်သလို Pattern Lock ဖြည်သလိုမျိုး အသုံးပြုပြီးမှ ပိတ်နိုင်တဲ့ function တွေလဲပါတယ်။
အိပ်ယာနိုးနိုးခြင်း ဦးနှောက်သုံးလိုက်ရတော့ လူက အိပ်ချင်ပြေသွားပါတယ်။
Timely မှာပါတဲ့ နှိုးစက်အသံတွေကလဲ အလန်းစားလေးတွေချည်းပါပဲ။
Themes များစွာလဲ ပါဝင်ပါတယ်။ အရောင်သွေး စုံလင်စွာနဲ့ လှချက်ဗျာ။
ကဲ .. ကလိကြည့်ဗျာ။ Android 2.3 နှင့်အထက် ဖုန်းများတွင် သုံးနိုင်တယ်။

download - (9MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
** PassWallet (သို့) လျှို့ဝှက်ပိုက်ဆံအိတ်လေး **

လူတိုင်းမှာ လျှို့ဝှက်ချက်တွေ ကိုယ်စီ ရှိကြပါတယ်။ Online သုံးတဲ့အခါ ..
Password တွေကို တစ်ခုထက် မနည်း သတ်မှတ်ထားပြီး အသုံးပြုကြတယ်။
facebook အတွက်တစ်မျိုး၊ Gmail အတွက် တစ်မျိုး .. တစ်မျိုးမျိုးနဲ့ ..
နောက်ဆုံး များလာတော့ မမှတ်မိတော့ဘူး။ NotePad နဲ့ ရေးမှတ်တယ်။
ခေါင်းထဲမှာ မရမက မှတ်ထားတယ်။ ဒါပေမယ့် ဘယ်အရာမှ စိတ်မချရဘူး။
PassWallet ကတော့ Password နဲ့ပက်သက်တာတွေကို
ဖြေရှင်းပေးပါမယ်။ မိမိ Password တွေကို လုံခြုံစွာ သိမ်းဆည်းထားနိုင်တဲ့
နေရာလေးတစ်ခုပါ။ PassWallet မှာ ကဏ္ဍအလိုက် Password များကို မှတ်သားလို့ရပါတယ်။ Password တွေ အများကြီးရှိလို့ မေ့မှာ စိုးရိမ်နေသူတွေအတွက်တော့ PassWallet က အကောင်းဆုံး မိတ်ဆွေပါပဲ။

မိမိ Password များကို စိတ်တိုင်းမကျဘူးဆိုရင်လဲ PassWallet ကနေ အက္ခရာ ဂဏန်း စုံလင်တဲ့ Password များကို ရယူနိုင်ပါတယ်။ Random စနစ်ဖြစ်လို့ Password များ တစ်ခုနဲ့တစ်ခု တူမှာ မဟုတ်ပါဘူး။ Sing in Password များ၊ Bank Accounts number များ၊ Credit Cards number များ .. စသဖြင့် လျှို့ဝှက်နံပါတ်များစွာကို အကောင်းမွန်ဆုံး မှတ်သားထားနိုင်ပါတယ်။ ဖွင့်ကြည့်တဲ့နေရာမှာလဲ floating window နဲ့ ဖော်ပြပေးလို့ Password ရိုက်ပြီး ၀င်ရမယ့် နေရာတွေမှာ အလွယ်တကူ ကြည့်ပြီး အဆင်ပြေစွာ ၀င်ရောက်နိုင်တယ်ဗျာ .. အလန်းပဲ

PassWallet ကို install လုပ်ပြီး icon ဖော်ပြီး သုံးလို့ရသလို ..
ပိုပြီး လုံခြုံစိတ်ချမှု ရှိချင်ရင် icon အနေဖြင့် မဖော်ပြတော့ပဲ ကွက်ပျောက် ..
သုံးလို့ရမယ့် Stealth Mode ပါရှိပါတယ်။ icon ကို ဖျောက်ပစ်ပြီး
ဖုန်း Dialer ကနေပြီး ကိုယ်သတ်မှတ်ထားတဲ့ နံပါတ်ကို (*) နဲ့တွဲရိုက်ကာ
PassWallet ကို အဖွင့် အပိတ်လုပ်နိုင်ပါတယ်။ Password တွေ အများကြီး
အသုံးပြုနေရသူတွေအတွက် ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။
ဒီ App လေးက 5$ နဲ့ရောင်းတာဆိုတော့ ဈေးလဲ အတော်ကြီးတယ်ဗျ။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download - (6MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, September 11, 2013



A-Tools
.........

ဟောဒီမှာ App တစ်ခုတည်းနဲ့ မျိုးစုံသုံးလို့ရတဲ့ A-Tools တွေ ရပြီနော်။
ဝယ်မလား အစုံသုံး အသုပ်စုံတဲ့ A-Tools တွေ ရပြီနော် ...

( ဈေးသည်ကြီး လာပါဦးဗျ .. ဘာလဲဗျ A-Tools ဆိုတာ .. )

အော် .. ဟောဒီ A-Tools app ထဲမှာ ..

အမှောင်ကို ခွင်းမယ့် ဟောဒါလေးက ဓါတ်အလင်း (Light / Torch)

အပေါင်း အနုတ် အမြှောက် အစား .. ဂဏန်းသဘောတရားတွေကို လွယ်ကူစွာ ဖြေရှင်းပေးမယ့် Calculator လေးလဲ ပါသဗျို့။

ဘော်ဒါရဲ့ ခန့်ညားလှတဲ့ ရုပ်အသွင်ကို ဗွင်းဗွင်းမြင်အောင် ပြနိုင်တဲ့ ကြည့်မှန်(Mirror) လေးလဲ ပါသဗျ။

ဘ၀အရေးတွေ မနှောင့်နှေးစေဖို့ အချိန်မှန် သတိပေးမယ့် နှိုးစက်(Timer) လေးလဲ ပါတယ်လေ။

ပကာသနတွေဖယ် သဘာဝတွေကို တိုင်းတာဖို့ ဟောဒီမှာ သေချာတဲ့ Ruler(ပေတံ) လေးလဲ ပါသဗျ။

လမ်းပျောက်မှာမပူနဲ့ ဆင်သွားရာလမ်းဖြစ် ဆိုပေမယ့် ဟောဒီက Compass (သံလိုက်အိမ်မြှောင်)နဲ့လဲ လမ်းတွေ ဖြစ်နိုင်တယ်ဗျ။
(online ချိတ်ထားရင် မြို့အမည်နဲ့တကွ ဖော်ပြပေးပါတယ်)

မမြင်မကန်းနဲ့ တွေ့ကရာ စမ်းမနေနဲ့ .. တွေ့ရာကို သေချာစမ်းနိုင်ဖို့ မှန်ဘီလူး(Lens) အစွမ်းနဲ့ ပွဲကြမ်းလိုက်စမ်းပါ။

အလွှာတူ မတူ သေချာသိအောင် ရေပြင်ညီတိုင်းဖို့ Level နဲ့သာ ညှိနှိုင်းပေတော့ဗျို့။

အနီးအဝေး အမြင်တွေ တွေးနေစရာမလိုအောင် ဟောဒါလေးက နီးနီးလေးလား ဝေးဝေးလေးလား ဖော်ပြပေးမယ့် Rangefinder လေးခင်ဗျ။

အဟဲ ဘယ်လိုလဲ ဘော်ဒါ သဘောကျနေပြီလား .. ဒါ အကုန်မဟုတ်သေးဘူးနော် .. ကျန်တာတွေက ဘော်ဒါ ကလိကြည့်မှ ထိထိမိမိဖြစ်မှာမို့ မပြောတော့ဘူးဗျာ .. သဘောကျစေမယ်လို့ အာမခံတယ်။

( မိုက်တယ်ဗျာ .. တစ်ခု ဘယ်လောက်လဲ .. )

အိုး .. ဈေးမမေးနဲ့ ကိုယ့်ဘော်ဒါအတွက် လက်ဆောင်သက်သက် ပေးခဲ့မယ် .. သဘောကျရင် လက်တို့အသိပေး တစ်ခြားသူတွေကိုလဲ မျှဝေပေးပေါ့နော့ ... ဟဲဟဲ။ သြော် ဒါနဲ့ Android 2.1 နှင့်အထက် ဖုန်းလေးတော့ လိုတယ်နော့ .. ကဲ ရော့ဗျာ။

ဟောဒီမှာ App တစ်ခုတည်းနဲ့ မျိုးစုံသုံးလို့ရတဲ့ A-Tools တွေ ရပြီနော်။
ဝယ်မလား အစုံသုံး အသုပ်စုံတဲ့ A-Tools တွေ ရပြီနော် ...
..............................................

A-Tools တွင် ပါဝင်သည့် function များ

• Light (torch)
• Calculator
• Timer
• Chrono
• Compass
• Level
• Ruler
• G-Meter
• EMF
• Lens
• Mirror
• Lightdetector
• Protractor
• Voice Text Notes
• Metal detector
• Seismograph
• Unit Converter
• Barometer

download - (4MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, September 1, 2013



Android ဖုန်းကို Profile တွေနဲ့ သုံးမယ်
*****************************

Profile Scheduler

Profile ဆိုတာ နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။ facebook မှာလဲ ကျွန်တော်တို့တွေ Profile ကိုယ်စီနဲ့ ၊ Viber , Tango , Wechat စသဖြင့် နေရာတော်တော်များများမှာ ကျွန်တော်တို့တွေ ကိုယ့် Profile နဲ့ကိုယ် အသုံးပြုကြတယ်။ Profile ဆိုတာ ကိုယ်သတ်မှတ်ပေးထားတဲ့ အချက်အလက်တွေ၊ ကိုယ်နဲ့သက်ဆိုင်တဲ့ အကြောင်းရာတွေ စုစည်းထားခြင်းလို့ ကျွန်တော် အလွယ် ဘာသာပြန်ပါမယ်။

အိုကေဗျာ .. အခု ကျွန်တော်တို့ ဖုန်း system ကိုလဲ Profile သတ်မှတ်ကာ အသုံးပြုရအောင်။ ဘယ်လို Profile မျိုးလဲဆိုတော့ .. Ringtones သံ၊ Volume အတိုးအကျယ်၊ whitelist , blacklist၊ wifi အဖွင့်အပိတ်၊ အင်တာနက်အဖွင့်အပိတ်၊ မှန်ပြင်အလင်းအမှောင်၊ screen timeout , wallpaper စတာတွေကို Profile တွေခွဲပြီး ကိုယ့်စိတ်ကြိုက်သတ်မှတ်ထားလို့ရတယ်။ အလွန် အသုံးဝင် ထိရောက်ပါတယ်။

အလုပ်ထဲမှာဆိုရင် အသံကို တိုးထားတယ်။ သူငယ်ချင်းတွေ ဖုန်း call တွေကို blacklist ခဏလုပ်ထားမယ် .. စသဖြင့် သတ်မှတ်ပေးထားလို့ရတယ်။ ချစ်ချစ်နဲ့ တွေ့နေတဲ့အချိန်မှာ အနှောင့်ယှက်ကင်းအောင် call volume ကို silent လုပ်ထားမယ်၊ ဘယ်ဘော်ဒါမှ ဖုန်းမဆက်အောင် ပိတ်ထားမယ် နောက် ချစ်သူပုံလေးကို wallpaper ထည့်ပစ်လိုက်မယ် .. အဟဲ အဲ့လိုသတ်မှတ်ပေးထားပြီး ထို profile ကို ရွေးလိုက်တာနဲ့ system setting တွေ အလိုအလျောက် ပြောင်းလဲပြီး ချိန်ပေးသွားပါတယ်။ ဖုန်းတိုင်းမှာ အသုံးပြုသင့်ပါတယ်။ ညအိပ်ရာဝင်ခါနီးရင်လဲ Night Profile ကို ရွေးလိုက်မယ်ဆိုရင် screen အလင်းကို အဆုံးထိ လျော့ပေးသွားမယ်။ volume တွေကို အကုန် တိုးပစ်လိုက်မယ်၊ wifi / data ကို off လုပ်ပစ်မယ် ဆိုတော့ အနှောင့်ယှက်ကင်းကင်း battery မကုန်စေပဲ အိပ်လို့ရသွားပါပြီ။

App မှာပါတဲ့ Profile တွေကို ပြုပြင်လို့ရတဲ့အပြင် ကိုယ့်စိတ်ကြိုက် Profile အသစ်များကိုလဲ ထပ်မံ ထည့်သွင်း သတ်မှတ်ပေးလို့ရပါတယ်။ ဒီလောက်ဆို Profile သတ်မှတ်ပြီး သုံးတာက ဘယ်လို ကောင်းလဲ နားလည်မယ်လို့ထင်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD


*** Viber ကို Password ခံပြီး အသုံးပြုနိုင်ပါပြီ ***

Viber Lock
*******

Viber Lock ကတော့ Viber ကို တစ်ခြားသူ ဖွင့်ကြည့်လို့မရအောင် Lock ချထားပေးမယ့် App ဖြစ်ပါတယ်။ Viber မှာ Password ထည့်ဖို့ မပါဘူးလေ။ ဒီတော့ ကိုယ့် Viber account ကို တစ်ခြားသူတွေ ဖွင့်မကြည့်နိုင်အောင် Lock ချထားလို့ ရပါပြီ။ မိုက်တယ်နော်။
Lock အနေနဲ့ Pattern Lock နဲ့ Number Lock နှစ်မျိုး အသုံးပြုနိုင်တယ်။
အသုံးပြုပုံကတော့ Viber Lock မှာ အရင်ဆုံး Lock တစ်မျိုးကိုရွေးပြီး လျှို့ဝှက် Lock ကို သတ်မှတ်လိုက်ပါ။ ပြီးရင် Status ကို On လိုက်ပါ။ Viber ကို ဖွင့်ကြည့်လိုက်ပါ။ ချက်ခြင်းမပွင့်တော့ဘူး။ Password တောင်းပြီ။ ဒါဆိုရင် တစ်ခြားသူတွေ ကိုယ့်ဖုန်းကို ကလိနေတဲ့အခါ Viber ကို မဖွင့်နိုင်တော့ပါဘူး။

Viber ကို ပြန်အသုံးပြုချင်တယ်ဆိုရင် Pattern (သို့) Number Password ကို ရိုက်ပြီး ဖွင့်လိုက်တာနဲ့ Viber ကို ချက်ခြင်းမပွင့်ပါဘူး။ Viber Lock ကိုပဲ ပြန်ဖွင့်ပေးပါမယ်။ Status ကို OFF ပြန်လုပ်လိုက်ပါ။ ဒါဆို Viber ကို ဖွင့်လို့ရပါပြီ။ Viber ကို Password သုံးပြီး အဖွင့်အပိတ်လုပ်နိုင်အောင် ကူညီပေးမယ့် App တစ်ခုဖြစ်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD (www.facebook.com/happyandroidworld)


AndroidZip

ဒါကတော့ ကွန်ပျူတာမှာ Zip file တွေဖြည်တဲ့အခါ သုံးတဲ့ 7Zip , Win Rar , Win Zip software တွေလို အသုံးပြုနိုင်မယ့် Android ဖုန်းထဲမှာတင် Zip ဖြည်နိုင်မယ့် App ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ကွန်ပျူတာမှာ သုံးသလိုပါပဲ။ Extract here (သို့) ကိုယ့်ဖြည်ချင်တဲ့ folder ထဲသို့ ဖြည်နိုင်ပါတယ်။ Zip ဖြည်တာအပြင် file manager အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရလွယ်ကူပြီး အသုံးဝင်တာလေးမို့ တင်ပေးလိုက်ပါတယ်။ ကျွန်တော် အမြဲသုံးတဲ့ app လေးပါ.. ခုမှ သတိရပြီး ကောက်တင်လိုက်တာ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1.9MB)

dropbox

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!