Showing posts with label Launcher များ. Show all posts
Showing posts with label Launcher များ. Show all posts

Tuesday, October 8, 2013

3D Home Launcher ( ဖုန်းထဲမှ ဧည့်ခန်းလေး )

ဒီ Launcher လေး ထွက်ပေါ်နေတာ ကြာပါပြီ။ ဒါမဲ့ Launcher တွေကို သိပ်မကလိတော့ မစမ်းဖြစ်ခဲ့ဘူး။ အခုနောက်ပိုင်းမှ Launcher တွေ ကလိရတာ အရသာတွေ့နေလို့ ဒါလေးကို ကလိကြည့်မိတယ်။
မြင်မြင်ချင်းပဲ မေတ္တာသက်ဝင် ချစ်ခင်သွားပါတယ်

လန်းလိုက်တာမှ ဖလန်း ဖလန်းကို ထနေတာပါပဲ။ တစ်ခုတော့ ရှိပါတယ်။ သူက 3D တွေနဲ့ဖွဲစည်းထားလို့ High End Device (မော်ဒယ်မြင့်ဖုန်း)
တွေမှာပဲ အဆင်ပြေနိုင်ပါတယ်။ RAM အနည်းဆုံး 1GB ရှိသောဖုန်းများတွင်
ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Android version 4.0.1 နှင့်အထက် ရှိရပါမယ်။ Samsung တွေမှာဆိုရင် S2 နှင့်အထက် ဖုန်းများတွင် အဆင်ပြေနိုင်ပါတယ်။ Huawei တွေမှာတော့ မပြောတတ်ဘူး။ နောက်ပိုင်းမော်ဒယ်တွေဆို အိုကေနိုင်ပါတယ်။

Launcher ပုံစံလေးကတော့ ဧည့်ခန်းလေးတစ်ခန်းလိုပါပဲ။ နံရံ (၈)ဘက် ကာရံထားတယ်။ အလယ်မှာ စားပွဲခုံလေးရှိတယ်။ တီဗီ ပါတယ်။ စပီကာ နှစ်လုံး ပါတယ်။ နံရံမှာ ကိုယ့်စိတ်ကြိုက် wallpaper တွေ ကပ်ထားလို့ရတယ်။ ပန်းချီကားတွေနဲ့လဲ အလှဆင်နိုင်တယ်။ နံရံတွေက home screen page တွေပါပဲ။ နံရံတွေပေါ်မှာ App icon တွေ တင်ထားလို့ရတယ်။ built in ပါတဲ့ 3D Object တွေနဲ့လဲ လန်းလို့ရတယ်။ အလယ်က စားပွဲခုံမှာလဲ ကိုယ့်စိတ်ကြိုက် App လေးတွေကို တင်ထားလို့ရတယ်။ အလယ်လောက်ကနေ အောက်ကို ဖိပြီး ဆွဲလိုက်ရင်
မိုးကောင်းကင်ကြီးကို မြင်ရပါမယ်။ GPS Location ဖွင့်ပေးထားရင် ကိုယ်ရောက်ရှိနေတဲ့မြို့ရဲ့ မိုးလေ၀သ အခြေနေတွေကို လေယာဉ်ပျံ၊ မိုးပျံပူပေါင်းများဖြင့် ဖော်ပြပေးသေးတယ်ဗျာ။ စပီကာ နှစ်လုံးကတော့ music player လေးပါ။ LCD တီဗီကတော့ video player ပေါ့ဗျာ။ စိတ်ကူးလေးက အရမ်းမိုက်တယ်။

Themes တွေလဲ အခမဲ့ ပေးသေးတယ်ဗျ။ 3D object အလန်းတွေလဲ အခမဲ့ ရယူနိုင်ပါသေးတယ်။ နောက်ပြီး ဒီ Launcher ကလဲ အခမဲ့ပေးထားတော့ အတော်လေး စေတနာ ကောင်းတဲ့ developer တွေလို့ ချီးကျူးချင်ပါတယ်။
တော်ရုံဆို ဒီလောက်လန်းတာ အလကား မရနိုင်ဘူး။ S3 နဲ့ စမ်းခဲ့ပါတယ်။ အသုံးပြုရတာ ချော့မွေ့ပြီး အထစ်ငေါ့မရှိပါဘူး။ စိတ်ဝင်စားသူများ ကလိကြည့်ဗျာ။ ကျွန်တော်တော့ လောလောဆယ် ဒီကောင်လေးနဲ့ လန်းနေတယ်။ Android 4.0.1 နှင်အထက် RAM 1GB ရှိသော ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (10MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Everything Home Launcher (လိုတရ Launcher)

Launcher အဆန်းလေးတစ်ခု တွေ့လိုက်ပြန်ပြီ။ သူလန်းပုံက ..
တမူထူခြားပြန်တယ်။ Everything ဆိုတဲ့အတိုင်း မိမိ စိတ်ထဲမှ အလိုရှိရာကို
တောင့်တလို့ရတဲ့ လိုတရ Launcher တစ်ခုလို့ညွှန်းလိုက်ချင်ပါတော့တယ်။
Launcher အများစုမှာ ကိုယ်ပိုင် Themes များစွာ ထုတ်လုပ်ထားပါတယ်။ Themes တွေပြောင်းလဲပြီး အသုံးပြုတတ်တဲ့ သူတွေအတွက် Everything Home ကတော့ စိတ်ကျေနပ်မှုအပြည့်ဝ ပေးပါလိမ့်မယ်။

Themes တွေကို install လုပ်စရာမလိုပဲ ပြောင်းလဲပေးပါလိမ့်မယ်။
Everything Home Launcher ကို ဖုန်းထဲ ထည့်လိုက်တာနဲ့ ..
သင်အလိုရှိရာ Themes များစွာလဲ တစ်ခါတည်း ပိုင်ဆိုင်သွားပါပြီ။
internet connection တော့ လိုအပ်ပါတယ်။ လန်းပုံလေးက ဒီလို။
What's on your mind? ဆိုပြီး စာတန်းလေးနဲ့ မေးပါလိမ့်မယ်။
internet ချိတ်ထားပြီး သင်စိတ်ထဲရှိရာကို ရေးလိုက်ပါ။

ဥပမာ mr.bean လို့ရေးလိုက်ရင် Everything Home ရဲ့ Themes မှာ
Mr.Bean Themes အဖြစ် ပြောင်းလဲသွားပါတော့တယ်။
wallpaper လဲ mr.bean ပုံဖြစ်သွားပါတယ်။ Google ကိုနှိပ်ရင်လဲ ..
Mr.Bean အကြောင်းတွေ ရှာပြီးသား ဖော်ပြပါမယ်။ youtube ဖွင့်လဲ
Mr.Bean video တွေ တန်းတက်လာပါလိမ့်မယ်။ အမိုက်စားကြီးဗျ။
ကျွန်တော် Myanmar ဆိုပြီး ရိုက်ကာ ကလိကြည့်ပါတယ်။
မြန်မာပြည်မြေပုံကြီး wallpaper ဖြစ်သွားကာ Myanmar themes အဖြစ်
ချက်ချင်းပဲ ပြောင်းသွားတယ်။ google map ၀င်ကြည့် Myanmar မြေပုံ၊
Everything Home မှာပါတဲ့ icon တွေအကုန်လုံးနီးပါး မြန်မာအကြောင်းတွေ
ဖော်ပြကုန်တော့တယ်။ ဒီလိုစိတ်ကူးဆန်းဆန်းနဲ့ဖန်တီးထားတာကို ..
အတော်လေးစား သဘောကျမိတယ်။

အဲ့ဂလိုတွေ ဖန်တီးပေးနေတော့ Everything Home နဲ့ဆိုရင် ..
ကျွန်တော်တို့ဖုန်းက အမြဲတမ်း ဆန်းသစ်နေမှာ သေချာပါတယ်။
Beta Version ပဲ ရှိပါသေးတယ်။ Full Version သာထွက်လာခဲ့ရင် ..
ပိုပြီး အသေးစိတ် အချက်လက်တွေကို ဖော်ပြပါလိမ့်မယ်လို့ အာမခံထားပါတယ်။ သီချင်းချစ်သူတွေအတွက်လဲ ရေလည် ဂွတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားအဆိုတော်နာမည်သာ ရိုက်လိုက်ပါ။ သူ့ပုံ wallpaper နဲ့အတူ သူ့အကြောင်းတွေ အကုန်လုံး Theme အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ သီချင်းရှာရ လွယ်သွားပြီး ကိုယ့်အကြိုက်တွေကို ချက်ချင်းရှာပေးတာဖြစ်လို့ ကျေနပ်စရာပါပဲ။

Launcher ဒီဇိုင်းကလဲ သပ်ရပ်ပြီး လှတယ်။ ကိုယ့်ဖုန်းထဲမှာ ထည့်ထားတဲ့ app တွေကိုလဲ ကဏ္ဍအလိုက် folder သဘောမျိုး စုစည်းပေးသွားတယ်။ လိုတရ Launcher ကို အခုပဲ ကလိကြည့်လိုက်တော့။ Android 4.0 နဲ့အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!