Showing posts with label အင်တာနက်ဆိုင်ရာ App များ. Show all posts
Showing posts with label အင်တာနက်ဆိုင်ရာ App များ. Show all posts

Friday, October 25, 2013

Internet Lock

အင်တာနက်အသုံးပြုနိုင်သော Wifi , Data နှစ်မျိုးစလုံးကို Lock ချထားလို့ရပါပြီ။ တစ်ခြားသူတွေ ကိုယ့်ဖုန်းနဲ့အင်တာနက်မသုံးစေချင်ရင် ..
Password နံပါတ်ပေးပြီး ပိတ်ထားလို့ရပါတယ်။ Internet Lock ကို အသုံးပြုထားရင် wifi (သို့) data ဖွင့်လိုက်တာနဲ့ password တောင်းပါလိမ့်မယ်။ ဒါဆို တစ်ခြားသူတွေ လွယ်လွယ်ကူကူ အသုံးပြုလို့မရတော့ပါဘူး။ Wifi , Data နှစ်မျိုးစလုံးကို ပိတ်ထားနိုင်ပါတယ်။
အသုံးပြုပုံကလဲ လွယ်ကူပါတယ်။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy


ပျော်ရွှင်ပါစေ။

Mr.AD
Facebook Stalker

facebook မှာ ကိုယ်မျှော်နေတဲ့ သူငယ်ချင်း online ပေါ် တက်လာတဲ့အခါ ..
အချက်ပြ သတိပေးမယ့် app ဖြစ်ပါတယ်။ facebook app ကိုဖွင့်ကြည့်ပြီး ..
မျှော်လင့်နေသောသူ ရောက်နေပြီလား .. မရောက်သေးဘူးလား ကြည့်နေစရာ မလိုတော့ပါဘူး။ Facebook Stalker ကို ဖုန်းထဲ ထည့်ထားလိုက်ပါ။ ကိုယ်မျှော်နေတဲ့သူ facebook သုံးနေရင် Noti တက်လာပြီး ချက်ချင်း အသိပေးပါမယ်။ မရောက်သေးဘူးဆိုရင်လဲ
သူ online ဖြစ်တာနဲ့ အသိပေးပါမယ်။ တကယ် အသုံးဝင်တာလေးဗျ။

အသုံးပြုပုံကတော့ ..
ကိုယ့် friend list ထဲမှ အသိပေးစေချင်တဲ့သူကို ရွေးချယ်ပေးရုံပါပဲ။
တစ်ခုသတိထားရမှာက friend ရွေးချယ်ပြီးတဲ့အခါ Facebook Stalker ကို
minimize လုပ်ပေးထားပါ။ Back key နှိပ်ပြီး app ကို မပိတ်ပစ်ပါနဲ့။
minimize လုပ်ထားမှသာ ကိုယ်ရွေးထားသူတွေ online ဖြစ် မဖြစ်
စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။ အသိပေးတဲ့အခါ Noti တက်လာမှာဖြစ်ပြီး
Noti ကို တစ်ချက်နှိပ်လိုက်တာနဲ့ facebook app နဲ့ ချိတ်ဆက်ပေးပြီး
facebook ကို သုံးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် online မှာ
လုပ်ချင်တာလုပ်နေလို့ရပါပြီ။ မျှော်တဲ့သူ ရောက်လာရင်
Facebook Stalker ကနေ အသိပေးပါလိမ့်မယ်။

Tips - ဒါကတော့ ကျွန်တော့် စိတ်ကူးပါ။ ကိုယ် facebook သုံးနေတာလဲ ..
တစ်ခြားသူတွေ မသိစေချင်ဘူး .. မျှော်နေတဲ့သူ facebook သုံး၊ မသုံးလဲ
သိချင်တယ်ဆိုရင် official facebook app မှာ မိမိ chat ကို ပိတ်ထားလိုက်ပါ။ ဒါဆို ကိုယ် online ဖြစ်နေမှန်း တစ်ခြားသူ မသိတော့သလို၊ Facebook Stalker ကနေပြီး ဘယ်သူတွေ online ဖြစ်နေလဲဆိုတာကိုလဲ အသိပေးပါလိမ့်မယ်။
ဟဲဟဲ .. ပေါက်တယ်နော်

download - (1MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Who unfriended ?

Facebook မှာကိုယ့် account ကိုဘယ်သူက unfriend လုပ်သွားလဲဆိုတာကိုကြည့်နိုင်တဲ့ application လေးပါ။ Unfriend ကိုတော့ကြည့်လို့ရပေမယ့် Block ကိုတော့ကြည့်လို့မရပါဘူးရှင်။ သုံးနည်းကလည်းလွယ်လွယ်လေးပါ။ Application ကို install ပြီးတာနဲ့ facebook password ရိုက်ထည့်ပေးယုံပါပဲရှင်။File size ကလည်းသေးသေးလေးပါပဲရှင်။ Android version 2.2 နှင့်အထက်သုံးလို့ရပါတယ်ရှင်။

Size – (68 KB )

dropbox

copy
 
ပျော်ရွှင်ပါစေရှင်..

*Laddy Sis Lay*

Tuesday, October 8, 2013

Internet Watch

Internet ကိုအချိန်ဘယ်လောက်ကြာအောင်သုံးခဲ့လဲဆိုတာ မှတ်ထားပေးတဲ့ Application လေးပါ။ ကိုယ်သုံးတဲ့ရက်စွဲ၊ စသုံးတဲ့အချိန်၊ ဘယ်လောက်ကြာအောင် သုံးခဲ့လဲဆိုတာတွေကို သေသေချာချာမှတ်ထားပေးပါတယ်။ မှတ်ထားတဲ့ History ကလည်း ကိုယ်ဖျက်မှပျက်တာပါ။ အင်တာနက်သုံးနေတဲ့တစ်ချိန်လုံး Noti Bar မှာ တောက်လျှောက်ပေါ်နေမှာဖြစ်လို့  ကိုယ်သုံးတာဘယ်လောက်ကြာနေပြီလဲဆိုတာကို အလွယ်တကူသိနိုင်မှာပါ။ ကိုယ်ဘယ်လောက်ကြာအောင်သုံးခဲ့လဲဆိုတာကို တိတိကျကျသိတဲ့အတွက် MPT က Bill ပိုဖြတ်မဖြတ်ဆိုတာလည်းသိနိုင်တာပေါ့ရှင်။ File size ကလည်း သေးသေးလေးပါပဲ။ Android 2.2 နှင့်အထက်မှာ သုံးနိုင်တယ်ရှင်။

Size – (976.6KB)

dropbox

copy

ပျော်ရွှင်ပါစေရှင် ..

*Laddy Sis Lay*
Freedi YouTube Downloader

YouTube Downloader တွေအများကြီးရှိတဲ့အထဲက ဒီ Downloader လေးက တော်တော်လေးအသုံးဝင်ပါတယ်။ Download ဆွဲရတဲ့အချိန်လည်းမကြာသလို TubeMate လိုပိတ်တာမျိုးလည်းမရှိပါဘူး။ Search လုပ်ရင်လည်းအကြာကြီး ရှာစရာမလိုပဲနဲ့ခဏလေးနဲ့ကိုယ်လိုချင်တာကိုရပါတယ်။ ဒီ Downloader လေးရဲ့ အားသာချက်က Online HQ ကြည့်လို့ရတာ၊ MP4အနေနဲ့ဒေါင်းလို့ရတာတင်မဟုတ်ပဲ MP3 အနေနဲ့ပါဒေါင်းလို့ရတာလေးပါ။ File Size ကလည်းသေးသေးလေးပါရှင်။ Android 1.5 နှင့်အထက်တွင် သုံးနိုင်ပါတယ်။

Download - (991.2KB)

dropbox
 
copy

ပျော်ရွှင်ပါစေရှင် ..

*Laddy Sis Lay*

Sunday, July 21, 2013



FVD - Free Video Downloader

FVD free video downloader ဟာ Browser နဲ့ downloader ပေါင်းစပ်ထားပါတယ်။ အဲ့ဒီအတွက် Browser သီးသန့် အသုံးပြုနေစရာမလိုတော့ပါဘူး။ ကြည့်ချင်တဲ့ video websiteကိုဖွင့်လိုက်ပါ။
video ပေါ် တစ်ချက်နှိပ်လိုက်တာနဲ့ download လုပ်မလား တစ်ခါတည်း မေးပါမယ်။ အလွယ်တကူ ဒေါင်းလိုက်ရုံပါပဲ။ download ဆွဲထားတဲ့ video တွေကို SD card အောက်မှာ သိမ်းပေးပါလိမ့်မယ်။ ကျွန်တော်စမ်းကြည့်တာတော့ မြန်လည်းမြန်ပြီး site တော်တော်များများကိုလည်း အသုံးပြုလို့ရတာ တွေ့ရပါတယ်။ တကယ်လန်းပါတယ်။ website ပေါ်က video တွေကို ဒေါင်းဖို့ အခက်ခဲဖြစ်နေသူများ စမ်းသုံးကြည့်ပါ။ Android 2.1 နှင့် အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

dropbox
 

1mobile

Tips - Youtube မှ video တွေကိုတော့ download မဆွဲပေးဘူး။ ဘာလို့လဲဆိုတာ့ Youtube ရဲ့ copyright law ကို Permit မလုပ်ပေးတာမို့ပါ။ တစ်ခြားဆိုက်ဒ် တော်တော်များများမှာတော့ အဆင်ပြေပါတယ်။ မြန်လဲမြန်တယ်ဗျ။ စမ်းကြည့်လိုက်ပါ။

ပျော်ရွှင်ပါစေ

Mr.AD

Sunday, July 14, 2013


Free Zone - Free WiFi Scanner

ဒါကတော့ ကိုယ့်ပတ်ဝန်းကျင်မှာ wifi လွှင့်ထားတာ ရှိမရှိ ရှာပေးမယ့် ..
app ဖြစ်ပါတယ်။ free ပေးထားတာလား password ခံထားတဲ့ လိုင်းလားဆိုတာ ရှာဖွေပြီး ဖော်ပြပေးပါမယ်။ ရောက်ရာအရပ်မှာ wifi zone ရှိ၊မရှိ ရှာလို့ရသွားတာပေါ့။ အခုအချိန်မှာ တော်တော်များများနေရာတွေမှာ wifi ကို free ပေးထားတာဖြစ်လို့

ကိုယ်ရောက်နေတဲ့နေရာနားမှာ wifi မိမမိ ရှာဖွေရေးလုပ်နိုင်လို့ အသုံးဝင်ပါတယ်။ 
Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.3MB)

box

dropbox

1mobile


ပျော်ရွှင်ပါစေ

Mr.AD

Friday, July 12, 2013



Next Browser

Play Store ကနေ Update လုပ်မလားမေးတော့မှ ကျွန်တော် အရင်ကသုံးခဲ့ဖူးတဲ့ Next Browser ကို ပြန်သတိရသွားတယ်။
logo ပုံလေး သဘောကျလို့ စမ်းကြည့်ခဲ့ဖူးတဲ့ Browser ပါ။
function တွေ အတော်လန်းပြီး မြန်ဆန်တဲ့ Browser လေးပါ။ 69MB ရှိတဲ့ video ကို ဒေါင်းကြည့်တာ (၁၀)မိနစ်ကျော်ပဲကြာတယ်။ resume ရတဲ့ page ကနေ ဒေါင်းရင် pause လုပ်ထားလို့လဲရတယ်။
function စုံလင်ပြီး အတော်သုံးလို့ကောင်းတဲ့ Browser ပါ။ အခု နောက်ဆုံးထွက် update version ကို တင်ပေးလိုက်ပါတယ်။ Update လုပ်ခိုင်းလို့ Play Store ကို ၀င်လေ့လာကြည့်တော့မှ
လက်ခုပ်သံအများကြီးရထားတဲ့ Browser app မှန်း သိရတယ်။ ဒီတော့ သုံးကြည့်ပေါ့ဗျာ။ Android Browser တွေက အများကြီးပါ။ ကျွန်တော်ကတော့ အစွဲမထားဘူး အကုန်သုံးတယ်။
JB နဲ့ မြန်မာစာ အဆင်ပြေစွာဖတ်ချင်ရင် FireFox ကို သုံးပါတယ်။ အခု Next ကတော့ web ပေါ်က ဒေါင်းချင်တာတွေ ဒေါင်းဖို့ သုံးလို့ ကောင်းတာနဲ့ ပြန်သုံးဖြစ်နေပါတယ်။

download - (3MB)

Dropbox
 

Copy
 

megacloud

ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!