Showing posts with label လူမှုကွန်ယက်ဆိုင်ရာ App များ. Show all posts
Showing posts with label လူမှုကွန်ယက်ဆိုင်ရာ App များ. Show all posts

Friday, October 25, 2013

Facebook Stalker

facebook မှာ ကိုယ်မျှော်နေတဲ့ သူငယ်ချင်း online ပေါ် တက်လာတဲ့အခါ ..
အချက်ပြ သတိပေးမယ့် app ဖြစ်ပါတယ်။ facebook app ကိုဖွင့်ကြည့်ပြီး ..
မျှော်လင့်နေသောသူ ရောက်နေပြီလား .. မရောက်သေးဘူးလား ကြည့်နေစရာ မလိုတော့ပါဘူး။ Facebook Stalker ကို ဖုန်းထဲ ထည့်ထားလိုက်ပါ။ ကိုယ်မျှော်နေတဲ့သူ facebook သုံးနေရင် Noti တက်လာပြီး ချက်ချင်း အသိပေးပါမယ်။ မရောက်သေးဘူးဆိုရင်လဲ
သူ online ဖြစ်တာနဲ့ အသိပေးပါမယ်။ တကယ် အသုံးဝင်တာလေးဗျ။

အသုံးပြုပုံကတော့ ..
ကိုယ့် friend list ထဲမှ အသိပေးစေချင်တဲ့သူကို ရွေးချယ်ပေးရုံပါပဲ။
တစ်ခုသတိထားရမှာက friend ရွေးချယ်ပြီးတဲ့အခါ Facebook Stalker ကို
minimize လုပ်ပေးထားပါ။ Back key နှိပ်ပြီး app ကို မပိတ်ပစ်ပါနဲ့။
minimize လုပ်ထားမှသာ ကိုယ်ရွေးထားသူတွေ online ဖြစ် မဖြစ်
စောင့်ကြည့်ပေးမှာဖြစ်ပါတယ်။ အသိပေးတဲ့အခါ Noti တက်လာမှာဖြစ်ပြီး
Noti ကို တစ်ချက်နှိပ်လိုက်တာနဲ့ facebook app နဲ့ ချိတ်ဆက်ပေးပြီး
facebook ကို သုံးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် online မှာ
လုပ်ချင်တာလုပ်နေလို့ရပါပြီ။ မျှော်တဲ့သူ ရောက်လာရင်
Facebook Stalker ကနေ အသိပေးပါလိမ့်မယ်။

Tips - ဒါကတော့ ကျွန်တော့် စိတ်ကူးပါ။ ကိုယ် facebook သုံးနေတာလဲ ..
တစ်ခြားသူတွေ မသိစေချင်ဘူး .. မျှော်နေတဲ့သူ facebook သုံး၊ မသုံးလဲ
သိချင်တယ်ဆိုရင် official facebook app မှာ မိမိ chat ကို ပိတ်ထားလိုက်ပါ။ ဒါဆို ကိုယ် online ဖြစ်နေမှန်း တစ်ခြားသူ မသိတော့သလို၊ Facebook Stalker ကနေပြီး ဘယ်သူတွေ online ဖြစ်နေလဲဆိုတာကိုလဲ အသိပေးပါလိမ့်မယ်။
ဟဲဟဲ .. ပေါက်တယ်နော်

download - (1MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Who unfriended ?

Facebook မှာကိုယ့် account ကိုဘယ်သူက unfriend လုပ်သွားလဲဆိုတာကိုကြည့်နိုင်တဲ့ application လေးပါ။ Unfriend ကိုတော့ကြည့်လို့ရပေမယ့် Block ကိုတော့ကြည့်လို့မရပါဘူးရှင်။ သုံးနည်းကလည်းလွယ်လွယ်လေးပါ။ Application ကို install ပြီးတာနဲ့ facebook password ရိုက်ထည့်ပေးယုံပါပဲရှင်။File size ကလည်းသေးသေးလေးပါပဲရှင်။ Android version 2.2 နှင့်အထက်သုံးလို့ရပါတယ်ရှင်။

Size – (68 KB )

dropbox

copy
 
ပျော်ရွှင်ပါစေရှင်..

*Laddy Sis Lay*

Sunday, September 1, 2013



*** Viber ကို Password ခံပြီး အသုံးပြုနိုင်ပါပြီ ***

Viber Lock
*******

Viber Lock ကတော့ Viber ကို တစ်ခြားသူ ဖွင့်ကြည့်လို့မရအောင် Lock ချထားပေးမယ့် App ဖြစ်ပါတယ်။ Viber မှာ Password ထည့်ဖို့ မပါဘူးလေ။ ဒီတော့ ကိုယ့် Viber account ကို တစ်ခြားသူတွေ ဖွင့်မကြည့်နိုင်အောင် Lock ချထားလို့ ရပါပြီ။ မိုက်တယ်နော်။
Lock အနေနဲ့ Pattern Lock နဲ့ Number Lock နှစ်မျိုး အသုံးပြုနိုင်တယ်။
အသုံးပြုပုံကတော့ Viber Lock မှာ အရင်ဆုံး Lock တစ်မျိုးကိုရွေးပြီး လျှို့ဝှက် Lock ကို သတ်မှတ်လိုက်ပါ။ ပြီးရင် Status ကို On လိုက်ပါ။ Viber ကို ဖွင့်ကြည့်လိုက်ပါ။ ချက်ခြင်းမပွင့်တော့ဘူး။ Password တောင်းပြီ။ ဒါဆိုရင် တစ်ခြားသူတွေ ကိုယ့်ဖုန်းကို ကလိနေတဲ့အခါ Viber ကို မဖွင့်နိုင်တော့ပါဘူး။

Viber ကို ပြန်အသုံးပြုချင်တယ်ဆိုရင် Pattern (သို့) Number Password ကို ရိုက်ပြီး ဖွင့်လိုက်တာနဲ့ Viber ကို ချက်ခြင်းမပွင့်ပါဘူး။ Viber Lock ကိုပဲ ပြန်ဖွင့်ပေးပါမယ်။ Status ကို OFF ပြန်လုပ်လိုက်ပါ။ ဒါဆို Viber ကို ဖွင့်လို့ရပါပြီ။ Viber ကို Password သုံးပြီး အဖွင့်အပိတ်လုပ်နိုင်အောင် ကူညီပေးမယ့် App တစ်ခုဖြစ်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD (www.facebook.com/happyandroidworld)

Monday, August 12, 2013

 facebook window

Facebook သုံးရင်း ဖုန်းကလိချင်တဲ့သူတွေအတွက် ရေလည်လန်းတဲ့ facebook window ဆိုတာလေး တင်ပေးလိုက်တယ်။ ဒါလေးရှာတွေ့တာ အရမ်းပျော်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ..
အရင်ကဆိုရင် facebook သုံးနေချိန် သီချင်းဖွင့်ချင်တာ၊ SMS ဖတ်ချင်တာ၊ တစ်ခြား ကိစ္စတွေ လုပ်ချင်ရင် facebook app ကို ပိတ်ရပါတယ်။ ဒါမှမဟုတ် home key နှိပ်ပြီး ပြန်ထွက်ရပါတယ်။ အလုပ်ရှုပ်တယ်ဗျ။
အခုတော့ faceboook window ဆိုတာလေးနဲ့ အဆင်ပြေသွားပါပြီ။ facebook ကို window တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်။ ချုံ့၊ ချဲ့ ပြုလုပ်နိုင်တယ်။ facebook function ကိုလဲ အပြည့်ဝ အသုံးပြုနိုင်ပါတယ်။ Hide လုပ်ထားလို့လဲရတယ်ဗျ။ ပြန်သုံးချင်ရင် တစ်ချက်နှိပ်ပြီး ပြန်ဖွင့်ရုံပဲ။
မြန်မာစာလဲ အဆင်ပြေတယ်ဗျာ။ သေးသေးကွေးကွေးလေးအထိ ချုံ့ထားနိုင်တယ်။ ဓါတ်ပုံတွေ zoom ဆွဲကြည့်သလို လက်ညိုး လက်မ သုံးပြီး ချုံ့၊ ချဲ့ လုပ်နိုင်တယ်။ file size က 90KB လေးပဲ ရှိတယ်ဗျာ .. လုံးဝ အလန်း :) Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, July 31, 2013



Viber ( Update v3.1 )
Viber Update လေး ထွက်လာပြန်ပါပြီ :)

download - (12MB)

Dropbox
 

Zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 21, 2013


*** အသုံးဝင် Android Facebook Application များ ***

Facebook ကိုဖုန်းကနေ အသုံးပြုသူတွေအတွက် ဒီပို့စ်ကို ရေးလိုက်ပါတယ်။
Facebook နဲ့ပက်သတ်ပြီး အသုံးဝင်တဲ့ app တွေဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။ ကဲ ဘာတွေလဲ ကြည့်ရအောင် ..

*** FB Touch ***
ဒါကတော့ Facebook ကို အမြန်သုံးနိုင်မယ့် app တစ်ခုပါ။ connection မကောင်းတဲ့အချိန်မျိုးမှာ Facebook ကို ဖွင့်ကြည့်နိုင်ပါတယ်။ Offical Facebook နဲ့ တစ်ပုံစံတည်း တူအောင် ဖန်တီးထားပါတယ်။
ကျွန်တော် တင်ပေးပြီးသားပါ။ တကယ်မြန်ဆန်စွာ အသုံးပြုနိုင်ပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။

*** TiKL TouchTalk WalkieTalkie ***
ဒါကတော့ Facebook ပေါ်ကသူငယ်ချင်းတွေနဲ့ ဝေါ်ကီတော်ကီ သဘောမျိုး တစ်ယောက်တစ်ခွန်း အပြန်အလှန် စကားပြောနိုင်မယ့် app ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် Voice Chat လုပ်လို့ရပါတယ်။Group Voice Chat အနေနဲ့လဲ အသုံးပြုနိုင်ပါတယ်။ ကျွန်တော် အရင်က တင်ပေးပြီးသားပါ။ အဆင်ပြေပါတယ်။

*** My Album ***
ဒါကတော့ Facebook ပေါ်မှာ ဓါတ်ပုံတွေကို download/upload လုပ်နိုင်တဲ့ ..
app ဖြစ်ပါတယ်။ ဓါတ်ပုံတွေ သိမ်းဆည်းထားချင်သူများ၊ ပုံအသစ်တွေ တင်ချင်သူများ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ လူကြိုက်များသော FB Photo downloader app ဖြစ်ပါတယ်။ Tags အလုပ်ခံထားရတဲ့ ပုံတွေကိုပါ download ပြုလုပ်နိုင်ပါတယ်။ SD card အောက်က MyAlbum ဆိုတဲ့ folder ထဲမှာ ပုံတွေကို save ပေးပါတယ်။

*** First Cover ***
Facebook Timeline Cover ပုံတွေကို ပြောင်းလဲပေးနိုင်တဲ့ app တစ်ခုပါ။ cover ပုံတွေ အများကြီး ရှာဖွေပြီး ပြောင်းလဲနိုင်ပါတယ်။ မိမိ Timeline ပေါ်ကို အလွယ်တကူ စိတ်ကြိုက် cover များရှာဖွေပြီး
ပြောင်းလဲနိုင်ပါတယ်။

*** my ChatDroid for Facebook ***
Facebook Chatting app တစ်ခုပါ။ မြန်ဆန်ပြီး အသုံးပြုရတာ အဆင်ပြေပါတယ်။ ရိုးရိုးရှင်းရှင်းနဲ့ Chatting သီးသန့် အသုံးပြုချင်သူတွေအတွက် အဆင်ပြေပါတယ်။ Facebook app ကိုဖွင့်ပြီး
အသုံးပြုရတာမဟုတ်တော့ စက်လဲ မလေးတော့ဘူးပေါ့။

တစ်ခြားအသုံးဝင် facebook apps တွေ ကျန်ပါသေးတယ်။ အခုတင်ပေးလိုက်တာတွေကတော့ သယ်ရင်းတို့ မသိတာများမယ်ထင်ပြီး တင်ပေးလိုက်တာပါ။ တစ်ချို့ app တွေကတော့ နာမည်ကြီးတွေဆိုတော့ သိလောက်မယ်ထင်ပြီး မတင်တော့ပါဘူး။ စမ်းကြည့်လိုက်ကြပါဦး။
ကျွန်တော်လဲ တစ်ညနေလုံး ဒါတွေပဲ ထိုင်ကလိပြီး အခုမှ တင်ဖြစ်တာပါ။ ကဲ .. အားလုံးပဲ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ app တွေကို စုစည်းပြီး zip file အနေနဲ့တင်ပေးလိုက်ပါတယ်။

download - (15MB)

box

dropbox

zippyshare

ပျော်ရွှင်ပါစေ

Mr.AD (http://www.facebook.com/happyandroidworld)

Facebook Dictionary

app နာမည်ကို ကြည့်လိုက်တာနဲ့ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ facebook သုံးတဲ့အခါ အတိုကောက် စကားလုံးတွေ သုံးလေ့ရှိတယ်။ ဥပမာ LOL (Laughing Out Loud) , (Smile) , စတဲ့ အတိုကောက်စကားလုံးများရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါတယ်။ နောက်ပြီး လိုအပ်လျင် အလွယ်တကူ copy လုပ်ပြီး ပေးပို့နိုင်ပါတယ်။
facebook မှာ အသုံးများတဲ့ အတိုကောက်စာလုံးများကို စုစည်းပေးထားတဲ့ facebook သုံး အဘိဓာန် အလန်းလေးပါ။ ကျွန်တော် မသိတဲ့ စကားလုံးတွေ တော်တော်များများကို သိလိုက်ရတယ်ဗျာ။ ခပ်တည်တည်နဲ့သူများတွေကို

 တော်ကီပွားလို့ရတာပေါ့။ ခေတ်နောက်မကျအောင် ထည့်ထားကြနော် :)

download -

box

zippyshare
 

dropbox

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, July 17, 2013


VideoDownloader for Facebook

facebook ပေါ်က video တွေကို download ဆွဲပေးမယ့် app ပါ။
facebook မှာ Like ထားတဲ့ Page တွေကနေ တင်သမျှ video တွေ၊
news feed မှာ သူငယ်ချင်းတွေ တင်ထားတဲ့ video တွေ စတဲ့ ..
facebook မှာ တင်ထားတဲ့ video တွေကို ရှာဖွေပေးနိုင်ပါတယ်။
ရှာလို့တွေ့ရင် နာမည်နှင့်တကွ အစဉ်လိုက် ကျလာပါမယ်။
ဖုန်းအမျိုးစားပေါ်မူတည်ပြီး တစ်ချို့ဖုန်းမှာ video ကို တိုက်ရိုက် ..
ကြည့်ရှုနိုင်ပါတယ်။ တစ်ချို့ဖုန်းမှာတော့ ကြည့်လို့အဆင်မပြေဘူး။
ဒါပေမဲ့ ဘယ်လိုဖုန်းပဲဖြစ်ဖြစ် video ကို download ဆွဲနိုင်ပါတယ်။
အသုံးပြုရတာလဲ လွယ်ပါတယ်။ အရင်ဆုံး fb account နဲ့ log in ၀င်ပါ။
ပြီးရင် ကိုယ့် account နဲ့ပက်သက်တဲ့ News Feed , Friends , Pages , Groups မှာ တင်ထားတဲ့ video မှန်သမျှကို ရှာဖွေပြီး download ဆွဲနိုင်မှာဖြစ်ပါတယ်။ download ဆွဲပြီးသား video တွေကို SD Card အောက်က Movies ဆိုတဲ့ folder ထဲမှာfacebook ဆိုတဲ့ နာမည်နဲ့
save ပေးပါလိမ့်မယ်။ မိုက်တယ်နော် :)

Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်ဗျာ။

download - (1MB)
 

box

dropbox

hostr


ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 14, 2013



♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော
Android Application များ ♥♥


ဒီပို့စ်ကို ကျွန်တော် ရေးချင်နေတာကြာပါပြီ။ ဒါပေမဲ့ လိုအပ်တဲ့ app တွေ ထပ်ရှာပြီး စုဆောင်းနေရတဲ့အတွက် မတင်ဖြစ်နိုင်ဖြစ်နေတာပါ။ 

အခုတော့ App လေးတွေ တော်တော်စုံလင်သွားပြီမို့ ကျေနပ်တာနဲ့ တင်ပေးလိုက်ပါပြီ။
ခေါင်းစဉ်ပါ အတိုင်းပါပဲ ချစ်သူ(ကျား၊မ) ကို ရင်ခုန်ကြည်နူးသွားအောင် ဒီ app လေးတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကတော့ Mr.AD ရဲ့ ချစ်သူစုံတွဲတွေကို ပါရမီဖြည့်ပေးတဲ့ တင်ဆက်မှုလေးတစ်ခုပေါ့ဗျာ။

♥♥ ၀ လာလို့ စိတ်ညစ်နေလား ချစ်သူ ♥♥

ကိုယ့်ကိုကိုယ် ၀ လာပြီဆိုပြီး စိတ်ညစ်နေတဲ့ ချစ်သူကို စက္ကန့်ပိုင်းအတွင်း ပိန်သွားအောင် လုပ်ပြပြီး ရင်ခုန်ကြည်နူးသွားစေချင်ရင်တော့ Cymera ဆိုတဲ့ Photo edit app က ကူညီပေးပါလိမ့်မယ်။ Cymera မှာ Beauty menu အောက်က Slim ဆိုတဲ့ ထူးခြား ဆန်းသစ်တဲ့ function လေးက သင့်ချစ်သူရဲ့ ပုံရိပ်ကို စက္ကန့်ပိုင်းအတွင်း ပိန်ပြီးသွယ်လျသွားအောင် လုပ်ပေးပါလိမ့်မယ်။ Photoshop နဲ့ဖန်တီးနေစရာမလိုဘူး။ လုပ်ရတာလဲ လွယ်မှလွယ် ချစ်သူရဲ့ ပုံရိပ်တွေကို အလှပဆုံး ဖန်တီးပေးမယ့် app ဖြစ်ပါတယ်။

♥♥ ချစ်သူဆီကို ချစ်စရာကောင်းတဲ့ Text Art တွေနဲ့ SMS ပို့မယ် ♥♥

ချစ်သူဆီကို SMS ပို့တဲ့အခါ စာနဲ့အတူ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ text art ဒီဇိုင်းလေးတွေနဲ့ ပူးတွဲပြီးပို့လိုက်ရင် ချစ်သူ ရင်ခုန် ကြည်နူးသွားမှာ သေချာပါပဲ။ အဲ့ဒီအတွက် CoolText - Funny ဆိုတဲ့ app လေးက ကူညီပေးပါလိမ့်မယ်။ ချစ်သူဆီမှာ ဒီ app သွင်းထားစရာမလိုပါဘူး။ စာသားတွေမှာပါတဲ့ အက္ခရာတွေကိုပဲ အလှဆင်ပြီး ပို့ပေးမှာဖြစ်တဲ့အတွက် နှစ်ယောက်စလုံးမှာ app ရှိစရာမလိုအပ်ပါဘူး။ ကိုယ့်ဘက်မှာပဲ ရှိနေရင် ပို့လို့ရပါပြီ။
ဒီလောက်ဆို သဘောပေါက်ပီမလား .. ဟဲဟဲ .. :)

♥♥ ကြည်နူးစရာကောင်းတဲ့ Happy Couple Live Wallpaper ♥♥

ချစ်သူကို လက်ဆောင်ပေးလို့ကောင်းတဲ့ live wallpaper လေးပါ။
ကောင်လေးက ကောင်မလေးကို အနမ်းလေးတွေ ပေးနေတယ်။
လုံးဝ Cute ပါပဲ။ ချစ်သူ ဒီ wallpaper ကိုမြင်လိုက်ရင် အသည်းယားပြီး ချစ်သွားမှာ သေချာတယ်။ ချစ်သူနဲ့တွေ့တုန်း Zapya ကိုဖွင့် ဒီ app လေးကို ပို့ပေးလိုက်။ ချစ်သူ သဘောကျပြီး သင့်ကို wallpaper ထဲကလို အာဘွားပေးမှာ မြင်ယောင်သေး :D

♥♥ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေကို Love Frames နဲ့အလှဆင်မယ် ♥♥

ချစ်သူနဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေကို Love Frames app နဲ့ ချစ်စရာကောင်းအောင် ဖန်တီးလို့ရပါတယ်။ Frame တွေအများကြီးပါတယ်။ ပါဝင်တဲ့ Frame တွေကလဲ အရမ်းလန်းတယ်ဗျာ။ ကြည်နူးစရာတွေအပြည့်ပဲ။ ချစ်သူနဲ့ချိန်းတွေ့တုန်း နှစ်ယောက်တွဲပုံလေးတွေကို Love Frames နဲ့..
အတူတူ ထိုင်ကလိကြရင်း ကြည်နူးမှုတွေ အတိုင်းမသိ ခံစားနေကြမှာ မြင်ယောင်သေး :)


♥♥ ချစ်သူနဲ့အတူ ဖုန်းထဲမှာ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်မယ် ♥♥

LoveByte ဆိုတဲ့ app လေးကတော့ ချစ်သူစုံတွဲတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ app ဖြစ်ပါတယ်။ internet connection တော့လိုအပ်ပါတယ်။ LoveByte ကိုဖွင့်ပြီး Register လုပ်ရပါမယ်။ ကိုယ့်ချစ်သူလဲ Register လုပ်ရမယ်။ ဒါမှ နှစ်ယောက်စလုံး Chatting လုပ်နိုင်ပါမယ်။ online ပေါ်မှာ နှစ်ယောက်တစ်ကမ္ဘာလေး တည်ဆောင်တဲ့သဘောပေါ့။ LoveByte နဲ့ဘာတွေလုပ်လို့ရလဲဆိုတော့ ကိုယ့်ချစ်သူနဲ့ ဘယ်နှစ်ရက် လျောက်လည်ဖူးလဲလို့မှတ်သားလို့ရတယ်။
ချစ်သူနဲ့ပက်သတ်ပြီး ခံစားမှုတွေကို Note ထဲမှာ ရေးမှတ်ထားလို့ရတယ်။
ချစ်သူတွေဖြစ်ကြတာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာ မှတ်သားထားလို့ရတယ်။
ဓါတ်ပုံတွေကိုလဲ နေရာ၊ရက်စွဲ၊ အချိန်တွေရေးပြီး သိမ်းဆည်းထားလို့ရပါတယ်။ ချစ်စရာကောင်းတဲ့ ပုံတွေနဲ့ sms ပို့တဲ့ function ပါတယ်။ ချစ်သူတွေအတွက် အသုံးဝင် function တွေနဲ့ ကြည်နူးစရာကောင်းတဲ့ app တစ်ခုပါ။ ကိုယ့်ချစ်သူနဲ့ အမှတ်တရများစွာကို LoveByte နဲ့အတူ သိမ်းဆည်းထားရင်း ထာဝရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ :)

ဒီလောက်ဆို သဘောကျ ကျေနပ်ကြရဲ့လားဗျ။ Couple တွေအတွက် 

သီးသန့်လုပ်ပေးချင်နေတာကြာပါပြီ။ အခု fans (4000) ပြည့်အထိမ်းအမှတ်အနေနဲ့ အမှတ်တရလေးဖြစ်အောင် ကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။
အားလုံးသော ချစ်သူတွေ ချစ်ခြင်းခိုင်မြဲ ထာဝရ လက်တွဲနိုင်ကြပါစေဗျာ။

application တွေကို ဒေါင်းရအဆင်ပြေအောင် Zip file နဲ့ချုံ့ပြီးတင်ပေးလိုက်ပါတယ်။ file size က (41MB) ဖြစ်ပါတယ်။ နည်းနည်းတော့ သည်းခံပြီး ဒေါင်းပေးပါနော်

download -

box

zippyshare

ပျော်ရွှင်ပါစေ ..... Mr.AD


Voice Translator Free

voice translator တွေ တင်ပေးချင်တာကြာပါပြီ။ ဒါပေမဲ့ Language data တွေထပ်ထည့်ပေးရတာမို့ မတင်ဖြစ်ခဲ့ဘူး။ အခုတော့ ဒီ app က data မလိုတာကြောင့် စိတ်တိုင်းကျတာနဲ့တင်လိုက်ပြီ။ အသံနဲ့ ဘာသာပြန်ပေးမယ့် app ဖြစ်ပါတယ်။ ဥပမာ .. English to Chinese ဆိုရင် ကိုယ်က အင်္ဂလိပ်လို ပြောလိုက် ပြောလိုက်တဲ့စကားကို တရုတ်လိုဘာသာပြန်ပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။
နိုင်ငံခြားသားတွေနဲ့စကားပြောတဲ့အခါမျိုးမှာ အသုံးဝင်ပါတယ်။
ဘာသာစကားလေ့လာသင်ယူတဲ့အခါမှာလဲ အင်မတန် အသုံးဝင်ပါတယ်။
Google voice search ကို အသုံးပြုတဲ့အတွက် ဘာသာပြန်ချင်တဲ့အခါ internet connection ဖွင့်ပေးထားရပါတယ်။ မိမိဖုန်းမှာတော့ google voice search ရှိနေရမယ်။ နောက်ပိုင်းဖုန်းတော်တော်များများမှာ voice search function ပါဝင်ပါတယ်။ ကျွန်တော့်ရဲ့ english ငပိသံကိုတောင်

တည့်တည့်ဘာသာပြန်ပေးသွားတဲ့အတွက် အရမ်း သဘောကျသွားပါတယ်။ ဘာသာပြန်ပြီးသား စာလုံးတွေကို ပြန်နားထောင်လို့ရပါတယ်။ နောက်ပြီး copy ကူးယူလို့ရတဲ့အတွက် message , email အစရှိသည်တို့မှာ ပြန်လည် အသုံးပြုလို့ရသွားပါတယ်။ တကယ်အသုံးဝင်တဲ့ Translate app တစ်ခုဖြစ်ပါတယ်။ စမ်းကြည့်လိုက်ပါ။ free version ဖြစ်တဲ့အတွက် Language (၁၀)မျိုးလောက် အပြန်အလှန် ဘာသာပြန်ပေးပါတယ်။ full version ၀ယ်မယ်ဆိုရင်တော့ Language အမျိုး(၅၀)လောက် ဘာသာပြန်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ free နဲ့တင်အိုကေနေပြီ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

box

mediafire

ပျော်ရွှင်ပါစေ။

Mr.AD


LiveProfile (တော်ကီပွားမယ်)

LiveProfile ကတော့ Chatting app တစ်ခုပါ။ မြန်ဆန်မှု နဲ့ ဒီဇိုင်းပိုင်းကတော့ အလန်းပဲ။ ကျွန်တော် စမ်းကြည့်တာ တော်တော် အဆင်ပြေတယ်ဗျ။ fb က ဘော်ဘော်တွေနဲ့လဲ

ချိတ်ဆက်ပြီး တော်ကီပွားလို့ရတယ်။ Group chat လဲ ရတယ်။ LiveProfile account လုပ်ရတာလဲ လွယ်ကူပြီး မြန်ဆန်ပါတယ်။ ဘာမှခက်ဘူး တစ်ယောက်နဲ့တစ်ယောက် email လိပ်စာနဲ့ရှာဖွေနိုင်သလို LiveProfile PIN နဲ့လဲ ရှာဖွေနိုင်ပါတယ်။ wechat လို app မျိုးပါပဲ။ ဒါပေမဲ့ ဒီကောင်က ဒီဇိုင်းလှပြီး မြန်ဆန်တာတွေ့ရပါတယ်။ LiveProfile မှာ ကျွန်တော့် PIN နံပါတ်ကတော့ LPAW49HH ဖြစ်ပါတယ်။ စမ်းသုံးကြည့်ပါ။ သယ်ရင်းတို့ သဘောကျနှစ်သက်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox

box

1mobile


နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။

Mr.AD


Smileys for Chat (+memes)

ကဲ .. အားရပါးရ ပြောင်ကြရအောင် ဒီ app ကတော့ Chatting app တွေ (viber, wechat, etc .. ) မှာ ရုပ်ပြောင်ပုံတွေ ပို့လို့ရအောင် ပုံတွေစုစည်းပေးထားတဲ့ app ဖြစ်ပါတယ်။ အသုံးပြုပုံက ဒီလိုလေး ..

Smileys for Chat က တကယ်တော့ ရုပ်ပြောင်ပုံတွေစုစည်းထားရုံပါ။ Chat app တွေမှာ ဓါတ်ပုံ ပို့ချင်တဲ့အခါ Gallery ကိုနှိပ်ပြီး ပို့ချင်တဲ့ပုံကိုရွေးပြီး ပို့ကြတယ်မလား။ အဲ့အတိုင်းလုပ်ရုံပါပဲ။ ပို့ချင်ရင် Gallery ကိုရွေးလိုက်တာနဲ့ Smileys for Chat ကို အသုံးပြုမလား မေးပါလိမ့်မယ်။ Smileys for Chat ကိုနှိပ်လိုက်ပြီး ပုံတွေ ပို့လိုက်ရုံပါပဲ။ ပုံတွေက အစုံပါတယ်။ smileys , memes , mr.bean ပုံတွေ အများကြီးဗျ။ ရယ်ရတယ်။ အထူးသဖြင့် Viber မှာ ပို့လို့ရတဲ့ Sticker တွေက နည်းနည်းလေးပဲပါတယ်လေ။ အခု Smileys for Chat ကိုထည့်ထားလိုက်ရင် ပုံအများအကြီး ပို့လို့ရသွားပြီပေါ့ဗျာ။ သဘောကျရဲ့လားဗျ။ သဘောကျရင် ဒေါင်းလိုက်တော့ :)

download - (5MB)

Play Store

box

dropbox


ပျော်ရွှင်ပါစေ။

Mr.AD


Nudibebe facebook uploader(b)

ဒီ app လေးကတော့ facebook မှာ Status နဲ့ Photo တွေကို
အလွယ်တကူ လှမ်းတင်ပေးပါမယ်။ facebook ကိုဖွင့်ပြီး တကူးတက တင်စရာမလိုတော့ပါဘူး။ widget တစ်ခုအနေနဲ့ home screen ပေါ်မှာ တင်ထားပြီး အသုံးပြုနိုင်ပါတယ်။ widget တင်နည်းကတော့ home screenမှ နေရာလွတ်တစ်ခုကိုကြာကြာဖိပါ။ ပေါ်လာတဲ့အထဲက widget ကိုရွေးပေးပါ။ ထို့နောက်
ကိုရီးယားစာတွေနဲ့ ကလေးပုံလေးကို ရွေးလိုက်တာနဲ့ home screen ပေါ်မှာ

ကလေးပုံလေး ရောက်သွားပါလိမ့်မယ်။ အသုံးပြုပုံကတော့ ရှင်းရှင်းလေးပါ။ ကလေးပုံကို နှိပ်လိုက်တာနဲ့ facebook မှာ ကိုယ့် account ကို sign in လုပ်ခိုင်းပါမယ်။ လုပ်တဲ့နေရာမှာ တစ်ခု သတိထားဖို့က
( NudiBeBe One-touch would like to post to your friends on your behalf ) လို့စာပေါ်လာတဲ့နေရာမှာ ဘယ်ဘက် ဘေးမှာ Public , Friends , Only Me ဆိုပြီး

သုံးခု ရွေးလို့ရပါတယ်။ Public ကိုရွေးမယ်ဆိုရင်တော့ တင်သမျှ စာတွေ ပုံတွေကို လူတိုင်းမြင်ရမှာပါ။ 
Frineds ကတော့ သူငယ်ချင်းတွေပဲ မြင်ရမယ်။ Only Me ကတော့ ကိုယ်တစ်ယောက်တည်းပဲ မြင်ရမှာပါ။
သင့်စိတ်ကြိုက်ရွေးပေးပါ။ Only Me ဆိုရင်တော့ ကိုယ်တင်တာကို သူများတွေ မမြင်ရတော့ပါဘူး။ အဲ့ဒါလေးကို သတိပြုမိစေချင်ပါတယ်။ ဒီလောက်ပါပဲ။ နောက်ဆို facebook မှာ status တင်ချင်ရင်
ကလေးပုံကို တစ်ချက်နှိပ်ကာ တင်နိုင်သွားပါပြီ။ အချိန်ကုန်သက်သာပြီး အသုံးဝင် widget လေးမို့ တင်လိုက်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

zippyshare

 

Playstore တွင်လဲ ရှာဖွေကာ download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Friday, July 12, 2013


LoveByte ( နှစ်ယောက် တစ်ကမ္ဘာ )

ဒီ app လေးကို အရင်တုန်းက တင်ပေးခဲ့ဖူးပါတယ်။ အဲ့တုန်းက ..
တစ်ခြား app တွေနဲ့ရောပြီး တင်ပေးခဲ့ပါတယ်။ အခုတော့ ..
သီးသန့်ပို့စ်တစ်ခုအနေနဲ့ ရေးပြီးတင်ပေးလိုက်ပါတယ်။ ချစ်သူစုံတွဲတွေအတွက် အလွန် ချစ်စရာကောင်းတဲ့ app တစ်ခုပါ။ Love Byte မှာ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ Gmail account ဖြင့် ..
register လုပ်ပြီး sign up လုပ်ရပါမယ်။ ကိုယ့်ချစ်သူနဲ့ကိုယ်ပဲ နှစ်ယောက် တစ်ကမ္ဘာအဖြစ် Love Byte မှာ အချစ်အိမ်လေး တည်ဆောက်နိုင်ပါတယ်။ ဘယ်သူမှ လာကြည့်လို့မရပါဘူး။
သက်ဆိုင်သူနှစ်ယောက်ပဲ အပြန်အလှန် ၀င်ကြည့်နိုင်ပါတယ်။ ချစ်သူသက်တမ်းကိုလဲ ရက်စွဲနဲ့ အတိအကျ မှတ်သားပေးတယ်။
 

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!