Showing posts with label ဓါတ်ပုံပိုင်းဆိုင်ရာ App များ. Show all posts
Showing posts with label ဓါတ်ပုံပိုင်းဆိုင်ရာ App များ. Show all posts

Friday, October 25, 2013

Make It 3D

ရိုးရိုးဓါတ်ပုံတွေ ကြည့်ရတာ ပျင်းစရာကြီးဗျာ။ ဖုန်းထဲကပုံတွေကို 3D ဖြစ်အောင် မဖန်တီးချင်ကြဘူးလား။ ကလိကြည့်ရအောင် Make It 3D ဆိုတာလေး ရှိတယ်ဗျ။ ရိုးရိုးဓါတ်ပုံတွေကို 3D ဖြစ်အောင် ဖန်တီးနိုင်တယ်။
3D မျက်မှန်တော့ လိုတယ်ဗျ။ ဒါလဲ အရေးကြီးလှတာ မဟုတ်ပါဘူး။
နီးစပ်ရာ DVD စက်တွေ တီဗီတွေ ရောင်းတဲ့ ဆိုင်မှာ 3D မျက်မှန် တစ်လက်မှ .. ၂၀၀၀ လောက်ပဲ ရှိပါတယ်။ အဲ့ဒါလေးတော့ လိုတာပေါ့။
တူညီတဲ့ ဓါတ်ပုံ နှစ်ပုံ ရွေးပေးရမယ်။ ပြီးရင် 3D ဖြစ်အောင် အနားသတ်တွေကို အနည်းငယ် ခွဲပေးရမယ်။ ဒါလေးပါပဲ။ လွယ်မှလွယ်။
တကယ်ကြီး 3D ဖြစ်သွားတာနော် .. မယုံမရှိနဲ့ .. မျက်မှန်နဲ့သာ ကြည့်ဖို့ပဲ လိုအပ်ပါတယ်။ 3D မျက်မှန်နဲ့ကြည့်မှသာ 3D ရုပ်ထွက်ကို ခံစားရမယ်။
ဈေးပေါတဲ့ မျက်မှန်နဲ့လဲ ကြည့်လို့ရတယ်။ ကျွန်တော့်မျက်မှန်ဆိုရင် .. ၁၅၀၀ လားမသိဘူး ၀ယ်ထားတာ ကြာပြီ .. ပြုလုပ်ပုံပြုလုပ်နည်းကလည်း လွယ်တာမို့ ကလိကြည့်လိုက်ကြဗျာ။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

လုပ်ပုံလုပ်နည်းလေး သေချာကြည့်ချင်ရင် ..

http://www.youtube.com/watch?v=aCzEKnoS2EE

download - (2MB)

dropbox

copy
 
ပျော်ရွှင်ပါစေ။

Mr.AD
Orange Camera

နာမည်လေးလဲ ဆန်း .. Camera လေးကလည်း လန်းတယ်ဗျာ။ ဒီ camera app လေးက ထွက်နေတာကြာလှပြီ။ ကျွန်တော် အပါဝင်
တော်တော်များများလဲ သိကြမယ်မထင်ဘူး။ ဒီကောင်လေးရဲ့ ထူးခြားချက်ကတော့ ဓါတ်ပုံရိုက်ပြီးမှ Effect တွေနဲ့ကစားရမျိုး မဟုတ်ပဲ ဓါတ်ပုံရိုက်ကတည်းက တစ်ခါတည်း Effect တွေနဲ့ ရိုက်ကူးရတာပါပဲ။ Effect တွေက တစ်ခြား ကင်မရာတွေမှာ ပါနေကြဟာမျိုးတွေနဲ့မတူဘူး။ လုံးဝ ဂျလန်းကြီးတွေ။ ပါဝင်တဲ့ effect အမျိုးစားတွေကိုတော့ မရှင်းပြတော့ဘူး ကိုယ်တိုင်သာ ကလိကြည့်တော့။
အနုပညာဆန်တာတွေ၊ လူငယ်ဆန်တာတွေ အများကြီးပါတယ်ဗျာ။
လေးစားဖို့ကောင်းတာက Play Store မှာ free ပေးထားပါတယ်။ Pro version လဲ ၀ယ်လို့ရပါတယ်။ ဘာမှသိပ်မကွာပါဘူး ကြေငြာတွေ
ပြုတ်သွားတာလောက်ပဲဆိုတော့ free version နဲ့တင် ကောင်းကောင်း ကလိနိုင်ပါတယ်။ Screenshot တင်ပေးချင်ပေမယ့် ပုံတွေက ရှာရခက်နေတာကြာင့် Orange Camera ဆိုတော့ လိမ္မော်ရောင် ကင်မရာပုံလေးကိုပဲ တင်ပေးလိုက်ပါတယ်။ ကျွန်တော် ဒီလောက် ညွှန်းနေရင် သဘောပေါက်လိုက်တော့ .. ခုပဲ ဒေါင်းပြီး ကလိကြည့်ဗျာ

download - (2MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, October 8, 2013

Heart Collage Body Shapes

ပုံလေးတွေမြင်တာနဲ့ ဘာလဲဆိုတာ သိရောပေါ့။ မိမိ ကိုယ်ခန္ဓာ အချိုးအကွေ့တွေနဲ့ အသဲပုံ .. အင်္ဂလိပ် အက္ခရာပုံ စသဖြင့် အလန်းစား ပုံလေးတွေ ဖန်တီးနိုင်တဲ့ camera app လေးပါ။ ဒါလေး တင်ပေးချင်နေတာကြာပြီ။ ရှာမရဖြစ်နေလို့ ကိုယ့်ဘော်ဒါတွေကို အကူညီတောင်းတာ fan ထဲမှ ညီမ Little Laddy က တကူးတက ရှာဖွေပေးလို့ ရခဲ့ပါတယ်။ လူငယ်တွေ အရမ်းသဘောကျမယ့် App လေးပါ။
အသုံးပြုပုံကိုလဲ App ကို ဖွင့်ဖွင့်ချင်းမှာ လေ့လာနိုင်ပါတယ်။ Timer ပေးပြီး ရိုက်လို့ရတဲ့အတွက် ပုံဖော် ရိုက်ကူးရာတွင် တစ်ယောက်တည်းရိုက်လို့ အဆင်ပြေသွားပါတယ်။ Pro Version လေးပါ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox

copy

thanks u Little Laddy

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, August 18, 2013



Pixlr-o-matic

Android မှာ photo edit app တွေ များစွာ ရှိပါတယ်။ အားလုံးဟာ သူ့အစွမ်းနဲ့သူ အလန်းတွေချည်းပါပဲ။ များစွာထဲမှ Tool စုံလင်ပြီး ကလိလို့ကောင်းတဲ့အထဲမှာ Cymera ကိုကြိုက်ပါတယ်။
Effects ပိုင်းနဲ့ပက်သက်လို့ကတော့ Pixlr-o-matic က လုံးဝလန်းတယ်။ Filter ပေါင်းများစွာကို အခမဲ့ ရယူနိုင်ခြင်းက တကယ် မိုက်ပါတယ်။ ဥပမာ Piper , Polak , Helena .. စတဲ့ effect အလန်းစားတွေကို free download ပေးပါတယ်။ တစ်ချို့ app တွေမှာ ပိုက်ပိုက်နဲ့ပေးမှ ဒီလို အလန်းစား တွေကို သုံးနိုင်မှာပါ။ download ဆွဲရာမှာလဲ effect တွေကို series လိုက် install လုပ်နိုင်တယ်။

မြန်လဲ မြန်တယ်ဗျ။ effect တွေအပြင် frame များစွာလဲ အခမဲ့ ရယူနိုင်ပါသေးတယ်။
frame တွေကလဲ အနုပညာ ရသမြောက်တဲ့ဟာတွေ အများကြီးရှိပါတယ်။ effects , filters ပိုင်းနဲ့ပက်သက်လို့ကတော့ Pixlr-o-matic လောက် အပေးကြမ်းတာ မတွေ့မိဘူး။ မသုံးဖူးသေးရင် သုံးကြည့်လိုက်ပါ။ ဓါတ်ပုံ အလန်းစားတွေ ဖန်တီးနိုင်အောင် အပြည့်ဝ ကူညီပါလိမ့်မယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (6MB)

dropbox
 

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Helmut Scanner
 

ဘော်ဒါတို့ရေ ဟိုးရှေးရှေးတုန်းက ရိုက်ထားတဲ့ Negative ဖလင် အဟောင်းတွေ ပြန်ရှာကြပေတော့။ ဖလင်ကင်မရာတွေနဲ့ ရိုက်ကူးထားတဲ့ Negative ဖလင်တွေကို ဓါတ်ပုံပြန်ကူးပေးမယ့် app ဗျာ။
ဟုတ်ပါ့မလားဆိုပြီး ကျွန်တော် အိမ်မှာ မရမက Negative ဖလင်အဟောင်းကို လိုက်ရှာပြီး စမ်းခဲ့တယ်။ အဖွားပုံရိုက်ထားတဲ့ Negative ဖလင် အဟောင်းလေးကို Helmut နဲ့ကာလာဓါတ်ပုံအဖြစ်
ပြန်ပြောင်းကြည့်တော့ တကယ် ရတယ်ခင်ဗျ။ လုံးဝ လန်းတယ်ဗျာ။ ဓါတ်ပုံဆိုင်သွားပြီး ဓါတ်ပုံကူးပေးသလိုမျိုး လုပ်ပေးပါတယ်။ Negative ဖလင် တွေမှာ အဖြူအမဲ ဖလင်၊ ကာလာဖလင် တွေကို ဓါတ်ပုံအဖြစ် ပြန်ကူးပေးနိုင်တဲ့ ရှားပါး Negative Scanner ဖြစ်ပါတယ်။ ဒါလေးရှာတွေ့ခဲ့တာ တကယ် တန်ဖိုးရှိပါတယ်။ Negative ဖလင် အဟောင်းများကို ဆိုင်သွားပြီး ကူးနေစရာမလိုတော့ဘူး။ ဖလင်ကို ဖုန်းကင်မရာနဲ့ ဓါတ်ပုံရိုက်လိုက်ပါ။ သေချာလေးရိုက်ပါ။ ဖလင်ပေါ်မှာ အလင်းမပြန်ပါစေနဲ့။ ရိုက်ပြီးရင် Helmut မှာ scan ဖတ်လိုက်ရင် ဓါတ်ပုံအချောကြီး ထွက်လာပါတယ်။ ဓါတ်ပုံအချောထွက်ပြီဆိုမှတော့ ကြိုက်တဲ့ Printer နဲ့သာထုတ်ပေတော့
ပြောင်းပြီးသား ဓါတ်ပုံများကို SD Card အောက်က dk.codeunited.helmu ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

လက်တွေ့စမ်းချင်ရင်တော့ Google Image မှာ Negative Pictures ဆိုပြီး
စာရိုက်ကာ Negative ပုံတစ်ပုံ ဒေါင်းပြီး ဖုန်းထဲထည့်ကာ Helmut နဲ့ ..
scan ဖတ်ပြီး ကာလာဓါတ်ပုံအဖြစ် ပြောင်းကြည့်လိုက်ပါ။

download - (2.6MB)

dropbox
 

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD (www.facebook.com/happyandroidowrld)

Wednesday, August 7, 2013

 Despicable Me Camera

Minion လေးတွေချစ်တဲ့သူတွေအတွက် သူတို့နဲ့အတူ ဓါတ်ပုံတွဲရိုက်လို့ရမယ့် Camera App လေးတင်ပေးလိုက်တယ်ဗျာ။ ရိုက်ထားတဲ့ ဓါတ်ပုံတွေမှာ Minion လေးတွေကို Sticker အနေဖြင့် ..
ကိုယ်ကြိုက်သလို ကပ်နိုင်ပါတယ်။ Sticker တွေ အများကြီးပါတယ်။ အားလုံးက 3D ရုပ်ထွက်လှလှလေးတွေချည်းပဲဗျ။ Minion တွေရဲ့ ပုံစံပေါ်မူတည်ပြီး ကိုယ့်ဘက်က ဂိုက်ပေးတတ်ဖို့တော့လိုတယ်နော် ဒါမှ သူတို့ အမူယာလေးတွေနဲ့ ကိုယ့်ပုံနဲ့ လိုက်ဖက်ညီသွားမယ်။
Minions ချစ်သူတွေ သဘောကျနေလောက်ပြီထင်တယ်။ ကျွန်တော်လဲ သဘောကျတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

Free app ဖြစ်လို့ ကြေငြာတွေတော့ ပါတယ်။ အင်တာနက်ပိတ်ပြီး အသုံးပြုပါ။ မဟုတ်ရင် ကြေငြာတွေကို နှိပ်မိရင် စိတ်ညစ်ရလို့

download - (10MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Saturday, August 3, 2013


Photo Wonder v3.0.5 ( Latest Update )

နာမည်ကြီး လူသုံးများ အထူးသဖြင့် မိန်းကလေးတွေ အကြိုက် ..
Photo Wonder Version အသစ် (3.0.5) ထွက်လို့လာပါပြီ။
July 25 ကတည်းက ထွက်နေတာ ခုမှ သတိထားမိလို့ ဟီး :) အထူးပြောစရာမလို သုံးဖူးသူသိ အလွန်ငြိမယ့် App လေးပါ။
Version အသစ်မှာ ဘာတွေ ထပ်ပြီး ပါဝင်လာလဲဆိုတော့ Brush Strokes အသစ်များ၊ One Click Beautify ဆိုတဲ့ တစ်ချက်နှိပ်ရုံဖြင့် သင့်ကို လှပသွားစေမယ့် function အလန်းစား ပါဝင်လာပါတယ်။ မိန်းကလေးအတွက်ရယ်လို့ ဟုတ်ဘူးနော်။ ကျွန်တော့် ကိုကို ညီညီများလဲ ဒီ App လေးနဲ့ လန်းလို့ရတယ်။ ကျွန်တော်တော့ သုံးကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် ပြန်ပြီး ..
အာဘွားပေးချင်သွားတယ် :P

Photo Wonder မှာ Filter တွေကို ကင်မရာ မရိုက်ခင်ကတည်းက တစ်ခါတည်းထည့်ပြီး ရိုက်ရတဲ့ Filter Camera function ကလဲ လန်းတယ်။ Beautify App တွေထဲမှာတော့ ထိပ်ဆုံးမှ ရပ်တည်နေတဲ့ App တစ်ခုပါ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (15MB)

dropbox

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD

Friday, August 2, 2013



*** ဓါတ်ပုံရိုက်ရင်း အသံပါသွင်းနိုင်တဲ့ CamVoice ***

Samsung S4 တွေမှာပါတဲ့ ဓါတ်ပုံရိုက်ရင်း အသံကိုပါ Record လုပ်နိုင်သလိုမျိုး အသုံးပြုနိုင်ပါတယ်။ Voice Recorder နဲ့ Camera နှစ်ခုပေါင်းပြီး ဖန်တီးထားပါတယ်။
ဓါတ်ပုံတွေရိုက်တဲ့အခါ ဘယ်နေရာမှာ၊ ဘယ်သူနဲ့ .. စသဖြင့် အမှတ်တရတွေကို အသံနဲ့ပါတစ်ခါတည်း တွဲပြီး မှတ်သားနိုင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးတာနဲ့ အသံကို Record တစ်ခါတည်းလုပ်နိုင်ပါတယ်။ ရိုက်ကူးပြီးသား ဓါတ်ပုံများကို CamVoice ရဲ့ Gallery ထဲမှာ အသံနဲ့တကွ ..
ပြန်လည်ကြည့်ရှု နားဆင်နိုင်မှာဖြစ်ပါတယ်။ မော်ဒယ်မြင့်ဖုန်းတွေမှာသာပါဝင်တဲ့ function အလန်းစားလေးကို မိမိဖုန်းမှာ သုံးနိုင်သွားပါပြီ

Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, July 30, 2013



QuickPic (Update)

ကျွန်တော် အကြိုက်ဆုံး Photo Gallery App လေး update ထွက်လာလို့တင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေ scan ဖတ်ချက်ကတော့ လန်ထွက်နေတာပါပဲ။ ဘယ်လောက်ပဲ ပုံများများ စက္ကန့်ပိုင်းအတွင်း မိမိဖုန်းထဲမှ ရှိသမျှ ဓါတ်ပုံများကို ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းတွေမှာ built in ပါတဲ့ Gallery တွေက လေးပါတယ်။ Videos တွေ ဖတ်တဲ့အခါ ချက်ခြင်းမပေါ်ပဲ ဖြေးဖြေးချင်းမှ ပေါ်လာတတ်ပါတယ်။ QuickPic ကို သုံးကြည့်ပါ။ ခဏလေးနဲ့ အကုန်လုံး ဖော်ပြပါတယ်။ တစ်ခါပဲ scan ဖတ်ထားရုံနဲ့ နောက်တစ်ခါဖွင့်တဲ့အခါ ချက်ချင်း ဖော်ပြပေးတယ်။ မယူရသေးသူတွေ ယူကြဗျာ။ ဓါတ်ပုံတွေ အများကြီးရှိနေရင် ဒီကောင်လေးနဲ့ ရှာဖွေရေးလုပ်တာ အမြန်ဆုံးပါပဲ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

copy

zippyshare


ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 21, 2013


Finger Face

ဒီ app လေးကတော့ ချစ်စရာသိပ်ကောင်းပြီး ဆန်းသစ်တဲ့ app လေးပါ။ ကျွန်တော်တို့ရဲ့ လက်ချောင်းတွေ ခြေချောင်းတွေမှာ လူပုံစံ အရုပ်ကလေးတွေ

aရးဆွဲဖန်တီးလို့ရပါတယ်။ idea ကတော့ အလန်းဗျာ။
ကိုယ့်လက်ချောင်းတွေမှာ ပုံဖော်ရတာ ပျော်စရာပါပဲ။ ချစ်သူနဲ့အတူ (သို့) မိသားစုနဲ့အတူ ကလိကြည့်လိုက်ရင် ပိုပြီး ကြည်နူးပျော်ရွှင်ရမှာပါ။ အရုပ်ဒီဇိုင်းတွေက အစုံပါပဲ။ ကျား/မ ဒီဇိုင်းအစုံပါတယ်။ မျက်နှာ၊ အင်္ကျီ၊ ဆံပင်၊ ဦးထုပ် စတာတွေ အများကြီးပါတဲ့အတွက် စိတ်ကြိုက်ကလိပေတော့။
ကဲ .. သဘောကျနေပြီမလား။ Android 2.2 နှင့်အထက် ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

download - (10MB)
 

play store
 

box

dropbox

mediafire

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

Mr.AD

Body Symbol HD

Camera app တစ်ခုပါ။ ထူးခြားတာကတော့ ပုံမှာ မြင်ရတဲ့အတိုင်း ကျွန်တော်တို့ရဲ့ လက်တွေနဲ့ အရုပ်ပုံဖော်နိုင်အောင် ကူညီပေးမယ့် camera app ဖြစ်ပါတယ်။ တော်တော်များများ သိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ .. ကိုယ့်ဘာသာ ဓါတ်ပုံတွေ တစ်ပုံခြင်းရိုက် ..ပြီးရင် ကွန်ပျူတာမှာ ပြန် edit လုပ် .. အဲ့လိုတွေ လုပ်နေရင် အချိန်ကြာမယ် အလုပ်ရှုပ်မယ်။ အခု ဒီ camera app နဲ့ဆိုရင် Body Symbol ပုံတွေ အချိန်ခဏလေးအတွင်း လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။ အလန်းလေးဗျ။ ကလိကြည့်
facebook မှာ body symbol ရိုက်ထားတဲ့ပုံတွေနဲ့ ဘော်ဒါတွေကြားမှာလန်းလို့ရတယ်နော်။ symbol ဒီဇိုင်းတွေလဲ အများကြီး ပါတယ်။ Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.6MB)

box

dropbox

ပျော်ရွှင်ပါစေ။

Mr.AD

My Camera - Hero

Super Hero ကြီးတွေဖြစ်တဲ့ Superman , Batman , Spiderman , Iron Man တို့နဲ့ ဓါတ်ပုံတွဲမရိုက်ချင်ဘူးလား။ ဓါတ်ပုံတွဲရိုက်ချင်တယ်ဆိုရင်တော့ My Camera - Hero ကို ဖုန်းထဲထည့်ပြီး ရိုက်ဗျာ။ camera screen ပေါ်မှာ Hero တွေ တစ်ခါတည်း ပါပြီးသားပါ။ အလွယ်တကူ size ချိန်ပြီး ရိုက်လိုက်ရုံပဲ။ Super Hero တွေကို သဘောကျတဲ့သူတွေ အကြိုက်တွေ့မှာ သေချာပါတယ်။ ကျွန်တော်တောင် ဟီးရိုးကြီးတွေနဲ့ အမှတ်တရ ရိုက်ပြီးသွားပြီ .. လန်းတယ်နော် .. ရိုက်ကြပေတော့။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

box

zippyshare

Google Play Store တွင်လဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, July 17, 2013



Fast Burst Camera Pro

Galaxy S3 , S4 တွေရဲ့ ကင်မရာမှာပါတဲ့ function လိုမျိုးပါ။
ဓါတ်ပုံတွေကို လျင်မြန်စွာ အမြန်ရိုက်ကူးနိုင်ပါတယ်။
လှုပ်ရှားနေတဲ့ မြင်ကွင်းတစ်ခုကို အသေးစိတ် ဓါတ်ပုံများစွာဖြင့် မှတ်တမ်းတင်ချင်ရင်တော့ Fast Burst နဲ့သာရိုက်ဗျာ။
မြန်သလားမမေးနဲ့။ တဖျတ်ဖျတ်နဲ့ ပုံအများကြီး တစ်ခါတည်း ရိုက်ကူးနိုင်တယ်။ ပုံများကို အစီစဉ်အတိုင်း ပြန်ကြည့်နိုင်ပြီး ဖျက်ချင်ရင်လဲ အတွဲလိုက် အလွယ်တကူ ပြန်ဖျက်နိုင်ပါတယ်။
ရိုက်ကူးပြီးသားပုံများကို edit လဲ ပြုလုပ်နိုင်ပါတယ်။ မိုက်တယ်။လျှက်တပြတ် အမြန်ရိုက်ကူးချင်တဲ့အခါမျိုး အရမ်းအသုံးဝင်ပါတယ်။ Pro version ဖြစ်တဲ့အတွက် function အပြည့် ကလိနိုင်ပါတယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (8MB)

dropbox

box

hostr


ပျော်ရွှင်ပါစေ။

Mr.AD

QuickPic Pro

ဒီ app လေးကတော့ ဓါတ်ပုံကြည့်တဲ့ Gallery app ပါ။
နာမည်နဲ့လိုက်အောင် ဓါတ်ပုံတွေကို မြန်ဆန်စွာ ဖော်ပြပေးပါတယ်။ အထူးသဖြင့် မော်ဒယ်နိမ့်ဖုန်း(သို့)CUP နိမ့်တဲ့ဖုန်းတွေမှာ ..
တစ်ခါတစ်လေ Gallery ဖွင့်ကြည့်ရင် လေးသွားတာမျိုးရှိပါတယ်။ ပုံတွေ ချက်ချင်းပေါ်မလာဘူး။ ခဏနေမှပေါ်လာတာမျိုးရှိတယ်။ QuickPic Gallery ကတော့ အလျင်မြန်ဆုံး ဖော်ပြပေးပါတယ်။
ကျွန်တော့်ဖုန်းလဲ တစ်ခါတစ်လေ Gallery ဖွင့်ရင် လေးသွားတယ်။ QuickPic နဲ့ဖွင့်တော့ ပုံတွေ Scan ဖတ်တာ အရမ်းမြန်တယ်ဗျ။ ဒါကြောင့် သဘောကျတာနဲ့ တင်ပေးလိုက်ပါတယ်။ Pro ဖြစ်လို့
function တွေအနေနဲ့ hidden လုပ်ထာတဲ့ပုံတွေ ပြန်ဖော်နိုင်ခြင်း၊ ကင်မရာကို အလွယ်တကူ ဖွင့်နိုင်ခြင်း၊ Folder ဆောက်ပြီး ပုံများကို ရွေ့ပြောင်းနိုင်ခြင်း၊ Slide Show ကြည့်နိုင်ခြင်း အပြင် Setting တွေ အများကြီး ကလိလို့ရပါတယ်။ လိုအပ်လျင် ယူဗျာ :)
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

box

copy
 

hostr

ပျော်ရွှင်ပါစေ။

Mr.AD


WordCam (Pro)

စာလုံးတွေနဲ့ ဓါတ်ပုံကို ပုံဖော်ပေးမယ့် phot၀ edit app အဆန်းလေးပါ။
စာလုံးပုံစံတွေကို တစ်မျိုးထက်ပိုပြီး အသုံးပြုနိုင်တယ်။ ကိုယ်ရိုက်တဲ့ ..
စာသားနဲ့လဲ ပုံဖော်ပေးတယ်။ ကလိကြည့်ပါ။ စာလုံးရေ အတိုးအလျော့၊
အလင်းအမှောင်လဲ ချိန်နိုင်ပါတယ်။ ကိုယ်ရေးတဲ့စာသားတွေနဲ့ ..
ဓါတ်ပုံကို ပုံဖော်ပေးသွားတာ အလန်းပါပဲ။ Pro version လေးပါ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

box

copy

hostr


ပျော်ရွှင်ပါစေ။

Mr.AD


Pocketbooth

ကျွန်တော်တို့တွေ shopping center လိုနေရာမျိုးမှာရှိတဲ့ ..
ဓါတ်ပုံ auto ရိုက်ပေးတဲ့ Photobooth အခန်းထဲမှာ ..
ဓါတ်ပုံသွားအရိုက်ခံသလို ခံစားရမယ့် camera app ဖြစ်ပါတယ်။ ဓါတ်ပုံ(၄)ပုံကို timer ပေးပြီး ရိုက်ပေးပါတယ်။ pose ပေးပေတော့။
Effect တွေအနေနဲ့ Color, B&W, Sepia, Antique လေးမျိုးပါတယ်။ ရိုက်ပြီးသွားရင် အစီစဉ်လိုက် စက်ကနေ ထုတ်ပေးသလိုမျိုး ကျလာပါတယ်။ ဒီကောင်လေးနဲ့ ဓါတ်ပုံရိုက်ခံရတာ တစ်မျိုးလေး
ခံစားလိုက်ရတယ်။ တကယ်ကို အခန်းထဲမှာ အရိုက်ခံလိုက်ရသလိုပဲ။ feeling အမိုက်စားလေးမို့ သဘောကျတာနဲ့ တင်ပေးလိုက်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (11MB)

dropbox

box

copy


ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 14, 2013



♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော
Android Application များ ♥♥


ဒီပို့စ်ကို ကျွန်တော် ရေးချင်နေတာကြာပါပြီ။ ဒါပေမဲ့ လိုအပ်တဲ့ app တွေ ထပ်ရှာပြီး စုဆောင်းနေရတဲ့အတွက် မတင်ဖြစ်နိုင်ဖြစ်နေတာပါ။ 

အခုတော့ App လေးတွေ တော်တော်စုံလင်သွားပြီမို့ ကျေနပ်တာနဲ့ တင်ပေးလိုက်ပါပြီ။
ခေါင်းစဉ်ပါ အတိုင်းပါပဲ ချစ်သူ(ကျား၊မ) ကို ရင်ခုန်ကြည်နူးသွားအောင် ဒီ app လေးတွေက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကတော့ Mr.AD ရဲ့ ချစ်သူစုံတွဲတွေကို ပါရမီဖြည့်ပေးတဲ့ တင်ဆက်မှုလေးတစ်ခုပေါ့ဗျာ။

♥♥ ၀ လာလို့ စိတ်ညစ်နေလား ချစ်သူ ♥♥

ကိုယ့်ကိုကိုယ် ၀ လာပြီဆိုပြီး စိတ်ညစ်နေတဲ့ ချစ်သူကို စက္ကန့်ပိုင်းအတွင်း ပိန်သွားအောင် လုပ်ပြပြီး ရင်ခုန်ကြည်နူးသွားစေချင်ရင်တော့ Cymera ဆိုတဲ့ Photo edit app က ကူညီပေးပါလိမ့်မယ်။ Cymera မှာ Beauty menu အောက်က Slim ဆိုတဲ့ ထူးခြား ဆန်းသစ်တဲ့ function လေးက သင့်ချစ်သူရဲ့ ပုံရိပ်ကို စက္ကန့်ပိုင်းအတွင်း ပိန်ပြီးသွယ်လျသွားအောင် လုပ်ပေးပါလိမ့်မယ်။ Photoshop နဲ့ဖန်တီးနေစရာမလိုဘူး။ လုပ်ရတာလဲ လွယ်မှလွယ် ချစ်သူရဲ့ ပုံရိပ်တွေကို အလှပဆုံး ဖန်တီးပေးမယ့် app ဖြစ်ပါတယ်။

♥♥ ချစ်သူဆီကို ချစ်စရာကောင်းတဲ့ Text Art တွေနဲ့ SMS ပို့မယ် ♥♥

ချစ်သူဆီကို SMS ပို့တဲ့အခါ စာနဲ့အတူ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ text art ဒီဇိုင်းလေးတွေနဲ့ ပူးတွဲပြီးပို့လိုက်ရင် ချစ်သူ ရင်ခုန် ကြည်နူးသွားမှာ သေချာပါပဲ။ အဲ့ဒီအတွက် CoolText - Funny ဆိုတဲ့ app လေးက ကူညီပေးပါလိမ့်မယ်။ ချစ်သူဆီမှာ ဒီ app သွင်းထားစရာမလိုပါဘူး။ စာသားတွေမှာပါတဲ့ အက္ခရာတွေကိုပဲ အလှဆင်ပြီး ပို့ပေးမှာဖြစ်တဲ့အတွက် နှစ်ယောက်စလုံးမှာ app ရှိစရာမလိုအပ်ပါဘူး။ ကိုယ့်ဘက်မှာပဲ ရှိနေရင် ပို့လို့ရပါပြီ။
ဒီလောက်ဆို သဘောပေါက်ပီမလား .. ဟဲဟဲ .. :)

♥♥ ကြည်နူးစရာကောင်းတဲ့ Happy Couple Live Wallpaper ♥♥

ချစ်သူကို လက်ဆောင်ပေးလို့ကောင်းတဲ့ live wallpaper လေးပါ။
ကောင်လေးက ကောင်မလေးကို အနမ်းလေးတွေ ပေးနေတယ်။
လုံးဝ Cute ပါပဲ။ ချစ်သူ ဒီ wallpaper ကိုမြင်လိုက်ရင် အသည်းယားပြီး ချစ်သွားမှာ သေချာတယ်။ ချစ်သူနဲ့တွေ့တုန်း Zapya ကိုဖွင့် ဒီ app လေးကို ပို့ပေးလိုက်။ ချစ်သူ သဘောကျပြီး သင့်ကို wallpaper ထဲကလို အာဘွားပေးမှာ မြင်ယောင်သေး :D

♥♥ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေကို Love Frames နဲ့အလှဆင်မယ် ♥♥

ချစ်သူနဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေကို Love Frames app နဲ့ ချစ်စရာကောင်းအောင် ဖန်တီးလို့ရပါတယ်။ Frame တွေအများကြီးပါတယ်။ ပါဝင်တဲ့ Frame တွေကလဲ အရမ်းလန်းတယ်ဗျာ။ ကြည်နူးစရာတွေအပြည့်ပဲ။ ချစ်သူနဲ့ချိန်းတွေ့တုန်း နှစ်ယောက်တွဲပုံလေးတွေကို Love Frames နဲ့..
အတူတူ ထိုင်ကလိကြရင်း ကြည်နူးမှုတွေ အတိုင်းမသိ ခံစားနေကြမှာ မြင်ယောင်သေး :)


♥♥ ချစ်သူနဲ့အတူ ဖုန်းထဲမှာ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်မယ် ♥♥

LoveByte ဆိုတဲ့ app လေးကတော့ ချစ်သူစုံတွဲတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ app ဖြစ်ပါတယ်။ internet connection တော့လိုအပ်ပါတယ်။ LoveByte ကိုဖွင့်ပြီး Register လုပ်ရပါမယ်။ ကိုယ့်ချစ်သူလဲ Register လုပ်ရမယ်။ ဒါမှ နှစ်ယောက်စလုံး Chatting လုပ်နိုင်ပါမယ်။ online ပေါ်မှာ နှစ်ယောက်တစ်ကမ္ဘာလေး တည်ဆောင်တဲ့သဘောပေါ့။ LoveByte နဲ့ဘာတွေလုပ်လို့ရလဲဆိုတော့ ကိုယ့်ချစ်သူနဲ့ ဘယ်နှစ်ရက် လျောက်လည်ဖူးလဲလို့မှတ်သားလို့ရတယ်။
ချစ်သူနဲ့ပက်သတ်ပြီး ခံစားမှုတွေကို Note ထဲမှာ ရေးမှတ်ထားလို့ရတယ်။
ချစ်သူတွေဖြစ်ကြတာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာ မှတ်သားထားလို့ရတယ်။
ဓါတ်ပုံတွေကိုလဲ နေရာ၊ရက်စွဲ၊ အချိန်တွေရေးပြီး သိမ်းဆည်းထားလို့ရပါတယ်။ ချစ်စရာကောင်းတဲ့ ပုံတွေနဲ့ sms ပို့တဲ့ function ပါတယ်။ ချစ်သူတွေအတွက် အသုံးဝင် function တွေနဲ့ ကြည်နူးစရာကောင်းတဲ့ app တစ်ခုပါ။ ကိုယ့်ချစ်သူနဲ့ အမှတ်တရများစွာကို LoveByte နဲ့အတူ သိမ်းဆည်းထားရင်း ထာဝရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ :)

ဒီလောက်ဆို သဘောကျ ကျေနပ်ကြရဲ့လားဗျ။ Couple တွေအတွက် 

သီးသန့်လုပ်ပေးချင်နေတာကြာပါပြီ။ အခု fans (4000) ပြည့်အထိမ်းအမှတ်အနေနဲ့ အမှတ်တရလေးဖြစ်အောင် ကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။
အားလုံးသော ချစ်သူတွေ ချစ်ခြင်းခိုင်မြဲ ထာဝရ လက်တွဲနိုင်ကြပါစေဗျာ။

application တွေကို ဒေါင်းရအဆင်ပြေအောင် Zip file နဲ့ချုံ့ပြီးတင်ပေးလိုက်ပါတယ်။ file size က (41MB) ဖြစ်ပါတယ်။ နည်းနည်းတော့ သည်းခံပြီး ဒေါင်းပေးပါနော်

download -

box

zippyshare

ပျော်ရွှင်ပါစေ ..... Mr.AD


Water Reflection Effect 2.0

ဒါကတော့ ဓါတ်ပုံတွေမှာ ရေအိုင်ပုံစံတွေ ထည့်သွင်းဖန်တီးနိုင်မယ့် ..
photo edit app ဖြစ်ပါတယ်။ တကယ့်ကို ပြီပြီပြင်ပြင်ပါပဲ။ ရေပုံစံတွေကို ..
အရောင်အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ နောက် brush tool နဲ့ ကိုယ်လိုသလောက်ရေအိုင်တွေကို ချယ်သနိုင်ပါတယ်။ ရှုခင်းပုံများ၊ group ရိုက်ထားသောပုံများတွင် water reflection effect ထည့်ပြီး အမြင်တစ်မျိုးဆန်းသစ်သွားစေပါတယ်။ ကလိကြည့်လိုက်ပါ။ သဘောကျလို့ တင်ပေးလိုက်ပါတယ်။ Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

dropbox
 

1mobile

ပျော်ရွှင်ပါစေ

Mr.AD


Body Symbol HD

Camera app တစ်ခုပါ။ ထူးခြားတာကတော့ ပုံမှာ မြင်ရတဲ့အတိုင်း ကျွန်တော်တို့ရဲ့ လက်တွေနဲ့ အရုပ်ပုံဖော်နိုင်အောင် ကူညီပေးမယ့် camera app ဖြစ်ပါတယ်။ 

 တော်တော်များများ သိကြမယ်ထင်ပါတယ်။ ဒါပေမဲ့ .. ကိုယ့်ဘာသာ ဓါတ်ပုံတွေ တစ်ပုံခြင်းရိုက် ..ပြီးရင် ကွန်ပျူတာမှာ ပြန် edit လုပ် .. အဲ့လိုတွေ လုပ်နေရင် အချိန်ကြာမယ် အလုပ်ရှုပ်မယ်။ အခု ဒီ camera app နဲ့ဆိုရင် Body Symbol ပုံတွေ အချိန်ခဏလေးအတွင်း လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။ အလန်းလေးဗျ။ ကလိကြည့် facebook မှာ body symbol ရိုက်ထားတဲ့ပုံတွေနဲ့ ဘော်ဒါတွေကြားမှာ လန်းလို့ရတယ်နော်။ symbol ဒီဇိုင်းတွေလဲ အများကြီး ပါတယ်။
Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.6MB)

box

dropbox


ပျော်ရွှင်ပါစေ။

Mr.AD


My Photo Sticker

ဓါတ်ပုံတွေမှာ Sticker တွေ ကပ်တာ ၀ါသနာပါတဲ့သူတွေအတွက် ..
sticker သီးသန့် ကပ်ပေးမယ့် app တစ်ခုဖြစ်ပါတယ်။ တစ်ခြား ..
photo effect တွေ မပါဝင်ဘူး။ Sticker များစွာကို စိတ်တိုင်းကြ
ကလိလို့ရပါတယ်။ အင်္ဂလိပ်အက္ခရာ နဲ့ နံပါတ်တွေကအစ အမျိုးစား စုံလင်စွာ ပါဝင်ပါတယ်။ Sticker တွေ ထပ်လိုချင်တယ်ဆိုရင် internet connection တော့လိုအပ်ပါတယ်။ download ဆွဲရတာ မကြာပါဘူး။ Photo Frame တွေလဲ download ဆွဲပြီး အလှဆင်လို့ရပါသေးတယ်။
Sticker သီးသန့်ကပ်ပေးတဲ့ ချစ်စရာကောင်းတဲ့ app လေးဖြစ်တာမို့ ဓါတ်ပုံကလိတတ်တဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။

download - (17MB)

box
 

zippyshare

dropbox


ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!