Showing posts with label မြန်မာ App များ. Show all posts
Showing posts with label မြန်မာ App များ. Show all posts

Friday, October 25, 2013

Myanmar Zodiac

Myanmar Zodiac ဆိုတာ ဗေဒင်ဖတ်တဲ့ application တစ်ခုဖြစ်ပါတယ်။ ဒီ application ထဲမှာ အင်တာနက်ပေါ်မှာရှိတဲ့ ဟောစာတမ်းတွေပါပါတယ်။ ရာသီဖွားနဲ့ပက်သက်ပြီး လူတွေမှာတူညီတဲ့အကျင့်လေးရှိပါတယ်။ အဲဒီတူညီတဲ့အချက်များကို အကြမ်းဖျင်းရေးသားထားခြင်းဖြစ်ပါတယ်။ ဒီထဲကဟောစာတမ်းတွေကို ဆရာစံဇာဏီဘို၊ ကွန်ပျူတာဗေဒသုခုမ နှင့် အခြားအင်တာနက်မှရေးသားထားတာတွေကို Developer က application အဖြစ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဒီ application ထဲမှာ (၁၂) ရာသီဖွားတွေအတွက် ဘ၀တစ်သက်တာ ဟောစာတမ်းများကြည့်လို့ပါတယ်။ ဘ၀တစ်သက်တာ ဟောစာတမ်းအပြင် ဂဏန်းဗေဒင်လည်းပါသေးတယ်။ ဂဏန်းဗေဒင်ဆိုတာကတော့ ဥပမာ မိမိက (၂) ဂဏန်းသမားဆိုရင် (၂) ဂဏန်းသမားတွေအတွက် အမူအကျင့်တွေကိုဟောပေးထားတာပါ။ နောက်ထပ် သွေးပိုင်ရှင်တွေရဲ့အကြောင်းလည်းပါပါသေးတယ်ရှင်။ (A)၊ (B)၊ (AB)၊ (O) သွေး (၄) မျိုးလုံးအတွက်ပါပါတယ်။ ဒါတင်မကသေးပဲ (၁၂) ရာသီဖွားတွေရဲ့ ရာသီခွင်အလိုက် အချစ်ဒသနတွေလည်းပါပါသေးတယ်။ (၁၂) ရာသီဖွားတွေရဲ့ ဘ၀မှာကြုံတွေ့ရမယ့် အချစ်လမ်းခရီးကိုလည်း အသက်အပိုင်းအခြားအလိုက် အသေးစိပ်ပါပါတယ်။ အထူးခြားဆုံးကတော့ မိမိရဲ့ဖူးစာရှင်ပုံစံကို သေသေချာချာအသေးစိပ်ဖော်ပြထားပါတယ်။ အပတ်စဉ်ဟောစာတမ်းတွေကိုလည်း Internet လိုင်းဖွင့်ပြီးတော့ဖတ်လို့ရပါတယ်ရှင်။ Facebook မှ post များကိုလည်း Internet လိုင်းဖွင့်ပြီးဖတ်လို့ရပါတယ်ရှင်။ Android version 1.6 နှင့်အထက်သုံးလို့ရပါတယ်ရှင်။

Size – (6.06)

dropbox

copy

ပျော်ရွှင်ပါစေရှင်..

*Laddy Sis Lay*

Sunday, August 18, 2013



Myanmar Songs

မြန်မာ MTV များကို အားရပါးရ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဖန်တီးထားသူကတော့ THE DOT CO ဖြစ်ပါတယ်။ MTV များကို YouTube Link တွေနဲ့ ချိတ်ဆက်ပေးထားတာဖြစ်လို့ ..
မိမိဖုန်းထဲမှာ YouTube (သို့) Web Browser တစ်ခုခုဖြင့် ကြည့်ရှုနိုင်ပါတယ်။ search box ပါရှိလို့ MTV များကို စာရိုက်ကာ ရှာဖွေနိုင်ပါတယ်။ သီချင်းချစ်သူတွေအတွက် up to date MTV များကို ရှာဖွေ ကြည့်ရှုနိုင်မယ့် Media App လေးဖြစ်ပါကြောင်း ညွှန်းလိုက်ပါတယ်။
သဘောကျရင် Play Store မှာ သွားရောက် အားပေး comment ရေးပေးကြပါ။ ဒါမှ developer တွေအတွက် အားတစ်ခုဖြစ်စေမှာပါ။ မြန်မာ app လေးတွေ ဖန်တီးကြသူများအား အစဉ်လေးစားလျှက် .........။

download -
 

play store

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Thursday, July 25, 2013

အိမ်ရှင်မရဲ့အနုပညာ

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၁၆.၆ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
ကူးယူသည့် အရေ အတွက် - 415 အိမ်ရှင်မရဲ့အနုပဥ၁ာ အသုံးချပရိုဂရမ်တွင် အသီးအနှံများကို လှလှပပလေး စားချင်သူများအတွက်၊ ပုံဖော်လိုသူများအတွက် ရည်ရွယ်ပါတယ်။ ပုံဖော်နည်းများကို အသေးစိတ်ဖော်ပြထားလို့ မိမိစိတ်ကြိုက်အလွယ်တကူပြုလုပ်လို့ရပါတယ်။

download ဆိုရန် အောက်က link ဆီသို့ဒိုးပါ။

http://www.jas.com.mm/welcome/appsdetails/238

Credit to http://www.jas.com.mm/

 

Sunday, July 21, 2013


Myanmar eRadio

ရေလည်လန်းပါတယ်။ မြန်မာ online radio တစ်ခုပါ။internet ချိတ်ဆက်ပြီး နားထောင်ရမှာ ဖြစ်ပါတယ်။
ဘာတွေ နားထောင်နိုင်လဲဆိုတော့ ...
Mandalay FM
Voice of America (VOA)
Radio Free Asia (RFA)
ABC Australia
BBC News (morning)
BBC News (evening) , NHK World Radio တို့ဖြစ်ပါတယ်။ VOA , BBC , RFA လိုင်းတွေ ပါနေတာ သဘောကျစရာပါပဲ။ နောက်ဆိုရင် ရေဒီယိုကြီးနဲ့ လိုင်းရှာနေစရာမလိုတော့ပါဘူး။
internet ချိတ်ပြီး အလွယ်တကူ နားဆင်လို့ရပါပြီ။ အဆင်ပြေပဲဗျ။
ဒီ app ကို ဖန်တီးခဲ့တဲ့ JS Media ကိုလဲ ကျေးဇူးတင်ပါတယ်။

download -

box
 

zippyshare

PlayStore မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, July 17, 2013


Myanmar Radios

မြန်မာ ရေဒီယို FM လိုင်းများ ဖမ်းယူနားဆင်နိုင်တဲ့ app ဖြစ်ပါတယ်။
အင်တာနက်ချိတ်ပြီး နားဆင်ရမှာပါ။ FM လိုင်း(၄)လိုင်း ပါဝင်ပါတယ်။
ဖုန်းမှာ built in FM radio app မပါတဲ့သူတွေ အတွက် online ကနေ FM လိုင်းများ အလွယ်တကူ နားဆင်လို့ရပါတယ်။ app ဖန်တီးတဲ့ Developer ကတော့ Myanmar Digital ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာတွေရဲ့ app အလန်းလေးတွေကို အတတ်နိုင်ဆုံး ရှာဖွေပြီး တင်ဆက်ပေးဦးမယ်ဗျာ။ မြန်မာကွ !!

download -
 

box
 

dropbox
 

zippyshare

Google Play မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, July 16, 2013

အော်တိုစာအုပ်လေး

ဗားရှင်း - ၁.ဝ
ဖိုင် အရွယ်အစား - ၄.၈၇ မီဂါဘိုက်
လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက်
အကြောင်းအရာ - သူငယ်ချင်းများ၏ ကိုယ်ရေး အချက်အလက်များ၊ ကြိုက်နှစ်သက်မှုများကို အလွယ်တကူ သိမ်းထားနိုင်တယ်။ ထို့အပြင် သိမ်းထားသော အကြောင်းအရာ များကို အလွယ်တကူ ရှာဖွေနိုင်တယ်။ ဤအသုံးချပရိုဂရမ်ဟာ လူကြီးလူငယ် အားလုံးအတွက် သင့်တော်သော အသုံးချပရိုဂရမ် ဖြစ်တယ်။

download ဆွဲရန် အောက်က Link ဆီသို့ ဒိုးပါ။

 http://www.jas.com.mm/welcome/appsdetails/226

Credit to http://www.jas.com.mm/ 
 

Saturday, July 6, 2013

မြန်မာ Android Application များ One Click Download ရယူနိုင်သော Website
 


မြန်မာ Android App များစွာကို တစ်ချက်နှိပ်ရုံဖြင့် download ဆွဲနိုင်သော နေရာလေးပါ။
လိပ်စာကတော့ freemyanmarandroidmarket.blogspot.com

ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!