Showing posts with label ဖုန်းအလှဆင် App များ. Show all posts
Showing posts with label ဖုန်းအလှဆင် App များ. Show all posts

Friday, October 25, 2013

Photo: Download - Pesoguin Memo Pad Widget (4MB)

dropbox - https://www.dropbox.com/s/qvaol2m0ci8n1lw/Mr.AD%20-%20Pesoguin%20memo%20pad.apk

copy - https://copy.com/jIwGCozi6fYa

Download - Pesoguin Clock Widget (4MB)

dropbox - https://www.dropbox.com/s/kmujomwpabvta7b/Mr.AD%20-%20Pesoguin%20Clock%20widget.apk

copy - https://copy.com/FXl8ThPBAGkT

ပျော်ရွှင်ပါစေ။

Mr.AD
Download - Pesoguin Memo Pad Widget (4MB)

dropbox

copy

Download - Pesoguin Clock Widget (4MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Love Lock Screen Theme

Lock Screen လန်းလန်းလေးကြိုက်သူတွေအတွက် ချစ်စရာအသည်းပုံလေးတွေပါတဲ့ Love Lock Screen Theme အလန်းစားလေးပါ။ ဒီ Lock Screen မှာ အသည်းပုံ wallpaper (၅) ခုပါပါတယ်။ ဒီ Locker လေးရဲ့ ထူးခြားချက်က wallpaper ပြောင်းလို့ ရတာအပြင် slider နှင့် slider bar ကိုပါပြောင်းလို့ ရတာဖြစ်ပါတယ်ရှင်။ Locker အများစုက Background wallpaper ပဲပြောင်းလို့ရတာဖြစ်ပေမယ့် ဒီ application လေးက တော့ slider သာမက slider bar ကိုပါကိုယ့်စိတ်ကြိုက်ပြောင်းလို့ရတာဖြစ်ပါတယ်ရှင်။ Slider နှင့် slider bar ကိုလည်း ( ၅ ) မျိုးစီပြောင်းလို့ရပါတယ်ရှင်။

Size – ( 1.62 MB )

dropbox

copy
 
ပျော်ရွှင်ပါစေရှင်..

*Laddy Sis Lay*

Tuesday, October 8, 2013

Football Club Live Wallpaper များ

ဘောလုံး ခရေဇီ ကိုကို မမ တို့အတွက် Live Wallpaper အလန်းလေးများကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ အသင်းအလိုက် Live Wallpaper များမှာ နာမည်ကြီး Player များရဲ့ ပုံတွေကို slide show လုပ်ကာ တင်ထားနိုင်ပါတယ်။ တစ်သင်းချင်းဆီ အချိန်ပေးပြီး သေချာလေး ရှာဖွေပေးလိုက်ပါတယ်။ အသင်းတွေအပြင် ကိုယ်ကြိုက်တဲ့ Player တွေရဲ့ wallpaper အလန်းများကို ရှာဖွေနိုင်တဲ့ Football Stars Wallpaper HD ဆိုတာလေးပါ တင်ပေးလိုက်ပါတယ်။ အားလုံးသဘောကျ
နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် သုံးနိုင်တယ်။

download -

Man U Live Wallpaper -
https://www.dropbox.com/s/on5dbdps7gbt2rn/Manchester%20United%20Live%20Wallpaper.apk

Chelsea Live Wallpaper -
https://www.dropbox.com/s/y5q7o6t9fcy7p7o/Chelsea%20FC%20Live%20Wallpaper.apk

Arsenal Live Wallpaper -
https://www.dropbox.com/s/s3tqgxzhsrkusct/Arsenal%20Cube%20Wallpaper.apk

Man City Live Wallpaper -
https://www.dropbox.com/s/bom083k8fox51z7/Manchester%20City%20HD%28Free%29.apk

Liverpool Live Wallpaper -
https://www.dropbox.com/s/hcpnrsthzxlu3ng/Liverpool%20FC%20Live%20Wallpaper.apk

Real Madrid Live Wallpaper -
https://www.dropbox.com/s/ssu0zrfurvbs2sq/Real%20Madrid%20Cube%20Wallpaper.apk

Barcelona Live Wallpaper -
https://www.dropbox.com/s/ccjmbue69cnqzgq/Barca%203D%20Live%20Wallpaper.apk

Football Stars Wallpaper HD -
https://www.dropbox.com/s/yuf9qt08q6jm0b4/Football%20Wallpapers%20HD.apk


ပျော်ရွှင်ပါစေ။

Mr.AD
3D Home Launcher ( ဖုန်းထဲမှ ဧည့်ခန်းလေး )

ဒီ Launcher လေး ထွက်ပေါ်နေတာ ကြာပါပြီ။ ဒါမဲ့ Launcher တွေကို သိပ်မကလိတော့ မစမ်းဖြစ်ခဲ့ဘူး။ အခုနောက်ပိုင်းမှ Launcher တွေ ကလိရတာ အရသာတွေ့နေလို့ ဒါလေးကို ကလိကြည့်မိတယ်။
မြင်မြင်ချင်းပဲ မေတ္တာသက်ဝင် ချစ်ခင်သွားပါတယ်

လန်းလိုက်တာမှ ဖလန်း ဖလန်းကို ထနေတာပါပဲ။ တစ်ခုတော့ ရှိပါတယ်။ သူက 3D တွေနဲ့ဖွဲစည်းထားလို့ High End Device (မော်ဒယ်မြင့်ဖုန်း)
တွေမှာပဲ အဆင်ပြေနိုင်ပါတယ်။ RAM အနည်းဆုံး 1GB ရှိသောဖုန်းများတွင်
ကောင်းကောင်း အလုပ်လုပ်ပါတယ်။ Android version 4.0.1 နှင့်အထက် ရှိရပါမယ်။ Samsung တွေမှာဆိုရင် S2 နှင့်အထက် ဖုန်းများတွင် အဆင်ပြေနိုင်ပါတယ်။ Huawei တွေမှာတော့ မပြောတတ်ဘူး။ နောက်ပိုင်းမော်ဒယ်တွေဆို အိုကေနိုင်ပါတယ်။

Launcher ပုံစံလေးကတော့ ဧည့်ခန်းလေးတစ်ခန်းလိုပါပဲ။ နံရံ (၈)ဘက် ကာရံထားတယ်။ အလယ်မှာ စားပွဲခုံလေးရှိတယ်။ တီဗီ ပါတယ်။ စပီကာ နှစ်လုံး ပါတယ်။ နံရံမှာ ကိုယ့်စိတ်ကြိုက် wallpaper တွေ ကပ်ထားလို့ရတယ်။ ပန်းချီကားတွေနဲ့လဲ အလှဆင်နိုင်တယ်။ နံရံတွေက home screen page တွေပါပဲ။ နံရံတွေပေါ်မှာ App icon တွေ တင်ထားလို့ရတယ်။ built in ပါတဲ့ 3D Object တွေနဲ့လဲ လန်းလို့ရတယ်။ အလယ်က စားပွဲခုံမှာလဲ ကိုယ့်စိတ်ကြိုက် App လေးတွေကို တင်ထားလို့ရတယ်။ အလယ်လောက်ကနေ အောက်ကို ဖိပြီး ဆွဲလိုက်ရင်
မိုးကောင်းကင်ကြီးကို မြင်ရပါမယ်။ GPS Location ဖွင့်ပေးထားရင် ကိုယ်ရောက်ရှိနေတဲ့မြို့ရဲ့ မိုးလေ၀သ အခြေနေတွေကို လေယာဉ်ပျံ၊ မိုးပျံပူပေါင်းများဖြင့် ဖော်ပြပေးသေးတယ်ဗျာ။ စပီကာ နှစ်လုံးကတော့ music player လေးပါ။ LCD တီဗီကတော့ video player ပေါ့ဗျာ။ စိတ်ကူးလေးက အရမ်းမိုက်တယ်။

Themes တွေလဲ အခမဲ့ ပေးသေးတယ်ဗျ။ 3D object အလန်းတွေလဲ အခမဲ့ ရယူနိုင်ပါသေးတယ်။ နောက်ပြီး ဒီ Launcher ကလဲ အခမဲ့ပေးထားတော့ အတော်လေး စေတနာ ကောင်းတဲ့ developer တွေလို့ ချီးကျူးချင်ပါတယ်။
တော်ရုံဆို ဒီလောက်လန်းတာ အလကား မရနိုင်ဘူး။ S3 နဲ့ စမ်းခဲ့ပါတယ်။ အသုံးပြုရတာ ချော့မွေ့ပြီး အထစ်ငေါ့မရှိပါဘူး။ စိတ်ဝင်စားသူများ ကလိကြည့်ဗျာ။ ကျွန်တော်တော့ လောလောဆယ် ဒီကောင်လေးနဲ့ လန်းနေတယ်။ Android 4.0.1 နှင်အထက် RAM 1GB ရှိသော ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (10MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Everything Home Launcher (လိုတရ Launcher)

Launcher အဆန်းလေးတစ်ခု တွေ့လိုက်ပြန်ပြီ။ သူလန်းပုံက ..
တမူထူခြားပြန်တယ်။ Everything ဆိုတဲ့အတိုင်း မိမိ စိတ်ထဲမှ အလိုရှိရာကို
တောင့်တလို့ရတဲ့ လိုတရ Launcher တစ်ခုလို့ညွှန်းလိုက်ချင်ပါတော့တယ်။
Launcher အများစုမှာ ကိုယ်ပိုင် Themes များစွာ ထုတ်လုပ်ထားပါတယ်။ Themes တွေပြောင်းလဲပြီး အသုံးပြုတတ်တဲ့ သူတွေအတွက် Everything Home ကတော့ စိတ်ကျေနပ်မှုအပြည့်ဝ ပေးပါလိမ့်မယ်။

Themes တွေကို install လုပ်စရာမလိုပဲ ပြောင်းလဲပေးပါလိမ့်မယ်။
Everything Home Launcher ကို ဖုန်းထဲ ထည့်လိုက်တာနဲ့ ..
သင်အလိုရှိရာ Themes များစွာလဲ တစ်ခါတည်း ပိုင်ဆိုင်သွားပါပြီ။
internet connection တော့ လိုအပ်ပါတယ်။ လန်းပုံလေးက ဒီလို။
What's on your mind? ဆိုပြီး စာတန်းလေးနဲ့ မေးပါလိမ့်မယ်။
internet ချိတ်ထားပြီး သင်စိတ်ထဲရှိရာကို ရေးလိုက်ပါ။

ဥပမာ mr.bean လို့ရေးလိုက်ရင် Everything Home ရဲ့ Themes မှာ
Mr.Bean Themes အဖြစ် ပြောင်းလဲသွားပါတော့တယ်။
wallpaper လဲ mr.bean ပုံဖြစ်သွားပါတယ်။ Google ကိုနှိပ်ရင်လဲ ..
Mr.Bean အကြောင်းတွေ ရှာပြီးသား ဖော်ပြပါမယ်။ youtube ဖွင့်လဲ
Mr.Bean video တွေ တန်းတက်လာပါလိမ့်မယ်။ အမိုက်စားကြီးဗျ။
ကျွန်တော် Myanmar ဆိုပြီး ရိုက်ကာ ကလိကြည့်ပါတယ်။
မြန်မာပြည်မြေပုံကြီး wallpaper ဖြစ်သွားကာ Myanmar themes အဖြစ်
ချက်ချင်းပဲ ပြောင်းသွားတယ်။ google map ၀င်ကြည့် Myanmar မြေပုံ၊
Everything Home မှာပါတဲ့ icon တွေအကုန်လုံးနီးပါး မြန်မာအကြောင်းတွေ
ဖော်ပြကုန်တော့တယ်။ ဒီလိုစိတ်ကူးဆန်းဆန်းနဲ့ဖန်တီးထားတာကို ..
အတော်လေးစား သဘောကျမိတယ်။

အဲ့ဂလိုတွေ ဖန်တီးပေးနေတော့ Everything Home နဲ့ဆိုရင် ..
ကျွန်တော်တို့ဖုန်းက အမြဲတမ်း ဆန်းသစ်နေမှာ သေချာပါတယ်။
Beta Version ပဲ ရှိပါသေးတယ်။ Full Version သာထွက်လာခဲ့ရင် ..
ပိုပြီး အသေးစိတ် အချက်လက်တွေကို ဖော်ပြပါလိမ့်မယ်လို့ အာမခံထားပါတယ်။ သီချင်းချစ်သူတွေအတွက်လဲ ရေလည် ဂွတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ နိုင်ငံခြားအဆိုတော်နာမည်သာ ရိုက်လိုက်ပါ။ သူ့ပုံ wallpaper နဲ့အတူ သူ့အကြောင်းတွေ အကုန်လုံး Theme အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ သီချင်းရှာရ လွယ်သွားပြီး ကိုယ့်အကြိုက်တွေကို ချက်ချင်းရှာပေးတာဖြစ်လို့ ကျေနပ်စရာပါပဲ။

Launcher ဒီဇိုင်းကလဲ သပ်ရပ်ပြီး လှတယ်။ ကိုယ့်ဖုန်းထဲမှာ ထည့်ထားတဲ့ app တွေကိုလဲ ကဏ္ဍအလိုက် folder သဘောမျိုး စုစည်းပေးသွားတယ်။ လိုတရ Launcher ကို အခုပဲ ကလိကြည့်လိုက်တော့။ Android 4.0 နဲ့အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, September 1, 2013



Roundr - Round Screen Corners

ဒီ app လေးကတော့ ဖုန်း screen ရဲ့ ဘေးအနားသတ်တွေကို ၀ိုင်းဝိုင်းလေးဖြစ်အောင် ဖန်တီးပေးမယ့် app ဖြစ်ပါတယ်။ အမြင်တစ်မျိုးဆန်းသွားတာပေါ့။ ဂိမ်းဆော့တာပဲဖြစ်ဖြစ် .. ဘာပဲသုံးသုံး screen အနားသတ် ၀ိုင်းဝိုင်းလေးတွေနဲ့ ဖြစ်နေပါမယ်။ အနားသတ်ဝိုင်းတဲ့ ဖုန်း cover ပုံစံတွေနဲ့ဆို ဒီ app လေးနဲ့ပါ screen ကို အနားသတ်ဝိုင်းလိုက်ရင် လိုက်ဖက်ညီသွားတာတွေ့ရပါတယ်။ အနားသတ်များကိုလဲ ကိုယ် နှစ်သက်ရာ အပိုင်းကိုပဲ ၀ိုင်းထားလို့ပါတယ်။ ဖုန်းအလှဆင်တတ်တဲ့သူတွေအတွက်ကလိချင်စရာလေးမို့ ..
တင်ပေးလိုက်ပါတယ်။ Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

*** ရေလည်လန်းတဲ့ FUNLocker ***

Screen Locker အလန်းစားတွေ ထားချင်ရင်တော့ FUNLocker က တကယ်လန်းတယ်။ ရယ်စရာတွေလဲ ပါတယ်။ ဒီဇိုင်းဆန်းတဲ့ အလန်းစား Locker Themes တွေကို ရယူဖို့ အင်တာနက်လေးတော့ ဖွင့်ထားရပါမယ်။ FUNLocker ကို install လုပ်ပြီး see more theme ဆိုတာကို နှိပ်ကာ Themes များစွာကို အခမဲ့ ရယူနိုင်ပါတယ်။ Piano Theme လေးကို အတော် ကြိုက်တယ်ဗျာ။
Lockscreen က Piano ဖြစ်သွာတယ်။ တစ်ခုချင်းတီးနေရင် မပွင့်ဘူး။
Key အားလုံး တန်းစီပြီး တီးလိုက်ရင် Lock ပွင့်သွားတယ်။ လန်းတယ်။

နောက် ချစ်သူစုံတွဲတွေအကြိုက် စုံတွဲဓါတ်ပုံလေးတွေကို Frame လှလှလေးတွေနဲ့ Lockscreen လုပ်ထားလို့ရတယ်။ သူငယ်ချင်းတွေကို ကြွားဖို့ မျက်နှာမှတ်ပြီး ဖွင့်နိုင်တဲ့ Lockscreen ,
Guitar , Drum , Gun ... အများကြီးပဲဗျာ ရေလည် လန်းတယ်ဗျို့။ ရယ်စရာ Lockscreen themes တွေလဲ အများကြီး ရှိတယ်ဗျာ။ လူငယ်တွေအကြိုက် ဆန်းသစ်လှပသော Locker Themes များစွာရှိလို့ တကယ်လန်းတဲ့ app လေးဖြစ်ပါကြောင်း ပြောကြားရင်း down လိုက်ပါ
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

dropbox

copy
 

ပျော်ရွှင်ပါစေ။

Mr.AD

Friday, August 9, 2013

 100,000 + Wallpapers & Themes

Wallpaper တွေနဲ့ပက်သက်လို့ကတော့ အတော်လေးကို စုံလင်တဲ့ App တစ်ခုပါ။ Categories ပေါင်းများစွာ ပါဝင်ပြီး အရည်သွေးမြင့် HD Wallpaper များစွာကို အခမဲ့ ရယူနိုင်ပါတယ်။
တစ်ချို့က မိမိ ခံစားချက်အလိုက် Wallpaper များကို ပြောင်းလဲ တတ်ကြတယ်။ စိတ်ညစ်နေရင် တစ်မျိုး၊ စိတ်ချမ်းသာနေရင် တစ်မျိုး အမျိုးမျိုးသော ခံစားချက်တွေကို Wallpaper တွေနဲ့ ရင်ဖွင့်ကြတယ်။
100,000 + Wallpapers မှာ အဲ့လို ခံစားချက်တွေ ပုံဖော်ပေးနိုင်မယ့် Wallpaper အလန်းစားတွေ အများကြီးရှိပါတယ်။ သုံးကြည့်ပါ။ ပုံတွေဖတ်တဲ့အခါ Loading လဲမြန်ပါတယ်။ အလန်းစားလေးပါ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

dropbox
 

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 28, 2013


** အဆင်လှ အလှဆင်နိုင်သော Android Widgets များ **

ရှာဖွေရေး By Mr.AD (Happy Android World)


ဖုန်းတစ်လုံးနဲ့တစ်လုံး အမြင်အာရုံ ကွာပြားသွားစေနိုင်တဲ့အထဲမှာ Home Screen တွေ အလှဆင်ထားတဲ့ အပိုင်းလဲ ပါဝင်ပါတယ်။ မော်ဒယ်မြင့်မှ အလှဆင်နိုင်တာမဟုတ်ပါဘူး။ မော်ဒယ်နိမ့်ဖုန်းများတွင်လဲ
အလှဆင်တတ်ရင် သူ့ဟာနဲ့သူ ကြည့်လို့ကောင်းနေပါတယ်။ ဒီတစ်ခါတော့ ဘော်ဒါတို့အတွက် မိမိဖုန်း Screen ပေါ်မှာ အလှဆင်နိုင်မယ့် အသုံးဝင် Widget လေးတွေကို တင်ပေးလိုက်ပါတယ်။

အခုတင်ပေးလိုက်တဲ့ app တွေသည် Widgets များ ဖြစ်တဲ့အတွက် install လုပ်ပြီးတဲ့အခါ application list ထဲမှာ icon ပေါ်ချင်မှ ပေါ်ပါမယ်။ အသုံးပြုချင်ရင် Home Screen ကို ကြာကြာဖိပြီး Widgets ဆိုတာကိုရွေးကာ Home Screen ပေါ်သို့ တင်ပြီး သုံးရမှာဖြစ်ပါတယ်။ Widgets ဆိုတာကို မသိသေးသူတွေအတွက်ရှင်းပြတာဖြစ်ပါတယ်။ နောက်ပြီး Widgets နဲ့ ပက်သက်ပြီး သိထားရမယ့်အချက်တွေက ..

- Task Killer အသုံးပြုတဲ့အခါ Widgets များ အလုပ်မလုပ်ပဲဖြစ်သွားတတ်ပါတယ်။
- Widgets တစ်ခုကို install လုပ်ပြီး ဖုန်းရဲ့ Widgets List ထဲမှာ မတွေ့ခဲ့ဘူးဆိုရင် ဖုန်းကို Restart ချပေးရပါတယ်။
- Widgets များကို SD Card ထဲမှာ install မလုပ်ရပါ။ လုပ်ထားမိရင် Widgets များ အသုံးပြုလို့မရ ဖြစ်တတ်ပါတယ်။

ကျွန်တော် တင်ပေးလိုက်တဲ့ Widgets လေးတွေကတော့ ...

Contact Widget BCW Lite ( ပုံ - ၁ ၊ ၂ )
ဒီ Widget ကတော့ ဖုန်းနံပါတ်(Contacts)များကို ဒီဇိုင်းလှပစွာဖြင့် Screen ပေါ်မှာ အလှဆင်နိုင်မယ့် widget လေးဖြစ်ပါတယ်။ ပုံ(၁) နှင့် (၂) မှာ ပြထားတဲ့အတိုင်း ဒီဇိုင်းမျိုးစုံ ပါဝင်ပါတယ်။ Screen ပေါ်မှာ ထုတ်ထားသော Contact Widget တွေကို တစ်ချက်နှိပ်လိုက်ရင် Call , SMS , Email ဆိုပြီး function သုံးခုရွေးချယ်ပြီး သုံးနိုင်ပါတယ်။ Widget ဒီဇိုင်း (၁၀)မျိုး ပါဝင်ပါတယ်။ Free Version လေးပါ။

Bottle Widgets ( ပုံ - ၃ )
ဒီ Widget လေးကတော့ Social app များဖြစ်တဲ့ Facebook , Viber ,Twitter , Gmail , Google+ အစရှိတဲ့ နာမည်ကြီး logo များကို ပုလင်းလေးထဲထည့်ထားတဲ့ပုံစံ ဖန်တီးထားတဲ့ Widget များဖြစ်ပါတယ်။
မိမိနှစ်သက်ရာ app ကို သတ်မှတ်ပေးပြီး Bottle Widget လေးများကို ဖန်တီးနိုင်ပါတယ်။ ချစ်စရာကောင်းပြီး အမြင်ဆန်းသစ်သွားစေပါတယ်။ Home Screen ပေါ် ထုတ်ပြီးသွားရင် ပုလင်းလေးတွေကို တစ်ချက်နှိပ်ပြီး သတ်မှတ်ထားတဲ့ Social App များကို ဖွင့်နိုင်ပါတယ်။

Clock Widgets ( ပုံ - ၄ )
နာရီ Widgets လေးတွေပါ။ ဒီဇိုင်းလှပပြီး အရောင် နှင့် စတိုင်များကို မိမိစိတ်ကြိုက် ပြုပြင်ပြောင်းလဲလို့ရပါတယ်။ နာရီလေးတွေ ဒီဇိုင်းစုံ၊
size အစုံပါဝင်ပါတယ်။ သဘောကျနှစ်သက်မယ်ထင်လို့ ထင်ပါတယ်။

Aqua Battery ( ပုံ - ၅ )
ချစ်စရာကောင်းတဲ့ Battery Widgets လေးတွေပါ။ ရေသတ္တ၀ါလေးတွေနဲ့ အလှဆင်ထားပါတယ်။ Battery အားပြည့်နေတဲ့အခါ ရေသတ္တ၀ါလေးတွေပျော်ရွှင်နေပါတယ်။ အားတစ်ဝက်လောက်ဆိုရင် နည်းနည်း မဲ့သွားတယ်။ အားကုန်ခါနီးဆိုရင် သူတို့တွေ မပျော်ရွှင်တော့ပါဘူး။ ဖန်တီးထားတဲ့ ..
စိတ်ကူးလေးကိုသဘောကျလို့ တင်ပေးလိုက်ပါတယ်။

ဒီရက်ပိုင်း connection မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ ကျွန်တော် ဒီ widgets လေးတွေတင်ဖို့ အချိန် အတော်ပေးခဲ့ရတယ်။ download - upload တွေ Speed အရမ်းကျနေပါတယ်။ လိုင်းရရင် ရသလို
တင်ပေးပါ့မယ်။ အားလုံးသဘောကျ နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ Widgets များ အသုံးပြုခြင်းက Battery ကိုတော့ အနည်းငယ်အားကုန်စေပါတယ်။ ယခုတင်ပေးလိုက်တဲ့ Widgets များမှာ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီး Battery လဲ အားသိပ်မကုန်တာကြောင့် တင်ပေးလိုက်တာပါ။

download - ( Zip file - 11MB )

copy

mega
 

box

ပျော်ရွှင်ပါစေ။

Mr.AD


** အလန်းစား Sparky Lock Screen **

ပူပူနွေးနွေး app အသစ်လေးပါ။ အတော်လေးကို လန်းပါတယ်။
Lock Screen မှာ ဒီဇိုင်းအဆန်းတွေနဲ့ အလှဆင်ချင်သူတွေအတွက် ..
Sparky က စိတ်ကျေနပ်မှု အပြည့်ဝ ပေးပါလိမ့်မယ်။ သဘောကျလွန်းလို့
ချက်ချင်းကို တင်ပေးလိုက်တယ်။ Lock Screen (၈)မျိုး ပါဝင်ပါတယ်။
(၈)မျိုးစလုံး အကုန်လန်းတယ်ဗျာ။ မြင်နေကျ Lock Screen တွေနဲ့မတူပဲ
ထူးထူးခြားခြားလေးကို လှပနေတာ။ ပုံမှာ မြင်တဲ့အတိုင်းပါပဲ။
Lock Screen ကို မသတ်မှတ်ခင် Test လုပ်ပြီး စမ်းနိုင်ပါတယ်။ သဘောကျရင် Activate ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ အရမ်းမိုက်စ် :D 

ကဲ .. လက်မနှေးနဲ့ဘော်ဒါတို့ link လေးတွေ ရှင်သန်နေတုန်း ယူကြဗျို့။
Android 2.1 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (9MB)

copy

box
 

mega
 

zippyshare


ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, July 17, 2013



Touhou Switch Girl

အဖွင့်အပိတ် အလွယ်တကူ လုပ်နိုင်တဲ့ ခလုတ်လေးတွေပါ။
Widget လေးတွေဖြစ်ပါတယ်။ Home screen ပေါ်မှာ ..
ဖုန်း setting တစ်ချို့ကို အဖွင့်အပိတ်လုပ်ပေးပါမယ်။ အသုံးပြုနိုင်တဲ့ ..
switch တွေကတော့ Wi-Fi , Silent , Screen Brightness , Bluetooth , GPS , LED Light , Airplane mode တို့ဖြစ်ပါတယ်။ ထူးခြားတာကတော့ သာမာန် Switch တွေနဲ့ မတူပဲ ချစ်စရာ Animated Girl လေးတွေက Switch တွေကို ကိုင်ထားပါတယ်။ အဖွင့်အပိတ်လုပ်တဲ့အခါ animation လေးတွေ ပါဝင်ပြီး Girl ပုံစံတွေလဲ အများကြီး ပြောင်းလဲနိုင်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့
ဖုန်းမှာ အလှဆင်ချင်စရာလေးပါ။ Widget အလန်းစားလေးတွေပါ။ အသုံးပြုပုံလေးကို ရေးပေးပါဦးမယ်။

install လုပ်ပြီးတာနဲ့ widget ဖြစ်တဲ့အတွက် home screen ပေါ်က နေရာလွတ်တစ်ခုမှာ ကြာကြာဖိပါ။ ပေါ်လာတဲ့အထဲကနေ widget ကို ရွေးလိုက်ပါ။ Touhou Switch Girl ဆိုတာကို ရွေးပေးလိုက်တာနဲ့ home screen ပေါ်မှာ Girl ပုံစံနဲ့ Switch တစ်ခု ရောက်သွားပါမယ်။
တစ်ခုထက်ပိုပြီး ထားချင်ရင်တော့ ထိုနည်းအတိုင်း နောက်ထပ် ရွေးလိုက်ပါ။ ကိုယ်လိုချင်သလောက် Girl လေးတွေ ရောက်သွားပြီဆိုရင် Girl ရဲ့ ခေါင်းပိုင်းကို နှိပ်ရင် ပုံစံရွေးချယ်တာ၊ function သတ်မှတ်ပေးတာကို လုပ်လို့ရပါတယ်။ ဥပမာ ဒီ switch က wi-fi လား bluetooth လား ..
သတ်မှတ်ပေးရပါမယ်။ Girl လေးတွေကိုင်ထားတဲ့ switch ကို နှိပ်ရင်တော့ အဖွင့်အပိတ်လုပ်ပေးပါမယ်။ နားမလည်မှာစိုးလို့ ရေးပြတာပါ။ ကျွန်တော်လဲ စမ်းကြည့်တုန်းက နည်းနည်းကြောင်ခဲ့လို့ပါ။ 

ဒီလောက်ဆို အသုံးပြုနည်း သိလောက်ပါပြီနော့။ ချစ်စရာလေးတွေဗျ။ လန်းတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (13MB)

box

dropbox

Google Play မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD


Switch Controls Widget Full Version

နောက်ဆုံးတော့ ရလိုက်ပြီဗျို့။ Full version မရလို့ ကျွန်တော့်မှာ
heart ထိနေတာ ကြာပြီ။ ခုတော့ ရပြီ။ Switchs Control ကတော့ ..
အဖွင့်အပိတ်ခလုတ် Widget များဖြစ်ပါတယ်။ ရိုးရိုးလေးပါပဲ။ ဒါပေမဲ့ သူ့မှာ ပါတဲ့ ခလုတ်တွေက များပြားပြီး အသုံးဝင်တာကြောင့်
ဆန်းသစ်သွားပါတယ်။ နောက်ပြီး widget ဒီဇိုင်းတွေက လန်းတယ်။ widget ဒီဇိုင်းတွေကိုတောင် စိတ်တိုင်းကျ ရွေးလို့ ရသေးတယ်ဗျာ။ Free version မှာ ခလုတ်အနည်းငယ်ပါပြီး edit လုပ်ခွင့်မပေးပါဘူး။ ဒါနဲ့ Full Version ကို လိုချင်တာနဲ့ ရှာခဲ့တယ်။
ဘာလို့ လိုက်ရှာရလဲဆိုတော့ Full version မှာ ခလုတ်တွေ အပြည့်ပါတယ်။ ကျွန်တော် ရေးပြမယ်ဗျာ။
wifi , Bluetooth, APN data, Brightness, GPS, Sync, Aireplane, Silent, Lock screen, 2G-3G, Power off, Rotation, Screen ON, Battery, No Lock, Reboot, Cleaner, Torch, App shortcut,
Volume, CPU, Task killer, wifi tethering, USB tethering, Vibrate, Battery saver အဲ့ဒါတွေ ပါတယ်ဗျ။ ဒါကြောင့် ကျွန်တော် လိုက်ရှာတာဗျ။ စုံနေတာပဲ။ system app တစ်ခုအနေနဲ့ပါ သုံးလို့ရနေပြီ။ မမိုက်ဘူးလားဗျာ။ Widget တွေဖြစ်လို့ home screen ပေါ်မှာ widget အနေနဲ့ တင်ပြီးမှ အသုံးပြုနိုင်ပါတယ်။ widget ထုတ်နည်းတော့ မရေးတော့ဘူးဗျာ။ သိကြမှာပါ။ တစ်ခုရှိတာက switchs control ကို install လုပ်ပြီးရင် မိမိဖုန်းကို restart (သို့) power ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ ဒါမှ widget ထုတ်သုံးနိုင်မှာပါ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။ ယူကြဗျာ

download - (1.8MB)

dropbox

box

hostr


ပျော်ရွှင်ပါစေ။

Mr.AD

HD Beautiful Clock Widgets Pro v1.3

နာရီ widget လေးတွေပါ။ နာရီဒီဇိုင်းတွေကတော့ အလန်းတွေချည်းပဲ။
သင့် home screen ကို နာရီအမိုက်စားတွေနဲ့ အလှဆင်ချင်ရင်ယူဗျာ။ Pro version ဖြစ်လို့ နာရီတွေ အများကြီးပါတယ်။ နာရီဒီဇိုင်းတစ်ခုချင်းဆီကို နောက်ခံပြောင်းတာ၊ အရောင်ပြောင်းတာတွေလဲ လုပ်နိုင်သေးတယ်။
HD widget ဖြစ်လို့ ရုပ်ဖွာတာ မရှိဘူး။ ကျစ်ကျစ်လစ်လစ်နဲ့ လှပတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (7MB)

box

copy

hostr
 

ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!