Showing posts with label ကျန်းမာရေးဆိုင်ရာ App များ. Show all posts
Showing posts with label ကျန်းမာရေးဆိုင်ရာ App များ. Show all posts

Sunday, July 28, 2013



Pocket Yoga

ကျန်းမာရေးနဲ့ဆိုင်ရာ app လေးတွေ ကျွန်တော် သိပ်မတင်ဖြစ်ဘူး။ ဒါကြောင့်မို့ အခု ယောဂ ကျင့်စဉ် သင်ကြား ပို့ချပေးမယ့် ကျန်းမာရေး app လေးကို တင်ပေးလိုက်ပါတယ်။ ဖုန်းတော်တော်များများနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ယောဂ ကျင့်စဉ် Position များကို animation ပါဝင်ပြီး အသံနှင့်တကွ သင့်ကို ရှင်းပြပါလိမ့်မယ်။
လေ့ကျင့်ခန်းများကို ဖြေးဖြေးချင်း နည်းစနစ်မှန်ကန်စွာဖြင့်

သင်ကြားပေးပါလိမ့်မယ်။ ယောဂ သင်တန်းတွေ အချိန်မပေးနိုင်လို့ မတက်ဖြစ်တဲ့သူတွေ အတွက် ဒီ app လေးနဲ့ အိမ်မှာပဲ အလွယ်တကူ လေ့ကျင့်နိုင်ပါတယ်။ လေ့ကျင့်ချိန်ကိုလဲ အချိန်သတ်မှတ်ပေးလို့ရတယ်။ စတင်လေ့ကျင့်သူမှသည် အဆင့်မြင့်လေ့ကျင့်တဲ့အထိ ပါဝင်ပါတယ်။
ကျန်းမာရေးလိုက်စားသူများအတွက် ဆောင်ထားသင့်တဲ့ app လေးဖြစ်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (20MB)

copy

box

mega
 

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 14, 2013



Relax Melodies: Sleep & Yoga

တစ်နေ့တာလုံး ကိုယ်စီ အလုပ်များစွာနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ ..
ကျွန်တော်တို့တွေဟာ ကိုယ်ပိုင်အချိန်လေးတွေ ပိုင်ဆိုင်ကြပါတယ်။
အလုပ်တွေပြီးလို့အိမ်မှာ အနားယူတဲ့အခါ စိတ်ပင်ပန်းမှုတွေကြောင့်၊ Stress တွေအရမ်းများနေလို့၊ အတွေးလွန်နေလို့ စိတ်ညစ်နေတာမျိုး၊ အိမ်မှာ ပြဿနာအနည်းငယ်ရှိလို့ စိတ်မပျော်ရွှင်တာမျိုး စသဖြင့် ..
ကိုယ်ပိုင် အနားယူတဲ့အချိန်တွေမှာ စိတ်အနှောင့်ယှက်ဖြစ်စရာလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ခါ စိတ်ခြောက်ခြားပြီး အိပ်မပျော်တာမျိုးလဲ ရှိတတ်ပါတယ်။ Relax Melodies က အနားယူအပန်းဖြေနိုင်အောင် သံစဉ်တွေနဲ့ကူညီပေးမယ့် app တစ်ခုပါ။ သံစဉ်ကုထုံးများဖြစ်တဲ့ သံစဉ်များစွာနှင့်အတူ သင့်ရဲ့ စိတ်ပင်ပန်းမှုတွေကို မောင်းထုတ်ပေးမှာပါ။ အိပ်မပျော်တဲ့သူတွေ အတွက် ..
ထိရောက်စွာ အသုံးဝင်ပါတယ်။ နောက် အသက်(၅)နှစ်အောက် ကလေးငယ်များ အိပ်ပျော်စေနိုင်မယ့် သံစဉ်များလဲ ပါဝင်ပါတယ်။ သံစဉ်များကို တစ်သံတည်းမဟုတ်ပဲ ကိုယ့်စိတ်ကြိုက် တစ်ခုနဲ့တစ်ခု Mix လုပ်လို့ရနိုင်ပါတယ်။ ကျွန်တော်ဆိုရင် မိုးရွာတဲ့အသံနဲ့ အိပ်ရတာကို သဘောကျပါတယ်။ မနေ့ညက အိပ်ခါနီး မိုးရွာသံကို Timer ပေးပြီး အိပ်ခဲ့ပါတယ်။ တကယ့်အပြင်မှာ မိုးရွာနေတဲ့အတိုင်း စိတ်ထဲမှာ ခံစားလိုက်ရတယ်။ နားထောင်ရင်းနဲ့ တဖြည်းဖြည်း အိပ်ချင်လာပါတယ်။ နောက် လုံးလုံး အိပ်ပျော်သွားတယ်ဗျာ။ စိတ်အားငယ် ခြောက်ခြားနေတဲ့ အချိန်တွေမှာလဲ အသုံးဝင်ပါတယ်။ စမ်းကြည့်လိုက်ပါ။ file size က (30MB) ဆိုတော့ အနည်းငယ်တော့ကြီးတယ်။
ဒါပေမယ့် download လုပ်ရတာ တန်ပါတယ်။ စိတ်ကို အပန်းဖြေပေးမယ့် ကျန်းမာရေးဆိုင်ရာ app ဖြစ်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (30MB)

Play Store

1mobile


စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် သာယာပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!