Showing posts with label Game များ. Show all posts
Showing posts with label Game များ. Show all posts

Friday, October 25, 2013

nes 72 in 1 (သို့) ကျွန်တော် ပူဆာခဲ့သော ဂိမ်းခွေလေး
.......................................................................

“ ဆေးထိုးမခံချင်ဘူး .. ကြောက်တယ် .. ကြောက်တယ် ..
အီး .. ဟီး .. ဆေးထိုးခံရမှာကြောက်တယ် .. အီး ဟီး ”

“ ဆေးထိုးမှ ပျောက်မှာ ငါ့သားက လိမ္မာပါတယ်ကွာ ..
ဆေးထိုးပြီးရင် ငါ့သားလိုချင်တဲ့ ဂိမ်းခွေ ၀ယ်ပေးမယ် ”

“ ဖေဖေ .. တကယ်ပြောတာနော် .. တကယ် ၀ယ်ပေးရမှာနော် ”

“ အေးပါ ၀ယ်ပေးမယ် .. ဆေးထိုးခံလိုက်နော် ”

ဂိမ်းခွေဝယ်ပေးမယ်လဲဆိုရော မောင်အေဒီတို့ ဘောင်းဘီလေးကို ..
လျောကနဲ ချွတ်ပေးပြီး ဆေးထိုးခံလိုက်ပါတော့တယ်။
နာတော့နာတယ် ဒါမဲ့ မျက်နှာက ပြုံးပြုံးကြီး .. ဂိမ်းခွေအသစ် ..
ဆော့ရတော့မှာမို့ ပျော်ပျော်ကြီး ဆေးထိုးခံခဲ့တဲ့ ငယ်ဘ၀ အဖြစ်ကို
ပြန်သတိရမိတယ်ဗျာ။ ကျွန်တော်သည် မာရီယို နဲ့ ရန်ဘို အာနိုးတို့ကို
လည်ပင်းဖက် ပေါင်းရင်း ကြီးလာတဲ့ သူတစ်ယောက်ပါ

အသက်(၁၀)နှစ်အရွယ် ကလေးဘ၀ကို ပြန်ရောက်ချင်ပါသလား။
ကျွန်တော် ပို့ပေးမယ်ဗျာ။ ဘယ်လိုပို့မှာလဲဆိုတော့ ဂိမ်းခွေလေးတစ်ခွေနဲ့ ..
ကလေးဘ၀ကို ပြန်ပို့ပေးပါ့မယ်။ ကျွန်တော် မှတ်မိပါသေးတယ်။
အဲ့တုန်းက နီတန်းဒိုး ဂိမ်းခွေတစ်ခွေဟာ အတော်ဈေးကြီးပါတယ်။
GameBoy ဂိမ်းစက်နဲ့ဆော့ဖို့ ဂိမ်းခွေတစ်ခွေ ၀ယ်ဖို့က မလွယ်ဘူး။
ဝယ်တဲ့အခါမှာလဲ ဂိမ်းအမျိုးစား အများကြီးပါတဲ့ ဂိမ်းခွေက ဈေးပိုကြီးပါတယ်။
အခု nes 72 in 1 ဆိုတဲ့ app လေးကို တွေ့လိုက်တော့ ငယ်ဘ၀ဆီ ..
ချက်ချင်းကို ပြန်ရောက်သွားသလိုခံစားလိုက်ရတယ်။ နာမည်ကြီး နီတန်းဒိုး ဂိမ်းပေါင်း(၇၂)မျိုး ပါဝင်ပါတယ်။ ဂိမ်းခွေဆိုက်ပြီး ဆော့လိုက်ရသလိုပါပဲ။

ဒီ app လေးက တစ်ခြား simulator တွေလို မဟုတ်ဘူး။ install လုပ်ပြီး ..
တစ်ခါတည်း ဆော့ရုံပါပဲ။ ဂိမ်းတွေလိုက်ရှာပြီး သွင်းနေစရာလဲ မလိုဘူး။
file size လေးက (2MB) ပဲရှိတယ်ဗျာ။ အတော်လေး သဘောကျမိတယ်။
အမှတ်တရလေးလဲ ဖြစ်သွားတယ်။ ဒါလေးရှာတွေ့တာ ပျော်တယ်ဗျာ။
ကဲ ဘော်ဒါတို့လဲ ကဘေးဘ၀ကို ပြန်သွားချင်ရင် ဒေါင်းလိုက်ကြပေတော့။

download - (2MB)

dropbox
 
copy

အေးချမ်းတဲ့ ကလေးဘ၀လေးကို တစ်ခါပြန်ပြီး ရောက်ကြပါစေ

Mr.AD

Wednesday, September 11, 2013

*** ကစားသူကိုယ်တိုင် တစ်ပတ်လည်အောင် လှည့်ပြီး ကစားရမယ့်
You Are Surrounded ဂိမ်း အလန်း ***


ဂိမ်းအမျိုးစား - Shooting , Zombie

ထူးထူးခြားခြားနဲ့ ဖန်တီးတင်ဆက်ထားတဲ့ Shooting ဂိမ်းတစ်ခုပါ။ ရေလည်လန်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခြား Shooting ဂိမ်းတွေလို ဂိမ်းထဲမှ ပတ်ဝန်းကျင်မြင်ကွင်းကို ကြည့်ချင်ရင် Control တွေ မသုံးရပဲ အပြင်က ကစားနေတဲ့ လူကိုယ်တိုင် တစ်ပတ်လည်အောင် ကြည့်ရှုရမှာဖြစ်ပါတယ်။ 360 ဒီဂရီ လူကိုယ်တိုင် ချာလပတ်လည်ပြီး ဂိမ်းထဲမှ မြင်ကွင်းကို ကြည့်ရပါမယ်။ Zombie များ အရပ်လေးမျက်နှာမှ ထွက်လာပါမယ်။ ကိုယ့်နောက်ကနေ ထွက်လာရင် .. ကစားသူက နောက်ကျောဘက်ကို လှည့်လိုက်မှ Zombie များကို မြင်ရပါမယ်။ အပေါ် အောက် မြင်ကွင်းတွေကိုမြင်ရဖို့ ကစားသူကိုယ်တိုင် ဖုန်းကို အပေါ် အောက် ရွေ့ပေးရပါမယ်။ ဒီလို Game Play မျိုး ပထမဆုံးအကြိမ် ကစားဖူးတာပါပဲ။ ဂိမ်းဖန်တီးသူတွေက ဒီဂိမ်းကိုဆော့တဲ့အခါ မီးပိတ်ထားပါ။ နားကြပ်တပ်ပြီးဆော့ရင် ကစားသူကိုယ်တိုင် ဂိမ်းထဲ ရောက်သွားသလို ခံစားရမယ်လို့ ညွှန်းထားပါတယ်။ တကယ်လဲ ကျွန်တော် အဲ့ဒီလိုကစားကြည့်တော့ သူတို့ပြောသလို ခံစားလိုက်ရပါတယ်။ ဂိမ်းက လုံးဝ အသက်ဝင်တယ်။ အသံပိုင်းတွေက တကယ်ခြောက်ခြားဖို့ကောင်းပြီး လန်းတယ်ဗျာ။ ထူးထူးခြားခြား အသစ်ထွက်ဂိမ်းလေးမို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်တယ်။ ဒီဂိမ်းကို ကစားဖို့ မော်ဒယ်မြင့်ဖုန်းတော့ လိုအပ်ပါတယ်။ ကျွန်တော် S3 နဲ့ဆော့ကြည့်တာ လုံးဝ ဂွတ်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင်ကစားနိုင်တယ်။

download - (36MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, September 1, 2013



Rescue Me - The Adventures

ဂိမ်းအမျိုးစား - Adventure , Arcade

အသစ်ထွက်လာတဲ့ ဂိမ်းလေးပါ။ ဂိမ်းစတိုင်လေးက ထူးခြားပါတယ်။
တစ်နေရာမှ တစ်နေရာသို့ ကူးဖြတ်ရန် အခက်ခဲဖြစ်နေတဲ့ ချာတိတ်လေးများကို ဘော်ဒါက လက်ညိုးဖြင့် သူတို့ကို ချီမပြီး ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။ ဆော့ရတာ ပျော်စရာကောင်းပြီး ချစ်စရာလဲကောင်းတယ်။ ချာတိတ်လေးတွေခမျာ ဘော်ဒါ့ကို အပြည့်ဝ ယုံကြည်အားကိုးနေပါတယ်။ ပို့ဆောင်ရာမှာ မြန်လွန်း နှေးလွန်းရင်လဲအဆင်မပြေပါဘူး။ မြန်လွန်းရင်သူတို့လက်မခိုင်ပဲ အောက်ကို ပြုတ်ကျသွားပါမယ်။

 နှေးရင်လဲ ငှက်၊ ရဟတ်ယာဉ် .. အစရှိတဲ့ အနှောက်ယှက်တွေကြောင့် သူတို့ပြုတ်ကျသွားနိုင်ပါတယ်။ တစ်ချို့အခန်းများတွင် ဥာဏ်သုံးပြီး ပို့ဆောင်ရပါမယ်။ Level များမှာ တောတောင်၊ မြို့ပြ ၊ မီးတောင်များ စုံလင်စွာ ပါရှိပါတယ်။ Free version ပဲ ထွက်လာပါသေးတယ်။ Mod version တော့ မတွေ့ရသေးပါဘူး။
ရုပ်ထွက်ကလဲ အတော်လန်းပါတယ်။ ဆော့ကောင်းတဲ့ဂိမ်းလေးမို့ တင်ပေးလိုက်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် ကစားနိုင်ပါတယ်။

download - (30MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD


Contra: Evolution v1.1.0

ကျွန်တော်တို့တွေ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ ရန်ဘို အာနိုး (Contra) ဂိမ်းက Android Version နဲ့ ထွက်လာပါပြီ။ လုံးဝ အမှန်အကန် official version ဖြစ်ပါတယ်။ နာမည်ကြီး ဂိမ်းရေးဆွဲတဲ့ Konami ကနေ Android အတွက် ပြန်လည်ပြီး official ရေးဆွဲပေးထားတာဖြစ်ပါတယ်။ အတော်လေးကို လန်းတယ်ဗျာ။ Control ပိုင်းက အတော်လေး ထိန်းလို့ကောင်းတယ်။ Control ပိုင်းကို သုံးမျိုးသတ်မှတ်ပြီး ကစားလို့ရတယ်။ သေနတ်တွေလဲ အရင်အတိုင်းကိုမှ အဆင့်မြှင့်ထားတယ်။ သေနတ်အသစ်တွေလဲ ပါသေးတယ်။ Game character တွေလဲ အသစ်တွေ ပါဝင်လာတယ်။ ရုပ်ထွက်ပိုင်းကလဲ 2D Classic ပုံစံကို ဖန်တီးထားပေမယ့် ကြည့်ရတာ အရသာရှိတယ်။ သစ်ပင်တွေ လှုပ်နေတာကအစ လှပအောင် ရေးဆွဲထားတယ်။ ဒီဂိမ်းကို ကစားမယ်ဆိုရင် ပထမဆုံးအခန်းကိုပဲ ကစားနိုင်မှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Google ရဲ့ License Verification ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် License Verification ကို ဖြုတ်ဖို့ရာ Lucky Patcher ကို အသုံးပြုရပါမယ်။ ဒါမှ ဂိမ်းကို အပြည့်ဝ ကစားနိုင်မှာဖြစ်ပါတယ်။

ပထမဆုံး game apk ကို install လုပ်ပါ။ lucky patcher apk ကိုလဲ install လုပ်ပါ။ ဂိမ်းကို ပထမဆုံးတစ်ကြိမ် ဆော့လိုက်ပါ။ ပြီးရင် ပြန်ထွက်လိုက်ပါ။ Lucky Patcher ကိုဖွင့်လိုက်ပါ။ super user ကနေ permission တောင်းရင် allow လုပ်ပေးပါ။ ပြီးရင် Lucky Patcher ထဲမှာ Contra Evolution ကိုရှာပါ။တွေ့ရင် ကြာကြာဖိလိုက်ပါ။ Remove License Verification ဆိုတာကို နှိပ်လိုက်ပါ။ Auto mode ကို ရွေးပေးပါ။ ခဏစောင့်ပေးပါ။ ပြီးရင်တာ့ Contra ဂိမ်းကို ပြန်ဖွင့်ပြီး ဆော့ကြည့်ပါ။ License Verification မတောင်းတော့ပဲ Game Play အပြည့်ဝ ဆော့နိုင်သွားတာကို မြင်ရပါမယ်။

ကဲ .. ကျွန်တော် ပြောတဲ့အတိုင်း ဆော့ကောင်းမကောင်း သိချင်ရင် အခုပဲ ဒေါင်းပြီး စမ်းကြည့်ဗျာ။ ကျွန်တော်ဆော့နေတာ အတော် feel တက်နေပြီ Android 2.2 နှင့်အထက်တွင် ဆော့နိုင်ပါတယ်။

download - Contra: Evolution v1.1.0 (18MB)

dropbox

zippyshare



download - Lucky Patcher (2MB)

dropbox


ပျော်ရွှင်ပါစေ။

Mr.AD

Sunday, August 18, 2013

CARROM 3D
ဒီပုံကိုမြင်တာနဲ့ ဘာဂိမ်းလေးလဲဆိုတာ သိကြမှာပါ။ အခု Android ပေါ်မှာ ဘိလစ်ထိုးလို့ရပါပြီ
တစ်ချို့ကတော့ ဇယ်တောက်ကစားတယ်လို့ခေါ်ကြပါတယ်။ ရွေးချယ်စရာ Level 3 မျိုးပါရှိပြီး တခြားဖုန်းတွေနဲ့လည်း wifi (or ) Bluetooth ဖြင့်ချိတ်ပြီး ကစားနိုင်ပါသေးတယ်။

CARROM 3D

Version: 1.16
Size: 1.04 MB
OS: 2.2 +

DOWNLOAD

dropbox


Mr.KT

Monday, August 5, 2013


INFINITE SKY


ရှေ့တန်းစစ်မြေပြင်မှာ ကျူးကျော်လာတဲ့ ရန်သူ့လေယာဉ်တွေကို
ခုခံကာကွယ်ရမယ့် လေယာဉ်ပစ်ဂိမ်းလေးပါ။
ရွေးချယ်စရာ Player (၅)ယောက်ပါရှိပြီး ရန်သူ့လေယာဉ်တွေကို
တိုက်ခိုက်ရမှာပါ။ Coins များကိုစုဆောင်းပြီး မိမိလေယာဉ်ကို
Upgrade ပြုလုပ်နိုင်ပါသေးတယ်။ Boss တွေနဲ့လည်း
ခက်ခက်ခဲခဲ တိုက်ခိုက်ရဦးမှာပါ။ Graphic က အရမ်းကို
ကောင်းမွန်ပြီး လေယာဉ်တင်မကပဲ နောက်ခံရှုခင်းတွေကလည်း
အရမ်းကို ကြည့်ကောင်းပါတယ်။ Gameplay မှာလည်း လေယာဉ်ကို
နည်းလမ်း (၃) မျိုးနဲ့ Control လုပ်နိုင်ပါတယ်။
<<< ဒီဂိမ်းလေးက Play Store မှာ ကြယ်(၅)ပွင့်ရထားတဲ့ဂိမ်းပါ >>>

OS       - 2.2 & UP
APK    - 25.64 MB

DOWNLOAD

INFINITE SKY ( Apk )


Mr.KT

MAD DRAGON

မင်စာလေးတွေက နဂါးအိပ်နေတုန်းမှာ ဂူထဲကရတနာတွေကိုခိုးယူသွားတယ်။
နဂါးနိုးလာတော့ အရမ်းဒေါသထွက်သွားတယ် ဒါနဲ့ အဲဒီမင်စာတွေကို
လိုက်လံတိုက်ခိုက် မောင်းထုတ်ပြီး သူ့ရဲ့ရတနာတွေကို ပြန်လည်ရယူ
ရမယ့် ဂိမ်းလေးပါ။ မိမိက ဒေါသထွက်နေတဲ့ နဂါးနေရာကနေ
ဝင်ရောက်ကစားရမှာပါ။ ဒီဂိမ်းက one tap control အမျိုးအစားဖြစ်ပြီး
ကစားသူက လက်ချောင်းတစ်ဖက်တည်းနဲ့ ထိန်းချုပ်ကစားရမှာပါ။
အခန်းပေါင်း (၇၀)ကျော်ပါဝင်ပြီး မိမိရဲ့နဂါးရဲ့အသွင်အပြင်နဲ့
ပါဝါကိုလည်း upgrade လုပ်ကာ ပြောင်းလဲနိုင်ပါသေးတယ်။
Graphic ပိုင်းနဲ့ Gameplay ပိုင်းမှာလည်း ရိုးရှင်းပြီး ကစားလို့
ကောင်းတဲ့ဂိမ်းလေးပါ။


OS       - 2.3 & UP
APK    - 38.64 MB


DOWNLOAD

MAD DRAGON ( Apk )



Mr.KT

Saturday, August 3, 2013


DOLMUS DRIVER - Istanbul

Taxi ကားမောင်းရတဲ့ဂိမ်းလေးပါ။ Sega ရဲ့ Crazy Taxi လိုပါပဲ။
လမ်းပေါ်ကကားတွေကို မတိုက်အောင်ရှောင်မောင်းကာ
coins များကိုစုဆောင်းရမှာပါ။ နောက်ပြီး ရဲတွေ မမိအောင်ပါ
မောင်းပြေးရမှာပါ။ ရွေးချယ်စရာ ကား(၃)မျိုးပါဝင်ပြီး
မတူညီတဲ့လမ်းမ(၃)ခုပေါ်မှာမောင်းနှင်ရမှာပါ။
ကားရဲ့အမြန်နှုန်းကိုမြှင့်ပေးမယ့် Jetpacks များကိုလည်း
(၆)ခုအထိ Upgrade ပြုလုပ်နိုင်ဦးမှာပါ

OS       - 2.3 & UP
APK    - 45.58 MB

DOWNLOAD

DOLMUS DRIVER - Istanbul ( Apk )


Mr.KT

Friday, August 2, 2013

TEAM DRAGON

Fighting Game လေးပါ။ Mode 4 မျိုးပါဝင်ပြီး
Career Mode မှာ မိမိကြိုက်နှစ်သက်ရာ Fighter
တစ်ယောက်ကိုရွေးပြီး တခြား Fighter တွေနဲ့ယှဉ်ပြိုင်ရမှာပါ။
နောက်ဆုံးအောင်မြင်သွားရင်တော့Fighter(16)ယောက်နဲ့
Fighting Arena(5)ခန်းအထိ ရွေးချယ်ကစားနိုင်မှာပါ
Multiplayer Mode မှာတော့ မိမိဖုန်းနဲ့ တခြားဖုန်းတလုံးကို
Bluetooth & Wifi ချိတ်ပြီးတော့ ကစားနိုင်ပါသေးတယ်
Graphic က 3D ရုပ်ထွက်မို့အရမ်းမိုက်ပါတယ်
Adreno GPU ပါတဲ့ဖုန်းတွေအတွက် အဆင်ပြေပြေဆော့ကစား
နိုင်မှာပါ




OS       - 2.3 & UP
APK     - 47.93 MB

DOWNLOAD

TEAM DRAGON ( Apk )

Mr.KT

Wednesday, July 17, 2013


PACIFIC RIM
Pacific Rim ရုပ်ရှင်ကိုအခြေခံရေးဆွဲထားတဲ့ Fighting ဂိမ်းလေးပါ။
စက်ရုပ်တွေနဲ့ သတ္တ၀ါကြီးတွေရဲ့တိုက်ပွဲကို ဆင်နွှဲရမှာပါ။
Level ပေါင်း (၃၀)ကျော်ပါရှိပြီး weapon , armor , power & speed
တွေကိုပါ Upgrade ပြုလုပ်နိုင်ပါတယ်။ Graphic & Effect တွေကတော့
အရမ်းကိုကောင်းမွန်ပါတယ်

Game Install လုပ်နည်း

1)  Apk file နဲ့ Data file နှစ်ခုကို ဒေါင်းလုပ်ဆွဲပါ
2)  Apk file ကို install လုပ်ပါ Data File ကို Zip ဖြည်လိုက်ပါ
3)  Zip ဖြည်တဲ့အခါမှာ Extract Here နဲ့ဖြည်ပါ
4)  Zip ဖြည်လို့ရလာတဲ့ com.jumpgames.pacificrim ဖိုဒါကို
copy ကူးပြီး Android အောက်က obb အခန်းအောက်မှာ paste
လုပ်ပါ
5)  ဂိမ်းကို run လိုက်ပါ

OS        - 2.2 & Up
Apk      - 9.45 MB
Data      - 214 MB

DOWNLOAD


PACIFIC RIM ( Apk )


PACIFIC RIM ( Data )

 

Mr.KT
CRAZY TAXI

Sega ရဲ့ နာမည်ကြီး Taxi မောင်းတဲ့ဂိမ်းပါ။
Taxi Driver တစ်ယောက်နေရာကနေကစားရမဲ့ဂိမ်းပါ
Character (4) မျိုးကိုရွေးချယ်ကစားနိုင်တဲ့အပြင်
Arcade mode မှာ မောင်းနည်း(၄)မျိုးပါဝင်ပါတယ်
Graphic & Game Play ပိုင်းမှာလည်းတော်တော်လေး
ကောင်းပါတယ်

Game Install လုပ်နည်း

1)  Apk file နဲ့ Data file နှစ်ခုကို ဒေါင်းလုပ်ဆွဲပါ
2)  Apk file ကို install လုပ်ပါ Data File ကို Zip ဖြည်လိုက်ပါ
3)  Zip ဖြည်တဲ့အခါမှာ Extract Here နဲ့ဖြည်ပါ
4)  Zip ဖြည်လို့ရလာတဲ့ com.sega.CrazyTaxi ဖိုဒါကို
copy ကူးပြီး Android အောက်က obb အခန်းအောက်မှာ paste
လုပ်ပါ
5)  ဂိမ်းကို run လိုက်ပါ


OS          - 2.2 & Up
Apk        - 2.85 MB
Data        - 223 MB

DOWNLOAD

Crazy Taxi ( Apk )


Crazy Taxi ( Data )


Mr.KT

Monday, July 15, 2013

TNA - IMPACT !

နဘမ်းသတ်ရတဲ့ဂိမ်းလေးပါ
ရုပ်ထွက်အရမ်းကိုကောင်းမွန်ပါတယ်
ရွေးခြယ်စရာ Character တွေလည်း
အတော်လေးစုံစုံလင်လင်ပါရှိပါတယ်









OS   - 2.0 & Up
Apk  - 45.95 MB

DOWNLOAD

TNA - IMPACT!


Mr.KT

GTA - VICE CITY

ကားသူခိုးလို့လူသိများတဲ့ဂိမ်းလေးပါ။
ယခု version ကVice City မြို့လေးမှာကစားရမှာပါ

Game Install လုပ်နည်း

1)  Apk file နဲ့ Data file နှစ်ခုကို ဒေါင်းလုပ်ဆွဲပါ
2)  Apk file ကို install လုပ်ပါ Data File ကို Zip ဖြည်လိုက်ပါ
3)  Zip ဖြည်တဲ့အခါမှာ EXtract Here နဲ့ဖြည်ပါ
4)  Zip ဖြည်လို့ရလာတဲ့ com.rockstargames.gtavc ဖိုဒါကို
copy ကူးပြီး Android အောက်က obb အခန်းအောက်မှာ paste
လုပ်ပါ
5)  ဂိမ်းကို run လိုက်ပါ


OS           - 2.3 & Up
Apk         - 3.84 MB
Data         - 1.38 GB

DOWNLOAD

GTA - Vice City ( Apk )


GTA - Vice City ( Data )

Mr.KT
 
PES 2012

ဘောလုံးကန်တာကြိုက်နှစ်သက်တဲ့ဘော်ဒါများအတွက်
PES ရဲ့ နောက်ဆုံးထွက် ဗားရှင်းလေးပါ

Game Install လုပ်နည်း
1)  Apk + Data.zip ကို ဒေါင်းလုပ်ဆွဲပါ
2)  Zip ဖြည်လိုက်ပါ
3)  Zip ဖြည်တဲ့အခါမှာ EXtract Here နဲ့ဖြည်ပါ
4)  Zip ဖြည်လို့ရလာတဲ့ PES2012_1.0.5.Apk ဖိုင်ကို Install လုပ်ပါ
5)  com.konami.pes2012 ဖိုဒါကို
copy ကူးပြီး Android အောက်က obb အခန်းအောက်မှာ paste
လုပ်ပါ
5)  ဂိမ်းကို run လိုက်ပါ

OS                      - 2.0 & Up
Apk + Data         - 185 MB


DOWNLOAD

PES 2012 ( Apk + Data )


Mr.KT

Sunday, July 14, 2013



Play Tennis

မနေ့ညက ကျွန်တော့်ကို (၃)နာရီကျော်မှ အိပ်ရအောင် နှိပ်စက်ခဲ့တဲ့ ဂိမ်းပါ။ ဆော့ကောင်းလို့ တစ်ခန်းပြီးတစ်ခန်း ထိုင်ဆော့မိပါတယ်။ နာရီကို မကြည့်မိဘူး။ သတိရလို့ ကြည့်လိုက်တော့ (၃)နာရီကျော်နေပြီ။ ဒါနဲ့ ဒီနေ့မနက် မထနိုင် ဖြစ်ခဲ့ရတယ်။ Tennis ရိုက်တဲ့ ဂိမ်းပါ။ ဒီလိုဂိမ်းတွေမှာ အဓိကက မထစ်မှသာ ဆော့ကောင်းတာပါ။

ထစ်နေရင် ဆော့လို့မကောင်းပါဘူး။ Play Tennis ဆိုတဲ့ ဂိမ်းကတော့ အသစ်ထွက်
ဂိမ်းလေးတစ်ခုပါ။ ပေါ့ပေါ့ပါးပါးနဲ့ လုံးဝ မထစ်ပါဘူး။ ဖုန်းတော်တ်ာများများမှာပဲ အဆင်ပြေမယ်ထင်တယ်။ ဆော့ကောင်းသလားတော့ မမေးနဲ့။ ပြိုင်ဘက်တွေရဲ့ AI တွေကမိုက်တယ်။ ဘယ်ညာ မောင်းနိုင်မှသာ အနိုင်ရမယ်။ မဟုတ်ရင် သူက ကိုယ့်ကို ပြန်မောင်းသွားမယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Android 2.1 နှင့်အထက် ဖုန်းများတွင် ထည့်သွင်း ကစားနိုင်ပါတယ်။

download - (7.4MB)

Play Store

box
 

dropbox
 

ပျော်ရွှင်ပါစေ

Mr.AD

Saturday, July 13, 2013

 
iQuarium - Virtual Fish ငါးမွေးတာဝါသနာပါတဲ့သူတွေအတွက်ရော ရွှေငါးလေးတွေကို ချစ်ကြတဲ့သူတွေအတွက် ဖုန်းထဲမှာ ငါးကန်အလန်းစားလေး ထည့်ထားချင်ရင် iQuarium က ကူညီပါလိမ့်မယ်။ ဂိမ်းသဘောမျိုး
ဆော့နိုင်သလို အလှမွေး ငါးကန်အစစ်အတိုင်း ဖန်တီးနိုင်ပါတယ်။ Graphic ကတော့ အလွန်လန်းပါတယ်။ ရုတ်တရက်ကြည့်ရင် တကယ့် ငါးတွေအလား ထင်မှားရပါတယ်။ သဘာဝကျတဲ့ ငါးကန်တစ်ခု ဖန်တီးနိုင်ဖို့ သယ်ရင်းကို တစ်ဆင့်ချင်း ရှင်းပြပါလိမ့်မယ်။ စိတ်ဝင်စားစရာကောင်းပြီး ငါးမွေးတာ ၀ါသနာပါတဲ့သူတွေအတွက် သဘောကျစရာ ဂိမ်းလေးတစ်ခုပါပဲ။ Time Pass Game Play ဖြစ်လို့ ..
အချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ မွေးမြူရပါမယ်။ ဂိမ်းကို ပိတ်ထားရင်တောင် ဂိမ်းက သူ့အလိုလို အလုပ်လုပ်နေပါမယ်။ နေ့စဉ် ငါးစာ ကျွေးဖို့တော့လိုတယ်။ မဟုတ်ရင် ငါးလေးတွေ
မမြူးတော့ပါဘူး။ iDreams က ဖန်တီးလိုက်တဲ့ ဂိမ်းတွေဟာ ရုပ်ထွက်လှပြီး Game Play ကောင်းမွန်တယ်။ iQuarium ကတော့ တကယ့်ကို ငါးမွေးတာနဲ့တူအောင်ဖန်တီးထားတဲ့ Simulation ဂိမ်းဖြစ်ပါတယ်။ ကျွန်တော်တော့ သဘောကျတယ်ဗျာ။ ကဲ ဘော်ဒါတို့ လက်မနှေးနဲ့ Link လေး ရှင်သန်နေတုန်း ဆွဲလိုက်ကြဗျို့ Android 2.3 နှင့်အထက် ဖုန်းများတွင် ကစားနိုင်ပါတယ်။

download - (30MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!