Rescue Me - The Adventures
ဂိမ်းအမျိုးစား - Adventure , Arcade
အသစ်ထွက်လာတဲ့ ဂိမ်းလေးပါ။ ဂိမ်းစတိုင်လေးက ထူးခြားပါတယ်။
တစ်နေရာမှ တစ်နေရာသို့ ကူးဖြတ်ရန် အခက်ခဲဖြစ်နေတဲ့ ချာတိတ်လေးများကို ဘော်ဒါက လက်ညိုးဖြင့် သူတို့ကို ချီမပြီး ပို့ဆောင်ပေးရမှာဖြစ်ပါတယ်။ ဆော့ရတာ ပျော်စရာကောင်းပြီး ချစ်စရာလဲကောင်းတယ်။ ချာတိတ်လေးတွေခမျာ ဘော်ဒါ့ကို အပြည့်ဝ ယုံကြည်အားကိုးနေပါတယ်။ ပို့ဆောင်ရာမှာ မြန်လွန်း နှေးလွန်းရင်လဲအဆင်မပြေပါဘူး။ မြန်လွန်းရင်သူတို့လက်မခိုင်ပဲ အောက်ကို ပြုတ်ကျသွားပါမယ်။
နှေးရင်လဲ ငှက်၊ ရဟတ်ယာဉ် .. အစရှိတဲ့ အနှောက်ယှက်တွေကြောင့် သူတို့ပြုတ်ကျသွားနိုင်ပါတယ်။ တစ်ချို့အခန်းများတွင် ဥာဏ်သုံးပြီး ပို့ဆောင်ရပါမယ်။ Level များမှာ တောတောင်၊ မြို့ပြ ၊ မီးတောင်များ စုံလင်စွာ ပါရှိပါတယ်။ Free version ပဲ ထွက်လာပါသေးတယ်။ Mod version တော့ မတွေ့ရသေးပါဘူး။
ရုပ်ထွက်ကလဲ အတော်လန်းပါတယ်။ ဆော့ကောင်းတဲ့ဂိမ်းလေးမို့ တင်ပေးလိုက်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် ကစားနိုင်ပါတယ်။
download - (30MB)
dropbox
copy
ပျော်ရွှင်ပါစေ။
Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :)


0 comments:
Post a Comment
Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD