Showing posts with label အသံ နှင့် ဗီဒီယိုပိုင်းဆိုင်ရာ App များ. Show all posts
Showing posts with label အသံ နှင့် ဗီဒီယိုပိုင်းဆိုင်ရာ App များ. Show all posts

Friday, October 25, 2013

VideoFX Music Video Maker

အမိုက်စား Real Time Video Edit app တစ်ခု တင်ပေးလိုက်ပါတယ်။
VideoFX ကတော့ Video Recorder app တစ်ခုဖြစ်ပါတယ်။
လန်းရတဲ့ အကြောင်းရင်းက Effect တွေကို တစ်ခါတည်းထည့်သွင်း
ရိုက်ကူးနိုင်လို့ဖြစ်ပါတယ်။ ဒီလိုမျိုး Effect အဆန်းတွေနဲ့
Video Recorder မျိုး မတွေ့ဖူးသေးဘူး။ Effect တွေထဲမှာ
ကျွန်တော် သဘောကျတာတွေက Ghost Effect ဆိုရင် ဇာတ်ကားထဲမှာ
ကြည့်ဖူးသလို လူသေက လှဲနေပြီး ၀ိဥာည်က ကိုယ်ထဲကနေ ..
ထွက်ခွာနေသလိုမျိုး ရိုက်ကူးနိုင်တယ်။ TimeShake ဆိုရင်
ငလျင်လှုပ်နေသလို ရိုက်ကူးနိုင်တယ်။ NeonLight ဆိုရင် အတော်လန်းတယ်။ ပြောပြတတ်ဘူး ဘယ်လိုလေးမှန်းလဲ မသိဘူး။ ကျန်တာတွေလဲ လန်းတယ်။ စာရေးရင် ရှည်ကုန်တော့မယ်။
ကိုယ်တိုင်သာ ကလိကြည့်ပေတော့။ နောက်ထပ်လန်းတာက ..
နောက်ခံ သီချင်းကိုပါ Video ရိုက်ရင်း တစ်ခါတည်း ထည့်နိုင်ပါတယ်။
အပျော်တမ်းရိုက်ဖို့အတော်လန်းတဲ့ Camera app လေးပါ။
video output က avi format နဲ့ Produce လုပ်ပေးပါမယ်။
Free version ပဲ ရှာလို့တွေ့တယ်ဗျာ။ full version လိုက်ရှာတာ မတွေ့ခဲ့လို့ free ကိုပဲ တင်ပေးလိုက်ပါတယ်။
Android 2.3.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

မှတ်ချက် - ဖုန်းတိုင်းတွင် အဆင်ပြေချင်မှပြေပါမယ်။ free version ဖြစ်တဲ့အတွက် တစ်ချို့ Effect တွေ သုံးလို့မရသေးပါ။ Pro version များ ဘော်ဒါတို့ရှာတွေ့ခဲ့ရင် ကျွန်တော့်ကို လက်တို့ပါဦး

download - (11MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, October 8, 2013

Freedi YouTube Downloader

YouTube Downloader တွေအများကြီးရှိတဲ့အထဲက ဒီ Downloader လေးက တော်တော်လေးအသုံးဝင်ပါတယ်။ Download ဆွဲရတဲ့အချိန်လည်းမကြာသလို TubeMate လိုပိတ်တာမျိုးလည်းမရှိပါဘူး။ Search လုပ်ရင်လည်းအကြာကြီး ရှာစရာမလိုပဲနဲ့ခဏလေးနဲ့ကိုယ်လိုချင်တာကိုရပါတယ်။ ဒီ Downloader လေးရဲ့ အားသာချက်က Online HQ ကြည့်လို့ရတာ၊ MP4အနေနဲ့ဒေါင်းလို့ရတာတင်မဟုတ်ပဲ MP3 အနေနဲ့ပါဒေါင်းလို့ရတာလေးပါ။ File Size ကလည်းသေးသေးလေးပါရှင်။ Android 1.5 နှင့်အထက်တွင် သုံးနိုင်ပါတယ်။

Download - (991.2KB)

dropbox
 
copy

ပျော်ရွှင်ပါစေရှင် ..

*Laddy Sis Lay*
Volume Booster

ဖုန်းအသံတိုးလို့ စိတ်ညစ်နေလား။ ဒီကောင်လေးကို စမ်းကြည့်ဗျာ။ တကယ်ကြီး ကျယ်လာတာပါ။ Booster app တွေ များကြီးရှိတဲ့အထဲမှ ဒီကောင်လေးက လန်းပါတယ်။ အသံစုံ ကျယ်ပစ်လို့ရတယ်။ Ringtone , Notification , Alarm , Media , System , Voice Call .. အစုံကို ကျယ်ပစ်လို့ရပါတယ်။ Play Store မှာ comment လေးတွေဖတ်ပြီး ..
အားရတာနဲ့ စမ်းကြည့်ခဲ့တာပါ။ တစ်ချို့ Huawei ဖုန်းတွေဆို အသံတော်တော်တိုးတယ်ဗျ။ အဲ့လိုဖုန်းတွေကို ဒီ App လေးက ကူညီပေးပါမယ်။ ကျယ်ပြီးသား ဖုန်းတွေမှာတော့ အရမ်း မကလိနဲ့ဗျာ။
တော်ကြာ စပီကာ လစ်သွားဦးမယ်။ တိုးနေတဲ့ဖုန်းတွေမှာကလိကြည့်။ ကျယ်တဲ့ဖုန်းတွေမှာကလိချင်လဲ နားကြပ်တပ်ပြီးတော့ ကလိစေချင်တယ်။ အသံအားလုံး ကျယ်စေချင်ရင် Boost ဆိုတာလေးသာ နှိပ်လိုက် volume တွေကို အမြင့်ဆုံးထားပေးလိမ့်မယ်။ ကျွန်တော် S3 နဲ့စမ်းခဲ့ပါတယ်။ တကယ်ကျယ်လို့ တင်ပေးလိုက်တာပါ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)
 
dropbox

copy

Play Store မှာလဲ free ရယူနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD
Mafon (သို့) Android ကက်ဆက်လေး

ဒီ App လေးကို ရှာတွေ့ခဲ့တာ အရမ်းပျော်ပါတယ်။ တကယ့်ကို ကျွန်တော်တို့ငယ်ငယ်တုန်းက ဖွင့်ခဲ့တဲ့ ကက်ဆက်တိတ်ခွေ Player ပုံစံမျိုး အသေးစိတ် ဖန်တီးထားတဲ့ Music Player အလန်းလေးပါ။ Mafon ဟာ တစ်ချိန်က ဆိုဗီယက်နိုင်ငံက ထုတ်လုပ်ခဲ့တဲ့ ကက်ဆက် တစ်မျိုးပါ။ music player ရဲ့ function တွေကို ကက်ဆက်မှာပါတဲ့ ခလုတ်ပုံစံလုပ်ထားပြီး အသံအတိုးချဲ့ ဘား၊ screen အလင်း အမှောင် control စတာတွေကို ခေတ်ဟောင်း ကက်ဆက်စတိုင်အဖြစ် စိတ်ကူးလှပစွာ ထည့်သွင်းထားပါတယ်။ ကိုယ့်စိတ်ကြိုက်သီချင်ေးတွကို Playlist အနေဖြင့် ထည့်ထားလို့ရပါတယ်။ အခုခေတ် ကလေးတွေ ကက်ဆက်ကို ကိုင်တောင် ကိုင်ဖူးတော့မယ် မထင်ဘူး။ ကျွန်တော်ကတော့ ကက်ဆက်ခေတ်ကို
ကောင်းကောင်း မှီခဲ့တယ်။ ကလိကြည့်ဗျာ။ ဒါမျိုး ခေတ်ဟောင်း စတိုင် App လေးတွေကို ကျွန်တော် အရမ်း သဘောကျတယ်။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, September 1, 2013

 
Photo: Floating Youtube Player

အခုနောက်ပိုင်း Android မှာ Floating App တွေ တော်တော်များများ
တွေ့လာရပါတယ်။ Floating App ဆိုတာကတော့ ကွန်ပျူတာမှာ ..
window များသုံးသလို ချုံ့ ၊ ချဲ့ လုပ်နိုင်တဲ့ Android App တွေဖြစ်ပါတယ်။
ချုံ့၊ချဲ့ လုပ်နိုင်လို့ multiwindow ပုံစံမျိုး အသုံးပြုလာနိုင်ပါတယ်။
Floating App တွေကို အသုံးပြုရင်း တစ်ခြား ကိစ္စများကိုလဲ လုပ်ဆောင်နိုင်လို့ အသုံးဝင်ပြီး လူကြိုက်များလာပါတယ်။ ကျွန်တော် Floating တွေ တွေ့တိုင်း အမြဲတင်ပေးလေ့ရှိပါတယ်။ Facebook Multiwindow , Super Player , Tiny Apps .. စတာတွေ တင်ပေးခဲ့ဖူးပါတယ်။ အခု Youtube Player ကို Floating အနေဖြင့် 
အသုံးပြုနိုင်မယ့် Floating Youtube Player လေးတွေ့လို့
တင်ပေးလိုက်ပါတယ်။ Youtube ကို ကိုယ့်စိတ်ကြိုက် window အရွယ်ချိန်ပြီး
ဖုန်း screen ပေါ်မှာ အဆင်ပြေတဲ့နေရာတစ်ခုခုမှာ ရွေ့ထားပြီး ကြည့်နိုင်ပါတယ်။

နည်းလမ်းနှစ်မျိုးပါဝင်ပါတယ်။ မူရင်း Youtube Player မှာ Share ကို နှိပ်ပြီး
Floating Youtube ကို ရွေးချယ်ပြီး ကြည့်နိုင်သလို .. Popup Player အနေဖြင့် တစ်ခါတည်း တန်းကြည့်နိုင်ပါတယ်။ Streaming လုပ်တာ မြန်တယ်ဗျာ။ လုံးဝ အလန်းလေးပါ။ သုံးကြည့်ပါ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox - https://www.dropbox.com/s/uezgkbo1eqprp64/Mr.AD%20-%20Floating%20Youtube%20Player.apk

copy - https://copy.com/BFugdfcvH74D

ပျော်ရွှင်ပါစေ။

Mr.ADFloating Youtube Player

အခုနောက်ပိုင်း Android မှာ Floating App တွေ တော်တော်များများ
တွေ့လာရပါတယ်။ Floating App ဆိုတာကတော့ ကွန်ပျူတာမှာ window များသုံးသလို ချုံ့ ၊ ချဲ့ လုပ်နိုင်တဲ့ Android App တွေဖြစ်ပါတယ်။ ချုံ့၊ချဲ့ လုပ်နိုင်လို့ multiwindow ပုံစံမျိုး အသုံးပြုလာနိုင်ပါတယ်။
Floating App တွေကို အသုံးပြုရင်း တစ်ခြား ကိစ္စများကိုလဲ လုပ်ဆောင်နိုင်လို့ အသုံးဝင်ပြီး လူကြိုက်များလာပါတယ်။ ကျွန်တော် Floating တွေ တွေ့တိုင်း အမြဲတင်ပေးလေ့ရှိပါတယ်။ Facebook Multiwindow , Super Player , Tiny Apps .. စတာတွေ တင်ပေးခဲ့ဖူးပါတယ်။ အခု Youtube Player ကို Floating အနေဖြင့် အသုံးပြုနိုင်မယ့် Floating Youtube Player လေးတွေ့လို့တင်ပေးလိုက်ပါတယ်။ Youtube ကို ကိုယ့်စိတ်ကြိုက် window အရွယ်ချိန်ပြီး ဖုန်း screen ပေါ်မှာ အဆင်ပြေတဲ့နေရာတစ်ခုခုမှာ ရွေ့ထားပြီး ကြည့်နိုင်ပါတယ်။

နည်းလမ်းနှစ်မျိုးပါဝင်ပါတယ်။ မူရင်း Youtube Player မှာ Share ကို နှိပ်ပြီး
Floating Youtube ကို ရွေးချယ်ပြီး ကြည့်နိုင်သလို .. Popup Player အနေဖြင့် တစ်ခါတည်း တန်းကြည့်နိုင်ပါတယ်။ Streaming လုပ်တာ မြန်တယ်ဗျာ။ လုံးဝ အလန်းလေးပါ။ သုံးကြည့်ပါ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Around Sound Pro

Earphone တပ်ပြီး သီချင်းအကျယ်ကြီးနားထောင်နေလို့ပတ်ဝန်းကျင်အသံတွေကို မကြားရမှာ စိုးရိမ်နေသူတွေအတွက် Around Sound ဆိုတဲ့ App က ပတ်ဝန်းကျင်မှာ အသံကျယ်ကျယ်တစ်ခု
ထွက်ပေါ်လာရင် သီချင်းသံကို ခဏ Pause လုပ်ပေးပါလိမ့်မယ်။
နားကြပ်နဲ့ သီချင်းနားထောင်တဲ့အခါ ကျွန်တော်တို့တွေ ပတ်ဝန်းကျင်အသံ ဘာကိုမှ မကြားရတော့ပါဘူး။ ဥပမာ မိဘများက ကိုယ့်ကို အော်ခေါ်တဲ့အခါ၊ ဘေးနားကိုတစ်ယောက်ယောက် စကားလာပြောတဲ့အခါ Around Sound ရဲ့ Sound Meter က ဆူညံသံများကို အမြဲနားစွင့်နေပါတယ်။
အသံတစ်ခုခုကြားတာနဲ့ သီချင်းသံကို ခဏ ရပ်ထားမှာဖြစ်ပါတယ်။
အသံမကြားရတော့ရင် သီချင်းသံကို ပြန်ဖွင့်ပေးပါမယ်။ ဒါကြောင့် သီချင်းနားထောင်နေရင်း ပတ်ဝန်းကျင်အသံ မကြားရမှာ စိုးရိမ်စရာမလိုတော့ဘူး။ စိတ်ချလက်ချ သီချင်းနားထောင်နိုင်တာပေါ့ဗျာ။

Around Sound app ကို ဖွင့်လိုက်တာနဲ့ Start ကို နှိပ်လိုက်ရင် စတင်အလုပ် လုပ်ပါပြီ။ အသံဆူညံမှု အာရုံခံ (Sound Meter) level ကိုလဲ setting ထဲမှာ ကိုယ့်စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ Sensitivity level များရင် အသံတိုးတိုးကြားတာနဲ့ သီချင်းရပ်သွားပါမယ်။ နောက်တစ်ခုက Around Sound ဖွင့်လိုက်တာနဲ့ တစ်ခြား App တစ်ခုပါ အတူတူပွင့်အောင် လုပ်နိုင်ပါတယ်။ ဥပမာ Around Sound ကို ဖွင့်လိုက်ရင် Music Player ကိုပါပွင့်အောင် လုပ်နိုင်ပါတယ်။ Setting ထဲတွင် Targe Media App နေရာမှာ ကိုယ်ဖွင့်လိုသော App ကို ရွေးပေးပြီး Auto Launch and Start ကို ON လိုက်ရင် ရပါပြီ။ အသုံးဝင်တဲ့ App လေးမို့ တင်ပေးလိုက်ပါတယ်။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

မှတ်ချက် - နားကြပ်တပ်ထားမှသာ Around Sound က အလုပ် လုပ်ပါတယ်။ နားကြပ်တပ်မထားရင် အလုပ်မလုပ်ပါဘူး။ နားကြပ်မှာပါတဲ့ mic ပေါက်ကို အသုံးပြုပြီး Sound Meter က အသံများကို အာရုံခံခြင်းဖြစ်ပါတယ်။

download - (1.5MB)

dropbox
 

copy

ပျော်ရွှင်ပါစေ။

Mr.AD

Thursday, August 15, 2013



EarSmart

earphone(နားကြပ်)ကြိုးထိုးပြီး သီချင်းနားထောင်တဲ့အခါ ..
သီချင်းဖွင့်ဖို့ music player ကို ရှာရပါသေးတယ်။
မော်ဒယ်မြင့်ဖုန်းတစ်ချို့မှာတော့ နားကြပ်ကြိုးထိုးလိုက်တာနဲ့ ..
music player အလိုလို ပွင့်ပါတယ်။ EarSmart က သင့်ဖုန်းကို
မော်ဒယ်မြင့်ဖုန်းတွေလို နားကြပ်ကြိုးထိုးလိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ ..
app ကို ပွင့်သွားအောင် လုပ်နိုင်ပါတယ်။ ကြိုက်တဲ့ app ကို ဖွင့်ရန် သတ်မှတ်ပေးလို့ရပါတယ်။ နောက်ပြီး Media Volume အတိုးအချဲ့ ကို ကြိုတင်သတ်မှတ်ပေးထားလို့ရပါတယ်။ ကြိုးထိုးလိုက်တာနဲ့ Volume က ဘော်ဒါ သတ်မှတ်ပေးထားတဲ့အတိုင်း auto ချိန်ပေးသွားပါမယ်။
နောက်ထပ် လန်းတာက နားကြပ်ကြိုး ထိုးလိုက်တာနဲ့ သီချင်းကို auto ဖွင့်ပေးပါတယ်။ auto play function ကိုတော့ Android 4.1 အထက် တစ်ချို့ဖုန်းများတွင် အဆင်ပြေချင်မှ ပြေပါမယ်။ ကျွန်တော် S3 (4.2.2) မှာ စမ်းကြည့်တာတော့ အဆင်ပြေတယ်ဗျ။ earphone အပြင် bluetooth headset အတွက်လဲ အသုံးပြုနိုင်ပါတယ်။ အတော်လေး အဆင်ပြေတဲ့ app လေးပါ။ သီချင်းနားထောင်ဖို့ earphone တပ်လိုက်တာနဲ့ player လဲပွင့်၊ သီချင်းလဲ ဖွင့်ပြီးသားဖြစ်သွားတယ်။ အလန်းလေးမို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Saturday, August 10, 2013



RealPlayer v1.1.3
ကျွန်တော့်ဘော်ဒါများ RealPlayer ဆိုတာနဲ့ အားလုံးသိကြမှာပါ။ ကွန်ပျူတာမှာသုံးတဲ့ နာမည်ကြီး Online & Offline Media Player တစ်ခုပါ။ RealPlayer ကို Android မှာလဲ အသုံးပြုနိုင်ပါတယ်။ Android မှာ Media အစုံဖွင့်နိုင်တဲ့ Player တွေက လက်ချိုးရေလို့ရပါတယ်။ Music , Video , Photo သုံးခုစလုံး Player တစ်ခုတည်းနဲ့ ဖွင့်နိုင်တာမျိုး ရှားပါတယ်။ RealPlayer ကတော့ ဘက်စုံသုံးနိုင်တဲ့ Media Player အမိုက်စားလေးပါ။ Online Player အနေနဲ့လဲ အသုံးပြုနိုင်တာမို့ Facebook က Video များကို RealPlayer နဲ့ Downlod ဆွဲနိုင်ပါတယ်။ Web Video များလဲ download ဆွဲနိုင်တယ်။ Play Back (or) Download ပါဝင်လို့ All in one ဒီဇိုင်းလေးဖြစ်ပြီး လန်းပါတယ်။ UI လှပပြီး Player တစ်ခုတွင် ပါဝင်ရမယ့် အင်္ဂါရပ်တွေလဲ အစုံလင် ပါဝင်တယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (12MB)

dropbox
 

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Friday, August 2, 2013



*** ဓါတ်ပုံရိုက်ရင်း အသံပါသွင်းနိုင်တဲ့ CamVoice ***

Samsung S4 တွေမှာပါတဲ့ ဓါတ်ပုံရိုက်ရင်း အသံကိုပါ Record လုပ်နိုင်သလိုမျိုး အသုံးပြုနိုင်ပါတယ်။ Voice Recorder နဲ့ Camera နှစ်ခုပေါင်းပြီး ဖန်တီးထားပါတယ်။
ဓါတ်ပုံတွေရိုက်တဲ့အခါ ဘယ်နေရာမှာ၊ ဘယ်သူနဲ့ .. စသဖြင့် အမှတ်တရတွေကို အသံနဲ့ပါတစ်ခါတည်း တွဲပြီး မှတ်သားနိုင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးတာနဲ့ အသံကို Record တစ်ခါတည်းလုပ်နိုင်ပါတယ်။ ရိုက်ကူးပြီးသား ဓါတ်ပုံများကို CamVoice ရဲ့ Gallery ထဲမှာ အသံနဲ့တကွ ..
ပြန်လည်ကြည့်ရှု နားဆင်နိုင်မှာဖြစ်ပါတယ်။ မော်ဒယ်မြင့်ဖုန်းတွေမှာသာပါဝင်တဲ့ function အလန်းစားလေးကို မိမိဖုန်းမှာ သုံးနိုင်သွားပါပြီ

Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, July 31, 2013



Vintage 8mm Video Camera

အသစ်ထွက်လာတဲ့ Video Camera App လေးပါ။ စိတ်ကူးလေးက
လန်းတယ်။ မြန်မာ MTV တွေမှာ အခုနောက်ပိုင်းတော်တော်များများ
Vintage Effect တွေ သုံးလာကြပါတယ်။ အတွေးပုံရိပ်ကို ပုံဖော်တဲ့အခါ ဝေေ၀၀ါးဝါး ဒီဇိုင်းလေးတွေနဲ့

ရိုက်ကူးကြပါတယ်။ ရှေးတုန်းက
Video တွေလိုလို ဖြစ်အောင်လဲ ဖန်တီးနိုင်ပါတယ်။ Audio တော့ မပါဘူး။ Vintage Effect (၅)မျိုး ပါဝင်ပါတယ်။ ဓါတ်ပုံအနေနဲ့လဲ ရိုက်ကူးနိုင်ပါတယ်။ ရိုက်ကူးပြီးသား Video & Photo များကို SD Card အောက်က ..Vantage 8mm ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။ အလန်းလေးပါ။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 28, 2013


Music Off

ဒါလေးကတော့ သီချင်းနားထောင်ပြီး အိပ်တတ်သူတွေအတွက်
သီချင်းကို Timer ပေးပြီး ပိတ်လို့ရမယ့် app လေးဖြစ်ပါတယ်။
Music Player တော်တော်များများနဲ့ အဆင်ပြေပါတယ်။
Timer off နဲ့ auto music off ဆိုပြီး နှစ်မျိုးပါတယ်။
Timer ပေးလိုက်တဲ့အခါ Timer ပြည့်သွားတာနဲ့ သီချင်းသံက
တဖြည်းဖြည်းချင်း တိုးသွားပြီး နောက်ဆုံး ပိတ်သွားပါမယ်။ music volume ကို ပိတ်ပြီးတာနဲ့ media volume ကို နဂိုအတိုင်းပြန်ချိန်ပေးသွားပါတယ်။ ဒါလေးလဲ အသုံးဝင်တာလေးမို့ တင်ပေးလိုက်တယ်။ ကျွန်တော်လဲ တစ်ခါတစ်လေ စိတ်ပင်ပန်းရင် သီချင်းဖွင့်ထားပြီး အိပ်တတ်တော့ ဒီ app လေးနဲ့ အိုကေပါပဲ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

copy
 

box
 

mega
 

ပျော်ရွှင်ပါစေ။

Mr.AD


Brand Phones Ringtones

နာမည်ကြီး Phone အမျိုးစားများစွာရဲ့ မူပိုင် Ringtones , Alarm tones,
Notification tones တွေကို ရယူနိုင်မယ့် app အလန်းစားလေးဖြစ်ပါတယ်။
internet connection တော့ လိုအပ်ပါတယ်။ မိမိ နှစ်သက်ရာ Brand ကို ရွေးချယ်ပြီး Tones များကို ရယူနိုင်ပါတယ်။ ရယူနိုင်တဲ့ Phone Brand တွေက အများကြီးပဲဗျာ။ ဘာတွေပါလဲဆိုတော့ Iphone , Samsung , Nokia , HTC , Motorola , Sony , LG , Google , Huawei .. စတာတွေ ပါဝင်တယ်။ Brand တစ်ခုချင်းဆီကို Model အလိုက် အများကြီး ထပ်ရှာပြီး အသံတွေကို ယူနိုင်သေးတယ်ဗျာ။ S4 , Iphone 5 , Xperia Z တွေ အထိ .နောက်ဆုံးထွက် Phone Model တွေအထိ ရယူနိုင်လို့ သဘောကျမိပါတယ်။ Ringtones တွေကို အချိန်ပေးပြီး စုစည်းထားပေးတဲ့ App ဖန်တီးရှင်ကိုလဲ ကျေးဇူးတင်မိပါတယ်။ Google Play မှာ Free ပေးထားတဲ့ app လေးပါ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

copy

box

mega

ပျော်ရွှင်ပါစေ။

Mr.AD

Monday, July 22, 2013


Pocket Skip Track

သီချင်းဖွင့်ထားပြီး Screen Off လုပ်ထားတဲ့အချိန် Screen On စရာမလိုပဲ Volume ခလုတ်တွေကို နှိပ်ပြီး သီချင်း အပုဒ်ကျော်နိုင်မယ့် app လေးဖြစ်ပါတယ်။ အရင်လို သီချင်း အပုဒ်ကျော်ချင်တဲ့အခါ screen on ပြီး ပြောင်းစရာ မလိုတော့ဘူးပေါ့။ အလွယ်သုံးနိုင်အောင် ဖန်တီးပေးထားလို့တင်ပေးလိုက်ပါတယ်။ Pocket Skip Track ကို install လုပ်ပြီးရင် Service ဆိုတာကို on ပေးလိုက်ရင် အသုံးပြုလို့ရပါပြီ။ သီချင်းဖွင့်ပါ။
Screen Off လုပ်ပါ။ Volume + ခလုတ်ကို ကြာကြာဖိရင် နောက်တစ်ပုဒ်၊ Volume - ကို ဖိလိုက်ရင် ရှေ့အပုဒ် ကျော်သွားပေးပါမယ်။ Plugin headphone function ကို အမှန်ခြစ် လုပ်ထားပေးရင် နားကြပ်ထိုးလိုက်တဲ့အခါ သီချင်း အလိုလို ဖွင့်ပေးပါမယ်။ နားကြပ်ဖြုတ်လိုက်ရင် သီချင်းကို Pause လုပ်ပေးထားပါမယ်။ Widget နှစ်ခုလဲ ပါဝင်ပါတယ်။ home screen ပေါ်တွင် တင်ထားပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

ဖုန်းအမျိုးစားအားလုံးနဲ့တော့ အဆင်ပြေချင်မှ ပြေပါမယ်။

download -

copy

mega

box

ပျော်ရွှင်ပါစေ။


Mr.AD

Sunday, July 21, 2013


Movies Now Hollywood

အသစ်ထွက် ဇာတ်ကားများ နှင့် ထွက်ပြီးသား ဇာတ်ကားဟောင်းများကို
အများကြီး ရှာဖွေကြည့်ရှုနိုင်တဲ့ movie tube app တစ်ခုဖြစ်ပါတယ်။
အင်္ဂလိပ်ဇာတ်ကားများ အဓိကထားပြီး တင်ပေးထားပါတယ်။
ဇာတ်ကားတွေကို အမျိုးစားအလိုက် ခွဲခြားပြီး ရှာဖွေနိုင်ပါတယ်။
movie ၀ါသနာအိုးတွေအတွက် movie ရတနာသိုက်ကြီးတစ်ခုပါ။ connection ကောင်းရင် ကောင်းသလို ကြည့်ရတာ အဆင်ပြေပါတယ်။ HD movie တွေလဲ တင်ပေးထားတာမို့ ရုပ်ထွက်ကြည်လင်စွာ ခံစားနိုင်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

dropbox

1mobile

ပျော်ရွှင်ပါစေ

Mr.AD


FVD - Free Video Downloader

FVD free video downloader ဟာ Browser နဲ့ downloader ပေါင်းစပ်ထားပါတယ်။ အဲ့ဒီအတွက် Browser သီးသန့် အသုံးပြုနေစရာမလိုတော့ပါဘူး။ ကြည့်ချင်တဲ့ video websiteကိုဖွင့်လိုက်ပါ။
video ပေါ် တစ်ချက်နှိပ်လိုက်တာနဲ့ download လုပ်မလား တစ်ခါတည်း မေးပါမယ်။ အလွယ်တကူ ဒေါင်းလိုက်ရုံပါပဲ။ download ဆွဲထားတဲ့ video တွေကို SD card အောက်မှာ သိမ်းပေးပါလိမ့်မယ်။ ကျွန်တော်စမ်းကြည့်တာတော့ မြန်လည်းမြန်ပြီး site တော်တော်များများကိုလည်း အသုံးပြုလို့ရတာ တွေ့ရပါတယ်။ တကယ်လန်းပါတယ်။ website ပေါ်က video တွေကို ဒေါင်းဖို့ အခက်ခဲဖြစ်နေသူများ စမ်းသုံးကြည့်ပါ။ Android 2.1 နှင့် အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

dropbox
 

1mobile

Tips - Youtube မှ video တွေကိုတော့ download မဆွဲပေးဘူး။ ဘာလို့လဲဆိုတာ့ Youtube ရဲ့ copyright law ကို Permit မလုပ်ပေးတာမို့ပါ။ တစ်ခြားဆိုက်ဒ် တော်တော်များများမှာတော့ အဆင်ပြေပါတယ်။ မြန်လဲမြန်တယ်ဗျ။ စမ်းကြည့်လိုက်ပါ။

ပျော်ရွှင်ပါစေ

Mr.AD

Myanmar eRadio

ရေလည်လန်းပါတယ်။ မြန်မာ online radio တစ်ခုပါ။internet ချိတ်ဆက်ပြီး နားထောင်ရမှာ ဖြစ်ပါတယ်။
ဘာတွေ နားထောင်နိုင်လဲဆိုတော့ ...
Mandalay FM
Voice of America (VOA)
Radio Free Asia (RFA)
ABC Australia
BBC News (morning)
BBC News (evening) , NHK World Radio တို့ဖြစ်ပါတယ်။ VOA , BBC , RFA လိုင်းတွေ ပါနေတာ သဘောကျစရာပါပဲ။ နောက်ဆိုရင် ရေဒီယိုကြီးနဲ့ လိုင်းရှာနေစရာမလိုတော့ပါဘူး။
internet ချိတ်ပြီး အလွယ်တကူ နားဆင်လို့ရပါပြီ။ အဆင်ပြေပဲဗျ။
ဒီ app ကို ဖန်တီးခဲ့တဲ့ JS Media ကိုလဲ ကျေးဇူးတင်ပါတယ်။

download -

box
 

zippyshare

PlayStore မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Guitaroid

Guitaroid ကတော့ ပြီးပြည့်စုံတဲ့ Guitar app တစ်ခုလို့တောင် ညွှန်းချင်ပါတယ်။ ဂစ်တာတီးတတ်သူကော ၊ ဂစ်တာ တီး သင်နေတဲ့ သူတွေအတွက်ပါ အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ ပါဝင်တဲ့ ..
function တွေကတော့ တကယ်အသုံးဝင်ပြီး အတော်ကောင်းပါတယ်။ကျွန်တော် နည်းနည်း ရှင်းပြပါမယ်။

Metronome ဆိုတာကတော့ band တစ်ခု မတီးခတ်ခင်မှာ စည်းချက်ရိုက် အချက်ပြတဲ့အခါ တီးလေ့ရှိတဲ့ အသံတွေကို ဆိုလိုပါတယ်။ Metronome အသံမျိုးစုံ ထည့်သွင်းပေးထားပါတယ်။ ဒါလဲ လန်းပါတယ်။

Rhythm Guide မှာတာ့ Drum အသံတွေကို ထည့်သွင်းပေးထားပါတယ်။ ဂီတအမျိုးစားပေါ်မူတည်ပြီး Rock , Pop , Jazz , Funk စသဖြင့် တီးခတ်မှုတွေကို လေ့လာမှတ်သားလို့ရပါတယ်။ Tempo ကိုလည်း လိုအပ်သလို ချိန်ညှိနိုင်ပါသေးတယ်။

Virtual Guitar ကတော့ ဂစ်တာ တီးခတ်နိုင်ပါတယ်။ Chord တွေကို စိတ်ကြိုက် စီစဉ်ပေးထားပြီး တစ်ချက်နှိပ်ကာ အလွယ်တကူ Chord အကူးပြောင်းကို လုပ်နိုင်မှာဖြစ်ပါတယ်။ လိုချင်တဲ့ Chord ကိုလည်း ထည့်သွင်း တီးခတ်နိုင်မှာ ဖြစ်ပါတယ်။

Song Play ကတော့ သီချင်းတစ်ချို့ကို ဂစ်တာနဲ့ လိုက်တီးနိုင်အောင် သူ့ဘာသာသူ စီစဉ်ပေးထားပါတယ်။ အလွယ်တကူ လိုက်တီးရုံပါပဲ။ ပြထားပေးတဲ့အတိုင်း အစီစဉ်လိုက် တီးခတ်သွားရတာ အတော်မိုက်တယ်။

Ear Test ကတော့ သင်ကြားမှုအပိုင်းလို့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ Chord တစ်ခုရဲ့ အသံထွက်ကို သင်ကြားပေးပါတယ်။ ထွက်လာတဲ့ အသံက ဘယ် Chord ရဲ့ အသံလဲဆိုတာ မှတ်သားရပါမယ်။
Earing ကောင်းဖို့ လေ့ကျင့်ပေးတဲ့အတိုင်းပါပဲ။

Chord Book ကတော့ Chord အမျိုးစား နဲ့ အသံထွက်တွေကို လေ့လာနိုင်ပါတယ်။ Chord တွေ စုံလင်စွာ ပါရှိတာကြောင့် ဂစ်တာတီး သင်နေတဲ့သူတွေအတွက် အရမ်း အသုံးဝင်ပါတယ်။

ကဲ .. မမိုက်ပေဘူးလား။ ဂစ်တာတီး ၀ါသနာပါသူတွေအနေနဲ့ မရှိမဖြစ် ထည့်ထားသင့်တဲ့ app လေးတစ်ခုပါ။ ဒေါင်းလိုက်ကြဦး ဘော်ဒါတို့ :)

Android 2.2 နှင့်အထက် ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

download - (3MB)

box
 

zippyshare

Google Play Store တွင်လဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, July 17, 2013



Music Player

နာမည်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ app design ကိုတော့ window 8 ပုံစံလို ဖန်တီးထားတာ တွေ့ရပါတယ်။ ထူးခြားမှုကတော့ သီချင်းသံကို မူလထက် ပိုကျယ်သွားအောင် လုပ်ပေးတာပါပဲ။သူ့မှာပါတဲ့ Equalizer function က တော်တော်လန်းပါတယ်။
ဖုန်းစပီကာ အသံတိုးလို့ စိတ်ညစ်နေတဲ့သူတွေ အကြိုက်ပါ။ Equalizer ကို enabled လုပ်ပြီးရင် အောက်က ဘားတွေမှာ ..
အတိုးအချဲ့ ဆွဲလိုက်တာနဲ့ မူလ စပီကာအသံဟာ သိသိသာသာ ကျယ်လာပါတယ်။ အဲ့ဒီ function ကတော့ စွဲမက်စရာပါပဲ။ ဖုန်းစပီကာ အသံတိုးနေလို့ စိတ်ညစ်နေရင် စမ်းကြည့်လိုက်ပါ။
မူလထက် သိသိသာသာ ပိုကျယ်သွားပါလိမ့်မယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

box
 

zippyshare
 

Google Play Store တွင်လဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Myanmar Radios

မြန်မာ ရေဒီယို FM လိုင်းများ ဖမ်းယူနားဆင်နိုင်တဲ့ app ဖြစ်ပါတယ်။
အင်တာနက်ချိတ်ပြီး နားဆင်ရမှာပါ။ FM လိုင်း(၄)လိုင်း ပါဝင်ပါတယ်။
ဖုန်းမှာ built in FM radio app မပါတဲ့သူတွေ အတွက် online ကနေ FM လိုင်းများ အလွယ်တကူ နားဆင်လို့ရပါတယ်။ app ဖန်တီးတဲ့ Developer ကတော့ Myanmar Digital ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာတွေရဲ့ app အလန်းလေးတွေကို အတတ်နိုင်ဆုံး ရှာဖွေပြီး တင်ဆက်ပေးဦးမယ်ဗျာ။ မြန်မာကွ !!

download -
 

box
 

dropbox
 

zippyshare

Google Play မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

VideoDownloader for Facebook

facebook ပေါ်က video တွေကို download ဆွဲပေးမယ့် app ပါ။
facebook မှာ Like ထားတဲ့ Page တွေကနေ တင်သမျှ video တွေ၊
news feed မှာ သူငယ်ချင်းတွေ တင်ထားတဲ့ video တွေ စတဲ့ ..
facebook မှာ တင်ထားတဲ့ video တွေကို ရှာဖွေပေးနိုင်ပါတယ်။
ရှာလို့တွေ့ရင် နာမည်နှင့်တကွ အစဉ်လိုက် ကျလာပါမယ်။
ဖုန်းအမျိုးစားပေါ်မူတည်ပြီး တစ်ချို့ဖုန်းမှာ video ကို တိုက်ရိုက် ..
ကြည့်ရှုနိုင်ပါတယ်။ တစ်ချို့ဖုန်းမှာတော့ ကြည့်လို့အဆင်မပြေဘူး။
ဒါပေမဲ့ ဘယ်လိုဖုန်းပဲဖြစ်ဖြစ် video ကို download ဆွဲနိုင်ပါတယ်။
အသုံးပြုရတာလဲ လွယ်ပါတယ်။ အရင်ဆုံး fb account နဲ့ log in ၀င်ပါ။
ပြီးရင် ကိုယ့် account နဲ့ပက်သက်တဲ့ News Feed , Friends , Pages , Groups မှာ တင်ထားတဲ့ video မှန်သမျှကို ရှာဖွေပြီး download ဆွဲနိုင်မှာဖြစ်ပါတယ်။ download ဆွဲပြီးသား video တွေကို SD Card အောက်က Movies ဆိုတဲ့ folder ထဲမှာfacebook ဆိုတဲ့ နာမည်နဲ့
save ပေးပါလိမ့်မယ်။ မိုက်တယ်နော် :)

Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်ဗျာ။

download - (1MB)
 

box

dropbox

hostr


ပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!