Mafon (သို့) Android ကက်ဆက်လေး
ဒီ App လေးကို ရှာတွေ့ခဲ့တာ အရမ်းပျော်ပါတယ်။ တကယ့်ကို ကျွန်တော်တို့ငယ်ငယ်တုန်းက ဖွင့်ခဲ့တဲ့ ကက်ဆက်တိတ်ခွေ Player ပုံစံမျိုး အသေးစိတ် ဖန်တီးထားတဲ့ Music Player အလန်းလေးပါ။ Mafon ဟာ တစ်ချိန်က ဆိုဗီယက်နိုင်ငံက ထုတ်လုပ်ခဲ့တဲ့ ကက်ဆက် တစ်မျိုးပါ။ music player ရဲ့ function တွေကို ကက်ဆက်မှာပါတဲ့ ခလုတ်ပုံစံလုပ်ထားပြီး အသံအတိုးချဲ့ ဘား၊ screen အလင်း အမှောင် control စတာတွေကို ခေတ်ဟောင်း ကက်ဆက်စတိုင်အဖြစ် စိတ်ကူးလှပစွာ ထည့်သွင်းထားပါတယ်။ ကိုယ့်စိတ်ကြိုက်သီချင်ေးတွကို Playlist အနေဖြင့် ထည့်ထားလို့ရပါတယ်။ အခုခေတ် ကလေးတွေ ကက်ဆက်ကို ကိုင်တောင် ကိုင်ဖူးတော့မယ် မထင်ဘူး။ ကျွန်တော်ကတော့ ကက်ဆက်ခေတ်ကို
ကောင်းကောင်း မှီခဲ့တယ်။ ကလိကြည့်ဗျာ။ ဒါမျိုး ခေတ်ဟောင်း စတိုင် App လေးတွေကို ကျွန်တော် အရမ်း သဘောကျတယ်။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။
download - (5MB)
dropbox
copy
ပျော်ရွှင်ပါစေ။
Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :)

0 comments:
Post a Comment
Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD