Showing posts with label မြန်မာမှု App လေးများ. Show all posts
Showing posts with label မြန်မာမှု App လေးများ. Show all posts

Friday, October 25, 2013

သီတင်းကျွတ် အမှတ်တရ App လေးများ (၅)

*** သီတင်းကျွတ်သံစဉ်များ ***

သီတင်းကျွတ်လပြည့်နေ့မှာ ဘယ်မှလျောက်မလည်ဖြစ်ပဲ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေတဲ့ ဘော်ဒါများ နဲ့ ပြည်ပ ရောက် ရွှေမြန်မာများအတွက် သီတင်းကျွတ်လပြည့်နေ့မှာ နားကြပ်တပ် မျက်လုံးမှိတ်ပြီး စိတ်ကူးထဲမှာ သီတင်းကျွတ်ပွဲတော်ကို ကျင်းပနိုင်ဖို့အတွက် သီတင်းကျွတ်သံစဉ်များဆိုတဲ့ app လေးကို တင်ပေးလိုက်ပါတယ်။ မြန်မာဆန်သွားအောင် မြန်မာလိုလေး ပြန်ကလိထားပါတယ်။ ဒီ app လေးနဲ့အတူ ဘော်ဒါအားလုံး သီတင်းကျွတ်ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။
သီတင်းကျွတ်သံစဉ်များတွင် မီးရှူးမီးပန်းသံများ၊ ဗျောက်အိုးသံများ ပါရှိပါတယ်။ သဘောကျတဲ့ သံစဉ်များကိုလဲ Ringtone , noti , alarm သံများအဖြစ် ပြောင်းလဲနိုင်ပါတယ်။
အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

download - (8MB)

dropbox
 
copy

သီတင်းကျွတ် feeling ကို အားလုံး ခံစားနိုင်ကြပါစေ။

Mr.AD (www.facebook.com/happyandroidworld)
သီတင်းကျွတ် အမှတ်တရ App လေးများ (၄)

*** ရှယ်ဓာတ်မီး ***


ဒီ app လေးကတော့ ကျွန်တော် ဟိုးအရင်တုန်းက တင်ပေးခဲ့ဖူးပါတယ်။
Fun Torch ဆိုတဲ့ app လေးပါ။ အဲ့တုန်းက Page က လူသိမများသေးတော့ တစ်ချို့တွေ သိကြမယ်မထင်လို့ .. အခု သီတင်းကျွတ် အမှတ်တရလေးအဖြစ် ထပ်ပြီး တင်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ မြန်မာလိုလေး ရေးပေးပြီး ကလိထားပါတယ်။ ဓာတ်မီး app တွေထဲမှာ fancy အကျဆုံးလို့ ပြောလို့ရပါတယ်။ ဓာတ်မီးပုံစံ မျိုးစုံ ပါဝင်ပြီး အရမ်းလှတဲ့ ချစ်စရာ app လေးပါ။ မီးသီး မီးဆိုင်းများ၊ မီးချောင်း အလန်းစားများ ပါဝင်တဲ့အတွက် သီတင်းကျွတ်မှာ ဘော်ဒါတွေ အချင်းချင်း အချက်ပြနှုတ်ဆက်တာပဲဖြစ်ဖြစ် .. ပျော်ရွှင်လို့ ဖုန်းတွေ ဝှေ့ယမ်းတဲ့အခါပဲဖြစ်ဖြစ် အသုံးဝင်မှာ သေချာပါတယ်။ စမ်းကြည့်ကြဗျာ။ အားလုံး သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

download - (3MB)

dropbox

copy

ပျော်ရွှင်ပါစေဗျာ။

Mr.AD

Tuesday, October 8, 2013

သီတင်းကျွတ် အမှတ်တရ App လေးများ (၃)

*** မီးပုံးလေးများ ***

သီတင်းကျွတ်မှာ Android တွေကို မီးပုံးပျံလေးတွေနဲ့ အလှဆင်နိုင်ဖို့
မီးပုံးလေးများ ဆိုတဲ့ live wallpaper လေးကို လက်ဆောင်ပေးလိုက်ပါတယ်။
မီးပုံးလေးတွေ လွင့်တင်တာကို သဘောကျလို့ ဒီ App လေးကိုရှာခဲ့တယ်။
မီးပုံးပုံစံ (၃)မျိုးပါရှိပါတယ်။ နောက်ခံ ကောင်းကင်ပုံကိုလဲ
ပြောင်းလဲနိုင်တယ်။ 3D ဖြစ်လို့ မီးပုံးပျံများ ကောင်းကင်ပေါ် ပျံတက်သွားပုံမှာ အတော်လေး အသက်ဝင်ပါတယ်။ မှန်ပြင်ကို ထိပြီးလဲ ..
ကလိလို့ရပါသေးတယ်။ မြန်မာလိုလေး ပြန်ကလိပေးထားပါတယ်။
အားလုံး သဘောကျ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဘော်ဒါတွေ အချင်းချင်း ဒီ app လေးကို လက်ဆင့်ကမ်း လက်ဆောင်ပေးခြင်းဖြင့် ..
သီတင်းကျွတ် အချိန်ခါကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြစို့လားဗျာ

download - (2MB)

copy

http://d-h.st/0Ab

ပျော်ရွှင်ပါစေ။

Mr.AD

Photo: သီတင်းကျွတ် အမှတ်တရ App လေးများ (၃)

*** မီးပုံးလေးများ ***

သီတင်းကျွတ်မှာ Android တွေကို မီးပုံးပျံလေးတွေနဲ့ အလှဆင်နိုင်ဖို့
မီးပုံးလေးများ ဆိုတဲ့ live wallpaper လေးကို လက်ဆောင်ပေးလိုက်ပါတယ်။
မီးပုံးလေးတွေ လွင့်တင်တာကို သဘောကျလို့ ဒီ App လေးကိုရှာခဲ့တယ်။
မီးပုံးပုံစံ (၃)မျိုးပါရှိပါတယ်။ နောက်ခံ ကောင်းကင်ပုံကိုလဲ
ပြောင်းလဲနိုင်တယ်။ 3D ဖြစ်လို့ မီးပုံးပျံများ ကောင်းကင်ပေါ် ပျံတက်သွားပုံမှာ အတော်လေး အသက်ဝင်ပါတယ်။ မှန်ပြင်ကို ထိပြီးလဲ ..
ကလိလို့ရပါသေးတယ်။ မြန်မာလိုလေး ပြန်ကလိပေးထားပါတယ်။ 
အားလုံး သဘောကျ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဘော်ဒါတွေ အချင်းချင်း ဒီ app လေးကို လက်ဆင့်ကမ်း လက်ဆောင်ပေးခြင်းဖြင့် ..
သီတင်းကျွတ် အချိန်ခါကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြစို့လားဗျာ :)

download - (2MB)

copy - https://copy.com/3T3PKFScCP4A

http://d-h.st/0Ab

ပျော်ရွှင်ပါစေ။

Mr.AD

( ကျွန်တော့် dropbox account တွေ တော်တော်များများ traffic ဖြစ်နေပါလို့ တစ်ခြား link တွေကနေ တင်ပေးလိုက်ပါတယ် )
*** အသံမျက်လှည့် ***

အလန်းစားလေးတစ်ခု Happy Android World ကနေ ပျော်ရွှင်စွာ တင်ဆက်လိုက်ပြန်ပါပြီ။

သီတင်းကျွတ်မှာ ကျွန်တော် ဘော်ဒါတွေကို မျက်လှည့်ပြလိုက်ပါတယ်။

အရင်ဆုံး နားကြပ်တပ်ပါ။

Volume သံကို အကျယ်ဆုံးတင်ထားပါ။

ပြီးရင် အသံမျက်လှည့်ထဲမှ Virtual Barber ဆိုတာကို အရင်ဆုံးဖွင့်လိုက်ပါ။

ဖွင့်ပြီးတာနဲ့ မျက်လုံးကို မှတ်ထားပြီး အသံကိုပဲ အာရုံစိုက် နားထောင်နေလိုက်ပါ။

အဲ့ဒီနောက်မှာတော့ အံ့သြမှုတွေ ဆက်တိုက် ဘော်ဒါ ကြုံရပါလိမ့်မယ်။ ညပိုင်း ပတ်ဝန်းကျင် တိတ်ဆိတ်တဲ့အချိန်မှာ အသံမျက်လှည့်ကို အသုံးပြုစေချင်ပါတယ်။

ဒီလောက်ပဲ ညွှန်းတော့မယ်။ ရေရေလည်လည် လန်းလွန်းလို့ ဘယ်လိုညွှန်းရမှန်းတောင် မသိတော့ဘူး။ ထူးခြားဆန်းသစ်တဲ့ App လေးတစ်ခုမို့ လက်မလွတ်တမ်း စမ်းကြည့်ပေတော့။ App လေးကို
ကျွန်တော် မြန်မာလို ပြောင်းပေးထားပါတယ်။

ထပ်ပြောမယ်နော် နားကြပ်တပ်ပြီး မျက်စိမှိတ်ကာ နားထောင်ပါ

မျက်လှည့်ကြည့်ပြီးသွားလို့ သဘောကျရင် လက်ခုပ်သံတွေနဲ့ အားပေးပေါ့ဗျာ။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်တယ်

download - (18MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
သီတင်းကျွတ်အမှတ်တရ App လေးများ (၂)

ဗျောက်အိုး !! (Firecrackers Pro)


ယခုဆိုရင် မြို့ရွာကျေးနယ် တော်တော်များများမှာ ဗျောက်အိုးဖောက်သံတွေ ကြားနေရပြီထင်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့မှာလဲ ရပ်ကွက်အလိုက် ဗျောက်အိုးသံတွေ တညံညံနဲ့ ထွက်ပေါ်စ ပြုနေပါပြီ။
ဗျောက်အိုးဖောက်တာကို ကျွန်တော်ကတော့ သက်သက်မဲ့ ငွေကို မီးရှို့တယ်လို့ပဲမြင်တယ်။ ဈေးကြီးတယ်လေ။ မီးပူလဲ လောင်နိုင်တယ်။
ဒါပေမဲ့ ဗျောက်အိုးဖောက်ခြင်းဟာ သီတင်းကျွတ်လရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေပြီ။ ဒီတော့ဗျာ ငွေမကုန်၊ မီးပူမလောင်ပဲ ပျော်စရာကောင်းတဲ့
ဗျောက်အိုး (Firecrackers ) app လေးကို သတင်းကျွတ်အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။

အတော်လန်းတဲ့ App လေးပါ။ ဗျောက် သေးသေးလေးတွေကနေ အကြီးကြီးတွေအထိပါရှိပါတယ်။ တကယ့်ကို အပြင်က ဗျောက်အိုး ပုံစံတွေနဲ့တူအောင် ဖန်တီးထားပါတယ်။
စနက်တံ မီးလောင်သွားပုံကအစ၊ အသံ creation တွေလဲ တော်တော် လန်းပါတယ်။ ဒီ App လေးကို ရှာတွေ့ခဲ့တာ ကြာပါပြီ။ သီတင်းကျွတ်ကျမှ ပေးမယ်လို့ဆုံးဖြတ်ထားတာ။
အခု သီတင်းကျွတ်ရောက်ပြီဆိုတော့ ဘော်ဒါတွေဆီ ပို့ပေးလိုက်ပါပြီ။
ဖုန်းစပီကာနဲ့တော့ ဗျောက်အိုးသံတွေက မကျယ်ပါဘူး။ အပြင် စပီကာ အကြီးကြီးတွေနဲ့တွဲပြီး ဖောက်လိုက်လို့ကတော့ ရှယ်ပဲပေါ့။ ပိုက်ဆံလဲ မကုန်၊ ဗျောက်အိုးအစုံလဲ ကလိလို့ရတယ်။ Pro version လေးဆိုတော့
ဗျောက်အိုးတွေ အစုံပါတယ်။ သူငယ်ချင်းတွေကို စနောက်လို့လဲရအောင် Lock screen တစ်ခုလဲပါရှိပါတယ်။ Lock screen က အတုပါ။ အချိန်တန်ရင် ဗျောက်အိုးတစ်ချောင်းကျလာပြီးပေါက်ကွဲပါလိမ့်မယ်။
ကဲ ကလိကြပေတော့။ Android 2.2 နှင့်အထက်တွင်အသုံးပြုနိုင်ပါတယ်။

download - (26MB)

dropbox
 
Copy

ပျော်ရွှင်ပါစေ။

Mr.AD
သီတင်းကျွတ်အမှတ်တရ App လေးများ (၁)

မြတ်ဗုဒ္ဓ Live Wallpaper


သီတင်းကျွတ်အတွက် ကျွန်တော် အမှတ်တရလေးဖြစ်အောင် စီစဉ်ထားတဲ့ App တွေထဲမှ ပထမဆုံး မြတ်ဗုဒ္ဓ ဆိုတဲ့ Live Wallpaper လေးကို တင်ပေး
လိုက်ပါတယ်။ ကျွန်တော် မြန်မာမှုပြုထားတဲ့ App လေးပါ။
ဘော်ဒါတွေအတွက် ကျွန်တော့်ရဲ့ ဓမ္မဒါနတစ်ခုလို့ မှတ်ယူပါတယ်။
ဒီ Live Wallpaper လေးကို တွေ့တွေ့ချင်း သဘောကျ ကြည်ညိုသွားမိပါတယ်။ တည်ငြိမ်အေးချမ်းလှတဲ့ ဗုဒ္ဓရဲ့ သွင်ပြင်လက္ခဏာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Effect အနေနဲ့က
ညောင်ရွက်ကလေးများ ကျလာပါတယ်။ လက်နဲ့ထိလိုက်ရင် ဖြေးညှင်း ညင်သာစွာ လွင့်စင်သွားပါတယ်။ ပုံတော်များမှာ HD ဖြစ်လို့ ထင်ရှားပြတ်သားပါတယ်။ ဒီ app လေးကို လက်ဆင့်ကမ်းပေးခြင်းဖြင့် ..
ဘော်ဒါများလဲ ကျွန်တော်နဲ့အတူ ကုသိုလ်ပြုနိုင်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox

copy

သီတင်းကျွတ်မှာ ဘော်ဒါအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!