Showing posts with label သတင်းများ ( News & Informations ). Show all posts
Showing posts with label သတင်းများ ( News & Informations ). Show all posts

Friday, October 25, 2013

*** သြော် .. ဂလိုတွေ ရှိတယ်တဲ့ဗျာ ***

Mr.AD စုစည်း တင်ဆက်သည်။
(www.facebook.com/happyandroidworld)

ကွန်ပျူတာအသုံးပြုသူတွေက တစ်မိနစ်မှာ မျက်တောင်(၇)ကြိမ်လောက်ပဲ ခတ်လေ့ရှိတယ်။ ပုံမှန်လူတွေဆို အနည်းဆုံး အကြိမ်(၂၀)လောက် မျက်တောင်ခတ်လေ့ရှိသတဲ့ဗျာ။ ( မှန်းစမ်း .. ဟုတ်သလားမသိဘူး .. သေချာ ရေတွက်ကြည့်ရမယ် )

ပထမဆုံး ကွန်ပျူတာသုံး Mouse ကို Doug Engelbart ဆိုသူမှာ 1964 ခုနှစ် ပတ်ဝန်းကျင်လောက်မှာ တီထွင်ခဲ့ပါသတဲ့။ သူထွင်ခဲ့တုန်းက သစ်သားဖြင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ( ကျေးဇူးတင်လိုက်တာဗျာ )

www.youtube.com ဆိုတဲ့ domain name ကို February 14 , 2005 မှာ စတင်ပြီး Register လုပ်ခဲ့တာပါတဲ့။ ( ဂလို .. ဂလို )

Facebook က သူရဲ့ website ကြီးကို hack နိုင်တဲ့သူရှိရင် အနည်းဆုံး $500 ကစပြီး ပေးမယ်လို့ စိန်ခေါ်ထားပါသတဲ့။ ( လုံခြုံမှု အပြည့်ရှိတယ် ဘော်ဒါတို့ .. account ပဲ hack ခံချင် hack ခံရမယ် .. website ကြီးကတော့ ပြိုလဲဖို့ မဖြစ်နိုင် )

Google , HP , Microsoft , Apple .. စတဲ့ IT ကုပ္မဏီကြီးများသည် ကားဂိုထောင်အကျယ်လောက်သာရှိသော နေရာများတွင် စတင် အလုပ်လုပ်ပြီး အောင်မြင်ခဲ့ကြသတဲ့။ ( အားမလျော့နဲ့ .. ကျွန်တော်တော့ ကားဂိုထောင်ထက်ကျယ်တဲ့ နေရာမှာ လုပ်နေတာကြာပြီ ခုချိန်ထိ ဒုံရင်းပါပဲ .. ဂိ )

Bill Gates ကြီးက သူ့အိမ်ကို ဒီဇိုင်းဆွဲဖို့အတွက် Apple ရဲ့ Macintosh Computer ကို အသုံးပြုခဲ့သတဲ့။ ( ဒါပေါ့ ဒီဇိုင်းပိုင်းဆိုရင် Apple ရဲ့ computer တွေက အကောင်းဆုံးပါပဲဆိုတာ Bill Gates ကြီး သိတယ် .. ကျမ်း .. လူလည်ကြီး )

Google ၀န်ထမ်းတစ်ယောက် အလုပ်လုပ်နေရင်း ဆုံးပါးသွားခဲ့ရင် .. Google ကုပ္မဏီကနေပြီး ကျန်ရစ်သူ မိသားစုအတွက် သေဆုံးသွားသူရဲ့ လခတစ်ဝက်ကို လတိုင်းပေးမည့်အပြင် ကျန်ရစ်သူ မိသားစုရဲ့ ကလေးတွေကို ၁၉နှစ် မပြည့်မချင်း တစ်လကို ဒေါ်လာ (၁၀၀၀) ပေးပါသတဲ့ဗျာ။
( Google မှာသာ သေပစ်လိုက်ချင်ပါတော့တယ်ဗျာ )

Sony က 2009 ခုနှစ်အထိ Computer မှာသုံးတဲ့ Floppy Disk တွေကို ရောင်းနေတုန်းတဲ့ဗျာ။ ( တော်တော် ဇွဲကြီးတဲ့ Sony ပဲ၊ ရှေးရိုးစွဲလေးပေါ့ )

Microsoft က လူတစ်ယောက်ရဲ့ ခံစားချက်ပေါ်မူတည်ပြီး သီချင်းပြောင်းလဲဖွင့်ပေးမယ့် Earbuds ဆိုတာကို စမ်းသပ်နေပါပြီတဲ့။ ပျော်နေတဲ့အခါ ပျော်စရာသီချင်း၊ ၀မ်းနည်းတဲ့အခါ ၀မ်းနည်းစရာသီချင်းမျိုး ဖွင့်ပေးနိုင်တဲ့ Earbuds တဲ့။
( အင်း အိမ်သာ သွားချင်တဲ့အခါ ဘယ်လို သီချင်းမျိုးများ ဖွင့်ပေးမလဲမသိဘူး )

Nokia က လမ်းလျှောက်ရုံနဲ့ အားသွင်းနိုင်မယ့် Phone တစ်မျိုးကို စမ်းသပ်နေပါသတဲ့။ ( အားကုန်ခါနီးရင် လမ်းလျှောက်ဖို့သာ ပြင်ပေတော့ )

Google ဟာ 2010 ကနေစတင်ပြီး တစ်ပတ်ကို ကုပ္မဏီတစ်ခုနှုန်း လိုက်ဝယ်ခဲ့ပါသတဲ့။ Pyra Labs, Ignite Logic, Android, Upstartle, Jotspot အစရှိသည်တို့ကို ဆက်တိုက်ဆိုသလို ၀ယ်ယူခဲ့သတဲ့။
( ဒါကြောင့်လဲ မေးလိုက်တိုင်း ဖြေနိုင်နေတာကိုး .. စွမ်းပါပေ့ Google ရယ် )

United States မှာ မော်ဒယ်အောက်သွားသော ကွန်ပျူတာ အလုံးပေါင်း 220 million လောက် နှစ်တိုင်း စွန့်ပစ်ပစ္စည်းအဖြစ်သတ်မှတ်ကာ စွန့်ပစ်ကြသတဲ့။ ( အမှိုက်ပုံလိပ်စာလေး သိချင်တာ .. သွားကောက်ပြီး ဒီမှာ ပြန်ရောင်းစားရမယ် .. ပြေးကောက်ကြစို့ ဘော်ဒါတို့ )

Facebook မှာ 500 million user လောက် ရှိပေမယ့် .. တရုတ်လူမျိုးတွေ အများဆုံးသုံးတဲ့ QQ က facebook ထက် အသုံးပြုသူ 100 million တောင်ပိုများပါသတဲ့။ ( စီလုပ်တွေ အင်တာနက်သုံးချက်က လက်လန်တယ် )

စက်ဘီးကို တီထွင်ခဲ့ခြင်းဟာ လူ့သမိုင်းတလျောက်မှာ အကြီးမားဆုံး ဆန်းသစ်တီထွင်မှုကြီးများထဲမှ အထင်ကရ တီထွင်မှုကြီး တစ်ခုဖြစ်ပါသတဲ့။
( လက်ခံတယ် .. စက်ဘီးကြောင့် ဆိုင်ကယ်ဆိုတာ ဖြစ်လာရတာပေါ့ဗျာ )

Happy Birthday သီချင်းဆိုပေးတဲ့ Greeting Card ကို 1950 မှာ စတင်တီထွင်နိုင်ခဲ့ဘူး .. ထို Card မှ သီချင်းသံထွက်လာဖို့ Computer power ထက် အစများစွာ power အသုံးပြုရတဲ့ စက်ကြီးတွေနဲ့ ချိတ်ဆက်ပြီးမှ ထွက်လာပါသတဲ့။ (အခုများတော့ စာအုပ်လို အရွယ်စား Greeting Card လေးကို ဖွင့်ကြည့်လိုက်ရင် ၀ါယာကြိုးလေး နှစ်ချောင်းလောက်နဲ့ circuit ပြားသေးသေးလေးပဲ ပါရှိပါတော့တယ် )

2050 ခုနှစ်လောက်ဆိုရင် ဂျပန်နိုင်ငံမှ ကမ္ဘာမြေပြင်ကနေ မိုင်ပေါင်း 22,000 အကွာဝေးရှိတဲ့ အာကာသစခန်းအထိ ရှည်လျားတဲ့ ဓါတ်လှေကားကြီးကို အပျော်ခရီးသဘောမျိုးဖြင့် အောင်မြင်စွာ ဖန်တီးနိုင်ခြေရှိကြောင်း နိုင်ငံရပ်ခြား သိပ္ပံပညာရှင်များက
ကောက်ချက်ချနေပါတယ်။ ( ကိုဂျပန်တို့ လူသာပုတာ ပညာက အာကာသထိ ရှည်တယ် )

Facebook က ကိုယ့် friend list ထဲမှ မဟုတ်တဲ့ သူတွေဆီကို message ပို့မယ်ဆိုရင် 1$ ပိုက်ဆံကောက်တော့မယ့် အစီစဉ်ကို စမ်းသပ်နေပါသတဲ့။
( ဟုတ်မဟုတ်တော့ မသေချာဘူး .. ဖြစ်နိုင်ခြေလဲ ရှိပါတယ် .. သူလဲ free ပေးရတာ များပြီကိုး .. နောက်ပြီး မလိုလားအပ်တဲ့ message အရေတွက်တွေ လျော့ချင်တာလဲ ပါတယ်လို့ သိရပါတယ် )

Panasonic ကုပ္မဏီကြီး ပိုင်ဆိုင်တဲ့ စက်ရုံတစ်ရုံတွင် စက်ရုံလုပ်သား (၁၅)ယောက်သာရှိပြီး တစ်လကို plasma display ပေါင်း 2 million အထိ ထုတ်လုပ်ပါသတဲ့။ စက်ရုံက စက်တွေကို လူ(၁၅)ယောက်ကသာ ခိုင်းစေပြီး အလုပ်လုပ်ခိုင်းခြင်းဖြစ်သည်။ ( အဲ့ဒါပြောတာ စက်ပစ္စည်းတွေက ခိုင်းတတ်ရင် ခိုင်းတတ်သလောက် လုပ်ပေးပါတယ် .. ကွန်ပျူတာလဲ အတူတူပါပဲ .. အများကြီးလုပ်ပေးနိုင်တယ် .. ခိုင်းတတ်ဖို့ပဲ လိုတယ်တဲ့ဗျ )

online မှာ ဖတ်မိသလောက် စိတ်ဝင်စားစရာ အချက်လက်လေးတွေ ဘာသာပြန်ပြီး ရေးပေးလိုက်ပါတယ်။ နောက်ထပ်လဲ အများကြီးရှိသေးတယ်။ ကျွန်တော် အချိန်ရရင် ရေးပေးပါဦးမယ်။ ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ

ပျော်ရွှင်ပါစေ။

Mr.AD ( www.facebook.com/happyandroidworld )

Sunday, September 1, 2013



Drippler

Drippler ကိုတော့ ကျွန်တော်တို့နိုင်ငံမှာ လူသုံးနည်းမယ်ထင်ပါတယ်။
တစ်ခြားနိုင်ငံတွေမှာတော့ Android ဖုန်းသုံးသူ တော်တော်များများ ..
Drippler ကို သုံးကြပါတယ်။ Drippler ကတော့ information app တစ်ခုပါ။ ဖုန်းသတင်းများ၊ App များ၊ Game များ၊ Tips & Tricks (နည်းလမ်းများ) ..စတာတွေကို နေ့စဉ် post အသစ်များဖြင့် ပုံမှန် တင်ဆက်ပေးနေပါတယ်။
Drippler ကို လူကြိုက်များရတဲ့ အကြောင်းရင်းကတော့ Drippler ကို မိမိဖုန်းထဲ install လုပ်လိုက်တာနဲ့ မိမိဖုန်းရဲ့ မော်ဒယ်ကို Drippler ကနေပြီး စစ်ဆေးပါတယ်။ ဥပမာ Samsung Galaxy S3 သုံးတယ်ဆိုရင် Drippler က တစ်ခါတည်း မှတ်သားကာ S3 နဲ့ ပက်သက်တဲ့ သတင်းများ၊ App များ၊ Game များ .. စတာတွေကို တင်ဆက်ပါတော့တယ်။ ဒီတော့ ကိုယ့်ဖုန်းမော်ဒယ်နဲ့ပက်သက်ပြီး up to date သတင်းများကို နေ့စဉ် လေ့လာနိုင်တယ်။ မိမိဖုန်းနဲ့ ကိုယ်ညီမယ့် App များကိုလဲ Play Store မှာ ..
ရှာဖွေပြီး download ဆွဲနိုင်အောင် ဖော်ပြပေးပါတယ်။ ဒါကြောင့် Android သမားများ Drippler ကို သဘောကျ သုံးစွဲနေခြင်းဖြစ်ပါတယ်။ ထည့်ထားသင့်တဲ့ App တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံစံတော်ချိန်နဲ့ဆို ည(၁၂)နာရီ ပတ်ဝန်းကျင်လောက်မှာ
သတင်းများကို update လုပ်ပေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ သဘောကျတယ်။ Drippler ကြောင့်လဲ ကျွန်တော့်ဖုန်းနဲ့ပက်သက်ပြီး အသုံးဝင် နည်းလမ်းတစ်ချို့ကို သိခဲ့ရတယ်။ ဒါကြောင့် ဘော်ဒါတို့လဲ Drippler နဲ့ မိမိဖုန်းဆိုင်ရာ အချက်လက်များ လေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ်။ နာမည်ကြီး ဖုန်းမော်ဒယ်တော်တော်များများကို Drippler က support လုပ်ပေးပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Saturday, August 3, 2013

ဖုန်းဖြင့် အင်တာနက် လျှောက်လိုသူများသိရှိရန်

MPT ၏ GSM, WCDMA ဖုန်းလိုင်းများတွင် Internet service ရယူနိုင်ရန်အတွက် 1331 နံပါတ်သို့ အောက်ပါအတိုင်း SMS ပေးပို့ပြီး အင်တာနက် လျှောက်ထားနိုင်ပါသည်။

Orderdata service

– O (အို)ကို စာလုံးအကြီးဖြင့်ရိုက်ရမည်ဖြစ်သည်။
– Orderdata ကို တစ်ဆက်တည်းရိုက်ရမည်ဖြစ်သည်။
- Orderdata နောက်တွင် space (နေရာလွတ်) တစ်ချက်ခြားရန်လိုအပ်သည်။
– s (အက်စ်)ကို စာလုံးအသေးဖြင့်ရိုက်ရမည်ဖြစ်သည်။

မှတ်ချက် ။ ။ အင်တာနက် ဝန်ဆောင်မှု ရယူနိုင်ရန် ဝန်ဆောင်ခ ၁၀၀၀၀ ကျပ်ကို ကြိုတင် Bill မှ အလိုအလောက် ဖြတ်တောက်မည်ဖြစ်သဖြင့် ကြိုတင် Bill လက်ကျန်ငွေမှာ ၁၀၀၀၀ ကျပ် အထက် ရှိရန်လိုအပ်ပါသည်။ အဆင်မပြေမှုများရှိပါက MPT ၏ Call Centre ဖုန်းနံပါတ် 1876 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Ref - Myanmarmobileapp

Thursday, August 1, 2013

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပက်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀တန် Sim Card များအား သက်တမ်းတိုးဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထက်တွင် ဆောင်ရွက်နိုင်ကြောင်းသိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုးလျှောက်ထားနိုင်မည်ဖြစ်ပြီး လျှော်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍
သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာအချုပ်ထုတ်ပေး
ထားခြင်းမရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ဌာနမှ ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုးလျှောက်ထားနိုင်ခြင်းနှင့် ပက်သက်၍ ဇူလိုင်လ ၂၅ရက်ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက်(ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနရဲ့ထောက်ခံချက်) ပိုင်ရှင်ရဲ့ နိုင်ငံသား စီစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီး မန်နေဂျာထံလိပ်မူ၍ လျှောက်ထားနိုင်ကြောင်း
ဖော်ပြထားသည်။ ဖုန်းကတ်ဝယ် ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် ..
အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်း ထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွန်ရန်အတွက်
၁၅ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပတ်သွားမည်
ဖြစ်ကြောင်း သိရသည်။ ထို တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ်၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ် ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ်မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွား..
မည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ..
ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက်လိုင်းပိတ် ..
သွားမည်ဖြစ်ကြောင်း သိရသည်။

Source - Internet Journal (Vol.14, No.29)

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!