Showing posts with label ဖျော်ဖြေရေးဆိုင်ရာ App များ. Show all posts
Showing posts with label ဖျော်ဖြေရေးဆိုင်ရာ App များ. Show all posts

Friday, October 25, 2013

သီတင်းကျွတ် အမှတ်တရ App လေးများ (၅)

*** သီတင်းကျွတ်သံစဉ်များ ***

သီတင်းကျွတ်လပြည့်နေ့မှာ ဘယ်မှလျောက်မလည်ဖြစ်ပဲ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေတဲ့ ဘော်ဒါများ နဲ့ ပြည်ပ ရောက် ရွှေမြန်မာများအတွက် သီတင်းကျွတ်လပြည့်နေ့မှာ နားကြပ်တပ် မျက်လုံးမှိတ်ပြီး စိတ်ကူးထဲမှာ သီတင်းကျွတ်ပွဲတော်ကို ကျင်းပနိုင်ဖို့အတွက် သီတင်းကျွတ်သံစဉ်များဆိုတဲ့ app လေးကို တင်ပေးလိုက်ပါတယ်။ မြန်မာဆန်သွားအောင် မြန်မာလိုလေး ပြန်ကလိထားပါတယ်။ ဒီ app လေးနဲ့အတူ ဘော်ဒါအားလုံး သီတင်းကျွတ်ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။
သီတင်းကျွတ်သံစဉ်များတွင် မီးရှူးမီးပန်းသံများ၊ ဗျောက်အိုးသံများ ပါရှိပါတယ်။ သဘောကျတဲ့ သံစဉ်များကိုလဲ Ringtone , noti , alarm သံများအဖြစ် ပြောင်းလဲနိုင်ပါတယ်။
အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

download - (8MB)

dropbox
 
copy

သီတင်းကျွတ် feeling ကို အားလုံး ခံစားနိုင်ကြပါစေ။

Mr.AD (www.facebook.com/happyandroidworld)
Make It 3D

ရိုးရိုးဓါတ်ပုံတွေ ကြည့်ရတာ ပျင်းစရာကြီးဗျာ။ ဖုန်းထဲကပုံတွေကို 3D ဖြစ်အောင် မဖန်တီးချင်ကြဘူးလား။ ကလိကြည့်ရအောင် Make It 3D ဆိုတာလေး ရှိတယ်ဗျ။ ရိုးရိုးဓါတ်ပုံတွေကို 3D ဖြစ်အောင် ဖန်တီးနိုင်တယ်။
3D မျက်မှန်တော့ လိုတယ်ဗျ။ ဒါလဲ အရေးကြီးလှတာ မဟုတ်ပါဘူး။
နီးစပ်ရာ DVD စက်တွေ တီဗီတွေ ရောင်းတဲ့ ဆိုင်မှာ 3D မျက်မှန် တစ်လက်မှ .. ၂၀၀၀ လောက်ပဲ ရှိပါတယ်။ အဲ့ဒါလေးတော့ လိုတာပေါ့။
တူညီတဲ့ ဓါတ်ပုံ နှစ်ပုံ ရွေးပေးရမယ်။ ပြီးရင် 3D ဖြစ်အောင် အနားသတ်တွေကို အနည်းငယ် ခွဲပေးရမယ်။ ဒါလေးပါပဲ။ လွယ်မှလွယ်။
တကယ်ကြီး 3D ဖြစ်သွားတာနော် .. မယုံမရှိနဲ့ .. မျက်မှန်နဲ့သာ ကြည့်ဖို့ပဲ လိုအပ်ပါတယ်။ 3D မျက်မှန်နဲ့ကြည့်မှသာ 3D ရုပ်ထွက်ကို ခံစားရမယ်။
ဈေးပေါတဲ့ မျက်မှန်နဲ့လဲ ကြည့်လို့ရတယ်။ ကျွန်တော့်မျက်မှန်ဆိုရင် .. ၁၅၀၀ လားမသိဘူး ၀ယ်ထားတာ ကြာပြီ .. ပြုလုပ်ပုံပြုလုပ်နည်းကလည်း လွယ်တာမို့ ကလိကြည့်လိုက်ကြဗျာ။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

လုပ်ပုံလုပ်နည်းလေး သေချာကြည့်ချင်ရင် ..

http://www.youtube.com/watch?v=aCzEKnoS2EE

download - (2MB)

dropbox

copy
 
ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, October 8, 2013

*** အသံမျက်လှည့် ***

အလန်းစားလေးတစ်ခု Happy Android World ကနေ ပျော်ရွှင်စွာ တင်ဆက်လိုက်ပြန်ပါပြီ။

သီတင်းကျွတ်မှာ ကျွန်တော် ဘော်ဒါတွေကို မျက်လှည့်ပြလိုက်ပါတယ်။

အရင်ဆုံး နားကြပ်တပ်ပါ။

Volume သံကို အကျယ်ဆုံးတင်ထားပါ။

ပြီးရင် အသံမျက်လှည့်ထဲမှ Virtual Barber ဆိုတာကို အရင်ဆုံးဖွင့်လိုက်ပါ။

ဖွင့်ပြီးတာနဲ့ မျက်လုံးကို မှတ်ထားပြီး အသံကိုပဲ အာရုံစိုက် နားထောင်နေလိုက်ပါ။

အဲ့ဒီနောက်မှာတော့ အံ့သြမှုတွေ ဆက်တိုက် ဘော်ဒါ ကြုံရပါလိမ့်မယ်။ ညပိုင်း ပတ်ဝန်းကျင် တိတ်ဆိတ်တဲ့အချိန်မှာ အသံမျက်လှည့်ကို အသုံးပြုစေချင်ပါတယ်။

ဒီလောက်ပဲ ညွှန်းတော့မယ်။ ရေရေလည်လည် လန်းလွန်းလို့ ဘယ်လိုညွှန်းရမှန်းတောင် မသိတော့ဘူး။ ထူးခြားဆန်းသစ်တဲ့ App လေးတစ်ခုမို့ လက်မလွတ်တမ်း စမ်းကြည့်ပေတော့။ App လေးကို
ကျွန်တော် မြန်မာလို ပြောင်းပေးထားပါတယ်။

ထပ်ပြောမယ်နော် နားကြပ်တပ်ပြီး မျက်စိမှိတ်ကာ နားထောင်ပါ

မျက်လှည့်ကြည့်ပြီးသွားလို့ သဘောကျရင် လက်ခုပ်သံတွေနဲ့ အားပေးပေါ့ဗျာ။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်တယ်

download - (18MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
သီတင်းကျွတ်အမှတ်တရ App လေးများ (၂)

ဗျောက်အိုး !! (Firecrackers Pro)


ယခုဆိုရင် မြို့ရွာကျေးနယ် တော်တော်များများမှာ ဗျောက်အိုးဖောက်သံတွေ ကြားနေရပြီထင်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့မှာလဲ ရပ်ကွက်အလိုက် ဗျောက်အိုးသံတွေ တညံညံနဲ့ ထွက်ပေါ်စ ပြုနေပါပြီ။
ဗျောက်အိုးဖောက်တာကို ကျွန်တော်ကတော့ သက်သက်မဲ့ ငွေကို မီးရှို့တယ်လို့ပဲမြင်တယ်။ ဈေးကြီးတယ်လေ။ မီးပူလဲ လောင်နိုင်တယ်။
ဒါပေမဲ့ ဗျောက်အိုးဖောက်ခြင်းဟာ သီတင်းကျွတ်လရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေပြီ။ ဒီတော့ဗျာ ငွေမကုန်၊ မီးပူမလောင်ပဲ ပျော်စရာကောင်းတဲ့
ဗျောက်အိုး (Firecrackers ) app လေးကို သတင်းကျွတ်အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။

အတော်လန်းတဲ့ App လေးပါ။ ဗျောက် သေးသေးလေးတွေကနေ အကြီးကြီးတွေအထိပါရှိပါတယ်။ တကယ့်ကို အပြင်က ဗျောက်အိုး ပုံစံတွေနဲ့တူအောင် ဖန်တီးထားပါတယ်။
စနက်တံ မီးလောင်သွားပုံကအစ၊ အသံ creation တွေလဲ တော်တော် လန်းပါတယ်။ ဒီ App လေးကို ရှာတွေ့ခဲ့တာ ကြာပါပြီ။ သီတင်းကျွတ်ကျမှ ပေးမယ်လို့ဆုံးဖြတ်ထားတာ။
အခု သီတင်းကျွတ်ရောက်ပြီဆိုတော့ ဘော်ဒါတွေဆီ ပို့ပေးလိုက်ပါပြီ။
ဖုန်းစပီကာနဲ့တော့ ဗျောက်အိုးသံတွေက မကျယ်ပါဘူး။ အပြင် စပီကာ အကြီးကြီးတွေနဲ့တွဲပြီး ဖောက်လိုက်လို့ကတော့ ရှယ်ပဲပေါ့။ ပိုက်ဆံလဲ မကုန်၊ ဗျောက်အိုးအစုံလဲ ကလိလို့ရတယ်။ Pro version လေးဆိုတော့
ဗျောက်အိုးတွေ အစုံပါတယ်။ သူငယ်ချင်းတွေကို စနောက်လို့လဲရအောင် Lock screen တစ်ခုလဲပါရှိပါတယ်။ Lock screen က အတုပါ။ အချိန်တန်ရင် ဗျောက်အိုးတစ်ချောင်းကျလာပြီးပေါက်ကွဲပါလိမ့်မယ်။
ကဲ ကလိကြပေတော့။ Android 2.2 နှင့်အထက်တွင်အသုံးပြုနိုင်ပါတယ်။

download - (26MB)

dropbox
 
Copy

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, September 1, 2013



Rotten Friends Pro

သတိ - ကြောက်တတ်သူများ မကလိရ။

ဓါတ်ပုံများကို ကြောက်စရာကောင်းအောင် ဖန်တီးနိုင်တဲ့ App တွေထဲမှာတော့ အလန်းဆုံးနဲ့ တကယ် ခြောက်ခြားစရာကောင်းတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App လေးကို ရှာဖွေနေတာကြာပါပြီ။ Free version ပဲ တွေ့လို့ မတင်ဖြစ်သေးတာ။ Pro version မနေ့ညက ရှာတွေ့လိုက်လို့ တင်လိုက်ပါပြီ။ Pro မှာ Effects ပေါင်းများစွာ ပါရှိပါတယ်။ မည်မျှပင် ကြည့်ကောင်းနေပါစေ Rotten Friends နဲ့သာ ကလိလိုက်ပါ။ ကြောက်စရာကောင်းသော သတ္တ၀ါအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ကိုယ့်ရုပ်ကိုယ်တောင် အတော်လေး ပြန်လန့်မိတယ်။ ညာဘက်ပုံကတော့ ကျွန်တော့်ပုံ ကျွန်တော် ပြန်ကလိထားတာပါ
သူငယ်ချင်းပုံများကို စနောက်လို့ကတော့ ဘာပြောကောင်းမလဲ .. ရှယ်ပဲ :D

ကလိထားသော ဓါတ်ပုံကို sdcard\android\data\RottenFriends မှာ ..
ပြန်ရှာနိုင်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။ ဖုန်းတိုင်းတွင် အဆင်ပြေ မပြေ မပြောတတ်ပါ :)

download - (17MB)

dropbox
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Cracked Screen

Screen ကွဲတဲ့ပုံစံ အတုလုပ်ပေးတဲ့ App တွေထဲမှာ အလန်းဆုံးလို့ပြောချင်ပါတယ်။ အခုမှ ထွက်လာတဲ့ App အသစ်လေးဖြစ်ပါတယ်။ မှန်ကွဲတဲ့ပုံစံ အမျိုးမျိုး ပါရှိတဲ့အပြင်၊ color မမှန်တဲ့ပုံစံ၊ screen ကို ..
ဖိမိလို့ ပျက်စီးသွားတဲ့ပုံစံတွေပါ ပါရှိပါတယ်။ တကယ်ကို တူပါတယ်။ App icon တွေကို မှန်ကွဲရဲ့အောက်မှာ ထားရှိပေးတဲ့အတွက် အရင် screen အတုကွဲတဲ့ App တွေထက်စာရင် အများကြီးလန်းတယ်။ သူငယ်ချင်းများကို စနောက်ချင်တဲ့အခါ (သို့) ဖုန်းအသစ်လိုချင်လို့ ..
မိဘများကို မှန်ကွဲသွားပြီလို့ အကြောင်းပြချင်တဲ့အခါ သုံးနိုင်ပါတယ်။ ( ဟီး .. မြှောက်ပေးနေတာ ) ကလိကြည့် ထိထိ မိမိ လေးပါပဲ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.4MB)

dropbox
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, August 18, 2013



Myanmar Songs

မြန်မာ MTV များကို အားရပါးရ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဖန်တီးထားသူကတော့ THE DOT CO ဖြစ်ပါတယ်။ MTV များကို YouTube Link တွေနဲ့ ချိတ်ဆက်ပေးထားတာဖြစ်လို့ ..
မိမိဖုန်းထဲမှာ YouTube (သို့) Web Browser တစ်ခုခုဖြင့် ကြည့်ရှုနိုင်ပါတယ်။ search box ပါရှိလို့ MTV များကို စာရိုက်ကာ ရှာဖွေနိုင်ပါတယ်။ သီချင်းချစ်သူတွေအတွက် up to date MTV များကို ရှာဖွေ ကြည့်ရှုနိုင်မယ့် Media App လေးဖြစ်ပါကြောင်း ညွှန်းလိုက်ပါတယ်။
သဘောကျရင် Play Store မှာ သွားရောက် အားပေး comment ရေးပေးကြပါ။ ဒါမှ developer တွေအတွက် အားတစ်ခုဖြစ်စေမှာပါ။ မြန်မာ app လေးတွေ ဖန်တီးကြသူများအား အစဉ်လေးစားလျှက် .........။

download -
 

play store

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, August 14, 2013



KMP TV
နိုင်ငံတကာမှာ TV Channel ပေါင်း များစွာကို ကြည့်ရှုနိုင်မယ့် Media app တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Channel များအပါဝင် ကဏ္ဍစုံလင်စွာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော် စမ်းကြည့်တာ ..
Streaming မြန်တာတွေ့ရပါတယ်။ WCDMA အင်တာနက်လိုင်းနဲ့ ကြည့်ခဲ့ပါတယ်။ အထစ်ငေါ့မရှိ ကြည့်လို့ရပါတယ်။ ပြောရရင် အရင်တုန်းက ဂြိုလ်တုစလောင်းနဲ့ ဖမ်းကြည့်ခဲ့သလိုမျိုး လိုင်းပေါင်းများစွာ ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်စမ်းခဲ့တဲ့ လိုင်းများထဲမှာ သဘောကျတဲ့ လိုင်းများကို အနည်းငယ် ရေးလိုက်တယ်။

Dancer တစ်ယောက်ဖြစ်ချင်သူတွေအတွက် Music ဆိုတဲ့ ကဏ္ဍအောက်မှာ Dancing Machine TV က လန်းပါတယ်။ က ကွက်တွေ အမျိုးမျိုးသင်ပေးပါတယ်။

Movie ၀ါသနာအိုးတွေအတွက် Action ကြိုက်လား၊ သိုင်းကားတွေကြိုက်လား၊ သရဲကားကြည့်မလား .. အများကြီး ကြည့်လို့ရတဲ့ Channel တွေလဲ ပါသဗျ။

အာရှ Channel များအနေနဲ့ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Trans TV နှင့် ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Arirang TV လိုင်းများ ကြည့်လို့ရပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲများကို Eng စာတန်းထိုးဖြင့် အလှည့်ကျ ပြသပေးပါတယ်။

Gamer များအတွက် အသစ်ထွက် ဂိမ်းတွေကို အမြဲ တင်ဆက်ပေးနေတဲ့ IGN.com TV နဲ့ Video Reviews - Game Trailers.com TV တွေကလဲ လန်းပါတယ်။

မိန်းကလေးတွေအတွက်ဆို Fashion Channel တွေ အများကြီးပါတယ်။

ကိုကိုတို့အတွက်ကတော့ BIKINI BABE Channel လေးက ရေလည်ဂွတ်:P

နိုင်ငံတကာမှ Movie များ၊ MTV များ၊ Sport များ၊ နည်းပညာများ၊ သင်ကြားရေးပိုင်းများ၊ Documentary များ .. Radio Channel များ အစရှိသည်တို့ကို အခမဲ့ အားပါးတရ live ကြည့်ရှုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Register လုပ်ရန် မလိုအပ်ပါဘူး။ ဒီအတိုင်းဖွင့်ပြီး တိုက်ရိုက်ကြည့်ရုံပါပဲ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

Dropbox

ပျော်ရွှင်ပါစေ။

Mr.AD

Monday, August 12, 2013


Purf Screen Cleaner

Purf ဆိုတဲ့ ချာတိတ်လေးက သန့်ရှင်းရေးသမားတစ်ယောက်ပါ။
ဘော်ဒါနဲ့ ဖုန်း Screen ပေါ်က လက်ရာများ ထင်နေရင် သန့်ရှင်းရေးလုပ်ပေးတယ်။ ခဏခဏ သန့်ရှင်းရေးလုပ်ရရင်တော့ Purf တစ်ယောက် မျက်နှာကြီး နီရဲလာကာ ဒေါသထွက်လာပါတယ်။ မညှာမတာ သူ့ကို သန့်ရှင်းရေးလုပ်ခိုင်းရင် ငိုပါတယ်။ သူ့ကို မခိုင်းရင်တော့ Purf တစ်ယောက် ရေချိုးတယ်။ အိပ်တယ်။ စားတယ်။ ဇိမ်ခံနေပါတယ်။ Purf အိပ်ပျော်နေချိန်မှာ Screen ကို မှောင်သွားစေတာလေးလဲ
လန်းပါတယ်။ ဒီ app လေးကို ကျွန်တော် တင်မယ်နဲ့ မေ့နေတာ ခုမှပြန်တွေ့လို့ဗျ။ Purf Screen Cleaner ဆိုတဲ့ App လေးက တကယ်တော့ Live Wallpaper လေးပါ။ ဒါပေမဲ့ Live Wallpaper ထက်ပိုပြီး သင့်ကို ပျော်ရွှင်မှုပေးပါလိမ့်မယ်။ သန့်ရှင်းရေးသမားလေး Purf ကို ဖုန်းထဲထည့်ထားပြီး ပျင်းနေတဲ့အခါ သူ့ကို ထိုင်ကလိနေလို့ရပါတယ်။ အတော်ချစ်စရာကောင်းတဲ့ Live Wallpaper လေးပါ။
Funny App အနေနဲ့လဲ သင့်ကို ဖျော်ဖြေပါလိမ့်မယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

စာလုံးများကို အလှဆင်နိုင်သော Funny Text Creator

Chatting , Social , Note .. ဘယ်နေရာမှာပဲဖြစ်ဖြစ် စာလုံးများကို အလှဆင်ပြီး အသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ အရင်ဆုံး Funny Text Creator မှာ စာရိုက်ပြီး အလှဆင်ရပါမယ်။ ပြီးရင် Copy & Paste လုပ်ကာ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ အလှဆင်နိုင်တဲ့ ဒီဇိုင်းများစွာ ပါရှိပါတယ်။ တစ်ချို့ ဒီဇိုင်းများကတော့ မြန်မာစာနဲ့အဆင်မပြေလို့ အသုံးပြုလို့မရပါဘူး။ အင်္ဂလိပ်စာနဲ့ဆိုရင် အကုန်လုံးနီးပါး အလှဆင်နိုင်ပါတယ်။ ဒီလိုအလှဆင်ပြီး ပို့နိုင်တော့ ဘော်ဒါတွေကြားမှာ လန်းလို့ရတာပေါ့။ သိပ်အများကြီး မရေးတော့ဘူး။ အလန်းလေးမို့ ကိုယ်တိုင်သာ ကလိကြည့်ပေတော့။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Friday, August 9, 2013

 100,000 + Wallpapers & Themes

Wallpaper တွေနဲ့ပက်သက်လို့ကတော့ အတော်လေးကို စုံလင်တဲ့ App တစ်ခုပါ။ Categories ပေါင်းများစွာ ပါဝင်ပြီး အရည်သွေးမြင့် HD Wallpaper များစွာကို အခမဲ့ ရယူနိုင်ပါတယ်။
တစ်ချို့က မိမိ ခံစားချက်အလိုက် Wallpaper များကို ပြောင်းလဲ တတ်ကြတယ်။ စိတ်ညစ်နေရင် တစ်မျိုး၊ စိတ်ချမ်းသာနေရင် တစ်မျိုး အမျိုးမျိုးသော ခံစားချက်တွေကို Wallpaper တွေနဲ့ ရင်ဖွင့်ကြတယ်။
100,000 + Wallpapers မှာ အဲ့လို ခံစားချက်တွေ ပုံဖော်ပေးနိုင်မယ့် Wallpaper အလန်းစားတွေ အများကြီးရှိပါတယ်။ သုံးကြည့်ပါ။ ပုံတွေဖတ်တဲ့အခါ Loading လဲမြန်ပါတယ်။ အလန်းစားလေးပါ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

dropbox
 

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, August 7, 2013

 Despicable Me Camera

Minion လေးတွေချစ်တဲ့သူတွေအတွက် သူတို့နဲ့အတူ ဓါတ်ပုံတွဲရိုက်လို့ရမယ့် Camera App လေးတင်ပေးလိုက်တယ်ဗျာ။ ရိုက်ထားတဲ့ ဓါတ်ပုံတွေမှာ Minion လေးတွေကို Sticker အနေဖြင့် ..
ကိုယ်ကြိုက်သလို ကပ်နိုင်ပါတယ်။ Sticker တွေ အများကြီးပါတယ်။ အားလုံးက 3D ရုပ်ထွက်လှလှလေးတွေချည်းပဲဗျ။ Minion တွေရဲ့ ပုံစံပေါ်မူတည်ပြီး ကိုယ့်ဘက်က ဂိုက်ပေးတတ်ဖို့တော့လိုတယ်နော် ဒါမှ သူတို့ အမူယာလေးတွေနဲ့ ကိုယ့်ပုံနဲ့ လိုက်ဖက်ညီသွားမယ်။
Minions ချစ်သူတွေ သဘောကျနေလောက်ပြီထင်တယ်။ ကျွန်တော်လဲ သဘောကျတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

Free app ဖြစ်လို့ ကြေငြာတွေတော့ ပါတယ်။ အင်တာနက်ပိတ်ပြီး အသုံးပြုပါ။ မဟုတ်ရင် ကြေငြာတွေကို နှိပ်မိရင် စိတ်ညစ်ရလို့

download - (10MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Monday, July 22, 2013


** ချစ်စရာ Minion Ringtones & Live Wallpapers App များ **

Despicable Me 2 ဇာတ်ကားထွက်ပြီးတဲ့နောက်ပိုင်း minion လေးတွေကို ပိုပြီး လူသိများလာပါတယ်။ ပေါက်ကရလုပ်တတ်တဲ့ စရိုက်၊ သခင့်ကို ချစ်တဲ့ စိတ်ထား၊

 ပြောင်ချော်ချော်လုပ်တတ်ပုံ .. စတဲ့ သူတို့ပုံစံတွေကအရမ်းချစ်စရာကောင်းခဲ့ပါတယ်။ အစကတော့ minion နဲ့ပက်သတ်ပြီး Apps တစ်ခုပဲ တင်မလို့ပဲ။ ဒါပေမဲ့ ရှာရင်း ရှာရင်း minion နဲ့ ပက်သက်တဲ့ app လေးတွေ အများကြီးတွေ့တာနဲ့ မထူးပါဘူးဆိုပြီး တစ်ခါတည်း စုတင်ပေးလိုက်တယ်ဗျာ။ ဘာတွေတင်ပေးလိုက်လဲဆိုတော့ ..

MinionFun
Despicable Me 2 ဇာတ်ကားထဲမှ minion အသံလေးတွေကို ..
စုစည်းပေးထားတဲ့ soundboard app ဖြစ်ပါတယ်။

Minion Ringtones
ဒါကတော့ minion အသံတွေကို Ringtone လုပ်နိုင်မယ့် ..
app ဖြစ်ပါတယ်။ Ringtones (၉)မျိုး ပါဝင်ပါတယ်။

Dispicable Minion Wallpaper
minion wallpaper လေးတွေ စုစည်းထားတဲ့ app ပါ။
ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ HD Wallpaper တွေကို စုပေးထားပါတယ်။

Dispicable Me 2 Live Wallpaper
မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ပြပြီး ချစ်စရာကောင်းတဲ့ ..
minions live wallpaper လေးတွေပါ။ Live Wallpaper ဖြစ်လို့ ..
သူတို့ရဲ့ ရုပ်အရှင်လေးတွေနဲ့ ကိုယ့်ဖုန်းမှာ အလှဆင်နိုင်ပါတယ်။
Live Wallpaper (၄)မျိုး ပါဝင်ပြီး Sound လဲပါဝင်လို့ Ringtone များလဲ
ပြုလုပ်နိုင်ပါတယ်။

download - (40MB) Zip file

zippyshare

Sendspace 


ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 21, 2013


Movies Now Hollywood

အသစ်ထွက် ဇာတ်ကားများ နှင့် ထွက်ပြီးသား ဇာတ်ကားဟောင်းများကို
အများကြီး ရှာဖွေကြည့်ရှုနိုင်တဲ့ movie tube app တစ်ခုဖြစ်ပါတယ်။
အင်္ဂလိပ်ဇာတ်ကားများ အဓိကထားပြီး တင်ပေးထားပါတယ်။
ဇာတ်ကားတွေကို အမျိုးစားအလိုက် ခွဲခြားပြီး ရှာဖွေနိုင်ပါတယ်။
movie ၀ါသနာအိုးတွေအတွက် movie ရတနာသိုက်ကြီးတစ်ခုပါ။ connection ကောင်းရင် ကောင်းသလို ကြည့်ရတာ အဆင်ပြေပါတယ်။ HD movie တွေလဲ တင်ပေးထားတာမို့ ရုပ်ထွက်ကြည်လင်စွာ ခံစားနိုင်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

box

dropbox

1mobile

ပျော်ရွှင်ပါစေ

Mr.AD

Finger Face

ဒီ app လေးကတော့ ချစ်စရာသိပ်ကောင်းပြီး ဆန်းသစ်တဲ့ app လေးပါ။ ကျွန်တော်တို့ရဲ့ လက်ချောင်းတွေ ခြေချောင်းတွေမှာ လူပုံစံ အရုပ်ကလေးတွေ

aရးဆွဲဖန်တီးလို့ရပါတယ်။ idea ကတော့ အလန်းဗျာ။
ကိုယ့်လက်ချောင်းတွေမှာ ပုံဖော်ရတာ ပျော်စရာပါပဲ။ ချစ်သူနဲ့အတူ (သို့) မိသားစုနဲ့အတူ ကလိကြည့်လိုက်ရင် ပိုပြီး ကြည်နူးပျော်ရွှင်ရမှာပါ။ အရုပ်ဒီဇိုင်းတွေက အစုံပါပဲ။ ကျား/မ ဒီဇိုင်းအစုံပါတယ်။ မျက်နှာ၊ အင်္ကျီ၊ ဆံပင်၊ ဦးထုပ် စတာတွေ အများကြီးပါတဲ့အတွက် စိတ်ကြိုက်ကလိပေတော့။
ကဲ .. သဘောကျနေပြီမလား။ Android 2.2 နှင့်အထက် ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

download - (10MB)
 

play store
 

box

dropbox

mediafire

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

Mr.AD

Guitaroid

Guitaroid ကတော့ ပြီးပြည့်စုံတဲ့ Guitar app တစ်ခုလို့တောင် ညွှန်းချင်ပါတယ်။ ဂစ်တာတီးတတ်သူကော ၊ ဂစ်တာ တီး သင်နေတဲ့ သူတွေအတွက်ပါ အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ ပါဝင်တဲ့ ..
function တွေကတော့ တကယ်အသုံးဝင်ပြီး အတော်ကောင်းပါတယ်။ကျွန်တော် နည်းနည်း ရှင်းပြပါမယ်။

Metronome ဆိုတာကတော့ band တစ်ခု မတီးခတ်ခင်မှာ စည်းချက်ရိုက် အချက်ပြတဲ့အခါ တီးလေ့ရှိတဲ့ အသံတွေကို ဆိုလိုပါတယ်။ Metronome အသံမျိုးစုံ ထည့်သွင်းပေးထားပါတယ်။ ဒါလဲ လန်းပါတယ်။

Rhythm Guide မှာတာ့ Drum အသံတွေကို ထည့်သွင်းပေးထားပါတယ်။ ဂီတအမျိုးစားပေါ်မူတည်ပြီး Rock , Pop , Jazz , Funk စသဖြင့် တီးခတ်မှုတွေကို လေ့လာမှတ်သားလို့ရပါတယ်။ Tempo ကိုလည်း လိုအပ်သလို ချိန်ညှိနိုင်ပါသေးတယ်။

Virtual Guitar ကတော့ ဂစ်တာ တီးခတ်နိုင်ပါတယ်။ Chord တွေကို စိတ်ကြိုက် စီစဉ်ပေးထားပြီး တစ်ချက်နှိပ်ကာ အလွယ်တကူ Chord အကူးပြောင်းကို လုပ်နိုင်မှာဖြစ်ပါတယ်။ လိုချင်တဲ့ Chord ကိုလည်း ထည့်သွင်း တီးခတ်နိုင်မှာ ဖြစ်ပါတယ်။

Song Play ကတော့ သီချင်းတစ်ချို့ကို ဂစ်တာနဲ့ လိုက်တီးနိုင်အောင် သူ့ဘာသာသူ စီစဉ်ပေးထားပါတယ်။ အလွယ်တကူ လိုက်တီးရုံပါပဲ။ ပြထားပေးတဲ့အတိုင်း အစီစဉ်လိုက် တီးခတ်သွားရတာ အတော်မိုက်တယ်။

Ear Test ကတော့ သင်ကြားမှုအပိုင်းလို့ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ Chord တစ်ခုရဲ့ အသံထွက်ကို သင်ကြားပေးပါတယ်။ ထွက်လာတဲ့ အသံက ဘယ် Chord ရဲ့ အသံလဲဆိုတာ မှတ်သားရပါမယ်။
Earing ကောင်းဖို့ လေ့ကျင့်ပေးတဲ့အတိုင်းပါပဲ။

Chord Book ကတော့ Chord အမျိုးစား နဲ့ အသံထွက်တွေကို လေ့လာနိုင်ပါတယ်။ Chord တွေ စုံလင်စွာ ပါရှိတာကြောင့် ဂစ်တာတီး သင်နေတဲ့သူတွေအတွက် အရမ်း အသုံးဝင်ပါတယ်။

ကဲ .. မမိုက်ပေဘူးလား။ ဂစ်တာတီး ၀ါသနာပါသူတွေအနေနဲ့ မရှိမဖြစ် ထည့်ထားသင့်တဲ့ app လေးတစ်ခုပါ။ ဒေါင်းလိုက်ကြဦး ဘော်ဒါတို့ :)

Android 2.2 နှင့်အထက် ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

download - (3MB)

box
 

zippyshare

Google Play Store တွင်လဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Magic Art

ထူးခြားဆန်းသစ်တဲ့ app လေးတစ်ခုဖြစ်ပါတယ်။
နာမည်ကို သဘောကျတာနဲ့ ကလိကြည့်မိတော့ ..
ရေလည်လန်းပါလားဆိုပြီး သဘောကျတာနဲ့ တင်ပေးလိုက်ပါပြီ။ ဘယ်လိုလေးလဲဆိုတော့ screen ပေါ်မှာ ပြေးလွှားနေတဲ့ အမှုန်လေးတွေ ၊ အချောင်းလေးတွေကို ဆော့ကစားရမှာဖြစ်ပါတယ်။
ကိုယ့်လက်ရဲ့ ခိုင်းစေမှုအတိုင်း

 ပြေးလွှားလှုပ်ရှားနေကြမှာဖြစ်ပါတယ်။
 

အတော်လေး ကြည့်လို့ကောင်းပါတယ်။ ပျော်စရာလဲ ကောင်းတယ်ဗျ။ နောက်တစ်ခုက သီချင်းဖွင့်တဲ့အခါ သီချင်းရဲ့ သံစဉ်နဲ့အတူ ထို အမှုန်အမွှားလေးတွေက စည်းချက်လိုက်ပြီး လှုပ်ရှားပေးပါမယ်။
အပျင်းပြေ ထိုင်ကလိချင်စရာ app လေးတစ်ခုပါ။ App setting ထဲမှာလဲ ကလိစရာ အများကြီး ပါဝင်ပါသေးတယ်။ အလန်းလေးမို့ စမ်းကြည့်လိုက်ပါဦး။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

box

zippyshare
 

Google PlayStore မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Saturday, July 20, 2013


Pose Tool 3D

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ပုံပန်းသဏ္ဍန်၊ အချိုးအစားကို လိုအပ်သလို
ပြောင်းလဲနိုင်မယ့် app ဖြစ်ပါတယ်။ ကလိလို့ ကောင်းတဲ့ app လေးပါ။ Role Model လူရုပ်တစ်ရုပ်ကို မိမိစိတ်ကြိုက် ပုံသဏ္ဍန် အနေထားပြောင်းလဲလို့ရပါတယ်။ male or female ပြောင်းနိုင်တယ်။ အသက်ရွယ် change နိုင်တယ်။ ပိန်တာ ၀တာ ပြောင်းလဲနိုင်တယ်။ တော်တော် လန်းတယ်ဗျ။ ဘယ်နေရာတွေမှာအသုံးဝင်လဲဆိုတော့ story board ရေးသူတွေ .. ပန်းချီဆွဲသူတွေ .. ကာတွန်းဖန်တီးသူတွေ .. Character ဒီဇိုင်း ဖန်တီးသူတွေအတွက် အလွန်အသုံးဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ငယ်တုန်းက ဆော့ဖူးတဲ့ ရွံ့စေးရုပ်ကို ဆော့နေရသလိုပဲ လိုသလို ပုံသွင်းလို့ရတော့ ကလိရတာ အရသာရှိနေတယ်။ ခန္ဓာကိုယ် တစ်ခုလုံးကို လိုအပ်သလို ..
ပြောင်းလဲ ပြုပြင်နိုင်တာကိုက လန်းပါတယ်။ စိတ်ကူးထဲရှိတဲ့ ပုံစံတစ်ခုကို ပုံဖော်ကြည့်ရတာ ပျော်စရာပါပဲ။ အသုံးပြုပုံကတော့ မိမိ ပြောင်းလဲချင်သော ခန္ဓာကိုယ် အစိတ်ပိုင်းနေရာကို တစ်ချက်နှိပ်ပြီး ဘေးမှာရှိတဲ့ toolbar မှာ လိုသလို ချိန်ရမှာဖြစ်ပါတယ်။ ပြောင်းလဲနိုင်သော နေရာအစိတ်ပိုင်းများကိုလဲ ပုံနဲ့တကွ app ထဲမှာ ရှင်းလင်းပြသပေးထားပါတယ်။ လုပ်ငန်းသုံးလဲဖြစ် အပျော်ကလိလို့လဲကောင်းလို့ တင်ပေးလိုက်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (13MB)

dropbox

copy

အဆင်ပြေပါစေ။

Mr.AD

Wednesday, July 17, 2013



Auto Call ( Full Version )

Phone Call အတု ဖန်တီးနိုင်ပါတယ်။ အချိန်သတ်မှတ်ပေးပြီး Fake Call ၀င်လာအောင် ပြုလုပ်နိုင်ပါတယ်။ ဥပမာ လူတစ်ယောက် အလိုက်ကန်းဆိုးမသိ တော်ကီတွေ အရမ်းပွားနေတယ်ဆိုပါဆို့ သူ့ကို အားနာလို့ နားထောင်နေရ၊ အမှန်က လူက ထပြေးချင်နေပြီ ..
အဲ့လိုအချိန်မှာ Auto Call က ကူညီပါလိမ့်မယ်။ အချိန်ဇယားလေးသာ ပေးထားလိုက်။ အချိန်တန်ရင် Phone Call အတု ၀င်လာမယ်။ခပ်တည်တည်နဲ့ ကောက်ကိုင်ပြီး တော်ကီပွားကာ ထပြေးပေတော့ :D

Auto Call က Fake call အတွက်ချည်း မဟုတ်ပါဘူး။ Real Call အတွက် Schedule ဆွဲပြီး ခေါ်ဆိုနိုင်ပါတယ်။ ချစ်ချစ်ရဲ့ မွေးနေ့မှာ ဖုန်းမခေါ်မိမှာ စိုးရိမ်ရင် အဲ့နေ့မှာ ဘယ်အချိန်ခေါ်မယ်ဆိုပြီး အချိန်သတ်မှတ်ပေးလိုက်။ ချစ်ချစ်မွေးနေ့မှာ သတ်မှတ်ချိန်ရောက်ရင် Phone Call အစစ် ခေါ်ပါ့မယ်။ Phone Call အစစ် သတ်မှတ်ချိန်မှာ ခေါ်တဲ့အခါ ဖုန်းကနေ အသံပေးပြီး
ခေါ်ဆိုနေပီဆိုတာ အသိပေးပါမယ်။ တစ်ဖက်မှာလဲ ဖုန်းခေါ်ဆိုမှုကို ပြုလုပ်နေပါပြီ။ လုံးဝ အမိုက်စားပါ။ ထည့်ထားသင့်တယ်ဗျ။ ဖုန်းလာတဲ့ပုံစံတွေကိုလဲ Samsung , Sony, ICS .. စတဲ့ စတိုင်များလဲ
ပြောင်းလဲနိုင်တယ်။ ကျွန်တော်ဆို သက်မွန်မြင့်က ခေါ်လိုက်၊ ဗေလုဝက ခေါ်လိုက်နဲ့ အားတယ်ကို မရှိပါဘူးဗျာ :D Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2MB)

dropbox

box

copy


ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 14, 2013



Relax Melodies: Sleep & Yoga

တစ်နေ့တာလုံး ကိုယ်စီ အလုပ်များစွာနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ ..
ကျွန်တော်တို့တွေဟာ ကိုယ်ပိုင်အချိန်လေးတွေ ပိုင်ဆိုင်ကြပါတယ်။
အလုပ်တွေပြီးလို့အိမ်မှာ အနားယူတဲ့အခါ စိတ်ပင်ပန်းမှုတွေကြောင့်၊ Stress တွေအရမ်းများနေလို့၊ အတွေးလွန်နေလို့ စိတ်ညစ်နေတာမျိုး၊ အိမ်မှာ ပြဿနာအနည်းငယ်ရှိလို့ စိတ်မပျော်ရွှင်တာမျိုး စသဖြင့် ..
ကိုယ်ပိုင် အနားယူတဲ့အချိန်တွေမှာ စိတ်အနှောင့်ယှက်ဖြစ်စရာလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ခါ စိတ်ခြောက်ခြားပြီး အိပ်မပျော်တာမျိုးလဲ ရှိတတ်ပါတယ်။ Relax Melodies က အနားယူအပန်းဖြေနိုင်အောင် သံစဉ်တွေနဲ့ကူညီပေးမယ့် app တစ်ခုပါ။ သံစဉ်ကုထုံးများဖြစ်တဲ့ သံစဉ်များစွာနှင့်အတူ သင့်ရဲ့ စိတ်ပင်ပန်းမှုတွေကို မောင်းထုတ်ပေးမှာပါ။ အိပ်မပျော်တဲ့သူတွေ အတွက် ..
ထိရောက်စွာ အသုံးဝင်ပါတယ်။ နောက် အသက်(၅)နှစ်အောက် ကလေးငယ်များ အိပ်ပျော်စေနိုင်မယ့် သံစဉ်များလဲ ပါဝင်ပါတယ်။ သံစဉ်များကို တစ်သံတည်းမဟုတ်ပဲ ကိုယ့်စိတ်ကြိုက် တစ်ခုနဲ့တစ်ခု Mix လုပ်လို့ရနိုင်ပါတယ်။ ကျွန်တော်ဆိုရင် မိုးရွာတဲ့အသံနဲ့ အိပ်ရတာကို သဘောကျပါတယ်။ မနေ့ညက အိပ်ခါနီး မိုးရွာသံကို Timer ပေးပြီး အိပ်ခဲ့ပါတယ်။ တကယ့်အပြင်မှာ မိုးရွာနေတဲ့အတိုင်း စိတ်ထဲမှာ ခံစားလိုက်ရတယ်။ နားထောင်ရင်းနဲ့ တဖြည်းဖြည်း အိပ်ချင်လာပါတယ်။ နောက် လုံးလုံး အိပ်ပျော်သွားတယ်ဗျာ။ စိတ်အားငယ် ခြောက်ခြားနေတဲ့ အချိန်တွေမှာလဲ အသုံးဝင်ပါတယ်။ စမ်းကြည့်လိုက်ပါ။ file size က (30MB) ဆိုတော့ အနည်းငယ်တော့ကြီးတယ်။
ဒါပေမယ့် download လုပ်ရတာ တန်ပါတယ်။ စိတ်ကို အပန်းဖြေပေးမယ့် ကျန်းမာရေးဆိုင်ရာ app ဖြစ်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (30MB)

Play Store

1mobile


စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် သာယာပျော်ရွှင်ပါစေ။

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!