Showing posts with label App အမိုက်စားများ. Show all posts
Showing posts with label App အမိုက်စားများ. Show all posts

Friday, October 25, 2013

Shush! Ringer Restorer

“ ဟေ့ကောင် ငါဖုန်းခေါ်နေတာကြာလှပြီ .. ဘာလို့မကိုင်တာလဲ ”

“ ဟာ ဆောရီးကွာ .. ငါ meeting ၀င်နေရလို့ ဖုန်းကို silent လုပ်ထားတာ ..
ပြန်ဖွင့်ဖို့ မေ့သွားတယ် ”

“ မင်းကွာ အရေးကြီးပြောစရာရှိပါတယ်ဆိုမှ .. အေး မင်းကြိုက်နေတဲ့
ကောင်မလေး ခုနက ငါတို့နဲ့အတူ မုန့်စားနေတာ .. မင်းကို ခေါ်မလို့ပဲ .. ခုတော့ နောက်ကျသွားပြီ .. ခံပေါ့ကွာ ”

“ ဟာ .. သေပါတော့ကွာ .. ”

တွေ့လား ဘော်ဒါ ဒါမျိုးလေးတွေက ဖြစ်တတ်တယ်။ အစည်းဝေးရှိလို့ ဖုန်းကို silent လုပ်ထားပြီး ပြန်ဖွင့်ဖို့ မေ့တတ်သူတွေအတွက် Shush! က
ကူညီပါလိမ့်မယ်။ Shush! ကို install လုပ်ထားလိုက်ရုံပါပဲ။ အစည်းဝေး(သို့)silent လုပ်စရာ အခြေနေတစ်ခုခု ဖြစ်လာရင် ဖုန်းရဲ့ Volume ခလုတ်ကို အဆုံးထိ တိုးလိုက်ပါ။ Shush! app လေး သူ့လိုလို ပွင့်လာပါလိမ့်မယ်။ Timer ပေးလိုက်ပါ။ Timer ပြည့်သွားတာနဲ့ Shush! က
ဖုန်း Volume ကို နဂိုမူလအတိုင်း ပြန်ကျယ်ပေးသွားပါလိမ့်မယ်။
လန်းတယ်နော် .. လိုအပ်ရင် အခုတကည်းက ထည့်ထားလိုက်ပေါတော့
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
သီတင်းကျွတ် အမှတ်တရ App လေးများ (၄)

*** ရှယ်ဓာတ်မီး ***


ဒီ app လေးကတော့ ကျွန်တော် ဟိုးအရင်တုန်းက တင်ပေးခဲ့ဖူးပါတယ်။
Fun Torch ဆိုတဲ့ app လေးပါ။ အဲ့တုန်းက Page က လူသိမများသေးတော့ တစ်ချို့တွေ သိကြမယ်မထင်လို့ .. အခု သီတင်းကျွတ် အမှတ်တရလေးအဖြစ် ထပ်ပြီး တင်ပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ မြန်မာလိုလေး ရေးပေးပြီး ကလိထားပါတယ်။ ဓာတ်မီး app တွေထဲမှာ fancy အကျဆုံးလို့ ပြောလို့ရပါတယ်။ ဓာတ်မီးပုံစံ မျိုးစုံ ပါဝင်ပြီး အရမ်းလှတဲ့ ချစ်စရာ app လေးပါ။ မီးသီး မီးဆိုင်းများ၊ မီးချောင်း အလန်းစားများ ပါဝင်တဲ့အတွက် သီတင်းကျွတ်မှာ ဘော်ဒါတွေ အချင်းချင်း အချက်ပြနှုတ်ဆက်တာပဲဖြစ်ဖြစ် .. ပျော်ရွှင်လို့ ဖုန်းတွေ ဝှေ့ယမ်းတဲ့အခါပဲဖြစ်ဖြစ် အသုံးဝင်မှာ သေချာပါတယ်။ စမ်းကြည့်ကြဗျာ။ အားလုံး သဘောကျနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

download - (3MB)

dropbox

copy

ပျော်ရွှင်ပါစေဗျာ။

Mr.AD

Tuesday, October 8, 2013

*** အသံမျက်လှည့် ***

အလန်းစားလေးတစ်ခု Happy Android World ကနေ ပျော်ရွှင်စွာ တင်ဆက်လိုက်ပြန်ပါပြီ။

သီတင်းကျွတ်မှာ ကျွန်တော် ဘော်ဒါတွေကို မျက်လှည့်ပြလိုက်ပါတယ်။

အရင်ဆုံး နားကြပ်တပ်ပါ။

Volume သံကို အကျယ်ဆုံးတင်ထားပါ။

ပြီးရင် အသံမျက်လှည့်ထဲမှ Virtual Barber ဆိုတာကို အရင်ဆုံးဖွင့်လိုက်ပါ။

ဖွင့်ပြီးတာနဲ့ မျက်လုံးကို မှတ်ထားပြီး အသံကိုပဲ အာရုံစိုက် နားထောင်နေလိုက်ပါ။

အဲ့ဒီနောက်မှာတော့ အံ့သြမှုတွေ ဆက်တိုက် ဘော်ဒါ ကြုံရပါလိမ့်မယ်။ ညပိုင်း ပတ်ဝန်းကျင် တိတ်ဆိတ်တဲ့အချိန်မှာ အသံမျက်လှည့်ကို အသုံးပြုစေချင်ပါတယ်။

ဒီလောက်ပဲ ညွှန်းတော့မယ်။ ရေရေလည်လည် လန်းလွန်းလို့ ဘယ်လိုညွှန်းရမှန်းတောင် မသိတော့ဘူး။ ထူးခြားဆန်းသစ်တဲ့ App လေးတစ်ခုမို့ လက်မလွတ်တမ်း စမ်းကြည့်ပေတော့။ App လေးကို
ကျွန်တော် မြန်မာလို ပြောင်းပေးထားပါတယ်။

ထပ်ပြောမယ်နော် နားကြပ်တပ်ပြီး မျက်စိမှိတ်ကာ နားထောင်ပါ

မျက်လှည့်ကြည့်ပြီးသွားလို့ သဘောကျရင် လက်ခုပ်သံတွေနဲ့ အားပေးပေါ့ဗျာ။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်တယ်

download - (18MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
သီတင်းကျွတ်အမှတ်တရ App လေးများ (၂)

ဗျောက်အိုး !! (Firecrackers Pro)


ယခုဆိုရင် မြို့ရွာကျေးနယ် တော်တော်များများမှာ ဗျောက်အိုးဖောက်သံတွေ ကြားနေရပြီထင်ပါတယ်။ ကျွန်တော်တို့ မန္တလေးမြို့မှာလဲ ရပ်ကွက်အလိုက် ဗျောက်အိုးသံတွေ တညံညံနဲ့ ထွက်ပေါ်စ ပြုနေပါပြီ။
ဗျောက်အိုးဖောက်တာကို ကျွန်တော်ကတော့ သက်သက်မဲ့ ငွေကို မီးရှို့တယ်လို့ပဲမြင်တယ်။ ဈေးကြီးတယ်လေ။ မီးပူလဲ လောင်နိုင်တယ်။
ဒါပေမဲ့ ဗျောက်အိုးဖောက်ခြင်းဟာ သီတင်းကျွတ်လရဲ့ သင်္ကေတ တစ်ခုလိုဖြစ်နေပြီ။ ဒီတော့ဗျာ ငွေမကုန်၊ မီးပူမလောင်ပဲ ပျော်စရာကောင်းတဲ့
ဗျောက်အိုး (Firecrackers ) app လေးကို သတင်းကျွတ်အမှတ်တရ အဖြစ် တင်ဆက်လိုက်ပါတယ်။

အတော်လန်းတဲ့ App လေးပါ။ ဗျောက် သေးသေးလေးတွေကနေ အကြီးကြီးတွေအထိပါရှိပါတယ်။ တကယ့်ကို အပြင်က ဗျောက်အိုး ပုံစံတွေနဲ့တူအောင် ဖန်တီးထားပါတယ်။
စနက်တံ မီးလောင်သွားပုံကအစ၊ အသံ creation တွေလဲ တော်တော် လန်းပါတယ်။ ဒီ App လေးကို ရှာတွေ့ခဲ့တာ ကြာပါပြီ။ သီတင်းကျွတ်ကျမှ ပေးမယ်လို့ဆုံးဖြတ်ထားတာ။
အခု သီတင်းကျွတ်ရောက်ပြီဆိုတော့ ဘော်ဒါတွေဆီ ပို့ပေးလိုက်ပါပြီ။
ဖုန်းစပီကာနဲ့တော့ ဗျောက်အိုးသံတွေက မကျယ်ပါဘူး။ အပြင် စပီကာ အကြီးကြီးတွေနဲ့တွဲပြီး ဖောက်လိုက်လို့ကတော့ ရှယ်ပဲပေါ့။ ပိုက်ဆံလဲ မကုန်၊ ဗျောက်အိုးအစုံလဲ ကလိလို့ရတယ်။ Pro version လေးဆိုတော့
ဗျောက်အိုးတွေ အစုံပါတယ်။ သူငယ်ချင်းတွေကို စနောက်လို့လဲရအောင် Lock screen တစ်ခုလဲပါရှိပါတယ်။ Lock screen က အတုပါ။ အချိန်တန်ရင် ဗျောက်အိုးတစ်ချောင်းကျလာပြီးပေါက်ကွဲပါလိမ့်မယ်။
ကဲ ကလိကြပေတော့။ Android 2.2 နှင့်အထက်တွင်အသုံးပြုနိုင်ပါတယ်။

download - (26MB)

dropbox
 
Copy

ပျော်ရွှင်ပါစေ။

Mr.AD
Mafon (သို့) Android ကက်ဆက်လေး

ဒီ App လေးကို ရှာတွေ့ခဲ့တာ အရမ်းပျော်ပါတယ်။ တကယ့်ကို ကျွန်တော်တို့ငယ်ငယ်တုန်းက ဖွင့်ခဲ့တဲ့ ကက်ဆက်တိတ်ခွေ Player ပုံစံမျိုး အသေးစိတ် ဖန်တီးထားတဲ့ Music Player အလန်းလေးပါ။ Mafon ဟာ တစ်ချိန်က ဆိုဗီယက်နိုင်ငံက ထုတ်လုပ်ခဲ့တဲ့ ကက်ဆက် တစ်မျိုးပါ။ music player ရဲ့ function တွေကို ကက်ဆက်မှာပါတဲ့ ခလုတ်ပုံစံလုပ်ထားပြီး အသံအတိုးချဲ့ ဘား၊ screen အလင်း အမှောင် control စတာတွေကို ခေတ်ဟောင်း ကက်ဆက်စတိုင်အဖြစ် စိတ်ကူးလှပစွာ ထည့်သွင်းထားပါတယ်။ ကိုယ့်စိတ်ကြိုက်သီချင်ေးတွကို Playlist အနေဖြင့် ထည့်ထားလို့ရပါတယ်။ အခုခေတ် ကလေးတွေ ကက်ဆက်ကို ကိုင်တောင် ကိုင်ဖူးတော့မယ် မထင်ဘူး။ ကျွန်တော်ကတော့ ကက်ဆက်ခေတ်ကို
ကောင်းကောင်း မှီခဲ့တယ်။ ကလိကြည့်ဗျာ။ ဒါမျိုး ခေတ်ဟောင်း စတိုင် App လေးတွေကို ကျွန်တော် အရမ်း သဘောကျတယ်။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Night Lamp Auto ( ညမီးအိမ် )

ဒီလို ဓါတ်မီး App မျိုး လိုချင်နေတာကြာပါပြီ။ ကျွန်တော်အရင်က ရှာခဲ့ဖူးတယ်။ စိတ်တိုင်းကျ မတွေ့ခဲ့ဘူး။ Night Lamp Auto ကိုတော့ အရမ်းကြိုက်တယ်ဗျာ။ ညရေးညတာတွေမှာ ဖုန်းနဲ့ ဓါတ်မီး ထိုးကြည့်ဖို့ဆိုရင် အရင်ဆုံး ဖုန်း screen ကို on ရပါမယ်(သို့)
Lock ဖြည်ရပါမယ်။ ပြီးမှ ဓါတ်မီး App ကို နှိပ်ကာ အသုံးပြုရမယ်။
အိပ်ချင်မူးတူးနဲ့ဆို အမြန်လုပ်ဖို့ မလွယ်ပါဘူး။ အရေးအကြောင်း တစ်ခုခုဖြစ်တဲ့အခါ ဓါတ်မီးအမြန်ထိုးကြည့်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးမှာကတော့ ညရေးညတာတွေမှာ
အလျင်မြန်ဆုံး အသုံးပြုနိုင်မယ့် Night Lamp Auto ပါပဲ။

ဒီ App လေးမှာ မီးဖွင့်နိုင်တဲ့ အဓိက function နှစ်ခုပါတယ်။ တစ်ခုက အသံနဲ့ မီးဖွင့်တာဖြစ်ပြီး နောက်တစ်ခုက လှုပ်ရှားမှုကို အာရုံခံပြီး မီးဖွင့်တာဖြစ်ပါတယ်။ အသံနဲ့ဖွင့်ရာမှာ ဖုန်းရဲ့ Microphone ပေါက်ကို အသုံးပြုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း Microphone sensitivity ကို အနည်းငယ်လောက်သာ ဆွဲထားပါ။ မိမိဖုန်းရဲ့ Mic Sensitivity အလိုက် လိုအပ်သလို ချိန်ညှိပေါ့ဗျာ။ ကျွန်တော့်ဖုန်းနဲ့က ပုံထဲမှာ
ပြထားတဲ့အတိုင်းလောက်ဆို အိုကေတယ်။
အောက်က လှုပ်ရှားမှုနဲ့ဖွင့်တာကို မသုံးချင်ရင် အဆုံးထိ ဆွဲပြီး ပိတ်ထားလိုက်ပါ။ ကျွန်တော်ကတော့ အသံနဲ့ဖွင့်တာကို ပိုပြီး သဘောကျတယ်။ လိုသလောက်လေး ချိန်ညှိပြီးပြီဆိုရင် Mic ပေါက်နားကို လေပြင်းပြင်းတစ်ချက်လောက် မှုတ်လိုက်ပါ။
Flash မီး လင်းသွားပါမယ်။ နောက်တစ်ခေါက် ထပ်မှုတ်လိုက်ရင် မီးပိတ်သွားပါမယ်။ စိတ်ထဲမှာ ဖယောင်းတိုင်မီးကို လေနဲ့မှုတ်ပြီး ငြိမ်းလိုက်ရသလို ခံစားလိုက်ရတယ်။ Screen Off ဖြစ်နေချိန်မှာလဲ အသုံးပြုနိုင်တော့ အလွန် အသုံးဝင်သွားပါတယ်။ ညရေးညတာများ
အရေးပေါ် ဓါတ်မီးထိုးကြည့်ချင်ရင် Screen on စရာမလိုပဲ
လေမှုတ်လိုက်ရုံနဲ့ မီးလင်းပြီဗျာ။

Movement Sensitivity ကတော့ ဖုန်းကို ကိုင်လှုပ်လိုက်တာနဲ့ မီးလင်းပါမယ်။ ခဏတာ မီးလင်းပေးပြီး ဖုန်းကို အငြိမ်ထားလိုက်ရင် မီးပြန်ပိတ်သွားပါမယ်။ Movement function လဲ လန်းပါတယ်။
ဒါပေမဲ့ Mic function ကိုအသုံးပြုရတာ ပိုကြိုက်တယ်။
အဓိက သဘောကျတာကတော့ Screen Off လုပ်ထားတာတောင် အသုံးပြုနိုင်တာပဲ။ ဒါကြောင့် အရေးပေါ်မီးထိုးကြည့်ဖို့ အလျင်မြန်ဆုံး အသုံးပြုနိုင်တဲ့အတွက် ဘော်ဒါတိုင်းရဲ့ဖုန်းထဲမှာ ထည့်ထားကြပါလို့ အကြံပေးပါရစေ။ ညအိပ်ခါနီးရင် Night Lamp Auto ကို on ထားပြီး အိပ်မယ်ဆိုရင် အချိန်မရွေး မီးထွန်းနိုင်သွားပါပြီလို့ ပြောရင်း ညမီးအိမ်လေးကို ယခုပင် download ဆွဲလိုက်ကြပါတော့
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

Play Store မှာလဲ ရှိပါတယ်။ free ပေးတာလေးပါ

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, September 11, 2013



WiFi Talkie

WiFi ကို အသုံးပြုပြီး တစ်ဦးတစ်ဦး Walkie Talkie ပြောလို့ရမယ့် App ပါ။
အင်တာနက်မလိုပါဘူး။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စကားပြောဖို့
ငွေမကုန်ပါဘူး။ Battery ပဲ အားကုန်ပါမယ်
ဖုန်းတစ်လုံးနဲ့ တစ်လုံး WiFi ချိတ်ကာ ပြောနိုင်ပါတယ်။
ကျွန်တော်စမ်းကြည့်တာ ပေ(၁၀၀)ပတ်ချာလည်လောက် ကောင်းကောင်း ကြားရပါတယ်။ ဒါကြောင့် ကျောင်းသူကျောင်းသားများ တစ်ခန်းနဲ့တစ်ခန်း စကားပြောတာ၊ ရုံးသူ ရုံးသားများ အပေါ်ထပ် အောက်ထပ် စကားပြောတာ၊ အိမ်နီးချင်း ချစ်သူစုံတွဲတွေ တော်ကီပွားနိုင်တာ စသဖြင့် ပေ(၁၀၀)ကျော် ပတ်လည်အတွင်း ငွေမကုန်ပဲ အပြန်အလှန် တော်ကီတွေ ပွားနိုင်တယ်ဗျာ။

ဖုန်းတစ်လုံးနဲ့တစ်လုံး WiFi ချိတ်နည်းကတော့ အားလုံးသိကြမှာပါ။ မသိရင်လဲ ပြောပါမယ်။ အရင်ဆုံး ဖုန်းတစ်လုံးရဲ့ Setting ထဲကိုသွားပါ။ Tethering and portable hotspot ကိုဝင်ပါ။
Portable Wi-Fi hotspot ကို ဖွင့်လိုက်ပါ။ ဒါဆို Wi-Fi လွှင့်လိုက်ပါပြီ။ နောက်ဖုန်းတစ်လုံးက ထို လွှင့်ထားတဲ့ Wi-Fi ကို ချိတ်ဆက်ရမှာဖြစ်ပါတယ်။ ချိတ်ဆက်နည်းကတော့ ချိတ်ဆက်မယ့်
ဖုန်းရဲ့ Setting ထဲကို ၀င်ပြီး Wi-Fi ကို ဖွင့်လိုက်ပါ။ ခုနက လွှင့်ထားတဲ့ လိုင်းကို မြင်ရရင် တစ်ချက်နှိပ်ကာ ချိတ်လိုက်ရုံပါပဲ။ ဒါဆို ဖုန်းတစ်လုံးနဲ့တစ်လုံး Wi-Fi ချိတ်ဆက်သွားပါပြီ။

ချိတ်ဆက်ပြီးသွားရင် WiFi Talkie ကိုဖွင့်လိုက်ပါ။ ညာဘက်ထောင့်က ခလုတ်ကို On လိုက်ပါ။ Channel ကတော့ ဖုန်းနှစ်လုံးစလုံးမှာ တူရပါမယ်။ Channel တူမှ စကားပြောနိုင်ပါမယ်။ Channel လိုင်းတွေ အများကြီးပါတယ်။ ကိုယ်ကြိုက်ရာ လိုင်းကို ဖုန်းနှစ်လုံးစလုံးမှာတူအောင် ပြောင်းပြီး ပြောရုံပါပဲ။ ဖုန်းအမျိုးစားပေါ်မူတည်ပြီး ဆူညံသံ(Noise) အနည်းငယ်ရှိပါတယ်။ Volume ကို တစ်ဝက်လောက်ထားပြီး ပြောရင် အသံကြည်ကြည်လင်လင်နဲ့ အိုကေပါတယ်။ Walkie Talkie ပုံစံဖြစ်လို့ လက်နဲ့ဖိ စကားပြော၊ နားထောင်ချင်ရင် ပြန်လွှတ် ရပါမယ်။ ဒီလောက်ဆို အိုကေနေပြီနော် .. ပိုက်ပိုက်မကုန်ပဲ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်တာမို့ အမြန်သာ ဒေါင်းပြီး ကလိကြပေတော့ ဘော်ဒါတို့။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

CallHeads

CallHeads ဆိုတဲ့ Caller ID အလန်းစားတစ်ခုကို မိတ်ဆက်ပေးမယ်။ ဖုန်းဝင်လာတဲ့အခါ ID စက်ဝိုင်းထဲမှာ Contact ပုံတွေနဲ့ ဖော်ပြပေးမယ့် Call receive app ဖြစ်ပါတယ်။ Animation များဖြင့် ဖော်ပြပေးလို့ အလန်းစားပါပဲ။ Animation သုံးမျိုးပါဝင်ပါတယ်။ ဂိမ်းကစားတာပဲဖြစ်ဖြစ်
ဘာပဲလုပ်နေနေ ဖုန်းဝင်လာတာနဲ့ စက်ဝိုင်းလေးနဲ့အတူ ဖော်ပြပါမယ်။ စက်ဝိုင်းကို ဘယ်၊ ညာ၊ အောက် ရွှေ့ပြောင်းပြီး ဖုန်းလက်ခံတာ ၊ မကိုင်တာ၊ ခဏစောင့်ခိုင်းတာ တွေ လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး floating ဖြစ်လို့ caller id စက်ဝိုင်းလေးကို ကြိုက်တဲ့နေရာ ရွေ့ထားလို့ ရပါတယ်။ ဖုန်းဝင်လာတဲ့အခါ ကိုယ်လုပ်နေတာလဲ ဆက်လုပ်ရင်း ..
အ၀င် call ကို ကိုင်နိုင်သွားပါမယ်။ သုံးကြည့်ဗျာ အမိုက်စားလေးပဲ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.3MB)

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, September 1, 2013


*** ရေလည်လန်းတဲ့ FUNLocker ***

Screen Locker အလန်းစားတွေ ထားချင်ရင်တော့ FUNLocker က တကယ်လန်းတယ်။ ရယ်စရာတွေလဲ ပါတယ်။ ဒီဇိုင်းဆန်းတဲ့ အလန်းစား Locker Themes တွေကို ရယူဖို့ အင်တာနက်လေးတော့ ဖွင့်ထားရပါမယ်။ FUNLocker ကို install လုပ်ပြီး see more theme ဆိုတာကို နှိပ်ကာ Themes များစွာကို အခမဲ့ ရယူနိုင်ပါတယ်။ Piano Theme လေးကို အတော် ကြိုက်တယ်ဗျာ။
Lockscreen က Piano ဖြစ်သွာတယ်။ တစ်ခုချင်းတီးနေရင် မပွင့်ဘူး။
Key အားလုံး တန်းစီပြီး တီးလိုက်ရင် Lock ပွင့်သွားတယ်။ လန်းတယ်။

နောက် ချစ်သူစုံတွဲတွေအကြိုက် စုံတွဲဓါတ်ပုံလေးတွေကို Frame လှလှလေးတွေနဲ့ Lockscreen လုပ်ထားလို့ရတယ်။ သူငယ်ချင်းတွေကို ကြွားဖို့ မျက်နှာမှတ်ပြီး ဖွင့်နိုင်တဲ့ Lockscreen ,
Guitar , Drum , Gun ... အများကြီးပဲဗျာ ရေလည် လန်းတယ်ဗျို့။ ရယ်စရာ Lockscreen themes တွေလဲ အများကြီး ရှိတယ်ဗျာ။ လူငယ်တွေအကြိုက် ဆန်းသစ်လှပသော Locker Themes များစွာရှိလို့ တကယ်လန်းတဲ့ app လေးဖြစ်ပါကြောင်း ပြောကြားရင်း down လိုက်ပါ
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

dropbox

copy
 

ပျော်ရွှင်ပါစေ။

Mr.AD


Rotten Friends Pro

သတိ - ကြောက်တတ်သူများ မကလိရ။

ဓါတ်ပုံများကို ကြောက်စရာကောင်းအောင် ဖန်တီးနိုင်တဲ့ App တွေထဲမှာတော့ အလန်းဆုံးနဲ့ တကယ် ခြောက်ခြားစရာကောင်းတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App လေးကို ရှာဖွေနေတာကြာပါပြီ။ Free version ပဲ တွေ့လို့ မတင်ဖြစ်သေးတာ။ Pro version မနေ့ညက ရှာတွေ့လိုက်လို့ တင်လိုက်ပါပြီ။ Pro မှာ Effects ပေါင်းများစွာ ပါရှိပါတယ်။ မည်မျှပင် ကြည့်ကောင်းနေပါစေ Rotten Friends နဲ့သာ ကလိလိုက်ပါ။ ကြောက်စရာကောင်းသော သတ္တ၀ါအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ကိုယ့်ရုပ်ကိုယ်တောင် အတော်လေး ပြန်လန့်မိတယ်။ ညာဘက်ပုံကတော့ ကျွန်တော့်ပုံ ကျွန်တော် ပြန်ကလိထားတာပါ
သူငယ်ချင်းပုံများကို စနောက်လို့ကတော့ ဘာပြောကောင်းမလဲ .. ရှယ်ပဲ :D

ကလိထားသော ဓါတ်ပုံကို sdcard\android\data\RottenFriends မှာ ..
ပြန်ရှာနိုင်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။ ဖုန်းတိုင်းတွင် အဆင်ပြေ မပြေ မပြောတတ်ပါ :)

download - (17MB)

dropbox
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Cracked Screen

Screen ကွဲတဲ့ပုံစံ အတုလုပ်ပေးတဲ့ App တွေထဲမှာ အလန်းဆုံးလို့ပြောချင်ပါတယ်။ အခုမှ ထွက်လာတဲ့ App အသစ်လေးဖြစ်ပါတယ်။ မှန်ကွဲတဲ့ပုံစံ အမျိုးမျိုး ပါရှိတဲ့အပြင်၊ color မမှန်တဲ့ပုံစံ၊ screen ကို ..
ဖိမိလို့ ပျက်စီးသွားတဲ့ပုံစံတွေပါ ပါရှိပါတယ်။ တကယ်ကို တူပါတယ်။ App icon တွေကို မှန်ကွဲရဲ့အောက်မှာ ထားရှိပေးတဲ့အတွက် အရင် screen အတုကွဲတဲ့ App တွေထက်စာရင် အများကြီးလန်းတယ်။ သူငယ်ချင်းများကို စနောက်ချင်တဲ့အခါ (သို့) ဖုန်းအသစ်လိုချင်လို့ ..
မိဘများကို မှန်ကွဲသွားပြီလို့ အကြောင်းပြချင်တဲ့အခါ သုံးနိုင်ပါတယ်။ ( ဟီး .. မြှောက်ပေးနေတာ ) ကလိကြည့် ထိထိ မိမိ လေးပါပဲ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (2.4MB)

dropbox
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, August 20, 2013


*** ဘာခလုတ်မှ မနှိပ်ပဲ screen on/off နဲ့ Lock ပါ ပြန်ပွင့်နိုင်အောင် လုပ်နည်း ***
 

********************************************
Mr.AD (www.facebook.com/happyandroidworld)

ဒီနည်းလမ်းကတော့ မိမိဖုန်းရဲ့ Screen lock ကို ခလုတ်မနှိပ်ပဲ သူ့လိုလို lock ပြန်ဖွင့်အောင်/ပြန်ပိတ်နိုင်အောင် လုပ်ကြည့်ပါမယ်။ အမှန်တော့ ကျွန်တော် App နှစ်ခု သုံးပြီး လူလည်ကျခြင်းဖြစ်ပါတယ်။ Screen on/off လုပ်ပေးတဲ့ App တွေက Screen on/off ပဲ လုပ်ပေးနိုင်ပါတယ်။ Lock ဖွင့်တဲ့အထိတော့ မလုပ်ပေးပါဘူး။ မှောင်ရာကနေ လင်းလာအောင်ထိပဲ လုပ်ဆောင်နိုင်ပါတယ်။ အခု ကျွန်တော် ပြောမယ့်နည်းလမ်းကတော့ မှောင်ရာကနေလဲ လင်းလာမယ်။ နောက် လင်းလာတဲ့အခါ screen ကို ထိစရာမလိုပဲ lock ပွင့်သွားအောင် လုပ်နိုင်ပါတယ်။
နောက် lock ပြန်ပိတ်ချင်တဲ့အခါမှာလဲ ခလုတ်မနှိပ် မှန်ပြင်ကိုမထိပဲ lock ကျသွားအောင် လုပ်ပါမယ်။ ဖုန်းအားလုံးတွင် အဆင်ပြေ မပြေတော့ ကျွန်တော် အာမမခံနိုင်ပါဘူး။ ကျွန်တော် S3 နဲ့ စမ်းသပ်ပြီး အဆင်ပြေသွားလို့တင်ပေးလိုက်တာဖြစ်ပါတယ်။

Magic unlock - ပုံ(၁)
ပထမဆုံး ထည့်ရမည့် App ကတော့ Magic unlock ဖြစ်ပါတယ်။ ဒီဟာလေးက သင့်ရဲ့ဖုန်းကို Lock ပြန်ဖွင့်ပေးနိုင်ပါတယ်။ screen on တော့ မရပါဘူး။ screen on ပြီးတဲ့အခါ lock ဖွင့်ရာတွင် အသုံးပြုဖို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဖုန်းရဲ့ Proximity sensor ကို အသုံးပြီး lock ပြန်ဖွင့်နိုင်ပါတယ်။ Magic unlock ကို install လုပ်ပြီးတာနဲ့ service ကို on လိုက်ရုံပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ဖုန်းကို screen on နေတဲ့အချိန် sceen ကို ထိစရာမလိုပဲ lock ဖွင့်နိုင်သွားပါပြီ။ ဒါပေမဲ့ screen on ကိုလဲ ခလုတ်နှိပ်စရာမလိုပဲ လုပ်ဆောင်နိုင်ဖို့အတွက် နောက်ထပ် App တစ်ခုကို အသုံးပြုရပါမယ်။


Proximity Screen off Pro - ပုံ(၂)
ဒီကောင်လေးကတော့ မိမိဖုန်းကို ခလုတ်နှိပ်စရာမလိုပဲ screen on/off  လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ screen off (lock) လုပ်ချင်တဲ့အခါ ဖုန်းမှန်ပြင်ပေါ်ရှိ Proximity Sensor ပေါ်သို့ လက်ဝှေ့ယမ်းလိုက်တာနဲ့ သူ့လိုလို ပိတ်သွားပါမယ်။ screen on ချင်တဲ့အခါ လက်ဝှေ့ယမ်းလိုက်ရင်
screen ပြန်လင်းလာပါမယ်။ သို့သော် lock ကိုတော့ မဖွင့်ပေးနိုင်ပါဘူး။

ဒီတော့ ကျွန်တော် ဘယ်လို လူလည်ကြမလဲဆိုတာ ဘော်ဒါတို့ သဘောပေါက်နေလောက်ပါပြီ။ Magic unlock နဲ့ Proximity Screen off နှစ်မျိုးစလုံးကို အသုံးပြုလိုက်မယ်ဆိုရင် မိမိဖုန်းကို ခလုတ်မနှိပ်ပဲ ..
screen on/off လဲ လုပ်နိုင်သွားမယ်။ screen on နေတဲ့အချိန်မှာလဲ Magic unlock နဲ့ lock ကိုပါ ခလုတ်မနှိပ်ပဲ ပြန်ဖွင့်နိုင်သွားမယ်။ နားလည်မယ်လို့ထင်ပါတယ်။ ဟဲဟဲ ဘာရမလဲ လူလည်ကျကြည့်တာပါ။

တစ်ခုသတိပေးချင်တာက Proximity Screen off ကို အသုံးပြုတဲ့အခါ ဖုန်းကို screen on (သို့) off လုပ်ရာတွင် Promixity Sensor ပေါ်သို့ လက်တစ်ကြိမ် ဝှေ့ယမ်းမလား ၊ နှစ်ကြိမ် ဝှေ့ယမ်းမလား စသဖြင့် setting ချိန်ပေးလို့ရပါတယ်။ screen off options ဆိုတာကို နှိပ်ပြီး
setting ထဲကို ၀င်ရောက်နိုင်ပါတယ်။ အဖွင့်ရော အပိတ်ရော တစ်ကြိမ်ပဲ 

ဝှေ့ယမ်းမယ်လို့သတ်မှတ်ပေးထားရင် Magic unlock နဲ့ သွားငြိကာ screen lock ဖွင့်ပြီးရင် အလိုလို ပြန်ပိတ်သွားတတ်ပါတယ်။ ဒါကြောင့် Proximity Screen off ရဲ့ setting ထဲမှာ screen on ကို လက်တစ်ကြိမ်ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးပြီး screen off ကိုတော့ နှစ်ကြိမ်
ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးရပါမယ်။ ဒါမှ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ပေးပြီးရင်တော့ Start Service ကို နှိပ်ပေးရင် စလုပ်ပါပြီ။ Proximity screen off setting ချိန်နည်းကို ပုံ(၃) နှင့် ပုံ(၄) ထဲက အတိုင်း ပြုလုပ်ပေးပါ။

နိဂုံးချုပ်ပြောရရင်တော့ မိမိဖုန်း မှန်ပြင်ပေါ်ကို လက်နှစ်ကြိမ် ဝှေ့ယမ်းတဲ့အခါ ဖုန်းက lock ကျပြီး ပိတ်သွားပါမယ်။ ပြန်ဖွင့်ချင်တဲ့အခါ ပထမဆုံး တစ်ကြိမ်ဝှေ့ယမ်းပါ။
screen on သွားပါမယ်။ နောက်တစ်ကြိမ် ထပ်ပြီး ဝှေ့ယမ်းမယ်ဆိုရင်တော့ lock ပါ ပွင့်သွားပါမယ်။ အရမ်း အဆင်ပြေသွားပြီနော်။ ဖုန်းခလုတ်လဲ မနာတော့ဘူး။ လက်ဝှေ့ယမ်းရုံနဲ့ screen on/off နဲ့ lock ကိုပါ တစ်ခါတည်း အသုံးပြုနိုင်တော့ အတော်လေး လန်းသွားပါတယ်။ အတတ်နိုင်ဆုံး ရှင်းလင်းအောင်တော့ ရေးပြလိုက်တာပဲ။ အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စမ်းကြည့်ကြဗျာ။ ကျွန်တော်တော့ ကိုယ့်ဘာသာ လူလည်ကြပြီး အပျော်ကြီး ပျော်နေပါတယ် :D

download -

Magic unlock -

dropbox

zippyshare


Proximity screen off -

dropbox
 

zippyshare

အဆင်ပြေ ပျော်ရွှင်ကြပါစေ။

Mr.AD (www.facebook.com/happyandroidworld)

Sunday, August 18, 2013



** စုံလင်စွာ အသုံးပြုနိုင်မယ့် Active Lockscreen **

Lockscreen အများစုမှာ ပါဝင်တဲ့ function တွေက Lock ဖွင့်တာ၊ Phone Call လုပ်တာ၊ SMS ဖွင့်တာ၊ Mute လုပ်တာ၊ Camera ဖွင့်တာ .. စသဖြင့် function အနည်းငယ်သာ Lockscreen မှာ
အသုံးပြုနိုင်ပါတယ်။ Active Lockscreen မှာတော့ Lockscreen တစ်ခုမှာတင် အသုံးပြုနိုင်တဲ့ function အများကြီး ပါဝင်နေပါတယ်။

** Call **
Call လုပ်ရာမှာ ကိုယ်အမြဲဖုန်းခေါ်လေ့ရှိတဲ့ Contact လေးခုကို ..
Lockscreen မှာ သတ်မှတ်ပေးထားလို့ရပါတယ်။ Lockscreen မှာတင် ..
တစ်ခါတည်း တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပါတယ်။ အလွန်အဆင်ပြေပါတယ်။

** Message **
Message ဖွင့်ရာမှာလဲ SMS တစ်မျိုးတည်းတင်မဟုတ်ပဲ သင့်ဖုန်းမှာ fb messenger , Gmail , imo .. အစရှိတဲ့ message app တွေကိုလဲ Lockscreen မှာ တစ်ခါတည်း တန်းဖွင့်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

** Camera **
Camera ဖွင့်ရာတွင်လဲ ဖုန်းမှာပါတဲ့ built in camera အပြင် သင်ထည့်ထားတဲ့ တစ်ခြား camera app များကိုလဲ ဖွင့်နိုင်ပါတယ်။

** Apps **
Application များကိုလဲ (၈)မျိုးအထိ Lockscreen မှာ shortcut အနေဖြင့် ဖန်တီးထားလို့ရပါတယ်။ Lock ဖွင့်ရင်း ကိုယ်သုံးချင်တဲ့ App ဆီကို တစ်ခါတည်းတန်းဖွင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

** Themes **
Active Lockscreen အတွက် ဆန်းသစ်လှပတဲ့ Theme များစွာကိုလဲ Play Store မှာ အခမဲ့ ရယူနိုင်ပါသေးတယ်။ Theme တွေက အတော်လေးလန်းတယ်ဗျာ။ အားရပါးရသာ ယူကြပေတော့။

Active Lockscreen မှာ ထည့်ထားချင်တဲ့ App များကို Setting ထဲသွားပြီး ..
Select your shortcuts ဆိုတဲ့အောက်မှာ စိတ်တိုင်းကျ သတ်မှတ်ပေးနိုင်ပါတယ်။ Active Lockscreen ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ ၊ မပြေကတော့ ဒေါင်းပြီး စမ်းကြည့်လိုက်ပါ။ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်တဲ့ Lockscreen တစ်ခုဖြစ်ပါတယ်။

download - (3MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Thursday, August 15, 2013



EarSmart

earphone(နားကြပ်)ကြိုးထိုးပြီး သီချင်းနားထောင်တဲ့အခါ ..
သီချင်းဖွင့်ဖို့ music player ကို ရှာရပါသေးတယ်။
မော်ဒယ်မြင့်ဖုန်းတစ်ချို့မှာတော့ နားကြပ်ကြိုးထိုးလိုက်တာနဲ့ ..
music player အလိုလို ပွင့်ပါတယ်။ EarSmart က သင့်ဖုန်းကို
မော်ဒယ်မြင့်ဖုန်းတွေလို နားကြပ်ကြိုးထိုးလိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ ..
app ကို ပွင့်သွားအောင် လုပ်နိုင်ပါတယ်။ ကြိုက်တဲ့ app ကို ဖွင့်ရန် သတ်မှတ်ပေးလို့ရပါတယ်။ နောက်ပြီး Media Volume အတိုးအချဲ့ ကို ကြိုတင်သတ်မှတ်ပေးထားလို့ရပါတယ်။ ကြိုးထိုးလိုက်တာနဲ့ Volume က ဘော်ဒါ သတ်မှတ်ပေးထားတဲ့အတိုင်း auto ချိန်ပေးသွားပါမယ်။
နောက်ထပ် လန်းတာက နားကြပ်ကြိုး ထိုးလိုက်တာနဲ့ သီချင်းကို auto ဖွင့်ပေးပါတယ်။ auto play function ကိုတော့ Android 4.1 အထက် တစ်ချို့ဖုန်းများတွင် အဆင်ပြေချင်မှ ပြေပါမယ်။ ကျွန်တော် S3 (4.2.2) မှာ စမ်းကြည့်တာတော့ အဆင်ပြေတယ်ဗျ။ earphone အပြင် bluetooth headset အတွက်လဲ အသုံးပြုနိုင်ပါတယ်။ အတော်လေး အဆင်ပြေတဲ့ app လေးပါ။ သီချင်းနားထောင်ဖို့ earphone တပ်လိုက်တာနဲ့ player လဲပွင့်၊ သီချင်းလဲ ဖွင့်ပြီးသားဖြစ်သွားတယ်။ အလန်းလေးမို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Tuesday, August 13, 2013


Mr.AD ရဲ့ Android ထဲမှ ဇာတ်လမ်းများ (အပိုင်း-၁)
*********************************

By Mr.AD (www.facebook.com/happyandroidworld)

**************

“ ချစ်ငယ်ကလည်းကွာ ကြာလိုက်တာ .. ချစ်ကြီး ရောက်နေတာကြာပြီ ”

“ ကြာဆို .. ဒီဖုန်းကြောင့်ပေါ့ .. ချစ်ကြီးဆီ လာခါနီးမှ ဖုန်းကို ဘယ်နားထားမိမှန်း မသိလို့ လိုက်ရှာနေတာနဲ့ ကြာသွားတာရှင့် .. မျက်နှာကြီးကလဲ ဆူပုပ်နေတာပဲ ”

“ နမော်နမဲ့နိုင်လိုက်တာကွာ .. သြော် .. သတိရပီ .. App လေးတစ်ခုရှိတယ် ဖုန်းကိုဘယ်နားထားမိမှန်း မသိတဲ့အခါ လက်ခုပ်တီးပြီး ရှာလို့ရတာလေး ”

“ ဟယ် .. ဟုတ်လား .. ပေးပေး .. ချစ်ငယ်အတွက် အဲ့ဒါ လိုအပ်တယ် ”

“ ပေးမှာပေါ့ ချစ်ငယ်ရဲ့ .. နေဦး download ဆွဲလိုက်ဦးမယ် ”

download - Clap to Find
dropbox

copy


“ ကဲ .. စမ်းကြည့်ပါဦး ”

“ လက်ခုပ်တီးရမှာလားဟင် ”

“ အင်းလေ လက်ခုပ်တီးလိုက် .. ဖုန်းက Ringtone သံမြည်လာလိမ့်မယ် ”

“ ဟုတ်လို့လား .. လာထား .. ဖြောင်း .. ဖြောင်း .. ဖြောင်း ..
ဟယ် .. ရတယ်တော့ .. အဟား .. မိုက်တယ် .. ချစ်ကြီးက အရမ်းချစ်ဖို့ကောင်းတာပဲ ”

“ ချစ်စရာကောင်းလား .. ဒါဆို အာဘွား ပေး ”

“ ဟွန့် .. လုပ်ပြီ .. အင်းပေါ့လေ .. ချစ်စရာကြီးဆိုတော့လဲ .......... ”

“ အဟဲ .. နောက်တစ်ဖက် ကျန်သေးတယ် ”

“ အာ .. ချစ်ကြီးနော် .. သူရှာပေးတာက တစ်ခုတည်း .. မရဘူး နောက်ပါးတစ်ဖက်ကို နမ်းစေချင်ရင် နောက်တစ်ခုရှာပေး ”

“ အင် .. အဲ့လိုကြီးလား .. ကဲ .. ဒီတစ်ခါ ဘာလိုချင်တာလဲ ”

“ ဟိုလေ .. မနေ့က ချစ်ငယ် သူငယ်ချင်းရဲ့ဖုန်းမှာ ပါးစပ်နဲ့ လေချွန်လိုက်တာနဲ့ဓါတ်ပုံရိုက်ပေးတဲ့ဟာလေး တွေ့ခဲ့ရတယ် .. အဲ့ဒါ လိုချင်လို့တောင်းတာ .. အဲ့မိန်းမက ပဲများတယ် .. လိုချင်ရင် နင့်ကိုကို ကို ရှာခိုင်းတဲ့ .. သိပ်အမြင်ကပ်တာပဲ .. အဲ့ဒါနဲ့ အမြင်ကပ်လို့ မတောင်းခဲ့တော့ဘူး .. အဲ့ဟာလေး လိုချင်တယ် ”

“ အင်း .. လိုချင်ရင် ရစေရမယ် .. နည်းနည်းတော့ ရှာရခက်မယ် ..
ချစ်ငယ် ရှာခိုင်းတာက ရှားပါးကြီး .. ဒါပေမဲ့ ရအောင် ရှာပေးမယ် .. အနမ်းခံချင်လို့ ”

“ မတွေ့လို့ကတော့ စိတ်ကောက်ပြီသာ မှတ် .. တွေ့ရင်တော့ အဟဲ ”

“ ဟော .. ဟေဟေး .. အနမ်းခံရတော့မယ်ကွ .. တွေ့ပြီ ဒါပဲဖြစ်မယ် ”

download - AutoCam
dropbox
 

copy

“ ရုပ်ကိုက မှိုရတဲ့ မျက်နှာကြီးနဲ့ .. ခိခိ ”

“ ရပြီ .. စမ်းကြည့်ရအောင် .. အိုကေ .. လက်ခုပ်တီးပြီး ရိုက်လို့လဲရတယ် ..
လေချွန်ပြီးလဲ ရိုက်လို့ရတယ်တဲ့ ချစ်ငယ်ရဲ့ .. လာထား .. ရွှီ .............. ”

“ ဟယ် .. ရိုက်သွားပြီ .. မိုက်တယ် .. မိုက်တယ် ”

“ ဒီတစ်ခါ လက်ခုပ်တီးကြည့်မယ် ... ဖြောင်း ဖြောင်း ဖြောင်း ... ”

“ ရတယ်တော့ .. အဟား .. မိုက်တယ်ကွာ .. ဓါတ်ပုံရိုက်ရင် ရိုက်တဲ့ နေရာကို လက်နဲ့ လှမ်းနှိပ်ရတော့ တစ်ခါတစ်ခါ လက်က မငြိမ်ဘူးဖြစ်သွားတယ် .. အခု ဒါလေးနဲ့ဆိုရင် လက်ကို ငြိမ်ငြိမ်ထားပြီး ပါးစပ်က လေချွန်လိုက်ရုံပဲ .. တော်လိုက်တာရှင့် .. မွ မွ ”

“ ဟင် အဲ့လို ပါးစပ်နဲ့ မွ မွ မလုပ်နဲ့လေ .. ဒီပါးကြီးကို မွမွ ပေး .. ”

“ အဟိ .. အဲ့လို မရဘူးလား .. အရမ်းချစ်ဖို့ကောင်းတယ် ............................... ”

“ ချစ်ကြီးလဲ အရမ်းချစ်တယ် .............................. ”

အပြန်အလှန် အနမ်းလေးတွေ ပေးရင်း ချစ်ကြီး၊ ချစ်ငယ် ဆိုတဲ့ ချစ်သူစုံတွဲလေးမှာ ကြည်နူးမှုတွေ အပြည့်ဖြင့် နေ့တစ်နေ့ရဲ့ အသာယာဆုံးအချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ကြတယ်။

*************************

App လေးတွေကို ဇာတ်လမ်းလေးတွေ ဆင်ပြီး ဆက်လက် တင်ဆက်ပေးသွားပါမယ်။ သဘောကျရဲ့လား ဘော်ဒါတို့ .. ဒန် တန့် တန် .... :)

Mr.AD (www.facebook.com/happyandroidworld)


Monday, August 12, 2013

 facebook window

Facebook သုံးရင်း ဖုန်းကလိချင်တဲ့သူတွေအတွက် ရေလည်လန်းတဲ့ facebook window ဆိုတာလေး တင်ပေးလိုက်တယ်။ ဒါလေးရှာတွေ့တာ အရမ်းပျော်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ..
အရင်ကဆိုရင် facebook သုံးနေချိန် သီချင်းဖွင့်ချင်တာ၊ SMS ဖတ်ချင်တာ၊ တစ်ခြား ကိစ္စတွေ လုပ်ချင်ရင် facebook app ကို ပိတ်ရပါတယ်။ ဒါမှမဟုတ် home key နှိပ်ပြီး ပြန်ထွက်ရပါတယ်။ အလုပ်ရှုပ်တယ်ဗျ။
အခုတော့ faceboook window ဆိုတာလေးနဲ့ အဆင်ပြေသွားပါပြီ။ facebook ကို window တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်။ ချုံ့၊ ချဲ့ ပြုလုပ်နိုင်တယ်။ facebook function ကိုလဲ အပြည့်ဝ အသုံးပြုနိုင်ပါတယ်။ Hide လုပ်ထားလို့လဲရတယ်ဗျ။ ပြန်သုံးချင်ရင် တစ်ချက်နှိပ်ပြီး ပြန်ဖွင့်ရုံပဲ။
မြန်မာစာလဲ အဆင်ပြေတယ်ဗျာ။ သေးသေးကွေးကွေးလေးအထိ ချုံ့ထားနိုင်တယ်။ ဓါတ်ပုံတွေ zoom ဆွဲကြည့်သလို လက်ညိုး လက်မ သုံးပြီး ချုံ့၊ ချဲ့ လုပ်နိုင်တယ်။ file size က 90KB လေးပဲ ရှိတယ်ဗျာ .. လုံးဝ အလန်း :) Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, August 7, 2013

 *** လန်းပါပေ့ Hovering Controls ရယ် ***

App အလန်းလေးတွေ တင်ပေးပါဆိုတဲ့ ဘော်ဒါများအတွက် Hovering Controls ဆိုတဲ့ App အလန်းလေး တင်ပေးတယ်ဗျာ။ Proximity Sensor ဆိုတာကို အားလုံး သိကြမယ်ထင်ပါတယ်။
ဖုန်းရဲ့ရှေ့ကင်မရာ နားမှာရှိတဲ့ အမဲရောင် အကွက်လေးက Proximity Sensor ဖြစ်ပါတယ်။ သူက ဖုန်းလာတဲ့အခါ နားနဲ့ကပ်ရင် Screen Off ဖြစ်အောင်လုပ်ပေးတဲ့ Sensor ပေါ့ဗျာ။
အဲ့ဒီ Proximity Sensor ကို အသုံးပြုပြီး မိမိဖုန်းကို ခိုင်းကြည့်မယ်။ Hovering Controls App နဲ့ ခိုင်းလိုက်ကြစို့ဗျာ

Hovering Controls နဲ့ ဘာတွေလုပ်နိုင်လဲဆိုတော့ ..

- Proximity Sensor ပေါ်သို့ လက်ဝါးဖြင့် ညာဘက်ကို ယိမ်းတဲ့အခါ ..
မိမိကြိုက်နှစ်သက်ရာ App တစ်ခုခုကို ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ နှစ်ဖက်စလုံး နှစ်ခါ ယိမ်းရင် နောက်ထပ် App တစ်ခု
ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ မယိမ်းပဲ အပေါ်တည့်တည့် အုပ်မိုးထားတဲ့အခါမှာလည်း
နောက်ထပ် App တစ်ခု ဖွင့်ခိုင်းလို့ရတယ်။

ဖွင့်လိုသော App များကို မိမိစိတ်ကြိုက် သတ်မှတ်ပေးထားလို့ရတယ် ..
ကျွန်တော်ကတော့ အမြဲသုံးလေ့ရှိတဲ့ Page Manager , Facebook , Fast Reboot .. အဲ့သုံးမျိုးသတ်မှတ်ပေးထားတယ်

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး နောက်ထပ် သုံးနိုင်တာတွေက ..

- သီချင်းနားထောင်နေတဲ့အခါ ဘယ်၊ညာ ယိမ်းပြီး အပုဒ်ကျော်နိုင်မယ်။

- ဖုန်း call ၀င်လာတဲ့အခါ နားနဲ့ကပ်လိုက်တာနဲ့ အလိုလို ဖုန်းကိုင် ပြီးသားဖြစ်အောင် လုပ်နိုင်တယ်။

- ဖုန်းပြောနေရင်း Speaker ဖွင့်ချင်တဲ့အခါ ဖုန်းကို Shake လုပ်ပြီး ဖွင့်နိုင်တယ်။

- Gallery ထဲမှာ ဓါတ်ပုံတွေ ကြည့်တဲ့အခါလဲ ဖုန်းကို ထိစရာမလိုဘူး။ လက်ဝါးနဲ့ အသာလေး အပေါ်ကနေ ယိမ်းလိုက်တာနဲ့ နောက်တစ်ပုံ ပြောင်းပေးတယ်ဗျ။ Gallery မှာ သုံးမယ်ဆိုရင်တော့ မိမိဖုန်းက Root လုပ်ထားဖို့ လိုအပ်ပါတယ်။

- Internet Browser တွေနဲ့ web page တွေကြည့်တဲ့အခါမှာ လက်ဝါးနဲ့ အောက်ကို ဆွဲချလိုက်ရင် Scroll Down , လက်ဝါးနဲ့ အပေါ်ကို နှစ်ခါ တက်လိုက်ရင် Scroll up လုပ်ပေးပါတယ်။
ဒါကိုလဲ Root လုပ်ထားတဲ့ဖုန်းမှ အသုံးပြုနိုင်ပါမယ်။

ဘယ်လောက်လန်းလဲ။ ကျွန်တော်တော့ အရမ်းသဘောကျတယ်။ Unlock Screen အထိတောင် လက်ဝါးနဲ့ယိမ်းပြီး ဖွင့်နိုင်တယ်လို့ဆိုပါတယ်။ ကျွန်တော်စမ်းကြည့်တော့ ဖုန်းနဲ့မကိုက်လို့လားမသိဘူး ..
အလုပ်မလုပ်ဘူး။ အဲ့ဒါကိုတော့ ဖုန်းတိုင်းရချင်မှ ရပါမယ်။ ကျန်တာတွေလဲ ဖုန်းတိုင်းတွင် အသုံးပြုနိုင်မယ်လို့ သေချာမပြောနိုင်ဘူး။ ကျွန်တော် စမ်းကြည့်တာတော့ တော်တော်များများ အသုံးပြုလို့ရတယ်။ကိုယ့်ဖုန်းမှာသုံးလို့ရလားဆိုတာ သိချင်ရင် ကိုယ်တိုင် ကလိကြည့်ဗျာ။
တစ်ခြား အသုံးဝင် function များလဲ ကျန်ပါသေးတယ်။အဓိကအသုံးဝင်တာတွေကိုပဲ ရေးပေးလိုက်တာပါ။ Android 2.3 နှင့်အထက်ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD


*** AirDroid အသုံးပြုနည်း နှင့် အသုံးဝင်ပုံ ***

Review By Mr.AD
 

AirDroid အကြောင်းကို ရေးချင်တာကြာခဲ့ပြီ။ သိတဲ့အတိုင်း လိုင်းမကောင်းလို့အခုမှပဲ ရေးဖြစ်တော့တယ်။ AirDroid ဆိုတာ လွယ်လွယ်ပြောရရင် မိမိဖုန်းကို ကွန်ပျူတာကနေ အသုံးပြုတာပါ။
internet connection သုံးပြီး ကြိုးမဲ့စနစ်ဖြင့် မိမိဖုန်းကို online ကနေ အသုံးပြုနိုင်တဲ့ Service တစ်ခုဖြစ်ပါတယ်။ AirDroid ကို အသုံးပြုဖို့အတွက် Gmail Account တစ်ခု ရှိရင် သုံးနိုင်ပါတယ်။Connection ကောင်းရင်တော့ အသုံးပြုရတာ အတော်ကို အဆင်ပြေပါတယ်။

ကျွန်တော်တို့တွေ ဖုန်းကနေ Wifi လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးကြတယ်။ SMS ၀င်လာတဲ့အခါ ၊ ဖုန်းထဲက တစ်ခုခုကို ကြည့်ချင်တဲ့အခါ ၊ App တွေကို install / uninstall လုပ်ချင်တဲ့အခါ .. စတဲ့ ကိစ္စတွေမှာ ဖုန်းကို ကိုင်ပြီး ပြုလုပ်ရပါတယ်။ အင်တာနက်လဲ အသုံးမပျက်၊ ဖုန်းကိုလဲ ကိုင်စရာမလိုပဲ ထို ကိစ္စများကို ကွန်ပျူတာကနေ လုပ်ဆောင်ချင်ရင်တော့ AirDroid ဆိုတဲ့ App လေးက လုပ်ဆောင်ပေးပါမယ်။ အင်တာနက်သုံးရင်း online ကနေ ကိုယ့်ဖုန်းကိုလှမ်းပြီး ထိန်းချုပ်ကြည့်မယ်။ နာမည်ကြီးတဲ့ App လေးဆိုတော့ သိတဲ့သူလဲရှိမယ်။ မသိတဲ့သူတွေလဲ သုံးကြည့်ပါလို့ ညွှန်ပါရစေ။ လိုင်းမကောင်းဘူး .. သုံးမရဘူး ဆိုလဲ လိုင်းကောင်းတဲ့အချိန်မှာသာ စမ်းကြည့်ဗျာ။ ကျွန်တော်လဲ ဖုန်းလိုင်းနဲ့သုံးတာပါပဲ။ လိုင်းကောင်းတဲ့အချိန်မှာ သုံးလို့ အတော်လေး အဆင်ပြေပါတယ်။

** AirDroid Register **
AirDroid ဆိုတာ ဘာလဲလို့ သိသွားပြီဆိုတော့ AirDroid စတင် အသုံးပြုပုံလေး ရှင်းပြပါ့မယ်။ AirDroid App ကို အရင်ဒေါင်းလိုက်ပါ။ ပြီးရင် install လုပ်ပါ။ ပုံ(၁)မှာ မြင်ရတဲ့အတိုင်း အရင်ဆုံး AirDroid မှာ Register လုပ်ရပါမယ်။ Sign in via Google ဆိုတာကို နှိပ်ပြီး Gmail နဲ့ Gmail Password ရိုက်ပြီး Register လုပ်လိုက်ပါ။ သင့်ဖုန်းထဲမှာ Google Account ထည့်ပြီးသားဆိုလဲ တစ်ခါတည်း ဖော်ပြပါလိမ့်မယ်။ ရွေးပြီးသွားရင် Active လုပ်ခိုင်းပါတယ်။ Active ကို နှိပ်လိုက်ရင် ပုံ(၂) မှာလိုမြင်ရပါမယ်။ ဒါဆို Register လုပ်ပြီးပါပြီ။

** AirDroid Web Server **
ကွန်ပျူတာကနေ အသုံးပြုဖို့အတွက် AirDroid Web Server ကို သွားရပါမယ်။ FireFox ကနေ http://web.airdroid.com/ ဆိုတဲ့ လိပ်စာကို ရိုက်ပြီးသွားပါ။ ပုံ(၃)မှာလို မြင်ရပါမယ်။ Sign in လုပ်ပေးရပါမယ်။ ခုနက မိမိ Register လုပ်ခဲ့တဲ့ Gmail Account နဲ့ Password ရိုက်ကာ Sign in ၀င်လိုက်တာနဲ့ AirDroid ကို စတင် အသုံးပြုနိုင်ပါပြီ။ ချိတ်မိသွားပြီဆိုတာနဲ့ မိမိဖုန်းမှာ ပုံ(၄)မှာလို မြင်ရပါမယ်။ ဒါဆို ဖုန်းနဲ့ AirDroid Web Server နဲ့ချိတ်သွားပါပြီ။ ပုံ(၅)မှာမြင်သလို ကွန်ပျူတာမှာ မြင်ရပြီဆိုရင်တော့ AirDroid ကို အသုံးပြုလို့ ရနေပါပြီ။

** AirDroid လုပ်ဆောင်နိုင်မှုများ **

- Message (SMS) , Contacts , Call Logs

ကွန်ပျူတာကနေ ဖုန်းမှာ SMS ပို့သလိုမျိုး အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာ အသုံးပြုသလိုပါပဲ။ ပို့ချင်တဲ့ နံပါတ်ရိုက် (09 ................) ပြီးsms ရေးကာ ပို့လိုက်ရုံပါပဲ။ ဖုန်းထဲမှာရှိတဲ့ sms တွေကိုလဲ မြန်မာလို ..
အဆင်ပြေစွာ ဖတ်ရှုနိုင်ပါတယ်။ ဘယ်လောက် အဆင်ပြေလဲ။ sms ပို့ချင်တာပဲဖြစ်ဖြစ် ဖတ်ချင်တာပဲဖြစ်ဖြစ် ဖုန်းကို သွားကြည့်စရာ မလိုတော့ဘူး။ ကွန်ပျူတာကနေ အသုံးပြုနိုင်ပါတယ်။
Contacts များနှင့် Call Logs များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။

- Music & Videos

ဖုန်းထဲမှာရှိတဲ့ သီချင်း နှင့် ဗီဒီယိုများကိုလဲ မွှေနှောက်ရှာဖွေနိုင်ပါတယ်။ သီချင်းများကို ကွန်ပျူတာကနေ လှမ်းဖွင့်ပြီး နားထောင်နိုင်ပါတယ်။ ဗီဒီယိုများကိုလဲ ကြည့်ရှုနိုင်ပါတယ်။ လိုချင်ရင် download ဆွဲပြီး ..
ဖုန်းထဲမှ သီချင်း နှင့် ဗီဒီယိုများကို ကွန်ပျူတာထဲ ထည့်သွင်းနိုင်ပါတယ်။

- Apps , Photos , Ringtones , files

မိမိဖုန်းထဲမှ Application များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။ App များကို ကွန်ပျူတာကနေ install / uninstall လုပ်နိုင်တယ်ဗျာ။ ဖုန်းထဲမှ လိုချင်သော App များကိုလဲ download ဆွဲကာ သိမ်းနိုင်တယ်။
ဓါတ်ပုံများလဲ ရှာဖွေနိုင်တယ်။ Ringtones များကိုလဲ သတ်မှတ်နိုင်တယ်။ မိမိဖုန်းထဲမှာ File Manager အသုံးပြုသလိုမျိုး ကွန်ပျူတာကနေ ဖုန်းထဲကို အသေးစိတ် မွှေနှောက်ရှာဖွေနိုင်တယ်။

- Screenshot , Camera

မိမိဖုန်းကို ကွန်ပျူတာကနေ Screenshot လှမ်းရိုက်နိုင်ပါတယ်။ Screenshot ကို အသုံးပြုဖို့အတွက် မိမိဖုန်းက Root လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ ဖုန်း Camera ကိုလဲ လှမ်းသုံးနိုင်ပါသေးတယ်။
ကွန်ပျူတာကနေ မိမိဖုန်း ကင်မရာမှ မြင်ရသမျှကို ကြည့်ရှုနိုင်ပါတယ်။ ဓါတ်ပုံရိုက်နိုင်တယ်။

ရေရေလည်လည် အသုံးဝင်တယ်နော်။ အင်တာနက်သုံးနေတဲ့အခါ AirDroid Web Server ကို ဖွင့်ထားပြီး အင်တာနက်လဲ အသုံးမပျက် မိမိဖုန်းကိုလဲ ကိုင်စရာမလိုပဲ လှမ်းထိန်းချုပ်နိုင်တော့ ရှယ်ပဲပေါ့ဗျာ။
ဒီလောက်ဆို အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။
မစမ်းဖူးသေးတဲ့ ဘော်ဒါတို့ စမ်းကြည့်ပေတော့ဗျာ

download - AirDroid 2.0.3 (6MB)

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD ( ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် )

Saturday, August 3, 2013



** Animation တွေနဲ့ sms ပို့နိုင်မယ့် Magic SMS **

Chinese App အလန်းစားလေးပါ။ Magic SMS ကို အသုံးပြုဖို့အတွက် ပို့မယ်သူရော၊ လက်ခံမယ့်သူရဲ့ဖုန်းမှာပါ Magic SMS app ကို ထည့်ထားရပါမယ်။ Animation လေးတွေနဲ့ အလန်းစား Show လေးတွေကို တစ်ဖက်နဲ့တစ်ဖက် sms ဖြင့် ပို့နိုင်ပါတယ်။ sms ပို့တဲ့နေရာမှာ Animation လေးတွေကို code နဲ့ ရေးပြီး ပို့ပေးတာဖြစ်လို့မိမိ sms မှာ animation code အတွက် စာလုံးရေ (15)လုံးလောက်တော့ နေရာပေးရပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ animation လေးတွေက screen အပြည့် လှုပ်ရှားပေးတာဖြစ်လို့ အတော် ပျော်စရာကောင်းပါတယ်။ သူငယ်ချင်း၊ ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်စွာ sms ပို့နိုင်မယ့် app လေးပါ။ ဒီ app အလန်းလေးကို ကလိဖို့ ပေးခဲ့တဲ့ fan ထဲမှ “ SE V EN ” ကို ကျေးဇူးတင်ပါတယ်။

Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

copy

dropbox

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Sunday, July 28, 2013



** ဖုန်းနံပါတ် (Contacts) တွေကို ကောင်းကင်ပေါ်မှာ သိမ်းထားကြပါစို့ **

ကျွန်တော်တို့တွေရဲ့ ဖုန်းတွင် အရေးပါတဲ့ ကဏ္ဍနေရာမှာ Contacts တွေလဲ ပါဝင်ပါတယ်။ ဖုန်းပျောက်သွားလို့ (သို့) ပျက်စီးသွားရင် အရေးကြီးတဲ့ ဖုန်းနံပါတ်တွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ တစ်ချို့က ဒီလိုမဖြစ်ရအောင် ကွန်ပျူတာမှာ PC Suite Software တွေနဲ့ Contacts တွေကို backup
လုပ်ထားကြပါတယ်။ တစ်ခုခုဖြစ်ရင် ဖုန်းနံပါတ်တွေ မပျောက်အောင် ပြန်ထည့်နိုင်ဖို့ ကြိုတင် ကာကွယ်ထားကြပါတယ်။ ဘော်ဒါရော လုပ်ထားလား။ တကယ်လို့ မလုပ်ထားမိသေးဘူးဆိုရင် အခု ကျွန်တော်ပြောမယ့် နည်းလမ်းလေးကို စမ်းကြည့်စေချင်ပါတယ်။ ကွန်ပျူတာမလိုပါဘူး။ Contacts တွေကို ကောင်းကင်ပေါ်မှာ သိမ်းထားကြရအောင်။ ဒီနည်းလမ်းလေးက ဘာတွေအကျိုးရှိလဲဆိုရင် ..

- Contacts တွေကို လုံခြုံ စိတ်ချစွာ သိမ်းဆည်းနိုင်တယ်။
- ဘယ်ဖုန်းအမျိုးစားပဲဖြစ်ဖြစ် ပြန်ထည့်ပြီး သုံးလို့ရတယ်။
- အခမဲ့ အသုံးပြုခွင့်ပေးတယ်။
- အချိန်မရွေး၊ နေရာမရွေး၊ အလွယ်တကူ Contacts တွေ ပြန်ယူနိုင်တယ်။
- ကွန်ပျူတာ မသုံးပဲ Contacts တွေကို သိမ်းထားနိုင်တယ်။

တကယ်ကို အသုံးဝင်ပါတယ်။ Iphone ကနေ Android ဆီကို Contacts တွေထည့်မလား။ မတူညီတဲ့ ဖုန်းအမျိုးစားတွေမှာ ကြိုက်သလို ပြောင်းလဲနိုင်လို့ အလန်းစားလေးပါ။
ကဲ စကားလဲ များပြီးပြီ။ လုပ်နည်းလေး ပြောပြတော့မယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ app နာမည်လေးက Zootta ပါ။ စက်ရုပ်လေးပေါ့။ ကျွန်တော်တို့ ဖုန်းနံပါတ်တွေကို သိမ်းဆည်းပေးမယ့် online စက်ရုပ်လေးပါ။ အရင်ဆုံး Zootta app ကို download ဆွဲပြီး install လုပ်ပါ။ ပြီးရင် ဖုန်း intertnet ဖွင့်ထားပေးပါ။ Zootta မှာ register လုပ်ရပါမယ်။
မြန်ပါတယ်။ ဘာ code မှာ မျှော်နေစရာမလိုပါဘူး။ ချက်ချင်းလုပ် ချက်ချင်း သုံးနိုင်ပါတယ်။ email , သင့်ဖုန်းနံပါတ် (+9509 ............. ) , Pin (zootta အတွက် password) တွေကို ဖြည့်ပေးပြီး register လုပ်ပါ။ register လုပ်ပြီးရင် ပုံ(၁)မှာလို မြင်ရပါမယ်။

Manage Contacts ကို နှိပ်ပါ။ ဖုန်းနံပါတ်များကို Zootta online storage ကြီးတွင် သိမ်းချင်ရင် ( Save my contacts ) ကို နှိပ်ပါ။ Warning ဆိုပြီး စာတက်လာရင် OK နှိပ်လိုက်ပါ။ ဒါဆိုရင် သင့် ဖုန်းနံပါတ်တွေကို online storage မှာ မှတ်သားထားပါပြီ။ တကယ်လို့ သင့်ဖုန်းနံပါတ်တွေ သိမ်းထား မထား သေချာသိချင်ရင် www.zootta.com ဆိုတဲ့ website မှာ သွားကြည့်နိုင်ပါတယ်။ email နဲ့ pin code လေးရိုက်ပြီး log in ၀င်ကာ သင့် ဖုန်းနံပါတ်များကို ကြည့်နိုင်ပါတယ်။ ပြင်ဆင်နိုင်ပါတယ်။

ကဲ .. သင့်ဖုန်းနံပါတ်တွေကို ဖုန်းထဲ ပြန်ထည့်ချင်ပြီဆိုပါတော့ Zootta app ကိုဖွင့်ပါ။ pin နံပါတ်ရိုက်ပြီး login ၀င်ပါ။ Manage contacts ကို နှိပ်ပါ။ ( Retrieve my contacts ) ကိုနှိပ်ပါ။
နှိပ်လိုက်ရင် ပုံ(၂)မှာလိုမြင်ရပါမယ်။ Retrieve selective contacts ဆိုတာကတော့ ဖုန်းနံပါတ်တွေကို အကုန်မထည့်ပဲ ကိုယ်လိုချင်တဲ့ နံပါတ်ကိုသာ select မှတ်ပြီး ပြန်ထည့်ဖို့ပါ။ Retrieve all contacts ဆိုတာကတော့ မှတ်ထားတဲ့ ဖုန်းနံပါတ်အကုန်လုံးပြန်ထည့်ဖို့ပါ။ 

ကိုယ် လိုချင်သလို ပြန်လည်ထည့်သွင်းနိုင်ပါတယ်။

လက်တွေ့စမ်းချင်ရင် Contacts ထဲမှာ ဖုန်းနံပါတ်တစ်ခုကို ဖျက်ပစ်လိုက်ပါ။ ပြီးရင် Zootta ကိုသုံးပြီး ဖျက်ထားတဲ့ နံပါတ်ကို select မှတ်ကာပြန်ထည့်ကြည့်ပါ။ ဖျက်လိုက်တဲ့ ဖုန်းနံပါတ် ချက်ချင်းပဲ သင့်ဖုန်းထဲကို ပြန်ရောက်လာပါလိမ့်မယ်။

ဒီလောက်ဆို အသုံးပြုနည်းရော အသုံးဝင်ပုံပါ သိလောက်ပါပြီ။ Contacts တွေကို ဒီနည်းလေးနဲ့ မှတ်သားထားပါလို့ အကြံပြုပါရစေ။ ဘာမှလဲ မခက်ခဲပါဘူး။ အင်တာနက်လေးဖွင့်ပြီး အချိန်အနည်းငယ်ပေးလိုက်တာနဲ့ ကိုယ့်ဖုန်းနံပါတ်တွေ ကောင်းကင်ပေါ်မှာ စိတ်ချလက်ချ သိမ်းထားလို့ရပါတယ်။ ကွန်ပျူတာလဲ မလိုအပ်တော့ လွယ်တာပေါ့ဗျာ။ အလိုရှိတိုင်း ပြန်ထည့်နိုင်တာမို့ သုံးကြည့်ပေးပါလို့ ညွှန်းလိုက်ပါတယ်။

download Zootta app -

copy

mega

box

Contacts များကို ပြန်ကြည့်ချင်ရင် www.zootta.com မှာ ၀င်ကြည့်နိုင်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD (www.facebook.com/happyandroidworld)

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!