Showing posts with label အသုံးဝင်နည်းလမ်းများ (Tips & Tricks). Show all posts
Showing posts with label အသုံးဝင်နည်းလမ်းများ (Tips & Tricks). Show all posts

Friday, October 25, 2013

*** Facebook Tips လေးများ ***

Mr.AD စုစည်းတင်ဆက်သည်။ (www.facebook.com/happyandroidworld)

အသုံးဝင် Facebook ဆိုင်ရာ နည်းလမ်းလေးတွေပါ။ online မှာ ရှာတွေ့ခဲ့တဲ့ Tips လေးတွေကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။ Android နဲ့မဆိုင်ဘူးနော်။ ကွန်ပျူတာမှာ သုံးနိုင်တဲ့ နည်းလမ်းလေးတွေပါ။ Facebook ဆို အဟုတ်ကို စိတ်ဝင်စားမှာပါနော့ ............................................................................
Facebook ကို Firefox Browser နဲ့ အသုံးပြုသူတွေအတွက် ..
Shortcut key လေးတွေ ရှိသဗျ။

Shift+Alt+1: News Feed ဖွင့်ရန်။
Shift+Alt+2: ကိုယ့် Profile ကိုကြည့်ရန်။
Shift+Alt+3: friend requests တွေကြည့်ရန်။
Shift+Alt+4: messages တွေကြည့်ရန်။
Shift+Alt+5: notifications တွေကြည့်ရန်။
Shift+Alt+6: Account Settings ဖွင့်ရန်။
Shift+Alt+7: Privacy Settings ဖွင့်ရန်။
Shift+Alt+8: မူရင်း Facebook ရဲ့ Profile ကိုကြည့်ရန်။
Shift+Alt+9: Terms of Service agreement ဖတ်ရန်။
Shift+Alt+0: Facebook Help Center ဖွင့်ရန်။ ..............................................................................
New Friends List

Facebook မှာ ကိုယ်နဲ့အရင်းနှီးဆုံး ချစ်သူငယ်ချင်းများကို List တစ်ခုလုပ်ပြီး သီးသန့်ဖွဲ့စည်းထားလို့ရပါတယ်။ အခင်ဆုံးသူငယ်ချင်းတွေကို သီးသန့်ဖွဲ့စည်းထားခြင်းဖြင့် သူတို့တင်သမျှ post , status , photo တွေကို တစ်ခြားသူတွေနဲ့
ရောပြီးကြည့်စရာမလိုတော့ပဲ သီးသန့်လေးကြည့်နိုင်သွားပါတယ်။
Friend List တစ်ခုလုပ်ချင်ရင် ဘယ်ဘက်ဘေးက FRIENDS ဆိုတာကို နှိပ်ပါ။ + Create List ကို နှိပ်ပါ။ List အတွက် နာမည်တစ်ခုပေးပါ။ ဥပမာ Best friend ပေါ့။ ပြီးရင် သူငယ်ချင်းများကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် Fri list တစ်ခု လုပ်ပြီးသွားပါပြီ။ လုပ်ပြီးသွားရင် Home page မှာ FRIENDS ဆိုတာရဲ့အောက်မှာ ခုနက ကိုယ်လုပ်ထားတဲ့ fri list ပေါ်လာပါမယ်။ ထို List ထဲကို ၀င်ပြီး အချစ်ဆုံးသူငယ်ချင်းများရဲ့ လှုပ်ရှားမှုများကို သီးသန့် ကြည့်နိုင်သွားပါပြီ။ ................................................................................
Noti တွေ ပိတ်ချင်ရင် ...

Notification တွေ ခဏခဏ တက်လို့ စိတ်ညစ်နေသူတွေအတွက် ..
Noti အရမ်းပေးတတ်တဲ့ fri list ထဲမှ သူတွေကို သူတို့ဆီက Noti တွေ တက်မလာအောင် ပိတ်ပစ်လို့ရတယ်ဗျ။ Noti စစ်တဲ့ ကမ္ဘာလုံးလေးကို
နှိပ်လိုက်ပါ။ ပြီးရင် ကိုယ်ပိတ်ထားချင်တဲ့သူရဲ့ Noti ရှိနေတယ်ဆိုရင် ထို Noti ရဲ့ ညာဘက်ဘေး အစွန်ဆုံးထိ mouse နဲ့ ထောက်လိုက်ရင် ( o x ) ဆိုတာလေး ပေါ်လာပါမယ်။ ကြက်ခြေခတ် (x) အမှတ်သားက unfollow ဖြစ်ပါတယ်။ ကြက်ခြေခတ်ကို နှိပ်လိုက်ရင် facebook ကနေ Turn off (or) Keep on ဆိုပြီး မေးပါမယ်။ Turn off ကိုနှိပ်လိုက်ရင် ထိုသူရဲ့ noti များ နောက်ထပ် ဘယ်တော့မှ တက်လာမှာ မဟုတ်တော့ဘူး။ .................................................................................
fb account ဖျက်ချင်ရင် ...

fb account ဖျက်ချင်သူများတွက် .. https://www.facebook.com/help/delete_account ကိုသွားပြီး ဖျက်နိုင်ပါတယ်။ ချက်ချင်းတော့ ဖျက်ပေး .. မပေးတော့ ကျွန်တော်လဲ မစမ်းဖူးတော့ မသိဘူးခင်ဗျ။ ဖျက်ပေးမှာတော့ သေချာပါတယ် ....................................................................................
Chat Box မှာ friend list လုပ်ပြီး ချက်မယ်။

ကိုယ် Chat ချင်တဲ့သူတွေပဲ Chat Box မှာ ကိုယ့်ကို မြင်နိုင်အောင် လုပ်လို့ရပါတယ်။ တစ်ခြားသူတွေ မမြင်ရပဲ .. ကိုယ်ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေပဲ ကိုယ် online ဖြစ်နေတယ်ဆိုတာ အသိပေးနိုင်အောင်လုပ်လို့ရတယ်ဗျ။ ကိုယ်ရွေးချယ်ထားတဲ့ သူငယ်ချင်းတွေနဲ့ပဲ အေးဆေး ချက်လို့ရပါတယ်။ Chat Box Bar ရဲ့ အောက်ဘက်ဆုံးက စက်သွားပုံ setting ကိုနှိပ်ပါ။ Advanced Setting ကို ရွေးပါ။ Turn on chat for only some friends ဆိုတဲ့ အလယ်က စာကြောင်းကိုရွေးပြီး fri များကို ရွေးချယ်ပေးလိုက်ပါ။ ဒါဆိုရင် ကိုယ်ရွေးပေးထားတဲ့ fri တွေကလွဲပြီး တစ်ခြားသူတွေ ကိုယ် Chat Box မှာ ရှိနေမှန်း မသိတော့ပါဘူး။ ...................................................................................... မလိုတဲ့ Application တွေ ဖျက်ပစ် !!

facebook ပေါ်မှာ ကလိရင်း အသုံးပြုထားတဲ့ app တွေရှိပါတယ်။ ဟို .. အိမ်ထောင်ဘယ်တော့ကျမလဲ ဘာညာ .. အဲ့ဒါတွေပေါ့။ အသုံးမပြုတော့တဲ့ Application တွေကို ဖျက်ပစ်ပါ။ ဘော်ဒါက App တွေကို မသုံးပေမယ့် App တွေက ဘော်ဒါရဲ့ .. information တွေကို ရယူနေတုန်းဖြစ်ပါတယ်။ မသုံးတော့ရင် .. ဖျက်ပစ်လိုက်ပါ။ ရှင်းလင်းရေး လုပ်တာပေါ့ .. သန့်သွားအောင် Account Setting ထဲကိုသွားပါ။ Apps ဆိုတာကို နှိပ်ပါ။ မသုံးတဲ့ Application တွေကို ဖျက်ပစ်လိုက်ပါ။ .................................................................................
fb ပေါ်က ဓါတ်ပုံ Album၊ Video တွေကို download ဆွဲချင်ရင် ..

မိမိ account မှာရှိတဲ့ ဓါတ်ပုံတွေရော .. fri တွေရဲ့ ဓါတ်ပုံတွေကိုပါ .. download ဆွဲနိုင်မယ့် website လေးတစ်ခုရှိပါတယ်။ http://www.picknzip.com/ ကိုသွားပြီး မိမိ fb account နဲ့ Sign in လုပ်ကာ ဓါတ်ပုံတွေကို Album လိုက် zip file အဖြစ်နဲ့ ဆွဲနိုင်သလို fri တွေရဲ့ Album များကိုလဲ အားရပါးရ download ဆွဲနိုင်ပါတယ်။ ဓါတ်ပုံများစွာကို တစ်ခါတည်း zip file အဖြစ် ချုံ့ပြီး ဆွဲနိုင်တာဖြစ်လို့ လန်းပါတယ်။ တစ်ပုံချင်းဆီလဲ ဆွဲနိုင်ပါတယ်။ ဓါတ်ပုံအပြင် Video တွေကိုပါ download ဆွဲနိုင်ပါတယ်။ ................................................................................. တားမြစ်ဧရိယာ

fb မှာ ကိုယ်တင်ထားတဲ့ ပုံတွေ၊ စာတွေကို လူတိုင်းမကြည့်စေချင်ဘူးဆိုရင် ပိတ်ထားလို့ရပါတယ်။ ကိုယ်ကြည့်စေချင်တဲ့ သူတွေလောက်ပဲ ကြည့်နိုင်အောင် လုပ်လို့ရပါတယ်။ အပေါ်ဘက် ညာဘက်ထောင့်က Setting ထဲက Privacy Setting ထဲကို နှိပ်လိုက်ပါ။ who can see my stuff? မှာ Public ဆိုရင် လူတိုင်းမြင်နိုင်တယ်။ Friends ဆိုရင် fri list ထဲကသူတွေပဲ မြင်နိုင်မယ်။ Only Me ဆိုရင် ကိုယ်ကလွဲပြီး ဘယ်သူမှ မမြင်ရတော့ဘူး။ Custom ဆိုရင် ကိုယ်ရွေးချယ်ပေးမယ့် fri တွေပဲ .. ကိုယ်တင်ထားသမျှကို မြင်နိုင်ပါမယ်။ ကြိုက်နှစ်သက်သလိုသာ ပိတ်ပင်ပေတာ့ ..................................................................................
Chat Box , Comment , Post တွေမှာ သုံးနိုင်သော
symbols လေးတွေ ..

♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ㋡ ♚ ♛ ♜ ♝ ♞
♟♔ ♕ ♖ ♗ ♘ ♙ ☩ ☨ ☦ ✙ ✚ ✛ ✜ ✝ ✞✠❀ ✿
❁ ✾ εїз ♪ ♫ ♩ ♬ ♭ ♮ ♯ ♦ ♣ ♠ ♡ ♢ ♤ ♧ ☾ ☽☼ ☀
☁ ☂ ╰☆╮✡ ۞ ★ ☆ ⋆ ✩ ✮ ✯ ✰ ❇ ❈ ❅ ❄ ❆ ☯
✡☨ ✞ ✝ ☥ ☦ ☧ ☩ ☪ ☫ ☬ ☭ ✌☮☢ ☣ ✓ ☚ ☛ ☜ ☝
☞ ☟✉ ✍ ✎ ✏ ✐✑✒ ✂ ✄ ☎ ☏ ✆ ಠ_ಠ ಥ_ಥ ☺
ђέ«{^⌣^}»ђέ☺ ツ ッ ٩(͡๏̯͡๏)۶ ٩(-̮̮̃•̃)۶ ٩(×̯×)۶ (●̮̮̃•̃)
 
Chat symbols , Text art အလန်းစားတွေ နောက်ထပ် ရယူချင်ရင် ..  
http://fsymbols.com/text-art/ မှာ အများကြီးရှိပါတယ်။ ဒိုးကြဗျာ။ ...............................................................................

နောက်ထပ် Tips လေးတွေ အားတဲ့အခါ ထပ်ရေးပေးပါ့မယ်။ အခုတော့ ဒီလောက်ပါပဲ။ အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ သိပြီးသားတွေဆိုရင်လဲ မသိသေးတဲ့သူတွေကို
 ပြောပြလိုက်ကြပါဦး။ ကျွန်တော်တို့ ပျော်ရွှင်စရာ Android ကမ္ဘာ ဟာ Android နဲ့ပက်သက်တာလေးတွေအပြင် ဗဟုသုတ ရစရာလေးတွေပါ ကြိုးစားတင်ဆက်ပေးနေမှာပါ။ အားလုံး ပျော်ရွှင်ပါစေဗျာ။

Mr.AD
(www.facebook.com/happyandroidworld)
ဒါလေးတွေ ဘော်ဒါ သိပြီးပြီလား ??

မသိသေးတဲ့သူတွေအတွက် အသုံးဝင်တဲ့ Android Tips လေးတွေမို့ ..
လေ့လာထားတာလေးတွေ ပြန်လည် မျှဝေလိုက်ပါတယ်။

*** Google Map ကို offline ကြည့်နိုင်ဖို့ ***
Google Map မှာ internet မလိုပဲ မြေပုံတွေ ကြည့်ရှုနိုင်အောင် ကြိုတင် စီစဉ်နိုင်ပါတယ်။အင်တာနက်လိုင်း ရနေချိန်မှာ ကိုယ်လိုချင်တဲ့ မြေပုံများကို offline ကြည့်နိုင်ဖို့အတွက် Google Map ထဲမှာ Menu ကို နှိပ်ပါ။ Make available offline ဆိုတာကို နှိပ်ပြီး လိုချင်တဲ့ မြေပုံ ဧရိယာကို ရွေးချယ်ပေးပါ။ ပြီးရင် download ဆွဲကာ သိမ်းနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်လိုင်း မရရှိနိုင်သော နေရာများတွင်လဲ offline ကြည့်နိုင်ပါတယ်။

*** Power ခလုတ်ကို နှိပ်ပြီး ဖုန်းချနိုင်ဖို့ ***
ဖုန်းပြောပြီးလို့ ဖုန်းမှာပါတဲ့ Power ခလုတ်ကို နှိပ်ပြီး အလွယ်တကူ ဖုန်းချနိုင်ပါတယ်။ screen ကို ထိစရာမလိုပဲ End Call လုပ်နိုင်ပါတယ်။ လုပ်ချင်တယ်ဆိုရင် ဖုန်း Setting ထဲမှ Accessibility ထဲကို ၀င်ပါ။ Power Button ends call ဆိုတာကိုရှာပြီး အမှန်ခြစ်ပေးလိုက်ရင် ရပါပြီ။ Setting ၀င်နည်းကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ မတူဘူးပေါ့။ ဒါပေမဲ့ Accessibility အောက်မှာပဲ power ends call function ပါရှိပါတယ်။

*** Sudoku ဥာဏ်စမ်းများကို အမြန်ဖြေနိုင်ဖို့ ***
Google မှာ ဖန်တီးခဲ့တဲ့ Google Goggles ဆိုတဲ့ App ဟာ Sudoku ဥာဏ်စမ်းများကို ဓါတ်ပုံရိုက်ခြင်းဖြင့် အဖြေမှန် ပေါ်အောင်
ဖော်ပြနိုင်ပါတယ်။ Google Goggles ဟာ မိမိသိလိုသော အကြောင်းရာကို ဓါတ်ပုံများရိုက်ပြီး online မှာ ရှာဖွေနိုင်အောင် ဖန်တီးထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ပေါက်ကရ တွေ့သမျှတွေ ရိုက်ပြီး ..
မေးလို့တော့ မရဘူးပေါ့ဗျာ။ ဘာသာစကားများကိုလဲ ဓါတ်ပုံရိုက်ခြင်းဖြင့် ..
ဘာသာပြန်နိုင်တယ်လို့ဆိုပါတယ်။ Play Store မှာ အခမဲ့ ရယူနိုင်တဲ့ app ပါ။

*** ရုတ်တရက် ဖုန်းဟန်းသွားသောအခါ ပြန်ဖွင့်နိုင်ဖို့ ***
တစ်ခါတစ်လေမှာ ဖုန်းက ဘာမှ လုပ်မရတော့ပဲ ရပ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ အလွယ်ပြောရင် ဟန်း သွားတာပေါ့ဗျာ။ အဲ့လိုအချိန်မှာ Power + Home Key + Volume Up
ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ကာ ဖုန်းကို Reboot လုပ်နိုင်ပါတယ်။ Battery ဖြုတ်မရတဲ့ ဖုန်းတွေ ဟန်း တဲ့အခါ Power ခလုတ်ကို ခဏလောက် ကြာကြာဖိထားခြင်းဖြင့် Reboot လုပ်နိုင်ပါတယ်။
(eg .. Xperia Z , HTC One )

*** Keyboard အမြန်ဖွင့်နည်း ***
ဖုန်းမှာပါတဲ့ Menu ခလုတ်ကို ကြာကြာဖိထားခြင်းဖြင့် Keyboard ကို အမြန်ဖွင့်နိုင်ပါတယ်။ စာရိုက်ချင်ပြီဆိုရင် Menu ကိုသာ ကြာကြာဖိလိုက်ပါ။ Keyboard တက်လာပါလိမ့်မယ်ဗျာ။

*** Notification ဘားထဲမှ function တွေရဲ့ Setting အမြန်ဖွင့်ဖို့ ***
ဥပမာ wifi setting ထဲ သွားချင်တယ်ဆိုရင် Noti ဘားပေါ်က wifi ပုံကို ကြာကြာဖိလိုက်ရင် wifi setting ထဲ ရောက်သွားပါမယ်။ Noti ဘားထဲရှိ widget များကို ကြာကြာဖိခြင်းဖြင့် သက်ဆိုင်ရာ Setting တွေထဲ အမြန်သွားနိုင်မှာဖြစ်ပါတယ်။

*** Speed Dial (သို့) တစ်ချက်နှိပ် ဖုန်းတန်းခေါ်လို့ရဖို့ ***
Android ဖုန်းတွေမှာ Speed Dial ပါဝင်ပါတယ်။ တစ်ချက်နှိပ်ပြီး ဖုန်းတန်းခေါ်တဲ့ဟာပါ။ အလွယ်နည်းကတော့ Home Screen ပေါ်မှ
နေရာလွတ်တစ်ခုကို ကြာကြာဖိပါ။ Widget ကို ရွေးပါ။ Widget ထဲမှာ Contact ကိုရွေးပြီး Home Screen ပေါ်တင်လိုက်ပါ။
ကြိုက်နှစ်သက်ရာ နံပါတ်ကို Contact ထဲမှ ရွေးပေးပြီး Speed Dial ဖန်တီးနိုင်ပါတယ်။ တစ်ချို့ဖုန်းတွေမှာ Contact ထဲဝင်ပြီး menu ခလုတ်ကိုနှိပ်ကာ Speed Dial setting ကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။

Android ဖုန်းတွေမှာ Screen Lock ကို မဖွင့်ပဲ Noti ဘားကို ဆွဲချပြီး Noti များစစ်နိုင်တယ်။

Android ဖုန်းတွေကို USB Storage အဖြစ် ကွန်ပျူတာနဲ့တွဲဖက်ပြီး အသုံးပြုနိုင်တယ်။တစ်နည်းဆိုရရင် USB Stick သဘောမျိုး အသုံးဝင်နေတယ်။

ရက်စွဲ နဲ့ လ တွေကို Noti ဘားပေါ် ဖိလိုက်ပြီး အလွယ်တကူ ကြည့်ရှုနိုင်တယ်။

မသိသေးတဲ့သူများအတွက်ပါ။ Tips တွေကတော့ အများကြီးရှိတယ်ဗျ။ အခုရေးတာတွေက ဖုန်းအများစုနဲ့ ကိုက်ညီမယ်ထင်လို့
ရေးပေးလိုက်တာပါ။ စမ်းကြည့်ကြဗျာ။
ဖုန်းအမျိုးစားပေါ်မူတည်ပြီး စမ်းသပ်တဲ့အခါ ရေးထားတဲ့ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ပြောကြားရင်း ...

ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ..

Mr.AD (www.facebook.com/happyandroidworld)
Google Play Store မှ app တွေကို ကွန်ပျူတာထဲ download ဆွဲချင်သူများအတွက် အဆင်ပြေဆုံး နည်းလမ်းလေးရပါပြီ။ ကိုသက်နိုင်စိုး (MMUG) မှ ရှာတွေ့ထားတဲ့ နည်းလမ်းလေးပါ။ အောက်မှာ ဖော်ပြထားတဲ့ လိပ်စာကိုသွားပြီး ကိုယ် download ဆွဲချင်တဲ့ Google Play မှာ App ရဲ့ URL(လိပ်စာ) .. ဥပမာ https://play.google.com/store/search?q=same&hl=en .. ကို copy ကူးပြီး Package name or Google Play URL ဆိုတဲ့အောက်က box ထဲမှာ Paste လုပ်ပေးပါ။ ပြီးရင် Generate Download Link ဆိုတာကို နှိပ်ပေးပါ။ app ရဲ့ file size ပေါ်မူတည်ပြီး
အချိန်အနည်းငယ်တော့ စောင့်ရပါမယ်။ ပြီးရင် Click here to download ဆိုပြီး စာကြောင်းနှင့်အတူ စာတန်းတစ်ခုပေါ်လာပါမယ်။ ထိုစာတန်းကို နှိပ်ကာ download ဆွဲနိုင်ပါတယ်။

http://apps.evozi.com/apk-downloader/

Credit to - Thet Naing Soe
( http://www.myanmarmobileapp.com/2013/10/19/google-play-downloader/ )

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, October 8, 2013

*** ဖုန်း Battery ကို အားစား သက်သာအောင် ပြုလုပ်နိုင်သော အချက်(၁၀)ချက် ***

တော်တော်များများ သိပြီးသားဖြစ်ပါမယ်။ site တစ်ခုကနေ တွေ့လို့ အကျယ်ပြန်ရေးပြီး ဘာသာပြန်ပေးလိုက်တာပါ။ ဒီအချက်တွေ လုပ်ထားမယ်ဆိုရင် သင့် Battery က ပိုပြီး ကြာရှည်ခံပါလိမ့်မယ်။

(၁) Turn Off Wireless Communications
wifi , mobile internet , GPS , Bluetooth လိုင်းများကို မလိုအပ်ပဲ ဖွင့်မထားပါနဲ့။ Battery အားစားစေတဲ့အထဲမှာ သူတို့လဲ ထပ်ဆုံးကပါပဲ။

(၂) Adjust the Brightness
Screen အလင်းကို အရမ်းမြှင့်မထားပါနဲ့။ ကျွန်တော်ဆို သုံးပုံ တစ်ပုံလောက်ပဲ ထားပါတယ်။ တစ်ကိုယ်စာ မြင်ရရင် တော်ပြီပေါ့။ တစ်ဝက်လောက် မြှင့်ထားရင်ကို အားက အနည်းငယ် စားနေပါတော့တယ်။

(၃) Disable unused Home screen widgets
Widget များ အသုံးပြုချင်းကလဲ အားကုန်စေပါတယ်။ တစ်ချို့ widget များမှာ Battery usage အရမ်းသုံးပါတယ်။ animation ပါသော widget များမှာ အားအသုံးများပါတယ်။ မလိုအပ်တဲ့ widget တွေကို ဖျက်ပစ်ပါ။

(၄) Turn Off auto synchronization
Auto Sync လုပ်ထားတာကို ပိတ်ထားတာ အကောင်းဆုံးပါပဲ။ Auto Sync ကို ဖွင့်ထားရင် အင်တာနက်အသုံးပြုတိုင်း နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့အတွက် အားကုန်စေပါတယ်။ ကျွန်တော်ကတော့ လုံးဝ မသုံးသလောက်ပါပဲ။

(၅) Kill Unnecessary tasks
မလိုအပ်ပဲ အလုပ်လုပ်နေတဲ့ app တွေကို ပိတ်ပစ်ဖို့က Task Killer တစ်မျိုးမျိုး မရှိမဖြစ် ထည့်ထားသင့်ပါတယ်။ Task Killer app တွေထဲမှာဆိုရင် Fast Reboot ကို သုံးကြည့်ပါ။ အကြိုက်ဆုံးပါပဲ။

(၆) Disable Haptic Feedback
မှန်ပြင်ကိုထိရင် အသံထွက်တာတို့(သို့)တုန်ခါသွားတာတို့ လုပ်မထားပါနဲ့။ အဲ့ဒီ function တွေကလဲ မသိမသာ Battery ကို အားကုန်စေပါတယ်။
Setting ထဲသွားပြီး Sound ဆိုတဲ့အထဲဝင်ကာ Vibrate When ringing , Dialing Keypad tone , Touch sounds , Haptic feedback .. စတာတွေကို ပိတ်ထားသင့်ပါတယ်။

(၇) Uninstall unnecessary apps
မလိုအပ်တဲ့ app တွေကို အမြဲ ရှင်းလင်းပေးပါ။ ကျွန်တော်ဆို App တွေ အများကြီး ကလိပါတယ်။ ဒါပေမဲ့ အသုံးမပြုတော့တဲ့ App တွေကို အမြဲ ရှင်းလင်းရေး လုပ်ရပါတယ်။ install လုပ်လိုက်ပြီး သုံးကြည့်လို့ မကြိုက်ရင်
ချက်ချင်း uninstall လုပ်ပါ။ မဟုတ်ရင် မေ့သွားတတ်ပါတယ်။ အဲ့အကျင့်လေးတော့ ရှိစေချင်တယ်။ ရှင်းလင်းရေး မလုပ်မိရင် app တွေများလာပြီး Battery လဲစား၊ ဖုန်းလဲ လေးလာပါတယ်။

(၈) Do not use many Live Wallpapers
Live Wallpaper သုံးခြင်းကလဲ Battery ကို အားကုန်စေပါတယ်။ နည်းနည်းပါးပါး ထည့်ထားရင် အကြောင်းမဟုတ်ပါဘူး။ တစ်ချို့မှာ Live Wallpaper တွေ အများကြီး ထည့်ထားတတ်ပါတယ်။ အသုံးမပြုသော်လဲ ထည့်ထားလိုက်တာနဲ့ သူ့မှာပါတဲ့ ကြေငြာများ၊ feedback function တွေက online ချိတ်လိုက်တာနဲ့ အလုပ် လုပ်တတ်ပါတယ်။ ဒါတွေကလဲ အားကုန်စေပါတယ်။

(၉) Use battery saving apps
Battery saver တွေ အသုံးပြုသင့်ပါတယ်။ သတိထားရမှာက Battery saver တွေ သုံးရင် ကိုယ့်ဖုန်းနဲ့ ကိုက်ညီတာကို ရွေးသုံးသင့်ပါတယ်။
နောက်ပြီး Pro version တွေကိုပဲ အသုံးပြုသင့်ပါတယ်။ Root နဲ့ အသုံးပြုရတာမျိုးကို ပိုသုံးသင့်ပါတယ်။ တစ်ချို့က ပြောတယ် .. Battery saver ထည့်လဲ အလကားပဲ .. အားက ကုန်တာက ကုန်တာပါပဲဆိုပြီး။ တကယ်တော့ အဲ့ဒါက မိမိ Battery မကောင်းရင်တော့ ဘယ်လို Battery saver ပဲ သုံးသုံး ကုန်မှာပါပဲ။ Battery saver တွေရဲ့ ရည်ရွယ်ချက်က Battery သက်တမ်း ကြာရှည်စွာ အသုံးပြုနိုင်အောင်ပါ။ ဒါကြောင့် ကိုယ့်ဖုန်းအမျိုးစားနဲ့ သင့်တော်မယ့်ဟာကိုသာ အသုံးပြုကြပါ။
Battery Doctor , Battery Booster , DX Battery Saver စတာတွေ လန်းပါတယ်။

(၁၀) Use Optimizer Apps
Optimizer app တွေကို အသုံးပြုသင့်ပါတယ်။ သူတို့က ဖုန်း Memory ထဲမှ မလိုအပ်သော Cache file များ၊ History file များ ကို ရှင်းလင်းပေးပါတယ်။
နောက်ပြီး system ကို ပြန်လည်သွက်လက်အောင်လဲ system memory ကို
ရှင်းပေးပါသေးတယ်။ Advance Mobile Care , Android Optimizer , Booster အစရှိတဲ့ App တွေက Optimizer function တွေ အပြည့်ဝ လုပ်နိုင်ပါတယ်။

ဒီအချက်(၁၀)ချက်သာ ပြုလုပ်ထားရင် မိမိ ဖုန်းက ခဏလေးနဲ့ အားကုန်သွားတဲ့ ပြဿနာကနေ ကင်းဝေးသွားစေပါမယ်။ Battery အသေတပ်ဆင်ထားသော ဖုန်းတွေမှာ မဖြစ်မနေ လုပ်ထားသင့်ပါတယ်။
ဈေးကြီးတယ်လေ။ ဖြုတ်လဲရရင် ဈေးက မသေးဘူး။ ဒါပါပဲဗျာ။ အားလုံးပျော်ရွှင်ပါစေ။

Mr.AD (happyandroidworld)

Sunday, September 1, 2013

ဘယ် website ကပဲဖြစ်ဖြစ် ဘယ် file အမျိုးစားပဲဖြစ်ဖြစ် online ပေါ်ကနေ download ဆွဲနိုင်သော နည်းလမ်း
**********************************

Android Page ဆိုပေမယ့် Android နဲ့မဆိုင်လဲ ဗဟုသုတဖြစ်စရာဆိုရင် ကျွန်တော် တင်မှာပဲ။ အခု နည်းလမ်းကတော့ ကျွန်တော် ရှာတွေ့ထားတဲ့နည်းလမ်းကောင်းလေးမို့ အားလုံး ဗဟုသုတ ရရှိရင် ရေးလိုက်ပါတယ်။ website တစ်ခုရှိပါတယ်။ နာမည်က File2HD.com ဖြစ်ပါတယ်။ ထို website ရဲ့ လုပ်ဆောင်ချက်မှာ web ပေါ်မှာ file များကို ကွန်ပျူတာထဲသို့ တိုက်ရိုက်ဒေါင်းနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ download ဆွဲနိုင်ဖို့ရာ ကိုယ့်ဘက်ကနေ သိထားရမယ့် အချက် (၂)နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က ကိုယ် download ဆွဲချင်ရဲ့ web page ရဲ့ URL (လိပ်စာ) ဖြစ်ပါတယ်။ ဒုတိယတစ်ချက်က ကိုယ် down ချင်တဲ့ file အမျိုးစား (extension) ဥပမာ video ဆိုရင် .avi , .flv , .mp4 စသဖြင့် file extension ကို သိထားဖို့လိုအပ်ပါတယ်။ နောက်ထက် သတိပေးချင်တာက connection ကောင်းရင် ပိုပြီး အဆင်ပြေပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့ download များတွင် resume မရသောကြောင့်ဖြစ်ပါတယ်။ ဘာ downloader software မှ သုံးစရာမလိုပဲ download ဆွဲနိုင်ပါတယ်။

ဥပမာအနေဖြင့် youtube video တစ်ခုကို ဒေါင်းချင်တယ်ဆိုပါစို့ ..
youtube ကနေပြီး ကိုယ်ဒေါင်းချင်တဲ့ video ကိုဖွင့်လိုက်ပါ။ ပြီးရင် Page URL (လိပ်စာ)ကို File2HD.com ရဲ့ URL ဆိုတဲ့နေရာမှာ copy ကူးပြီး Paste လုပ်လိုက်ပါ။ ပြီးရင် ညာဘက်ဘေးက Get Files ဆိုတာကို နှိပ်ပါ။ ဒါဆိုရင် စာကြောင်းတွေ အများကြီး ကျလာပါလိမ့်မယ်။ ကျွန်တော်တို့ ဒေါင်းချင်တာက youtube က video ဖြစ်လို့ file extension အနေနဲ့ .avi , .mp4 , .flv စသဖြင့် video ဖိုင် extension ကို ထိုကျလာသော စာကြောင်းများထဲမှ လိုက်ရှာရပါမယ်။ ရှာရခက်မှာ မပူပါနဲ့။
Ctrl + F ကို နှိပ်လိုက်ပါ။ အောက်ဘက်နားမှာ Find ဆိုပြီး search box လေး ပေါ်လာပါလိမ့်မယ်။ ထို box ထဲမှာ video extension တစ်ခုခုကို ရိုက်ကြည့်ပါ။ များသော အားဖြင့် youtube video တွေမှာ .flv , .mp4 format တွေများပါတယ်။ .flv လို့ရိုက်ပြီး ရှာကြည့်လိုက်ပါ။ video file ရှိတဲ့ စာကြောင်းကို လမ်းညွှန်ပေးပါလိမ့်မယ်။ တွေ့ပြီဆိုရင် ထိုစာကြောင်းပေါ်ကို Right Click နှိပ်ပြီး save link as ဆိုတာကိုရွေးကာ မိမိ သိမ်းလိုသောနေရာကို ညွှန်ပေးလိုက်ပါ။ စတင်ပြီး download ဆွဲပါပြီ။ ဒါ youtube video များကို ဒေါင်းနည်းဖြစ်ပါတယ်။

flash game တွေ ဒေါင်းချင်တဲ့အခါမှာလည်း ဒီနည်းအတိုင်းအသုံးပြုနိုင်ပါတယ်။ တစ်ချို့ flash game website များမှာ ကစားခွင့်ပဲပေးပါတယ်။ ဒေါင်းလို့မရပါဘူး။ ဂိမ်းကိုကြိုက်လို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကစားနေတဲ့ ဂိမ်း Page လိပ်စာကို copy ကူးပြီး File2HD.com မှာ Paste လုပ်ပါ။ Get Files ကိုနှိပ်လိုက်ရင် စာကြောင်းတွေ အများကြီးကျလာပါမယ်။ flash game ကို လိုချင်တာဖြစ်လို့ .swf ဆိုတာကို ရှာရပါမယ်။ Ctrl + F ကိုနှိပ်ပြီး .swf ဆိုပြီး ရိုက်ကာ ရှာလိုက်ပါ။ များသောအားဖြင့် .swf တွေမှာ link နှစ်ခု တွေ့တတ်ပါတယ်။ အတူတူပါပဲ။ ကြိုက်တဲ့ link ပေါ်ကို Right Click နှိပ်ပြီး save link as ကိုရွေးကာ ဒေါင်းနိုင်ပါတယ်။ ကျွန်တော် သဘောကျတဲ့ flash game လေးတွေကို ဒီနည်းအတိုင်း ဒေါင်းပါတယ်။ ဘာရယ်မဟုတ်ဘူး တစ်ခါတစ်လေ flash game လေးတွေက လူကို အပျင်းပြေစေတယ်။

ကျန်တဲ့ file အမျိုးစားတွေကိုလဲ ဒီနည်းလမ်းအတိုင်း ဒေါင်းနိုင်ပါတယ်။ အရင်တုန်းက notepad နဲ့ မှတ်ထားတဲ့နည်းလမ်းလေး ဖိုင်တွေ ရှင်းရင်းပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီနည်းလေးက သိတဲ့သူလဲ များမှာပါ။ ကျွန်တော်အရင်တုန်းက သုံးတယ်။ အခုတော့ IDM နဲ့ပဲ ဆွဲဖြစ်တော့ မသုံးဖြစ်တော့ဘူး။

ပျော်ရွှင်ပါစေဗျာ။

Mr.AD


http://file2hd.com/

Monday, July 29, 2013




** Samsung ဖုန်းများတွင် Quick Test Menu စမ်းသပ်နည်း **

လိုင်းမကောင်းလို့ app တွေ တင်မရတာနဲ့ Samsung ဖုန်းတွေမှာ အလွယ်တကူစမ်းသပ်နိုင်တဲ့ Quick Test Menu အကြောင်း ရေးပေးလိုက်ပါတယ်။ မသိသေးသူတွေအတွက် ပြောပြပေးတာပါ။
ဖုန်းရဲ့ Dial Pad ကနေ *#7353# ဆိုပြီး ရိုက်လိုက်ပါ။
Quick Test Menu ပေါ်လာပါလိမ့်မယ်။ တစ်ခုသတိထားရမှာက ဖုန်းမှာ မူရင်းပါတဲ့ Dial Pad ဖြင့်သာ စမ်းသပ်နိုင်ပါတယ်။
Dialer App တစ်ခုခုထည့်ထားပြီး အဲ့ဒီကနေ ရိုက်ရင်တော့ ..
အဆင်ပြေချင်မှ ပြေပါမယ်။ Quick Test Menu မှာ စမ်းသပ်နိုင်တာတွေက မော်ဒယ်မြင့်ဖုန်းတွေဆို function (12)မျိုး စမ်းနိုင်ပြီး မော်ဒယ်နိမ့်ဖုန်းဆိုရင် 

function (10)မျိုးစမ်းသပ်နိုင်ပါတယ်။ ပါဝင်တဲ့ function တွေက ..

(1) Melody ( ဖုန်းပြောသံ စမ်းသပ်ခြင်း )
(2) Vibration ( တုန်ခါမှု စမ်းသပ်ခြင်း )
(3) Speaker ( အသံထွက် စမ်းသပ်ခြင်း )
(4) Dimming ( Screen အလင်းအမှောင် စမ်းသပ်ခြင်း )
(5) Camera ( ကင်မရာ စမ်းသပ်ခြင်း )
(6) VT Camera ( ရှေ့ကင်မရာ စမ်းသပ်ခြင်း )
(7) Bluetooth ( Bluetooth စမ်းသပ်ခြင်း )
(8) TSP Dot Mode ( Touch Screen ကို အစက်ပျောက်ဖြင့် စမ်းသပ်ခြင်း )
(9) TSP Grid Mode ( Touch Screen ကို ဇယားဖြင့် စမ်းသပ်ခြင်း )
(10) Accelerometer Sensor ( 360 ဒီဂရီ လှည့်တာ စမ်းသပ်ခြင်း )
(11) Proximity Sensor စမ်းသပ်ခြင်း
(12) Light Sensor စမ်းသပ်ခြင်း

အစရှိသည်တို့ကို သေချာ ကောင်း ၊ မကောင်း စမ်းသပ်နိုင်ပါတယ်။ ဖုန်းအသစ် ၀ယ်တာပဲဖြစ်ဖြစ်၊ အဟောင်း ပြန်ဝယ်တာပဲဖြစ်ဖြစ် Quick Test Menu ဖြင့် ဖုန်းတစ်လုံးရဲ့ function အချို့ ကောင်း၊ မကောင်းကိုဒီနည်းလမ်းဖြင့် အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။ စမ်းပြီးမှ ၀ယ်တော့ ..
မမှားတော့ဘူးပေါ့ဗျာ။ Samsung ဖုန်းတွေ အတွက် ဖြစ်ပါတယ်။

ပျော်ရွှင်ပါစေ။

Mr.AD

Thursday, July 25, 2013

Android Phone များအတွက် လျှို့ဝှက် ကုဒ်များ


ကျွန်တော် Android Phone ကိုင်ဆောင်သူတွေအတွက် လျှို့ဝှက်ကုဒ်လေးတွေဖြစ်ပါတယ်။ အောက်မှာ စမ်းသပ်နိုင်ပါတယ်။
( မှတ်ချက် ။ ။ ANDROID PHONE တိုင်းတွင်ရသည်ဟူ၍မဟုတ်၊ တချို့ဖုန်းများ ကုဒ်နံပါတ်နှင့် အဆင်မပြေဖြစ်တတ်သည်။ )

1. Testလုပ်ရန် ကုဒ်များ

*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* (or) *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and BackLight test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test


2. Firmware အချက်အလက်ကြည့်ခြင်း

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်

*#*#273283*255*663282*#*#*


4. Service mode

*#*#197328640#*#*



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို
အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။


*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ပစ်ပါသည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics
ကျွန်တော် သိသလောက်၊ တတ်သလောက်လေး ပြန် Share ပေးထားတာပါ။ အမှားပါရင်လည်းခွင့်လွှတ်ပါ။


Credit to မောင်ပေါက် ( Knowledge Note )
http://www.maungpauk.org/2012/10/android-phone-android-phone-1.html

Saturday, July 20, 2013

GSM , WCDMA , CDMA , 1500 တန် CDMA 800 Mobile Phone တွေအားလုံး အတွက် Internet Setting ချိန်နည်းများ






သူငယ်ချင်းတစ်ယောက်မေးထားလို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်... မြန်မာပြည်မှာ နေတာ မဟုတ်တဲ့ အတွက် ကိုယ်တိုင် ရှင်းမပြနိုင်တာ နားလည်ပေးပါ...:)
1.GSM Network သုံး Mobile Phone တွေအတွက်

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။

APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။

1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် - ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။

2.CDMA 800 Network သုံး Mobile Phone တွေအတွက်


1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name - CTNET

APN - #777

Proxy - ဘာမှ မထည့်ပါနဲ့။

Port - ဘာမှ မထည့်ပါနဲ့။

Username - Yekyawphyo@c800.mm (Yekyawphyo ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)

Password - မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။

Server - ဘာမှ မထည့်ပါနဲ့။

Authentication type - PAP or CHAP

APN type - Default

APN protocol - IPv4

APN Roaming protocol - IPv4

Bearer - Unspecified

Data Bearer - Package Data

Prompt password - #777

ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ......ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။ Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။

3.1500 တန် CDMA 800 Network သုံး Mobile Phone တွေအတွက်

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name - Mectel (or) Card
APN  -  #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Server - ဘာမှ မထည့်ပါနဲ့။
MMSC - ဘာမှ မထည့်ပါနဲ့။
MMS Proxy - ဘာမှ မထည့်ပါနဲ့။
MMS Port - ဘာမှ မထည့်ပါနဲ့။
MCC - 460
MNC - 03
Authentication type - PAP or CHAP (or) CHAP
APN type - ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer - မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။ Connection name တောင်းခဲ့ရင် mectel ပါနော်။

 
ကြိုးစားလျက်....!
 (Yekyawphyo) 
Credit : IT Bank
ဒါလေးကတော့ Myanmar Mobile User Group က မျှဝေထားတာလေးပါ... တလက်စတည်း Share ပေးလိုက်ပါတယ် .....


Myanmar Mobile Application Store ရဲ့ facebook Mobile Group ဖြစ်တဲ့ Myanmar Mobile Users Group မှာ တင်ထားတဲ့ GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်းကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။
အခု GSM ဖုန်းအားလုံးမှာ အင်တာနက်သုံးလို့ရပြီဆိုတော့ GSM အမျိုးအစား Android ဖုန်းများတွင်

GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )
ပထမဦးစွာ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – ဒီအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ပြောတာ )
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ

ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ..

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ
မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….
အဆင်ပြေကြပါစေ …ကျေးဇူးတင်ပါတယ်..
 Credit : Myanmar Mobile Application Store 
 
 
http://www.winkabarkyaw.net/ မှာတွေ့လို့ ကူးယူပြီး တင်ပေးလိုက်ပါတယ်။

Monday, July 15, 2013

Android Apps & Games များ အခမဲ့ ရယူနိုင်သော Websites များကို ရေးသားပေးလိုက်ပါတယ်။
English Websites တွေပါ။ သိကြတဲ့သူတွေလဲရှိသလို မသိတဲ့သူတွေလဲ ရှိမှာပေါ့။ မသိရင် ဒိုးကြဗျာ။
တစ်ခုတော့ သတိပေးချင်တယ်။ တစ်ချို့ Site တွေမှာ ကြေငြာ Page တွေ ခဏခဏ တက်ပါတယ်။
တက်လာတာနဲ့ ပိတ်ပစ်ပါ။ ဘာကိုမှ သွားမနှိပ်ပါနဲ့။ မခန့်မသင့်ရင် Virus , Maleware , Spyware တွေ ၀င်တတ်ပါတယ်။ မနှိပ်ရင် ဘာမှ မဖြစ်ပါဘူး။

www.andropalace.net ( ခိုးပြီးသားဂိမ်းများ ရယူနိုင်သည် )

www.hiapphere.com (Apps & Games များရယူနိုင်သည်)

www.slideme.org ( အသုံးဝင် app များစွာ ရယူနိုင်သည် ) 

www.apkmania.co ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.papktop.com ( apps & games များ ရယူနိုင်သည် )

www.1mobile.com ( free app & games များ ရယူနိုင်သည် )

www.apk4.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.apkfunclub.net ( အသစ်ထွက် app & games များ ရယူနိုင်သည် )

www.appsroid.com ( apps & games များ ရယူနိုင်သည် )

www.android.mob.org ( အသစ်ထွက်ဂိမ်းများ နေ့စဉ်တင်ပေးသည် )

www.forum.xda-developers.com ( Android သတင်းနှင့် နည်းပညာများ ဖတ်ရှုလေ့လာနိုင်သည် )

www.androidcentral.com ( Android သတင်း နှင့် နည်းပညာများ လေ့လာနိုင်သည် )


ပျော်ရွှင်ပါစေ။

Mr.AD





 




Friday, July 5, 2013

အလွယ်ကူဆုံးနည်းလမ်းဖြင့် Android Application ဖန်တီးခြင်း

  • ကျနော် ဒီပို့စ်မှာ Android Application နှင့်ပတ်သက်ပြီး မည်သည့် Coding တွေကိုမှ မသုံးဘဲ၊ သုံးရန်မလိုအပ်သော Application ရေးသားပုံ၊ ရေးသားနည်းကို တင်ပြပေးသွားမှာပါ။ အခုတင်ပြပေးမယ့် နည်းစနစ်ကတော့ Online/ Offline ဖတ်ရှုလို့ ရပါတယ်။
  • ဒီနည်းစနစ်လိုပဲ အခြားသော Android Application ရေးသားနိုင်တဲ့ Link များစွာလည်းရှိပါသေးတယ်။ ကျနော် အခါ အားလျော်စွာ Facebook Wall မှာ Share ပေးလေ့ရှိပါတယ်။ အခု တင်ပြတဲ့ နည်းစနစ်ကတော့ အလွန်ကို လွယ်ကူရိုးစင်းပြီး ဖန်တီးရတာ ပျော်စရာလည်း ကောင်းလို့ တင်ပြပေးလိုက်တာပါ။
  • တစ်ခုတော့ နားလည်ပေးချင်တာက ဒီပို့စ်က Pro တွေအတွက် ရည်ရွယ်ရေးသားတင်ပြပေးခြင်းမဟုတ်ပါ။ အပျော်တမ်း Android apk များ ဖန်တီးချင်သူ Beginner များအတွက်သာ ရည်ရွယ်ပါတယ် ခင်ဗျာ။ :-) :-) :-)


  • ကျနော်တို့အနေနဲ့ ပထမဆုံး Android application အဖြစ်ဖန်တီးချင်တဲ့ ဆိုဒ် သို့မဟုတ် Facebook Page၊ Facebook Group တို့ ၏ သက်ဆိုင်ရာ LOGO  ကိုအရင်ဆုံး ကြိုတင်ပြီး ထုတ်ထားလိုက်ရင် တော့ ပိုအဆင်ပြေတာပေါ့ ခင်ဗျာ။ ကျနော် နမူနာအနေဖြင့် http://buddhismbeams.blogspot.com ကို Android Apk ဖန်တီးပြပါမယ်။
  • အောက်ပါပုံမှာ ပြထားသလို ဆိုဒ်ရဲ့ Rss Feed or Atom Feed ကိုယူပါမယ်။ ပုံမှာ ပြထားသည့် အတိုင်း နှိပ်လိုက်ပါ။ (1) ဆိုတဲ့နေရာကို အရင်ဆုံး နှိပ်လိုက်ပါ။ ပြီးရင် More Information ဆိုတဲ့ (2) နေရာကို နှိပ်လိုက်ပါ။
 
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ ပုံမှာပြထားသလို ကျနော်တို့အနေနဲ့ Atom Feed ကိုပဲယူယူ၊ Rss Feed ကိုပဲယူယူ အဆင်ပြေပါတယ်။ Click လိုက်ပါက Browser နဲ့ ပွင့်သွားပါမယ်။
  • အောက်ပါပုံအတိုင်း တွေ့ရပါမယ်။ အဲဒီ Feed လင့်ကို Copy ယူလိုက်ပါ။
  • ထို့နောက် အောက်ပါပုံမှာ ပြထားသည့်အတိုင်း ဒီနေရာမှာ Sign up လုပ်ပေးလိုက်ပါ။
  • Sign Up လုပ်ပြီးပါက အောက်ပါပုံအတိုင်း Create New Application ဆိုတဲ့ Page ကို ချက်ချင်းရောက်သွားပါမယ်။ ပုံမှာ ပြထားသလို မိမိရေးသားသော Application နှင့်သက်ဆိုင်ရာများကို ဖြည့်ပါ။အထက်မှာ Copy ယူခဲ့သော Atom Feed or Rss Feed ရဲ့ Link ကို သုံးခုမြောက် မျှားနေရာမှာ ထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Create App ကိုနှိပ်လိုက်ပါ။
  • ပုံမှာ မြင်ရသလို တွေ့မြင်ရပါမယ်။
  • Icon ကိုတော့ ဆိုဒ်နဲ့ သက်ဆိုင်ရာ ပုံ ကိုထည့်သွင်းပေးလိုက်ပါ။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။
  • Icon ကိုထည့်သွင်းပြီးပါက အောက်ပါအတိုင်းတွေ့မြင်ရပါမယ်။ ထို့နောက် Save Changes ကိုနှိပ်လိုက်ပါ။ ပြီးရင် Menu > Tabs ကိုသွားပါ။
  • ပုံမှာ မျှားပြထားသည့်နေရာများအတိုင်း ဖြည့်ပေးပါ။ Check လုပ်ရမယ့်နေရတွေမှာ မသုံးချင်ရင် ဖြုတ်ထားနိုင်ပါတယ်။ Tab Icons ဆိုတဲ့နေရာမှာ မိမိစိတ်ကြိုက် Icon လေးတွေဖန်တီးပြီးထည့်နိုင်ပါတယ်။ ဒီနေရာမှာတော့ Default အတိုင်းပဲ လုပ်ပြပေးထားပါတယ်။ နောက်ပိုင်းမိမိစိတ်ကြိုက်ဖန်တီးကြည့်ပါ။
  • နောက်တစ်ဆင့်ကတော့ Settings ဆိုတဲ့ Tab ကိုသွားလိုက်ပါ။ အောက်ပါအတိုင်းမိမိစိတ်ကြိုက် Setting များကို ပြင်ဆင်နိုင်ပါတယ်။ အားလုံးထည့်သွင်းပြီးရင် Save Changes ကိုနှိပ်လိုက်ပါ။
  • Submit ဆိုတဲ့ Tab အောက် Submit to Build ဆိုတာကိုနှိပ်လိုက်ပါ။ မိမိရဲ့ Gmail ကို ကျနော်တို့အခု ဖန်တီးလိုက်သော Apk ဖိုင်ကို ပို့ပေးပါလိမ့်မယ်။ ဒေါင်းယူပြီး Android ပေါ်မှာ Testing လုပ်နိုင်ပါပြီ။
  • တစ်ခု သတိပြုစေချင်တာက ဒီလင့်ကနေ Android apk ဖန်တီးလိုက်တဲ့အခါမှာ မိမိရဲ့ Gmail ထဲသို့ Auto သို့မဟုတ် Default apk ဖိုင်တစ်ခုကို အရင်ဆုံးပို့လေ့ရှိပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မေးလ်ထဲမှာ AppYet (2) or (3) လို့ ဖြစ်မှာသာ မိမိဖန်တီးလိုက်သော application ရဲ့ Setting များအတိုင်းရရှိမှာ ဖြစ်ပါတယ်။
  • ပြည်ပမှာရှိနေတဲ့ Android Application ဖန်တီးချင်သူများကတော့ Google Play မှာ တိုက်ရိုက် မိမိဖန်တီးလိုက်သော Application များကို Market မှာ Publish လုပ်နိုင်ပါတယ်။
  • Facebook Page, Group နဲ့ Personal Facebook Profile များဖန်တီးရန် FB-RSS Feed ထုတ်ယူပုံကိုတော့ ဒီပို့စ်မှာ ဆက်ပြီး မရေးတော့ပါဘူး။ လိုအပ်ရင်ဆက်သွယ်နိုင်ပါတယ်။ :-) :-) :-) အားလုံး အဆင်ပြေပါစေ…
  • PDF ဖိုင်ကို ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။ အခု နမူနာပြရင်းနဲ့ ထုတ်လိုက်တဲ့ Apk Download Link ပါ။ ပုံတွေကတော့ ဒီ app ရဲ့ Android Screenshot တွေပါ။

 Credit to Myanmar Android App Center


Thursday, July 4, 2013

Mobile Phone သုံးပြီး အဝတ်လဲခန်းထဲမှာ Hidden Camera ရှိမရှိ စစ်ရအောင်


ဒီ post လေးကတော့ မိန်းကလေးတွေအတွက်ပါ။ ဖွံ့ဖြိုးလာတဲ့ နည်းပညာတွေ ကြားထဲမှာ မြန်မာမိန်းကလေးတွေ အနေနဲ့ အိနြေ္ဒရရနဲ့ မိမိကိုယ်ကိုယ်ကို ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတစ်ခုပေးချင်ပါတယ်။ Shopping Center တွေသွားတဲ့အခါပဲဖြစ်ဖြစ် တချို့ အဝတ်လဲခန်းပဲဖြစ်ဖြစ် နောက်ဆုံး Toilet ပဲဖြစ်ဖြစ်ပါ Hidden Camera ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

နည်းလမ်းကတော့ မိမိရဲ့ Mobile Phone ကို အခန်းထဲမဝင်ခင်မှာ Call တစ်ခုခေါ်ကြည့်ပါ။
ခေါ်လို့ရတယ် သေချာရင် အခန်းထဲရောက်ရင် နောက်တစ်ကြိမ်ထပ်ခေါ်ကြည့်ပါ။
အကယ်လို့ ခေါ်လို့မရဘူးဆိုရင်တော့ Hidden Camera ရှိဖို့ ဖြစ်နိုင်ခြေ အရမ်းများနေပါပြီ။

ဘာဖြစ်လို့လဲဆိုတော့ Hidden Camera က Fiber ဆက်ကြောင်းတွေက ဖုန်းလိုင်းကို အနှောက်အယှက် ပေးနေလို့ပါ။

Credit to http://freemyanmarandroidmarket.blogspot.com/

Wednesday, July 3, 2013

ဖုန်းဝယ်မယ်ဆိုရင် စစ်ဆေးသင့်တဲ့အချက်လေးတွေ


ပထမဦးဆုံးတော့ Call Quality ဆိုတဲ့ ဖုန်းခေါ်ဆိုမှု အရည်အသွေးကို စစ်သင့်ပါတယ်။ တချို့ဖုန်းတွေက ဖုန်းကောင်းဖြစ်ပေမယ့် အသံအရည်သွေး ညံ့တယ်ဗျ။ တစ်ခါတစ်လေတော့ အသံတိတ်တဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းကြားရပေမယ့် အပြင်ထွက်လိုက်ပြီးတော့ ဆူညံတဲ့ပတ်ဝန်းကျင်မှာကျင် ကောင်းကောင်းမွန်မွန် မကြားရတော့ဘူးဗျ။ ဒါကြောင့်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ဖြစ်စေ ဆူညံတဲ့ပတ်ဝန်းကျင်ဖြစ်စေမှာ ကောင်းကောင်းကြားရဖို့ကို ထည့်သွင်း စဉ်းစားသင့်ပါတယ်။



နောက်တစ်ခုကတော့ ဒီဇိုင်းပိုင်းပါ။ ဒီဇိုင်းနဲ့ပတ်သတ်လို့ကတော့ ခေါက်ဖုန်း၊ slide ဖုန်း ပုံစံတော်တော်စုံစုံလင်လင်ရှိတယ်ဗျ။ အဲဒါ မိမိကြိုက်နှစ်သက်ရာ ရွေးနိုင်ပါတယ်။ အဓိကထားစဉ်းစားရမှာကတော့ စမ်းရမယ့်အခါမှာ ဖုန်းကို ကိုယ့်လက်နဲ့ကိုင်လိုက်တဲ့အခါမှာ
အရွယ်အစားဘယ်လောက်ရှိသလဲ၊ ဘယ်လောက်လေးသလဲ၊ နောက် ကျွန်တော်တို့ဆိုရင် အင်္ကျီအိတ်ကပ်ထဲထည့်တတ်တယ်ဗျ။ အဲ့တော့ အင်္ကျီအိတ်ကပ်ထဲ ထည့်တဲ့အခါရော အဆင်ပြေရဲ့လား ဆိုတဲ့အချက်တွေ စဉ်းစားရမယ်ဗျ။

နောက်တစ်ခုက ဘယ်လိုလဲဆိုတော့ Key Pad (Keyboard) ပေါ့ဗျာ။ ကီးဘုတ်က မျိုးစုံရှိတယ်ပေါ့ဗျာ။ Black Berry မှာဆိုရင် Computer Keyboard အတိုင်း အသေးလေး လုပ်ထားတာပေါ့ဗျာ။ ဒီလိုဟာမျိုးလား။ ဒါမှမဟုတ်ရင် Touch Screen လိုမျိုးလား။ ဒါမှမဟုတ် သမရိုးကျ Keyboard
အဟောင်းလေး တွေလားပေါ့ဗျာ။ မိမိအကျွမ်းဝင်မယ့် Keyboard ကို ကိုယ်တိုင် စစ်ဆေးဝယ်သင့်ပါတယ်။

ဒါနဲ့တင်မကသေးဘူးပေါ့ဗျာ။ Hand-Free နဲ့ သုံးမယ်ဆိုရင်ကော သင့်တော်ရဲ့လား အသံကောင်းကောင်းကြားရရဲ့လား။ ပြီးတော့ စာရိုက်တဲ့အခါမှာလည်း Portrait နဲ့ရိုက်ရင် အဆင်ပြေမလား? Landscape နဲ့ရိုက်ရင် အဆင်ပြေမလား စတဲ့ဖုန်းကို လှည့်ပြီးတော့ နည်းမျိုးစုံနဲ့
ပြောင်းပြီး စမ်းသင့်တယ်ဗျ။ ပြီးတော့ အဲ့လို လှည့်လိုက်တဲ့အချိန်မှာ Sensor လေးက ပြောင်းလဲဖို့အတွက် အချိန်ဘယ်လောက်ကြာသလဲ ဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။

နောက်တစ်ချက်အနေနဲ့ Operating System ကို စစ်ရပါမယ်။ နာမည်ကြီးတဲ့ ဖုန်း OS နဲ့ပတ်သတ်လို့ Java, Apple မှာဆို iOS, Google ရဲ့ Android,

Black Berry OS ဆိုပြီး တော်တော်များများရှိတယ်ဗျ။ သိပ်မကြာခင်မှာတော့ Microsoft Windows Phone ဆိုတာ ထွက်တော့မှာပေါ့နော်။ နောက် Nokia မှာသုံးတဲ့ Symbian OS ဆိုတာလည်း ရှိသေးတယ်ဗျ။ အဲ့တော့ ဆိုလိုချင်တာကဗျာ သက်ဆိုင်ရာ OS တစ်ခုချင်းစီ အလိုက်မှာတော့
အားသာချက် အားနည်းချက်ကိုယ်စီတော့ ရှိကြပါတယ်။ ဒါကြောင့် ဖုန်းဝယ်တဲ့အခါမှာ ကိုယ်အသုံးပြုမယ့် ပုံစံပေါ်မူတည်ပြီးတော့ ... ဥပမာဆိုပါတော့ Application တွေ အများကြီး သုံးတတ်သလား။ iPhone နဲ့ဆိုရင်ရော သင့်တော်သလား။ တချို့ကျတော့ Symbian မှ Symbian ကြိုက်တာရှိတယ်။

နောက်တစ်ချက်က Processor Speed ပါ။ Processor မြန်လေတော့ ပိုကောင်းလေပေါ့ဗျာ။ ဖုန်းထဲက ဂိမ်းတွေ ကစားဖို့တို့ Application တွေ ဖွင့်တာ မြန်ဖို့ဆိုရင် Processor Speed များလေ ကောင်းလေပါ။ အနည်းဆုံးတော့ ဖုန်းတွေမှာ 1GHz Speed တော့ သုံးထားလေ့ရှိပါတယ်။ ဒါပေမယ့်
Processor Speed ကောင်းတိုင်းလည်း ဖုန်းက မြန်တာမဟုတ်ဘူးဗျ။ သူ့ရဲ့ OS Version ပေါ်လည်း မူတည်ပါတယ်။ ဥပမာ 1GHz CPU သုံးထားပြီးတော့ OS Version က Android 2.2 လား။ 2.3 (Gingerbread) လား။ 4.0 (Ice Cream Sandwich) လား။ ခုနောက်ဆုံး Jelly Beam 4.1
လားပေါ့ဗျာ။

နောက် Application နဲ့ ပတ်သတ်ပြီးတော့ ကိုယ်ဘယ်လို Application တွေလိုအပ်မလဲဆိုတာကို စီစဉ်ပါ။ ပြီးရင် ဖုန်းဆိုင် ဒါမှမဟုတ် ကိုယ့်ဟာကိုယ် ဖုန်းကျွမ်းကျင်တဲ့သူကိုအပ်ပြီးတော့ ထည့်သင့်ပါတယ်။
မြန်မာစာ မြင်ရဖို့အတွက်ကတော့ Myanmar Font နဲ့ Keyboard
ဖုန်းလုံခြုံရေးအတွက်ဆိုရင်တော့ Security Application (နာမည်ကြီး Security Application တွေဆိုရင်တော့ Look Out တို့ NQ တို့ Trust Go တို့ ရှိပါတယ်။
နေ့စဉ်အလုပ်လုပ်ဖို့ဆိုရင် One Note လို Application မျိုး ပြီးတော့ Dictionary တွေ Communication အတွက်ဆိုရင် Gtalk, Facebook, Skype, Twitter, Google+ တွေ Online Storage လို ဟာမျိုးအတွက်ဆိုရင် Dropbox လို Application စတဲ့ ဟာတွေ ထည့်ဖို့လိုအပ်ပါတယ်။

 Credit to http://freemyanmarandroidmarket.blogspot.com/2012/08/blog-post.html

Android ပေါ်က virus များ ( သို့ ) Protect your android from virus

ကျွန်တော်တို့ရဲ့စက်ရုပ်ကြီး android ကတော့ smart phone လောကမှာ မြန်မြန်ဆန်ဆန်နဲ့ပဲ အောင်မြင်ကျော်ကြားလို့လာပါပြီ။သူ့ရဲ့အောင်မြင်လာမှုနဲ့အတူ android phoneမှာ malwares ကူးစက်ခံရတယ်ဆိုတဲ့ ပုံပြင်တွေလဲများလို့လာပါရောလားဗျာ။
Malware ဆိုတာvirus ,worm,trojan နဲ့ bot တွေလိုအန္တရာယ်ရှိတဲ့ programs တွေပေါ့။
Viruses တွေနဲ့ Worms တွေကြောင့် ကိုယ့်ရဲ့ computer နဲ့ phones တွေမှာရှိတဲ့ softwares တွေကြောင်သွားသလို ပုံတွေနဲ့ ကိုယ့်ရဲ့ ဖိုင်တွေလည်း ဖျက်ဆီးခံကြရပါတယ်။
Trojans တွေက ကိုယ့် computer နဲ့ phones တွေရဲ့ system ပိုင်းအထိဝင်ရောက်ပြီး system settings တွေကို သူတို့စိတ်ကြိုက်ပြောင်းလဲပစ်ကြတယ်။ ကိုယ့် phone မှာ ကိုယ်မလုပ်ရပါဘဲ GPS.ပွင့်ပွင့်သွားတယ် ringtones တွေ auto ပြောင်းသွားတယ် ဆိုတာက ဒီ malwares တွေရဲ့လက်ချက်ပေါ့။ အခန့်မသင့်ရင် Malware တစ်ကောင်က ကိုယ့် phone ကိုသုံးပြီး phone call တွေခေါ် massage တွေ auto ပို့လို့ phone ထဲထည့်ထားတဲ့ ပိုက်ဆံလေးတွေ မြန်မြန်ကုန်သွားအောင်တောင်လုပ်လိုက်လို့ရသေးတယ်။နောက်ဆုံးအဆင့် malware တွေက ကိုယ့်ဖုန်းကိုထိန်းချုပ်ပြီး sim lock ချလိုက်တာ နဲ့ သူ့စိတ်ကြိုက် password ပေးပြီး phone ကိုဖွင့်လို့မရတော့တဲ့အထိ လုပ်လို့ရပါတယ်။ဒါပေမယ့် အခုအချိန်ထိ ဒီလို ထိန်းချုပ်လိုက်တယ်ဆိုတဲ့ ဖြစ်ရပ်မျိုး မပေါ်ပေါက်သေးပါဘူးဒီလိုထိန်းချုပ်ဖို့ဆိုတာလဲလွယ်မှမလွယ်ပဲကိုး။
အဲ သတိထားရမယ့်အကောင်က spyware ပဲ။ဒီကောင်လည်း malware အုပ်စုထဲမှာပါတယ်။သူတို့က ကိုယ့်ဖုန်းမှာရှိတဲ့ ဖုန်းနံပါတ်တွေ call logs တွေ နဲ့ ဘဏ်အကောင့်တွေလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုခိုးယူပြီး အဲ့ဒီ့ spyware ရေးလိုက်တဲ့သူဆီကို အင်တာနက်ကနေတစ်ဆင့် ပြန်ပို့ပေးနိုင်ကြတယ်။
အခုချိန်ထိကြားရတဲ့သတင်းတွေအရတော့ တစ်လောက malware ပါတဲ့ app တစ်ခုဟာ ဖုန်းခေါ်ဆိုမှုတွေကို တိတ်တဆိတ် recording မှတ်ထားပြီး အဲ့ဒီ့ app ရေးတဲ့သူဆီ ပြန်ပို့ပေးတယ်ဆိုပဲ။တရုတ်မှာဖြစ်ပွားခဲ့တာပါ။ပညာရှင်တွေကတော့ အဲ့ဒီ့ malware ဟာတရုတ်နက်ဝက်အတွင်းမှာသာဖြစ်ပွားပြီး android ဖုန်းအများစုပေါ်မှာလည်း အလုပ်မလုပ်နိုင်ပါဘူးလို့ဆိုပါတယ်။Android ပေါ်က malware တွေနဲ့ပတ်သတ်ရင် သိပ်လည်းမစိုးရိမ်ဖို့ပြောသွားပါသေးတယ်။
ဟုတ်တော့လည်းဟုတ်ပါတယ်။စိုးရိမ်စရာတော့သိပ်မရှိလှပါဘူး။ကြိုတင်ကာကွယ်ထားလို့လည်းရပါတယ်။Malware ကူးစက်ခံရတယ်ဆိုတာက အဓိက ၂ချက်တည်းကြောင့်ပါ။ ၁။Email နဲ့ websites တွေမှာပါတဲ့ ကိုယ်သေချာမသိတဲ့ link တွေကိုနှိပ်မိတယ်။ ၂။ မယုံကြည်ရတဲ့ sites တွေက Apk ဖိုင်တွေ download ဆွဲပြီး ကိုယ့်ဖုန်းထဲမှာသွင်းမိတယ်။ အဲ့ဒါကြောင့်ပါ။ ကာကွယ်ဖို့ဆို ကိုယ်မသိတဲ့ linkတွေကို မနှိပ်နဲ့ပေါ့။ဒါမှမဟုတ်လည်း link scanner ပါတဲ့ mobile security တစ်ခုခုသုံးပါ။ နောက်တစ်ခုက မယုံကြည်ရတဲ့ website တွေက game နဲ့ application apk ဖိုင်တွေ download ဆွဲသွင်းမယ်ဆိုသတိထားပေါ့။ apk ဖိုင်တွေကို install လုပ်ခါနီးမှာ အဲ့ဒီ့ app ရဲ့လိုအပ်တဲ့ permissionsတွေကိုပြပါတယ်။ မသွင်းခင် သေချာကြည့်ကြည့်လိုက်ပါ။ game တစ်ခုက ဖုန်းရဲ့ sms နဲ့ contact permission တွေတောင်းစရာအကြောင်းကို မရှိပါဘူး။ဒီလိုတောင်းတဲ့ game မျိုးဟာ malware ပါ။ဆက်မသွင်းနဲ့တော့ပေါ့။ Permissionတွေဘာတွေအာရုံနောက်တယ်ဆိုရင်လည်း ဟဲဟဲ ကြော်ငြာတာမဟုတ်ဘူးနော် mobile antivirus /security software တစ်ခုခုသုံးပေါ့။သွင်းသမျှ apps တွေအားလုံးကို virus အော်တိုစစ်ဆေးပြီး သတ်ပေးပါလိမ့်မယ်။
ဒီ mobile security software တွေက ကိုယ့်ဖုန်း လုံခြုံရေးအတွက် virus စစ်ဆေးပေးတာအပြင်အများကြီးပိုလုပ်ပေးနိုင်ပါတယ်။ကိုယ်မပြောချင်တဲ့ဖုန်းတွေကကိုယ့်ကို ခေါ်မရအောင် massage ပို့မရအောင်လုပ်ထားလိုရတဲ့ blacklist function ။ဖုန်းမတော်တဆပျောက်သွားခဲ့ရင် တွေတဲ့သူက ကိုယ်ဖုန်းကိုကလိလို့မရအောင်နဲ့ ကိုယ့်ဖုန်းထဲ SIM ကဒ်အသစ်ထည့်သုံးနေရင် အဲ့ဒီ့ SIMကဒ်ရဲ့ဖုန်းနံပါတ်ကို ကိုယ်ပေးထားတဲ့ ဖုန်းနံပါတ် သို့မဟုတ် email ထဲကို စာပို့အကြောင်းကြားပေးမယ့် anti-theif function တွေလည်းပါပါတယ်။ဒီလို mobile security softwares များအကြောင်းကိုတော့ နောက်လာမယ့် ကျွန်တော့်ရဲ့ Android အတွက်အကောင်းဆုံး mobile security softwares များမှာဝင်ရောက်ဖတ်ရှုပြီး download ဆွဲယူနိုင်မှာပါ။သူငယ်ချင်းများအားလုံး virus ရန်ဘေးကင်းဝေးကြပါစေ။


Credit to MyanmarMobileSolution

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!