Showing posts with label Root Tools နှင့် Root လုပ်နည်းများ. Show all posts
Showing posts with label Root Tools နှင့် Root လုပ်နည်းများ. Show all posts

Thursday, August 1, 2013

 

 VRoot Version 1.5.0 ( Latest update ) ထွက်ပါပြီ။


Android ဖုန်းအများစုကို လွယ်လွယ်ကူကူဖြင့် Root ဖောက်နိုင်သော ..
လူသုံးများ နာမည်ကြီး VRoot version 1.5 အသစ်ထွက်ပါပြီ။
လိုချင်သူများ အောက်က link ကနေ သွားဒေါင်းလိုက်ပါ။

vroot v1.5.0


အဆင်ပြေပါစေ။

Mr.AD

Friday, July 26, 2013

VRoot ခေါ် ROOT Masters version သစ် VRoot 1.4.3.3359

 MTK Model တွေ အပါအဝင် ဖုန်းအမျိုးအစားပေါင်း 2000 ကျော်ကို အောင်မြင်စွာ Root နိုင်တဲ့ V Root ခေါ် ROOT Masters version သစ် VRoot_1.4.3.3359 ဖြစ်ပါတယ်.. 25.7.2013 ရက်နေ့က နောက်ဆုံးထွက်ရှိပါတယ်..  ဒီကောင်က တရုတ် Root Tool တစ်ခုဖြစ်ပြီး နာမည်ကြီး Master Brand တံဆိပ် 2000 ကျော်ကို Root နိုင်လို့ သိရပါတယ်.. Master Brand လို့ ဆိုလိုက်တာက Samsung, HTC, Huawei, ZTE စတဲ့ Brand တွေကို ပြောတာပါ. Model အလိုက် ဖေါ်ပြထားခြင်းတော့ မတွေ့ရပါဘူး.. ဒီကောင်ကို V Root လို့လူသိများပြီး တကယ်ကျတော့ သူ့နာမည်ကို လိုက်ရှာတဲ့အခါ ROOT Masters or Masters Brush (Brush Master Integration ROOT) ဖြစ်ပါတယ်.. နောက်ထပ်တွေ့လာရတာက i-Mobile IQ တွေကို ဒီကောင်နဲ့ Root လို့ရတာပါ.. Driver မသိရင်လည်း Online က Auto ချပေးတယ်... ပိုစုံလာတာပေါ့ဗျာ..

နည်းလမ်းကတော့ 
ပထမဆုံး Driver ကို သိရပါမယ်.. မရှိရင် ဒီမှာ ဒေါင်းနိုင်ပါတယ်.. Model အလိုက် USB Debugging နဲ့ Unknown Source ကို On ပေးထားရပါမယ်..

1 . ROOT Masters ကို ဒေါင်းပြီး Install လုပ်ပါ.. ပြီးရင် Run လိုက်ပါ..
2.  ဖုန်းကို Computer နဲ့ ချိတ်ဆက်လိုက်ပါ.. Driver သိတယ်ဆိုရင် ROOT Masters ကလည်း သိကြောင်း ပေါ်လာမှာဖြစ်ပါတယ်..


3. ဒါဆိုရင် Root Button ( အစိမ်းရောင် Green Button ) ကိုနှိပ်လိုက်ပါ.. Root လုပ်နေတာ မြင်ရပါလိမ့်မယ်..


4. ခဏနေရင်တော့ Root လုပ်ပြီးကြောင်း ပြပေးပါလိမ့်မယ်..
ဒါဆို အဆင်ပြေလောက်ပါပြီ..

ဒီကောင်နဲ့ Root ဖောက်ပြီးတဲ့အခါ App Drawer ထဲမှာ နာမည်မသိတဲ့ Application လေး တစ်ခု ရောက်နေပါတယ်.. အဲဒါကတော့ SuperUser ပေါ့ဗျာ.. တရုတ်လိုရေးထားတော့ ကျွန်တော်တို့ မဖတ်တတ်တာပါ.. Application တွေကို Install လုပ်လိုက်တဲ့အခါ ဒီ တရုတ်ဆော့ဖ်ဝဲလေးတက်လာပါတယ်.. ညာဘက်က ခလုတ်က Grant ဖြစ်ပြီး ဘယ်ဘက်ကဟာလေးကတော့ Deny ဖြစ်ပါတယ်.. 

ပုံထဲမှာ C8812 ကို Root လုပ်အောင်မြင်ကြောင်း ပြထားပါတယ်...

မောင်ပေါက်<Knowledge Note>
www.maungpauk.org

( Credit to - မောင်ပေါက်<Knowledge Note> )

Thursday, July 25, 2013

Android Version 2 ကနေ Version 4 ထိ Unlock Code တောင်းစရာမလိုဘဲ Root နိုင်တဲ့ ERoot New Version 1.3.5


Android Version 2 ကနေ Version 4 ထိ Unlock Code တောင်းစရာမလိုဘဲ Root နိုင်တဲ့ ERoot New Version 1.3.3 တင်ပေးလိုက်ပါတယ်.. ထွက်တာ ဒီလအစပိုင်းလောက်ကဖြစ်မယ်ထင်တယ်.. မသိလိုက်လို့. ခုမှ သိတယ်. ERoot ရဲ့ အားသာချက်က Huawei နဲ့ Sony ဖုန်းတော်တော်များများကို Unlock Code တောင်းစရာမလိုဘဲ Root နိုင်တာပါ.. One Click Root Tool ဖြစ်တာကြောင့် CWM နဲ့ Custom ROM သွင်းပြီး Root တာထက် Error ကင်းပါတယ်..  နောက်ဆုံးထွက်လေးဖြစ်လို့ ခု လက်ရှိရောက်နေတဲ့ 4.2.2 တွေနဲ့ ပိုပြီး အဆင်ပြေပြေဖြစ်လာနိုင်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်

Download Here !


Credit to မောင်ပေါက် ( Knowledge Note )
 

Wednesday, July 17, 2013

Android ဖုန်းတွေကို King Root နဲ့ Root ကြရအောင် (KingRoot PC Version 1.5 နဲ့ KingRoot 2.30.apk)

Android ဖုန်းတွေကို root လုပ်ကြတဲ့အထဲမှာ King Root ကလည်း နာမည်ရတဲ့ Software လေးပါပဲ။   တော်တော်များများ Root နိုင်ပါတယ်။ King Root က PC မှာတင်ပြီးသုံးတဲ့ (Root လုပ်တဲ့ ) Software နဲ့ Android ဖုန်းထဲမှာ ထည့်ပြီး Root လုပ်တဲ့ apk ဆိုပြီးရှိပါတယ်။ (2) ခုလုံးကတော့ Root လုပ်တာပါပဲ။ King Root ရဲ့ Original Website ကတော့ Chinese Language နဲ့ပါ။ http://www.kingroot.net/ ဖြစ်ပါတယ်။ Chrome Browser နဲ့ဝင်ကြည့်ပါ။ English ဘာသာပြန် ပေးပါတယ်။ အဲဒီမှာ PC Version ရော Phone apk ပါဒေါင်းနိုင်ပါတယ်။ ကျွန်တော်ကတော့ အောက်က Link မှာ PC Version 1.5 နဲ့ Android apk ကိုတင်ပေးလိုက်ပါတယ်။ Down လို့ရလာတဲ့ File ကို Unzip လုပ်ပြီး Desktop မှာထားပါ။ Phone Driver ကို Computer ကသိပါစေ။ ဖုန်းမှာ Unknown Source နဲ့ USB Debugging လုပ်ထားပါ။ Phone ကို Computer မှာတပ်ပြီး KingRoot Folder ထဲမှာ KingRoot application လေးကို Run ပြီး Root ကိုနှိပ်ရုံပါပဲ။ သူ့အလိုလိုအလုပ်လုပ်သွားပြီး 80% ကျော်လောက်မှာ ဖုန်းက Restart ကျသွားပြီး ပြန်တက်လာရင် KingRoot ပုံလေးကပြုံးနေရင် Root အောင်မြင်ပါတယ်။ မဲ့နေ(အရောင်နီ)ရင်တော့ Root မအောင်မြင်ပါဘူး။ apk နဲ့ဆိုရင်တော့ Phone မှာ Install လုပ် Run ပြီး Root နှိပ်ရုံပါပဲ။ Root နိုင်ကြပါစေဗျာ...

Monday, July 15, 2013

ဖုန်းအမျိုးပေါင်း 1020 ကျော် Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2 ထိ Root လုပ်နိုင်တဲ့ Root Tool အသစ် SRSRoot New FREE Root tool Version 4.5

 
Android ဖုန်းတွေကို နည်းလမ်းပေါင်းစုံနဲ့ Root လုပ်ကြပါတယ်။ Tool တွေကလဲတော်တော်စုံပါတယ်။ တစ်ချက်နှိပ်ရုံနဲ့ Root လုပ်ပေးနိုင်တဲ့ UnlockRoot, SuperOneClick Root, OneClickRoot, S-Tool, M-Tool, ZhuoDaShi ------ စသည်ဖြင့်ရှိကြပါတယ်။ သူ့ဟာနဲ့သူလဲအဆင်ပြေကြပါတယ်။ တချို့ဖုန်းတွေကြတော့လည်း တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့မရပါဘူး။ ဒါကြောင့် Flash လုပ်ကြ၊ CWM သွင်းကြလုပ်ကြရပါတယ်။ အလုပ်ရှုပ်တဲ့အပြင် အဆင်မသင့်ရင် Firmware တောင်ကျသွားတယ်။ တချို့ဆိုရင် BootLoader Unlock Code တောင်းရပါသေးတယ်။ ဒီတော့တစ်ချက်နှိပ်ရုံနဲ့ Root လုပ်လို့ရတဲ့ Tool လေးတွေကလူသုံးများပြီးပိုစိတ်ချရပါတယ်။ UnlockRoot ဆိုတော်တော်လေး ကောင်းပြီးအသုံးများကြပါတယ်။ ခုလည်း Root Tool လေးတစ်ခုတွေ့ပြန်ပါပြီ။ SRSRoot version 4.5 ပါ။ ထွက်တာ (၄)လပိုင်းလောက်ကတည်းကပါ..  (7.3 MB) ရှိပါတယ်။ Root နည်းကလဲထုံးစံအတိုင်း၊ Phone မှာ Unknown Source နဲ့ USB Debug လုပ်၊ ဖုန်းကိုကွန်ပျူတာမှာတပ်၊ Driver သိအောင်လုပ်၊ SRSRoot ကို RUN, Root Device နှိပ်။ ဒါပါပဲ။ သူလေးကလည်း 23 February 2013 နေ့ထိ ဖုန်းအမျိုးမျိုး 1020 (Android version)ကျော်ကို Root လုပ်အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်.. စာရင်းကို ဒီမှာရေးရရင်တော့ စာမျက်နှာက အရှည်ကြီးဖြစ်နေမှာ.. ဒါကြောင့် အောက်ကလင့်မှာ သွားကြည့်စေလိုပါတယ်...

SRS-Root is an easy to use solution for rooting your android device, the software contains multiple exploits to gain root access on your device.
SRSRoot Supports Android versions 1.5, 2.1, 2.2, 2.3, 3.1, 3.2, 4.0, 4.1, 4.2
We can Root latest models like Samsung Galaxy S2 / S3, Note / Note2 etc
We have an Option to remove root from your device by one-click.
Powered by SRS Server *Safe Rooting without flashing your device*

အဆင်ပြေပါစစေ

မောင်ပေါက်


Download : 7.25 MB
နာမည်ကြီး Android Phone/Tablet တွေနဲ့ တရုတ် Android Phone/Tablet တွေကို Root ပေးမယ့် Shuame Root Tools v1.1.6

 
Shuame Root Tools က တရုတ် Android ဖုန်းတွေနဲ့ တက်ပလက်တွေကို ကောင်းကောင်း Root နိုင်ပါတယ်.. တရုတ် ဖုန်းဝယ်ထားမိလို့ ဘယ်လို Root ရမလဲဆိုသူတွေအတွက် တရုတ် Root Tools တွေကိုလည်း တင်ပေးနေပါတယ်..
ဒီကောင်လေးကို Online နဲ့သုံးတာ ပိုကောင်းပါတယ်.. ဘာဖြစ်လို့လဲဆိုတော့သူက ဖုန်းရဲ့ Driver တွေကို သူ့အလိုလို ဒေါင်းပြီး ထည့်ပေးလို့ပါပဲ..  နာမည်ကြီး Samsung, Sony, HTC, Huawei စတဲ့နာမည်ကြီး ဖုန်းတွေအပြင် နာမည်မကြီးတဲ့ တရုတ် ဖုန်းတွေ၊ တက်ပလက်တွေကိုလည်း Root တဲ့ကောင်ပါ.. ဒီကောင်ထဲမှာ နာမည်ကြီးတွေထဲက Sony နဲ့ HTC ကို အဓိက ဦးစားပေးထားတာကိုတွေ့ရပါတယ်.. ပုံထဲမှာဆို Glaxy SIII ကိုတောင် Root ပြထားသေးတယ်ဗျ.. Support ပေးထားတဲ့လင့် ဒီကို သွားကြည့်ရင်တော့ ဖုန်းအားလုံးနီးပါး ကို Support ပေးထားတာတွေ့ရပါတယ်.. အခု ကျွန်တော်ပေးမှာက Free Version ဖြစ်ပါတယ်.. ဒီစာရင်း အရဆိုရင်တော့ Pro တို့ဘာတို့ဖြစ်ချင်လည်းဖြစ်မှာပေါ့..



သုံးနည်း..
1. Shuame Root Tools ကို Install လုပ်ပြီးသွားရင် Run လိုက်ပါ..
2. ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်လိုက်ပါ.. ( Unknown Source, USB Debugging တွေကို On ထားဖို့ မမေ့ပါနဲ့.. တရုတ်တွေမှာလည်း ဒါတော့ပါတာပဲတွေ့ဖူးတယ်.. )
3. ပုံမှအတိုင်း ညာဘက်ဆုံးက အ၀ိုင်းမှာ လေးထောင့်ကွက်လေးပါတဲ့ဟာ ( Tools ) ကိုနှိပ်ပါ..
4. အလယ်တန်းထဲက Root Unlock ဆိုတဲ့ပုံလေးကိုနှိပ်ပါ..
5. Super User တောင်းရင် ညာဘက်ထောင့်ကဟာကိုနှိပ်ပါ.. ( အဲဒါ Grant ပါ.. ) (ဘယ်ဘက်ထောင့်ကဟာက Deny ဖြစ်ပါတယ်.. )
6. ပြီးသွားရင်တော့ App List ထဲမှာ တရုတ်စာလေးနဲ့ S လေးတွေ့ရင် Root ရပြီခင်ဗျ...

အဆင်ပြေပါစေ..

မောင်ပေါက်

Download Links:

Sony ဖုန်းတွေနဲ့ အခြား ဖုန်း အများကြီးကို Root နိုင်တဲ့ Root_with_Restore_by_Bin4ry_v30: [Glass Root added]

Sony ဖုန်းတွေနဲ့ အခြား ဖုန်း အများကြီးကို Root နိုင်တဲ့ Root_With_Restore_By_Bin4ry_v30 ထွက်လာလို့ တင်ပေးလိုက်ပါတယ်.. အရင်ကလည်း တင်ပေးခဲ့ဖူးပြီးသားပါ.. ဒါက 1.5.2013 ရက်နေ့ ထွက်လာတဲ့ Update ပါ...  လုပ်နည်းကိုတော့ v 26 တုန်းက ဒီမှာ ရှင်းပြထားတယ်..

Root လုပ်နည်း Video ကိုတော့ http://www.youtube.com/watch?feature=player_embedded&v=7EpkrCq1gfM မှာ ကြည့်နိုင်ပါတယ်...


အဆင်ပြေပါစေ..

မောင်ပေါက်


Download Links: 7 MB

Sunday, July 14, 2013

Root Tool ပေါင်း 16 မျိုးပါဝင်တဲ့ Root Tool Collection Tool


Mobile House ကပြုစုတီထွင်ထားတဲ့ Root Tool ပေါင်း 16 မျိုးပါဝင်တဲ့ Root Tool Collection Tool ဖြစ်ပါတယ်.. ဖုန်းနဲ့လိုက်ဖက်တဲ့ Driver ကိုတော့ Install လုပ်ထားရမှာဖြစ်ပါတယ်.. ပြီးရင် ဖုန်းကို USB Debugging ကို On ပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ကာ ခုဒေါင်းထားတဲ့ Root Tool Collection Tool.exe ကို Run လိုက်ပြီး Enter တစ်ချက်ခေါက်လိုက်ရုံပါပဲတဲ့.. ဖုန်းရဲ့ Driver ကို မသိရင်တော့ Wait ကနေ ဆက်ပြီးတက်လာမှာမဟုတ်ပါဘူး.. ဒါဆိုရင် Driver ပြန်စစ်ပြီး Install လုပ်ရမှာဖြစ်ပါတယ်..



အဆင်ပြေကြပါစေ..

မောင်ပေါက် ( Knowledge Note )

www.maungpauk.org


Credit to မောင်ပေါက် ( Knowledge Note )

Thursday, July 11, 2013

Root Tool တွေထဲမှာ အောင်မြင်နေဆဲ SuperOneClick v2.3.3 Root Tool 


ဒီ SuperOneClick Root Tool ကိုတော့ ပို့စ်အနေနဲ့ သီးခြားမတင်ဖြစ်ပါဘူး. လူတော်တော်များများ လက်ထဲမှာ ရောက်နှင့်နေပြီးသားထင်လို့ပါ.. Google မှာလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်.. ဒါပေမယ့် မိတ်ဆွေ တစ်ယောက်က တင်ပေးပါလို့ တောင်းဆိုလာတဲ့အတွက် နောက်ဆုံးထွက်ရှိခဲ့တဲ့ SuperOneClick v2.3.3 ကိုပဲ တင်ပေးလိုက်ပါတယ်..
လုပ်နည်းကတော့.
1.မိမိဖုန်းနဲ့ကိုက်ညီပြီးမှန်ကန်တဲ့ Driver တင်ထားရပါမယ်.. မရှိရင် အောက်ကလင့်မှာ Driver တွေ တင်ထားပါတယ်..
Download Driver
2. ပြီးရင် ဖုန်းမှာ USB Debugging နဲ့ Unknown Source ကို On ပေးပြီး Phone ကို Computer နဲ့ချိတ်ပါ..
3. SuperOneClick.exe ကို Run လိုက်ပါ.. ဒါဆိုရင် Donate လုပ်ဖို့အတွက် ဘောက်ကျလာပါမယ်.. လှူချင်ရင်လှူ၊ မလှူချင်ရင်တော့ Donate Later ကိုနှိပ်ပါ.. ဒါဆိုရင် SuperOneClick Root Box ကျလာပါမယ်..
4. ညာဘက်ဆုံးက Exploit မှာ ရွေးစရာ နှစ်ခုရှိပါတယ်.. HTC ဆိုရင်တော့ psneuter ကိုရွေးထားပြီး Root လုပ်ကြည့်ပါ. မရရင် zergRush ကိုရွေးပါ.. အခြားဖုန်းဆိုရင်တော့ zergRush ကိုရွေးထားပြီး Root Button ကိုနှိပ်ပါ..
5. တကယ်လို့များ " Autometic version check failed. Is your OS version 2.0 or higher? " လို့ Warning တက်လာရင် Yes ကိုရွေးလိုက်ပါ.. နောက်ထပ် "Device properties could not be read! (You should try rebooting your device)" လို့ Warning တက်လာရင် Ignore ကိုနှိပ်ပါ..
7. ဒါဆိုရင်တော့ Root လုပ်နေတာကို မြင်ရပါမယ်.. Root လုပ်ငန်းပြီးတာနဲ့ " Root install has completed! Would you like run a test? " ဆိုပြီး Root ပြီး မပြီး စစ်ချင်တာလား မေးပါတယ်.. စစ်မယ်ဆိုရင် တော့ Yes ပေါ့. ဒါဆိုရင်တော့ သေသေချာချာ ပြန်စစ်နေပါတယ်.. တကယ်ပြီးသွားရင်တော့ " Your device has been rooted! Would you like to donate now ?" ဆိုပြီး Root လုပ်တာတော့ပြီးသွားပြီ အလှူလေး မစ ချင်သလား. မေးပါတယ်.. လှူချင်ရင်တော့ yes ကိုနှိပ်ပြီး လှူနိုင်ပါတယ်.. လှူမယ်လည်း မထင်ပါဘူး.. ( Online Bank Account ) မှ မရှိတာနှော..
 SuperOneClick v2.3.3 Root Tool က 2012 မှာ နောက်ဆုံးထွက်ခဲ့တာပါ.. အဲဒီတုန်းက Android 4.0 လောက်ပဲ ထွက်အုံးမယ်ထင်ပါတယ်.. SuperOneClick v2.3.3 Root Tool နဲ့ Root လုပ်နိုင်တာတွေကတော့-
Samsung Glaxy S 4G
Samsung Glaxy S I9000
Samsung Glaxy S SCH-I500
Samsung Glaxy Tab
Samsung Captivate
Samsung Glaxy 551 (GT-I5510)
Samsung Glaxy Portal/Spica I5700
Samsung Transform M920
Samsung Vibrant
Sony Ericsson Xperia E51i X8
Sony Ericsson Xperia X10
Sony Ericsson Xperia Mini
Sprint Hero
Acer Liquid Metal
Dell Steak
HTC Magic (Sapphire) 32 B
HTC Bee
LG Ally
Motorola Atrix4G
Motorola Charm
Motorola Cliq
Motorola Droid
Motorola Flipside
Motorola Flipout
Motorola Milestone
Nexus One.

အဆင်ပြေပါစေ..

မောင်ပေါက်

Download : 10.14 MB

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!