LoveByte ( နှစ်ယောက် တစ်ကမ္ဘာ )
ဒီ app လေးကို အရင်တုန်းက တင်ပေးခဲ့ဖူးပါတယ်။ အဲ့တုန်းက ..
တစ်ခြား app တွေနဲ့ရောပြီး တင်ပေးခဲ့ပါတယ်။ အခုတော့ ..
သီးသန့်ပို့စ်တစ်ခုအနေနဲ့ ရေးပြီးတင်ပေးလိုက်ပါတယ်။ ချစ်သူစုံတွဲတွေအတွက် အလွန် ချစ်စရာကောင်းတဲ့ app တစ်ခုပါ။ Love Byte မှာ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ Gmail account ဖြင့် ..
register လုပ်ပြီး sign up လုပ်ရပါမယ်။ ကိုယ့်ချစ်သူနဲ့ကိုယ်ပဲ နှစ်ယောက် တစ်ကမ္ဘာအဖြစ် Love Byte မှာ အချစ်အိမ်လေး တည်ဆောက်နိုင်ပါတယ်။ ဘယ်သူမှ လာကြည့်လို့မရပါဘူး။
သက်ဆိုင်သူနှစ်ယောက်ပဲ အပြန်အလှန် ၀င်ကြည့်နိုင်ပါတယ်။ ချစ်သူသက်တမ်းကိုလဲ ရက်စွဲနဲ့ အတိအကျ မှတ်သားပေးတယ်။
ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း Chatting လုပ်နိုင်တယ်။ ဓါတ်ပုံတွေမှာလဲ အပြန်အလှန် comment တွေ ပေးနိုင်ပါတယ်။ ချစ်စရာကောင်းသော Emoji(ခေါ်)ရုပ်ပြောင်များ သုံးပြီး Chat နိုင်တယ်။
Note ရေးပြီး အမှတ်တရများ မှတ်သားနိုင်တယ်။ Public အနေနဲ့သုံးရတာမဟုတ်လို့ ချစ်သူစုံတွဲတွေအတွက် အနှောက်ယှက်ကင်းပါတယ်။ Viber , Tango , Facebook , Gtalk
စတာတွေက လူအများနဲ့သုံးရတာဆိုတော့ အနှောက်ယှက်များပါတယ်။ ပုန်းနေရတာနဲ့ .. မအားဘူး လုပ်ထားရတာနဲ့ အလုပ်ရှုပ်တယ်။ Love Byte နဲ့သာ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် ချိန်းတွေ့ပါ။ နှစ်ယောက်စလုံးမှာ lovebyte app တော့ ဖုန်းထဲ ထည့်ထားရပါမယ်။
အဟီး ပါရမီဖြည့်ပေးလိုက်ပါတယ်။ ချစ်ကြဗျို့ ... Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download - (8MB)
MEGA
Copy
Dropbox
ပျော်ရွှင်ပါစေ။
Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :)


0 comments:
Post a Comment
Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD