Super System Info
အသုံးဝင်တဲ့ system app လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ အစကတော့ app နာမည်ကိုဖတ်ပြီး ထုံးစံအတိုင်း ကျွန်တော်တို့ ဖုန်းတွေရဲ့ CUP , Memory , Model .. အဲ့ဒါတွေလောက်ပဲ ..
ဖော်ပြပေးတဲ့ app လို့ထင်ခဲ့ပါတယ်။ စမ်းကြည့်လိုက်တော့ ကျွန်တော့်အထင် မှားခဲ့ပါတယ်။ ဘာတွေလုပ်ဆောင်နိုင်လဲဆိုတော့ ..
- System Information များ ဖော်ပြခြင်း။
- App များကို Backup လုပ်နိုင်ခြင်း။
- Task Killer ( နောက်ခံ run နေသော app များ ပိတ်ပေးခြင်း )
စတဲ့ function တွေပါဝင်နေပါတယ်။ သဘောကျတာက ပေါ့ပေါ့ပါးပါးနဲ့အသုံးပြုလို့ရတာပါပဲ။ App များ Loading လုပ်တာလဲ မြန်တယ်ဗျာ။ App တွေကို Backup ဆွဲပြီး SD Card အောက်မှာ Backups ဆိုတဲ့ ..
folder ထဲမှာ ပြန်ယူနိုင်ပါတယ်။ Play Store မှာ download ဆွဲထားတဲ့ App တွေ Backup လုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။ Task Killer ကလည်း လန်းတယ်။ Notification ဘားပေါ်မှာ ရှိနေလို့ အလွယ်တကူ အသုံးပြုနိုင်တယ်။ တကယ်လဲ နောက်ခံ run နေတာတွေကို သတ်ပေးပါတယ်။ ကွန်ပျူတာမှာ Ctrl+Alt+Delete နဲ့ Process တွေကို သတ်သလိုမျိုး Super System Info က Process လုပ်နေတဲ့ App တွေကို ဖော်ပြပေးပါတယ်။ တစ်ခုချင်းဆီ ပိတ်ပစ်လို့ရပါတယ်။ system memory ကို အမောပြေစေမယ့် Task Killer လေးပါ။ ထည့်ထားသင့်တဲ့ System App လေးမို့ တင်ပေးလိုက်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download -
dropbox
copy
box
mega
ပျော်ရွှင်ပါစေ။
Mr.AD
0 comments:
Post a Comment
Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD