Friday, July 12, 2013



Smart Volume Control+ v1.1.3
App တွေ မတင်ရ မနေနိုင်လို့ အခွေလုပ်ရင်း သဘောကျတဲ့ app လေးတစ်ခုတွေ့လို့တင်လိုက်တယ်ဗျာ။ အသံပိုင်းဆိုင်ရာနဲ့ပက်သက်လို့ကတော့ ပြီးပြည့်စုံတဲ့ app တစ်ခုလို့တောင်ဆိုချင်ပါတယ်။ လုပ်ဆောင်နိုင်စွမ်းတွေက အတော်အစွမ်းထက်တာကိုးဗျ။ ဘယ်လိုတွေ အသုံးဝင်လဲဆိုတာ အနည်းငယ်ရေးပြချင်တယ်။

ကျွန်တော်တို့တွေ ဖုန်းနဲ့ပက်သက်တဲ့အသံတွေကို အမျိုးမျိုး ချိန်ကြရပါတယ်။ အစည်းဝေးလုပ်နေတဲ့အချိန်မှာ Silence လုပ်ထားတတ်တယ်၊ စကားပြောနေတဲ့အချိန်မှာ သီချင်းဖွင့်ထားရင် တိုးထားတတ်တယ်၊ အိပ်ပျော်နေတဲ့အချိန်မှာ Silence လုပ်ထားတတ်တယ် .. စသဖြင့် ကိုယ့်အခြေနေပေါ်မူတည်ပြီး ဖုန်းအသံတွေကိုပြုပြင်တတ်ကြပါတယ်။ အခု Smart Volume Control+ ကတော့ အဲ့လို ခဏခဏ ပြုပြင်ရတဲ့သူတွေအတွက် အလွန်အသုံးဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ အသံအခြေနေတွေကို ကြိုတင် သတ်မှတ်ကာ Sound Profile အနေဖြင့် ပြုပြင်ထားလို့ရတယ်။


ဥပမာ အစည်းဝေးခန်းထဲ ၀င်ရမှာမို့ Ringtone ကို Silence လုပ်ပြီး Vibrate ပဲထားမယ်ဆိုတာမျိုးပေါ့။ သီချင်းနားထောင်ချင်တဲ့အခါ အသံချဲ့ထားတဲ့ Profile ကို ရွေးပြီး နားထောင်တာမျိုး၊ လုပ်ငန်းခွင်အတွင်းမှာ Ringtone သံကို အနည်းငယ်တိုးထားတာမျိုး .. စသဖြင့် ကိုယ်လိုချင်တဲ့ အသံအခြေအနေကို စိတ်တိုင်းကျ ပြုပြင်ကာ Profile အနေဖြင့် save ထားနိုင်တယ်။ လွယ်ကူစွာသုံးနိုင်အောင် Widget အများကြီးပါရှိတာကတော့ အရမ်းမိုက်ပဲဗျာ။ Widget ထဲတွင် Profile SVC+ ကိုရွေးပြီး home screen ပေါ်တင်ထားခြင်းဖြင့် ကိုယ်လိုချင်တဲ့ sound profile ကို ပြောင်းလဲနိုင်မယ်။ Volume SVC+ widget ကို တင်ထားရင် အသံများကို အမြန် အတိုးအလျော့လုပ်နိုင်မယ်။ Volume နဲ့ပက်သတ်တာတင်မဟုတ်ပဲ ... ဖုန်းအမြန်ခေါ်ဆိုနိုင်သော widget , Wifi hotspot အပိတ်အဖွင့်လုပ်နိုင်သော widget .. စတဲ့ system ပိုင်းဆိုင်ရာ widget တွေ ပါဝင်နေတာ အရမ်းမိုက်ပါတယ်။ Widget ပေါင်း (၂၃)ခုတောင် ပါတာဗျာ။ အားရပါးရကို အသုံးတော် ခံပါလိမ့်မယ်။ အသေးစိတ်ရေးရရင်တော့ အများကြီးပဲဗျ။ ဘာတွေမိုက်သေးလဲသိချင်ရင် ကိုယ်တိုင်သာ စမ်းကြည့်ပေတော့။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (7MB)

Dropbox

Copy

MEGA

ပျော်ရွှင်ပါစေ။

Mr.AD

0 comments:

Post a Comment

Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!