Gesture Call
အရမ်းအသုံးဝင်တဲ့ app တစ်ခုပါ။ လန်းပါတယ်။
ဖုန်းခေါ်တဲ့အခါ မှတ်ထားတဲ့ Contacts တွေများလို့ ..
ကိုယ်ခေါ်ချင်တဲ့သူကို အလွယ်တကူ ရှာမရတဲ့အခါ ..
အသုံးဝင်ပါတယ်။ Gesture ဆိုတာ screen ပေါ်မှာ အမှတ်သား တစ်ခုခု ဆွဲလိုက်ရင် ရှာဖွေပေးမယ့် function ပါ။ အရင်ဆုံး Gesture Call app ကို ဖွင့်လိုက်ပါ။ ပြီးရင် Add ကို နှိပ်ပါ။ Contacts ပေါ်လာပါတယ်။ မှတ်ချင်တဲ့ နာမည်ကိုရွေးပါ။ ပြီးရင် စိတ်ကြိုက် အမှတ်သားတစ်ခု ဆွဲလိုက်ပါ။
Create ကို နှိပ်လိုက်ရင် ထိုအမှတ်သားကို ပြန်ဆွဲလိုက်တာနဲ့ မှတ်ထားတဲ့ သူဆီ ဖုန်းခေါ်ပါလိမ့်မယ်။
နောက်ဆို Contacts ကိုဖွင့်ပြီး နာမည် လိုက်ရှာနေစရာမလိုတော့ဘူး။ Gesture Call ကိုဖွင့်ပြီး အမှတ်သားကို ဆွဲလိုက်တာနဲ့ ဖုန်းခေါ်ပေးသွားပါမယ်။ Call အပြင် SMS ကိုပါ အသုံးပြုနိုင်ပါတယ်။
မိုက်တယ်မလား။ ကြိုက်ရင် ယူဗျာ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download -
dropbox
box
zippyshare
Google PlayStore မှာလဲ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။
ပျော်ရွှင်ပါစေ။
Mr.AD
0 comments:
Post a Comment
Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD