AppWall
ဖုန်းမှာ application တွေ အများကြီးထည့်ထားပြီး လိုချင်တဲ့
app ကို ပြန်ရှာဖို့ တစ်ခါတစ်လေ အခက်တွေ့တတ်ပါတယ်။
ဘယ်နားရောက်နေမှန်းမသိ။ ရှိတာတော့
ရှိတယ်။ ပျောက်နေတာမျိုး app တွေ အများကြီး ကလိတဲ့သူများ ကြုံတွေ့ခဲ့ကြမှာပါ။ အဲ့ဒီ အခက်ခဲကို AppWall က ဖြေရှင်းပေးပါမယ်။ AppWall ကို တစ်ချက်နှိပ်လိုက်တာနဲ့ screen တစ်ခုထဲမှာပဲ ကိုယ် ထည့်ထားသမျှ
app တွေကို အကုန်လုံး ဖော်ပြပေးပါတယ်။ နောက်ပြီး လက်နဲ့ပွတ်ကာ အကြီးချဲ့ကြည့်နိုင်လို့ ဖွင့်ချင်တဲ့ app ကို အလွယ်တကူရှာနိုင်ပါတယ်။ ကျွန်တော့်လို app တွေ အရမ်းကလိတဲ့ သူအတွက် အလွန်အဆင်ပြေသွားပါတယ်။ AppWall ကို home screen မှာ တင်ထားလိုက်ခြင်းက install လုပ်ထားသမျှ app တွေကို homescreen ပေါ်တင်လိုက်တာနဲ့ အတူတူပါပဲ။ အဆင်ပြေပြီး အသုံးဝင်တဲ့ app တစ်ခုပါ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download -
dropbox.com
copy.com
megacloud
ပျော်ရွှင်ပါစေ။
Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :)


0 comments:
Post a Comment
Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD