*** Android Phone ဖြင့် မျက်လှည့်ပြခြင်း ***
ကျွန်တော့်ဘော်ဒါတွေအတွက် ထူးထူးခြားခြား မျက်လှည့်ပြနိုင်မယ့် app နှစ်ခုကို
တင်ဆက်ပေးလိုက်ပါတယ်။ ပိုက်ဆံပေးပြီး ၀ယ်ရတဲ့ app တွေပါ။ ဖုန်းနဲ့မျက်လှည့်ပြလို့ရတဲ
*** Balloon Pop Magic ***
ပထမဆုံး တင်ဆက်လိုက်တဲ့ မျက်လှည့်ကတော့ Balloon Pop Magic
ဖြစ်ပါတယ်။ ကျွန်တော်က မျက်လှည့်ဆရာဆိုပါစို့ .. ပုံ(၁)မှာပြထားတဲ့အတိုင်း Balloon Pop မှာ Balloon (၄)လုံး ပါရှိပါတယ်။ သင်ကြိုက်နှစ်သက်ရာ Balloon တစ်လုံးကို ရွေးလိုက်ပါ။ အဲ့ဒီ အလုံးကို ကျွန်တော်က လက်ခုပ်တီးပြီး ဖောက်ပြပါမယ်။ ကြိုက်ရာရွေးလို့ရတယ်။ ရွေးတဲ့အလုံး ပေါက်သွားအောင်
လက်ခုပ်တစ်ချက်ပဲ တီးပြီး ဖောက်ပြမယ်။ သင်ထောက်ပြတဲ့ Balloon က ကျွန်တော် လက်ခုပ်တီးတာနဲ့ပေါက်သွားမယ
( Balloon Pop Magic ရဲ့ လျို့ဝှက်ချက် )
နောက်ခံ Background ပုံမှာ တိမ်တွေ ပြေးလွှားနေပါတယ်။ ထိုတိမ်များထဲတွင် အထူးသတ်မှတ်ထားသော တိမ်ပုံစံတစ်ခုပါရှိပါတယ်။ App ထဲတွင် ထိုတိမ်ပုံစံကို ဖော်ပြပေးထားပါတယ်။ ထိုတိမ်ရဲ့ အမြှီးပိုင်းက
ကိုယ်ဖောက်ချင်တဲ့ Balloon ပေါ်ရောက်တဲ့အခါ လက်ခုပ်တီးလိုက်ပါ။ Balloon ပေါက်သွားပါမယ်။ တစ်ခုသတိပြုရမှာက Sound Sensitivity ပါ။ Options ထဲဝင်ပြီး Sound Sensitivity ကို ကိုယ်နဲ့အဆင်ပြေသလို ချိန်ညှိပါ။ ဟန်ဆောင်ကောင်းအောင်လို့ အနည်းငယ်တော့ လေ့ကျင့်ရပါမယ်။
ကဲ .. မိုက်တယ်မလား။ လက်ခုပ်တီးရင် ရွေးထားတဲ့ အလုံးပေါက် Cool :D
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
..........................
*** Magic Paper ***
ဒီမျက်လှည့်ပြကွက်လေးကလဲ အတော်လန်းပါတယ်။ ပုံ(၂)မှာ ပါတဲ့အတိုင်း Symbol များစွာထဲမှ ကြိုက်နှစ်သက်ရာ Symbol တစ်ခုကို ရွေးလိုက်ပါ။ Symbol များတွင် နံပါတ်များ ပါရှိပါတယ်။ ဥပမာ နံပါတ်(26)ပါရှိတဲ့ Symbol ကို ရွေးလိုက်တယ်ဆိုပါစို့ .. ရွေးလိုက်တဲ့ ဂဏန်းကို ခွဲလိုက်ပါ။
2 နဲ့ 6 .... ဟုတ်တယ်နော် .. ပြီးရင် ခွဲထားတဲ့ နှစ်ခုကို ပေါင်းလိုက်ပါ။
2+6 = 8 ... (8)ဆိုတဲ့ ဂဏန်းကို ရပါမယ်။ ပြီးရင် မူလရွေးထားတဲ့ ဂဏန်း (26)ထဲကနေ (8)ကို ပြန်နုတ်ပါ။ 26-8=18 ... (18) ဆိုတဲ့ ဂဏန်းကိုရပါမယ်။ (18)ဂဏန်းပါတဲ့ Symbol ပုံကို ပြန်မှတ်သားပါ။ စိတ်ထဲကနေ မှတ်လိုက်ပါ။ သေချာစိုက်ကြည့်ပြီး မှတ်ထားပါ။ အိုကေ .. မှတ်ထားပြီးရင် Continue ကိုနှိပ်လိုက်တာနဲ့ သင့်စိတ်ထဲက မှတ်သားထားတဲ့ Symbol ပုံက Magic Paper မှာ ဖြည်းဖြည်းချင်းပေါ်လာပါလိမ့်မယ်။ လုံးဝ အလန်းပါ။
အစကတော့ ကျွန်တော် တော်တော် လန့်သွားတယ်။ ကိုယ် စိတ်ထဲကနေ မှတ်ထားတဲ့ ပုံကို ဘယ်လိုလုပ်များ သိသွားတာလဲဆိုပြီးတော့ဗျာ။ နောက်မှ App ကို သေချာလေ့လာကြည့်တော့ သူ့ရဲ့ လှည့်ကွက်လေးကို သွားတွေ့မိတယ်။ ဘယ်လို လှည့်ကွက်လုပ်ထားလဲဆိုတာ သူငယ်ချင်းကိုယ်တိုင်ပဲ လေ့လာကြည့်တော့ဗျာ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်တယ်။
ကဲ .. သူငယ်ချင်းအပေါင်းသင်းတွေကိ
Mr.AD ( happyandroidworld )
..........................
download - Balloon Pop Magic (1MB)
dropbox
box
copy
--------------------------
download - Magic Paper
dropbox
box
copy
အပ် .. ချ .. လောင်း .............:D
0 comments:
Post a Comment
Comment များ ရေးပေးခဲ့ခြင်းသည် ကျွန်တော့်ကို အားတက်စေပါတယ်။ Download Link များ အဆင်မပြေပါက ကျွန်တော့်ကို အသိပေးခဲ့ပါ။ အစဉ်အမြဲ ရှာ ..တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ........... Mr.AD