Friday, October 25, 2013

Voice Speed Dial

ရေလည်လန်းတဲ့ app လေးပါ။ အသံနဲ့ ဖုန်းခေါ်နိုင်မယ့် app ပါ။
မိမိခေါ်ဆိုချင်သော ဖုန်းနံပါတ်တစ်ခုချင်းစီမှာ အသံ သွင်းပေးရပါမယ်။
မြန်မာလိုလဲ အသံသွင်းနိုင်ပါတယ်။ ဥပမာ ကျော်ကျော် ဆိုပြီး ..
ဖုန်းနံပါတ်တစ်ခုမှာ အသံသွင်းပေးထားရင် Voice Speed Dial ကိုဖွင့်ကာ
ကျော်ကျော်လို့ ပြောလိုက်ရင် ကျော်ကျော်ရဲ့ဖုန်းနံပါတ်ကို ချက်ချင်း
ခေါ်ဆိုသွားမှာဖြစ်ပါတယ်။ အသံကို Record လုပ်ပေးတဲ့ စနစ်က ..
တော်တော် အဆင်ပြေပါတယ်။ record သံအတိုင်း အနီးစပ်ဆုံး ..
ပြောလိုက်ရုံနဲ့တင် ဖုန်းခေါ်ဆိုပေးပါတယ်။ မိုက်မှမိုက်၊ လန်းမှလန်းပဲ။
Contacts မှာ ဖုန်းနံပါတ်ရှာရတဲ့ ဒုက္ခမှ ကင်းဝေးသွားပြီး ခပ်တည်တည်နဲ့
ဘော်ဒါတွေကြားထဲ အသံနဲ့ ဖုန်းခေါ်ဆိုကာ လန်းနိုင်ပါပြီ။
ဖုန်းတော်တော်များများနဲ့လဲ အဆင်ပြေမယ်ထင်ပါတယ်။ စမ်းပေတော့။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy
 
ပျော်ရွှင်ပါစေ။

Mr.AD
ဒါလေးတွေ ဘော်ဒါ သိပြီးပြီလား ??

မသိသေးတဲ့သူတွေအတွက် အသုံးဝင်တဲ့ Android Tips လေးတွေမို့ ..
လေ့လာထားတာလေးတွေ ပြန်လည် မျှဝေလိုက်ပါတယ်။

*** Google Map ကို offline ကြည့်နိုင်ဖို့ ***
Google Map မှာ internet မလိုပဲ မြေပုံတွေ ကြည့်ရှုနိုင်အောင် ကြိုတင် စီစဉ်နိုင်ပါတယ်။အင်တာနက်လိုင်း ရနေချိန်မှာ ကိုယ်လိုချင်တဲ့ မြေပုံများကို offline ကြည့်နိုင်ဖို့အတွက် Google Map ထဲမှာ Menu ကို နှိပ်ပါ။ Make available offline ဆိုတာကို နှိပ်ပြီး လိုချင်တဲ့ မြေပုံ ဧရိယာကို ရွေးချယ်ပေးပါ။ ပြီးရင် download ဆွဲကာ သိမ်းနိုင်ပါတယ်။
ဒါကြောင့် အင်တာနက်လိုင်း မရရှိနိုင်သော နေရာများတွင်လဲ offline ကြည့်နိုင်ပါတယ်။

*** Power ခလုတ်ကို နှိပ်ပြီး ဖုန်းချနိုင်ဖို့ ***
ဖုန်းပြောပြီးလို့ ဖုန်းမှာပါတဲ့ Power ခလုတ်ကို နှိပ်ပြီး အလွယ်တကူ ဖုန်းချနိုင်ပါတယ်။ screen ကို ထိစရာမလိုပဲ End Call လုပ်နိုင်ပါတယ်။ လုပ်ချင်တယ်ဆိုရင် ဖုန်း Setting ထဲမှ Accessibility ထဲကို ၀င်ပါ။ Power Button ends call ဆိုတာကိုရှာပြီး အမှန်ခြစ်ပေးလိုက်ရင် ရပါပြီ။ Setting ၀င်နည်းကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးတော့ မတူဘူးပေါ့။ ဒါပေမဲ့ Accessibility အောက်မှာပဲ power ends call function ပါရှိပါတယ်။

*** Sudoku ဥာဏ်စမ်းများကို အမြန်ဖြေနိုင်ဖို့ ***
Google မှာ ဖန်တီးခဲ့တဲ့ Google Goggles ဆိုတဲ့ App ဟာ Sudoku ဥာဏ်စမ်းများကို ဓါတ်ပုံရိုက်ခြင်းဖြင့် အဖြေမှန် ပေါ်အောင်
ဖော်ပြနိုင်ပါတယ်။ Google Goggles ဟာ မိမိသိလိုသော အကြောင်းရာကို ဓါတ်ပုံများရိုက်ပြီး online မှာ ရှာဖွေနိုင်အောင် ဖန်တီးထားတဲ့ ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ပေါက်ကရ တွေ့သမျှတွေ ရိုက်ပြီး ..
မေးလို့တော့ မရဘူးပေါ့ဗျာ။ ဘာသာစကားများကိုလဲ ဓါတ်ပုံရိုက်ခြင်းဖြင့် ..
ဘာသာပြန်နိုင်တယ်လို့ဆိုပါတယ်။ Play Store မှာ အခမဲ့ ရယူနိုင်တဲ့ app ပါ။

*** ရုတ်တရက် ဖုန်းဟန်းသွားသောအခါ ပြန်ဖွင့်နိုင်ဖို့ ***
တစ်ခါတစ်လေမှာ ဖုန်းက ဘာမှ လုပ်မရတော့ပဲ ရပ်သွားတဲ့ ပုံစံမျိုး ဖြစ်သွားတတ်ပါတယ်။ အလွယ်ပြောရင် ဟန်း သွားတာပေါ့ဗျာ။ အဲ့လိုအချိန်မှာ Power + Home Key + Volume Up
ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ကာ ဖုန်းကို Reboot လုပ်နိုင်ပါတယ်။ Battery ဖြုတ်မရတဲ့ ဖုန်းတွေ ဟန်း တဲ့အခါ Power ခလုတ်ကို ခဏလောက် ကြာကြာဖိထားခြင်းဖြင့် Reboot လုပ်နိုင်ပါတယ်။
(eg .. Xperia Z , HTC One )

*** Keyboard အမြန်ဖွင့်နည်း ***
ဖုန်းမှာပါတဲ့ Menu ခလုတ်ကို ကြာကြာဖိထားခြင်းဖြင့် Keyboard ကို အမြန်ဖွင့်နိုင်ပါတယ်။ စာရိုက်ချင်ပြီဆိုရင် Menu ကိုသာ ကြာကြာဖိလိုက်ပါ။ Keyboard တက်လာပါလိမ့်မယ်ဗျာ။

*** Notification ဘားထဲမှ function တွေရဲ့ Setting အမြန်ဖွင့်ဖို့ ***
ဥပမာ wifi setting ထဲ သွားချင်တယ်ဆိုရင် Noti ဘားပေါ်က wifi ပုံကို ကြာကြာဖိလိုက်ရင် wifi setting ထဲ ရောက်သွားပါမယ်။ Noti ဘားထဲရှိ widget များကို ကြာကြာဖိခြင်းဖြင့် သက်ဆိုင်ရာ Setting တွေထဲ အမြန်သွားနိုင်မှာဖြစ်ပါတယ်။

*** Speed Dial (သို့) တစ်ချက်နှိပ် ဖုန်းတန်းခေါ်လို့ရဖို့ ***
Android ဖုန်းတွေမှာ Speed Dial ပါဝင်ပါတယ်။ တစ်ချက်နှိပ်ပြီး ဖုန်းတန်းခေါ်တဲ့ဟာပါ။ အလွယ်နည်းကတော့ Home Screen ပေါ်မှ
နေရာလွတ်တစ်ခုကို ကြာကြာဖိပါ။ Widget ကို ရွေးပါ။ Widget ထဲမှာ Contact ကိုရွေးပြီး Home Screen ပေါ်တင်လိုက်ပါ။
ကြိုက်နှစ်သက်ရာ နံပါတ်ကို Contact ထဲမှ ရွေးပေးပြီး Speed Dial ဖန်တီးနိုင်ပါတယ်။ တစ်ချို့ဖုန်းတွေမှာ Contact ထဲဝင်ပြီး menu ခလုတ်ကိုနှိပ်ကာ Speed Dial setting ကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။

Android ဖုန်းတွေမှာ Screen Lock ကို မဖွင့်ပဲ Noti ဘားကို ဆွဲချပြီး Noti များစစ်နိုင်တယ်။

Android ဖုန်းတွေကို USB Storage အဖြစ် ကွန်ပျူတာနဲ့တွဲဖက်ပြီး အသုံးပြုနိုင်တယ်။တစ်နည်းဆိုရရင် USB Stick သဘောမျိုး အသုံးဝင်နေတယ်။

ရက်စွဲ နဲ့ လ တွေကို Noti ဘားပေါ် ဖိလိုက်ပြီး အလွယ်တကူ ကြည့်ရှုနိုင်တယ်။

မသိသေးတဲ့သူများအတွက်ပါ။ Tips တွေကတော့ အများကြီးရှိတယ်ဗျ။ အခုရေးတာတွေက ဖုန်းအများစုနဲ့ ကိုက်ညီမယ်ထင်လို့
ရေးပေးလိုက်တာပါ။ စမ်းကြည့်ကြဗျာ။
ဖုန်းအမျိုးစားပေါ်မူတည်ပြီး စမ်းသပ်တဲ့အခါ ရေးထားတဲ့ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ အားလုံး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ပြောကြားရင်း ...

ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် .. နေတဲ့ ..

Mr.AD (www.facebook.com/happyandroidworld)
Google Play Store မှ app တွေကို ကွန်ပျူတာထဲ download ဆွဲချင်သူများအတွက် အဆင်ပြေဆုံး နည်းလမ်းလေးရပါပြီ။ ကိုသက်နိုင်စိုး (MMUG) မှ ရှာတွေ့ထားတဲ့ နည်းလမ်းလေးပါ။ အောက်မှာ ဖော်ပြထားတဲ့ လိပ်စာကိုသွားပြီး ကိုယ် download ဆွဲချင်တဲ့ Google Play မှာ App ရဲ့ URL(လိပ်စာ) .. ဥပမာ https://play.google.com/store/search?q=same&hl=en .. ကို copy ကူးပြီး Package name or Google Play URL ဆိုတဲ့အောက်က box ထဲမှာ Paste လုပ်ပေးပါ။ ပြီးရင် Generate Download Link ဆိုတာကို နှိပ်ပေးပါ။ app ရဲ့ file size ပေါ်မူတည်ပြီး
အချိန်အနည်းငယ်တော့ စောင့်ရပါမယ်။ ပြီးရင် Click here to download ဆိုပြီး စာကြောင်းနှင့်အတူ စာတန်းတစ်ခုပေါ်လာပါမယ်။ ထိုစာတန်းကို နှိပ်ကာ download ဆွဲနိုင်ပါတယ်။

http://apps.evozi.com/apk-downloader/

Credit to - Thet Naing Soe
( http://www.myanmarmobileapp.com/2013/10/19/google-play-downloader/ )

ပျော်ရွှင်ပါစေ။

Mr.AD
Device Info Pro Live Wallpaper

အတော်လေး လန်းတဲ့ live wallpaper လေးပါ။ ပုံမြင်တာနဲ့ ဘယ်လိုမျိုးလဲဆိုတာ သဘောပေါက်ပြီထင်တယ်။ မိမိ ဖုန်းရဲ့ information များကို ဖော်ပြနေတဲ့ live wallpaper လေးပါ။ ဘာတွေဖော်ပြလဲဆိုတော့..

နေ့ရက်၊ အချိန်၊ ရက်စွဲ

Device information

CPU အလုပ် လုပ်နှုန်း

Storage Memory ဖော်ပြခြင်း

RAM အလုပ် လုပ်နှုန်း

Battery Status

ရေပြင်ညီ တိုင်းတာခြင်း

သံလိုက်အိမ်မြှောင်

ဖော်ပြတာတွေက တော်တော်စုံတယ်နော်။ အသုံးပြုကြည့်တဲ့အခါ အရမ်းလဲ မလေးပါဘူး။ မော်ဒယ်မြင့်ဖုန်းတွေမှာဆို ပိုပြီး အဆင်ပြေပါတယ်။
နောက်ပြီးတော့ live wallpaper ရဲ့ setting ထဲမှာ task killer နဲ့ နှိုးစက်လဲ ပါသေးတယ်ဗျာ။ တော်တော်လန်းပါတယ်။
ကျွန်တော်သဘောကျလို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်တယ်။ Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download - (5MB)

dropbox
 
copy

ပျော်ရွှင်ပါစေ။

Mr.AD
Shush! Ringer Restorer

“ ဟေ့ကောင် ငါဖုန်းခေါ်နေတာကြာလှပြီ .. ဘာလို့မကိုင်တာလဲ ”

“ ဟာ ဆောရီးကွာ .. ငါ meeting ၀င်နေရလို့ ဖုန်းကို silent လုပ်ထားတာ ..
ပြန်ဖွင့်ဖို့ မေ့သွားတယ် ”

“ မင်းကွာ အရေးကြီးပြောစရာရှိပါတယ်ဆိုမှ .. အေး မင်းကြိုက်နေတဲ့
ကောင်မလေး ခုနက ငါတို့နဲ့အတူ မုန့်စားနေတာ .. မင်းကို ခေါ်မလို့ပဲ .. ခုတော့ နောက်ကျသွားပြီ .. ခံပေါ့ကွာ ”

“ ဟာ .. သေပါတော့ကွာ .. ”

တွေ့လား ဘော်ဒါ ဒါမျိုးလေးတွေက ဖြစ်တတ်တယ်။ အစည်းဝေးရှိလို့ ဖုန်းကို silent လုပ်ထားပြီး ပြန်ဖွင့်ဖို့ မေ့တတ်သူတွေအတွက် Shush! က
ကူညီပါလိမ့်မယ်။ Shush! ကို install လုပ်ထားလိုက်ရုံပါပဲ။ အစည်းဝေး(သို့)silent လုပ်စရာ အခြေနေတစ်ခုခု ဖြစ်လာရင် ဖုန်းရဲ့ Volume ခလုတ်ကို အဆုံးထိ တိုးလိုက်ပါ။ Shush! app လေး သူ့လိုလို ပွင့်လာပါလိမ့်မယ်။ Timer ပေးလိုက်ပါ။ Timer ပြည့်သွားတာနဲ့ Shush! က
ဖုန်း Volume ကို နဂိုမူလအတိုင်း ပြန်ကျယ်ပေးသွားပါလိမ့်မယ်။
လန်းတယ်နော် .. လိုအပ်ရင် အခုတကည်းက ထည့်ထားလိုက်ပေါတော့
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
Finger Shortcuts

ဒီ app လေးကတော့ Google Gesture လိုမျိုး screen ပေါ် ပုံဆွဲပြီး ကြိုက်နှစ်သက်ရာကို ဖွင့်နိုင်ဖို့ အသုံးပြုနိုင်ပါတယ်။ ဖုန်းထဲမှာ ထည့်ထားတဲ့
App တွေကို အမြန်ဆုံးဖွင့်နိုင်အောင် ကူညီပါလိမ့်မယ်။ ဖုန်းထဲမှာ App တွေ ထည့်ထားတာ များလာရင် ပြန်ရှာရခက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အမြဲသုံးနေတဲ့ app တွေကို Finger Shortcuts ကို အသုံးပြုပြီး ..
အမြန်ဆုံးဖွင့်နိုင်ပါတယ်။

အသုံးပြုပုံကတော့ finger shortcuts ရဲ့ widget ကို home screen ပေါ်တင်ထားပြီး အသုံးပြုရပါမယ်။ ကိုယ် ဖွင့်စေချင်တဲ့ app ကို ဖွင့်နိုင်ဖို့ finger shortcuts ရဲ့ setting ထဲမှာ Your Finger Gestures ဆိုတဲ့အထဲဝင်ပြီး ကြိုက်ရာ ပုံတစ်ခုခုကို သုံးကြိမ် တူအောင်ဆွဲပေးပြီး ..
ဖွင့်လိုတဲ့ app ကို ရွေးချယ် သတ်မှတ်ပေးရပါမယ်။ သတ်မှတ်ပြီးသွားရင် ..
home screen ပေါ်မှာ တင်လိုက်တဲ့ finger shortcuts widget ကို နှိပ်လိုက်ရင် သတ်မှတ်ပေးထားတဲ့ ပုံကို ဆွဲလိုက်တာနဲ့ သက်ဆိုင်ရာ app ကို ချက်ချင်းဖွင့်ပေးမှာဖြစ်ပါတယ်။ finger shortcuts ကို အသုံးပြုခြင်းဖြင့် home screen ပေါ်မှာ app icon တွေ ရှုပ်နေတာမျိုး မရှိတော့ဘူး။ folder တွေဆောက်ပြီးလဲ app တွေကို စုစည်းနေစရာလဲ မလိုတော့ဘူး။ ကိုယ်ဖွင့်ချင်တဲ့ app ကို screen ပေါ် ပုံဆွဲပေးခြင်းဖြင့် ..
အလွယ်တကူ တန်းဖွင့်နိုင်သွားပါတယ်။ အတော်လေး မိုက်ပါတယ်။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

မှတ်ချက် - finger shortcuts ရဲ့ widget ကို home screen ပေါ် တင်ထားပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

download -

dropbox

copy

ပျော်ရွှင်ပါစေ။

Mr.AD
သီတင်းကျွတ် အမှတ်တရ App လေးများ (၅)

*** သီတင်းကျွတ်သံစဉ်များ ***

သီတင်းကျွတ်လပြည့်နေ့မှာ ဘယ်မှလျောက်မလည်ဖြစ်ပဲ အိမ်တွင်းအောင်းနေရလို့ စိတ်ညစ်နေတဲ့ ဘော်ဒါများ နဲ့ ပြည်ပ ရောက် ရွှေမြန်မာများအတွက် သီတင်းကျွတ်လပြည့်နေ့မှာ နားကြပ်တပ် မျက်လုံးမှိတ်ပြီး စိတ်ကူးထဲမှာ သီတင်းကျွတ်ပွဲတော်ကို ကျင်းပနိုင်ဖို့အတွက် သီတင်းကျွတ်သံစဉ်များဆိုတဲ့ app လေးကို တင်ပေးလိုက်ပါတယ်။ မြန်မာဆန်သွားအောင် မြန်မာလိုလေး ပြန်ကလိထားပါတယ်။ ဒီ app လေးနဲ့အတူ ဘော်ဒါအားလုံး သီတင်းကျွတ်ကို
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။
သီတင်းကျွတ်သံစဉ်များတွင် မီးရှူးမီးပန်းသံများ၊ ဗျောက်အိုးသံများ ပါရှိပါတယ်။ သဘောကျတဲ့ သံစဉ်များကိုလဲ Ringtone , noti , alarm သံများအဖြစ် ပြောင်းလဲနိုင်ပါတယ်။
အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

download - (8MB)

dropbox
 
copy

သီတင်းကျွတ် feeling ကို အားလုံး ခံစားနိုင်ကြပါစေ။

Mr.AD (www.facebook.com/happyandroidworld)
nes 72 in 1 (သို့) ကျွန်တော် ပူဆာခဲ့သော ဂိမ်းခွေလေး
.......................................................................

“ ဆေးထိုးမခံချင်ဘူး .. ကြောက်တယ် .. ကြောက်တယ် ..
အီး .. ဟီး .. ဆေးထိုးခံရမှာကြောက်တယ် .. အီး ဟီး ”

“ ဆေးထိုးမှ ပျောက်မှာ ငါ့သားက လိမ္မာပါတယ်ကွာ ..
ဆေးထိုးပြီးရင် ငါ့သားလိုချင်တဲ့ ဂိမ်းခွေ ၀ယ်ပေးမယ် ”

“ ဖေဖေ .. တကယ်ပြောတာနော် .. တကယ် ၀ယ်ပေးရမှာနော် ”

“ အေးပါ ၀ယ်ပေးမယ် .. ဆေးထိုးခံလိုက်နော် ”

ဂိမ်းခွေဝယ်ပေးမယ်လဲဆိုရော မောင်အေဒီတို့ ဘောင်းဘီလေးကို ..
လျောကနဲ ချွတ်ပေးပြီး ဆေးထိုးခံလိုက်ပါတော့တယ်။
နာတော့နာတယ် ဒါမဲ့ မျက်နှာက ပြုံးပြုံးကြီး .. ဂိမ်းခွေအသစ် ..
ဆော့ရတော့မှာမို့ ပျော်ပျော်ကြီး ဆေးထိုးခံခဲ့တဲ့ ငယ်ဘ၀ အဖြစ်ကို
ပြန်သတိရမိတယ်ဗျာ။ ကျွန်တော်သည် မာရီယို နဲ့ ရန်ဘို အာနိုးတို့ကို
လည်ပင်းဖက် ပေါင်းရင်း ကြီးလာတဲ့ သူတစ်ယောက်ပါ

အသက်(၁၀)နှစ်အရွယ် ကလေးဘ၀ကို ပြန်ရောက်ချင်ပါသလား။
ကျွန်တော် ပို့ပေးမယ်ဗျာ။ ဘယ်လိုပို့မှာလဲဆိုတော့ ဂိမ်းခွေလေးတစ်ခွေနဲ့ ..
ကလေးဘ၀ကို ပြန်ပို့ပေးပါ့မယ်။ ကျွန်တော် မှတ်မိပါသေးတယ်။
အဲ့တုန်းက နီတန်းဒိုး ဂိမ်းခွေတစ်ခွေဟာ အတော်ဈေးကြီးပါတယ်။
GameBoy ဂိမ်းစက်နဲ့ဆော့ဖို့ ဂိမ်းခွေတစ်ခွေ ၀ယ်ဖို့က မလွယ်ဘူး။
ဝယ်တဲ့အခါမှာလဲ ဂိမ်းအမျိုးစား အများကြီးပါတဲ့ ဂိမ်းခွေက ဈေးပိုကြီးပါတယ်။
အခု nes 72 in 1 ဆိုတဲ့ app လေးကို တွေ့လိုက်တော့ ငယ်ဘ၀ဆီ ..
ချက်ချင်းကို ပြန်ရောက်သွားသလိုခံစားလိုက်ရတယ်။ နာမည်ကြီး နီတန်းဒိုး ဂိမ်းပေါင်း(၇၂)မျိုး ပါဝင်ပါတယ်။ ဂိမ်းခွေဆိုက်ပြီး ဆော့လိုက်ရသလိုပါပဲ။

ဒီ app လေးက တစ်ခြား simulator တွေလို မဟုတ်ဘူး။ install လုပ်ပြီး ..
တစ်ခါတည်း ဆော့ရုံပါပဲ။ ဂိမ်းတွေလိုက်ရှာပြီး သွင်းနေစရာလဲ မလိုဘူး။
file size လေးက (2MB) ပဲရှိတယ်ဗျာ။ အတော်လေး သဘောကျမိတယ်။
အမှတ်တရလေးလဲ ဖြစ်သွားတယ်။ ဒါလေးရှာတွေ့တာ ပျော်တယ်ဗျာ။
ကဲ ဘော်ဒါတို့လဲ ကဘေးဘ၀ကို ပြန်သွားချင်ရင် ဒေါင်းလိုက်ကြပေတော့။

download - (2MB)

dropbox
 
copy

အေးချမ်းတဲ့ ကလေးဘ၀လေးကို တစ်ခါပြန်ပြီး ရောက်ကြပါစေ

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!