Tuesday, August 20, 2013


*** ဘာခလုတ်မှ မနှိပ်ပဲ screen on/off နဲ့ Lock ပါ ပြန်ပွင့်နိုင်အောင် လုပ်နည်း ***
 

********************************************
Mr.AD (www.facebook.com/happyandroidworld)

ဒီနည်းလမ်းကတော့ မိမိဖုန်းရဲ့ Screen lock ကို ခလုတ်မနှိပ်ပဲ သူ့လိုလို lock ပြန်ဖွင့်အောင်/ပြန်ပိတ်နိုင်အောင် လုပ်ကြည့်ပါမယ်။ အမှန်တော့ ကျွန်တော် App နှစ်ခု သုံးပြီး လူလည်ကျခြင်းဖြစ်ပါတယ်။ Screen on/off လုပ်ပေးတဲ့ App တွေက Screen on/off ပဲ လုပ်ပေးနိုင်ပါတယ်။ Lock ဖွင့်တဲ့အထိတော့ မလုပ်ပေးပါဘူး။ မှောင်ရာကနေ လင်းလာအောင်ထိပဲ လုပ်ဆောင်နိုင်ပါတယ်။ အခု ကျွန်တော် ပြောမယ့်နည်းလမ်းကတော့ မှောင်ရာကနေလဲ လင်းလာမယ်။ နောက် လင်းလာတဲ့အခါ screen ကို ထိစရာမလိုပဲ lock ပွင့်သွားအောင် လုပ်နိုင်ပါတယ်။
နောက် lock ပြန်ပိတ်ချင်တဲ့အခါမှာလဲ ခလုတ်မနှိပ် မှန်ပြင်ကိုမထိပဲ lock ကျသွားအောင် လုပ်ပါမယ်။ ဖုန်းအားလုံးတွင် အဆင်ပြေ မပြေတော့ ကျွန်တော် အာမမခံနိုင်ပါဘူး။ ကျွန်တော် S3 နဲ့ စမ်းသပ်ပြီး အဆင်ပြေသွားလို့တင်ပေးလိုက်တာဖြစ်ပါတယ်။

Magic unlock - ပုံ(၁)
ပထမဆုံး ထည့်ရမည့် App ကတော့ Magic unlock ဖြစ်ပါတယ်။ ဒီဟာလေးက သင့်ရဲ့ဖုန်းကို Lock ပြန်ဖွင့်ပေးနိုင်ပါတယ်။ screen on တော့ မရပါဘူး။ screen on ပြီးတဲ့အခါ lock ဖွင့်ရာတွင် အသုံးပြုဖို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဖုန်းရဲ့ Proximity sensor ကို အသုံးပြီး lock ပြန်ဖွင့်နိုင်ပါတယ်။ Magic unlock ကို install လုပ်ပြီးတာနဲ့ service ကို on လိုက်ရုံပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ဖုန်းကို screen on နေတဲ့အချိန် sceen ကို ထိစရာမလိုပဲ lock ဖွင့်နိုင်သွားပါပြီ။ ဒါပေမဲ့ screen on ကိုလဲ ခလုတ်နှိပ်စရာမလိုပဲ လုပ်ဆောင်နိုင်ဖို့အတွက် နောက်ထပ် App တစ်ခုကို အသုံးပြုရပါမယ်။


Proximity Screen off Pro - ပုံ(၂)
ဒီကောင်လေးကတော့ မိမိဖုန်းကို ခလုတ်နှိပ်စရာမလိုပဲ screen on/off  လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်မို့ screen off (lock) လုပ်ချင်တဲ့အခါ ဖုန်းမှန်ပြင်ပေါ်ရှိ Proximity Sensor ပေါ်သို့ လက်ဝှေ့ယမ်းလိုက်တာနဲ့ သူ့လိုလို ပိတ်သွားပါမယ်။ screen on ချင်တဲ့အခါ လက်ဝှေ့ယမ်းလိုက်ရင်
screen ပြန်လင်းလာပါမယ်။ သို့သော် lock ကိုတော့ မဖွင့်ပေးနိုင်ပါဘူး။

ဒီတော့ ကျွန်တော် ဘယ်လို လူလည်ကြမလဲဆိုတာ ဘော်ဒါတို့ သဘောပေါက်နေလောက်ပါပြီ။ Magic unlock နဲ့ Proximity Screen off နှစ်မျိုးစလုံးကို အသုံးပြုလိုက်မယ်ဆိုရင် မိမိဖုန်းကို ခလုတ်မနှိပ်ပဲ ..
screen on/off လဲ လုပ်နိုင်သွားမယ်။ screen on နေတဲ့အချိန်မှာလဲ Magic unlock နဲ့ lock ကိုပါ ခလုတ်မနှိပ်ပဲ ပြန်ဖွင့်နိုင်သွားမယ်။ နားလည်မယ်လို့ထင်ပါတယ်။ ဟဲဟဲ ဘာရမလဲ လူလည်ကျကြည့်တာပါ။

တစ်ခုသတိပေးချင်တာက Proximity Screen off ကို အသုံးပြုတဲ့အခါ ဖုန်းကို screen on (သို့) off လုပ်ရာတွင် Promixity Sensor ပေါ်သို့ လက်တစ်ကြိမ် ဝှေ့ယမ်းမလား ၊ နှစ်ကြိမ် ဝှေ့ယမ်းမလား စသဖြင့် setting ချိန်ပေးလို့ရပါတယ်။ screen off options ဆိုတာကို နှိပ်ပြီး
setting ထဲကို ၀င်ရောက်နိုင်ပါတယ်။ အဖွင့်ရော အပိတ်ရော တစ်ကြိမ်ပဲ 

ဝှေ့ယမ်းမယ်လို့သတ်မှတ်ပေးထားရင် Magic unlock နဲ့ သွားငြိကာ screen lock ဖွင့်ပြီးရင် အလိုလို ပြန်ပိတ်သွားတတ်ပါတယ်။ ဒါကြောင့် Proximity Screen off ရဲ့ setting ထဲမှာ screen on ကို လက်တစ်ကြိမ်ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးပြီး screen off ကိုတော့ နှစ်ကြိမ်
ဝှေ့ယမ်းမယ်လို့ သတ်မှတ်ပေးရပါမယ်။ ဒါမှ အားလုံး အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ပေးပြီးရင်တော့ Start Service ကို နှိပ်ပေးရင် စလုပ်ပါပြီ။ Proximity screen off setting ချိန်နည်းကို ပုံ(၃) နှင့် ပုံ(၄) ထဲက အတိုင်း ပြုလုပ်ပေးပါ။

နိဂုံးချုပ်ပြောရရင်တော့ မိမိဖုန်း မှန်ပြင်ပေါ်ကို လက်နှစ်ကြိမ် ဝှေ့ယမ်းတဲ့အခါ ဖုန်းက lock ကျပြီး ပိတ်သွားပါမယ်။ ပြန်ဖွင့်ချင်တဲ့အခါ ပထမဆုံး တစ်ကြိမ်ဝှေ့ယမ်းပါ။
screen on သွားပါမယ်။ နောက်တစ်ကြိမ် ထပ်ပြီး ဝှေ့ယမ်းမယ်ဆိုရင်တော့ lock ပါ ပွင့်သွားပါမယ်။ အရမ်း အဆင်ပြေသွားပြီနော်။ ဖုန်းခလုတ်လဲ မနာတော့ဘူး။ လက်ဝှေ့ယမ်းရုံနဲ့ screen on/off နဲ့ lock ကိုပါ တစ်ခါတည်း အသုံးပြုနိုင်တော့ အတော်လေး လန်းသွားပါတယ်။ အတတ်နိုင်ဆုံး ရှင်းလင်းအောင်တော့ ရေးပြလိုက်တာပဲ။ အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စမ်းကြည့်ကြဗျာ။ ကျွန်တော်တော့ ကိုယ့်ဘာသာ လူလည်ကြပြီး အပျော်ကြီး ပျော်နေပါတယ် :D

download -

Magic unlock -

dropbox

zippyshare


Proximity screen off -

dropbox
 

zippyshare

အဆင်ပြေ ပျော်ရွှင်ကြပါစေ။

Mr.AD (www.facebook.com/happyandroidworld)

Sunday, August 18, 2013



PhoneSpy

ဘော်ဒါ ဖုန်းအနားမှာ မရှိတဲ့အချိန် ဘော်ဒါရဲ့ ဖုန်းကို ဘယ်သူတွေ ၀င်ကလိသွားလဲဆိုတာ

ဖော်ထုတ်ပေးမယ့် စုံထောင်ကြီး ဖြစ်ပါတယ်။ ဘယ်လိုဖော်ထုတ်ပေးမှာလဲဆိုတော့ ဖုန်းကိုင်လိုက်တဲ့သူရဲ့ မျက်နှာကို ဓါတ်ပုံရိုက်ပေးမှာဖြစ်ပါတယ်။ PhoneSpy ရဲ့ service ကို on လိုက်တာနဲ့ ဖုန်း lock ကျနေတဲ့အခါ ဖုန်းကို lock ပြန်ဖွင့်တဲ့သူရဲ့ မျက်နှာကို front camera နဲ့ ဓါတ်ပုံရိုက်လိုက်ပါမယ်။ ဓါတ်ပုံရိုက်မှန်းလဲ သိလိုက်မှာ မဟုတ်ပါဘူး။ ဓါတ်ပုံကို Gallery ထဲမှာ PhoneSpy ဆိုတဲ့
folder ထဲကနေ ပြန်ကြည့်နိုင်ပါတယ်။ ဓါတ်ပုံများကို တစ်ခါတည်းပြန်ဖျက်နိုင်တဲ့ function လဲပါဝင်တယ်။ ကိုယ်မရှိတဲ့အချိန် ဘယ်သူတွေ ကိုယ့်ဖုန်းကို လာကိုင်သွားလဲ သိချင်ရင် PhoneSpy နဲ့သာ
ဖော်ထုတ်ပေတော့။ မိမိဖုန်းမှာ front camera ပါမှ အသုံးပြုနိုင်ပါမယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD


** စုံလင်စွာ အသုံးပြုနိုင်မယ့် Active Lockscreen **

Lockscreen အများစုမှာ ပါဝင်တဲ့ function တွေက Lock ဖွင့်တာ၊ Phone Call လုပ်တာ၊ SMS ဖွင့်တာ၊ Mute လုပ်တာ၊ Camera ဖွင့်တာ .. စသဖြင့် function အနည်းငယ်သာ Lockscreen မှာ
အသုံးပြုနိုင်ပါတယ်။ Active Lockscreen မှာတော့ Lockscreen တစ်ခုမှာတင် အသုံးပြုနိုင်တဲ့ function အများကြီး ပါဝင်နေပါတယ်။

** Call **
Call လုပ်ရာမှာ ကိုယ်အမြဲဖုန်းခေါ်လေ့ရှိတဲ့ Contact လေးခုကို ..
Lockscreen မှာ သတ်မှတ်ပေးထားလို့ရပါတယ်။ Lockscreen မှာတင် ..
တစ်ခါတည်း တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်ပါတယ်။ အလွန်အဆင်ပြေပါတယ်။

** Message **
Message ဖွင့်ရာမှာလဲ SMS တစ်မျိုးတည်းတင်မဟုတ်ပဲ သင့်ဖုန်းမှာ fb messenger , Gmail , imo .. အစရှိတဲ့ message app တွေကိုလဲ Lockscreen မှာ တစ်ခါတည်း တန်းဖွင့်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။

** Camera **
Camera ဖွင့်ရာတွင်လဲ ဖုန်းမှာပါတဲ့ built in camera အပြင် သင်ထည့်ထားတဲ့ တစ်ခြား camera app များကိုလဲ ဖွင့်နိုင်ပါတယ်။

** Apps **
Application များကိုလဲ (၈)မျိုးအထိ Lockscreen မှာ shortcut အနေဖြင့် ဖန်တီးထားလို့ရပါတယ်။ Lock ဖွင့်ရင်း ကိုယ်သုံးချင်တဲ့ App ဆီကို တစ်ခါတည်းတန်းဖွင့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

** Themes **
Active Lockscreen အတွက် ဆန်းသစ်လှပတဲ့ Theme များစွာကိုလဲ Play Store မှာ အခမဲ့ ရယူနိုင်ပါသေးတယ်။ Theme တွေက အတော်လေးလန်းတယ်ဗျာ။ အားရပါးရသာ ယူကြပေတော့။

Active Lockscreen မှာ ထည့်ထားချင်တဲ့ App များကို Setting ထဲသွားပြီး ..
Select your shortcuts ဆိုတဲ့အောက်မှာ စိတ်တိုင်းကျ သတ်မှတ်ပေးနိုင်ပါတယ်။ Active Lockscreen ကို ဖုန်းတိုင်းတွင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ဖုန်းနဲ့ အဆင်ပြေ ၊ မပြေကတော့ ဒေါင်းပြီး စမ်းကြည့်လိုက်ပါ။ လွယ်ကူမြန်ဆန်ပြီး အသုံးဝင်တဲ့ Lockscreen တစ်ခုဖြစ်ပါတယ်။

download - (3MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Pixlr-o-matic

Android မှာ photo edit app တွေ များစွာ ရှိပါတယ်။ အားလုံးဟာ သူ့အစွမ်းနဲ့သူ အလန်းတွေချည်းပါပဲ။ များစွာထဲမှ Tool စုံလင်ပြီး ကလိလို့ကောင်းတဲ့အထဲမှာ Cymera ကိုကြိုက်ပါတယ်။
Effects ပိုင်းနဲ့ပက်သက်လို့ကတော့ Pixlr-o-matic က လုံးဝလန်းတယ်။ Filter ပေါင်းများစွာကို အခမဲ့ ရယူနိုင်ခြင်းက တကယ် မိုက်ပါတယ်။ ဥပမာ Piper , Polak , Helena .. စတဲ့ effect အလန်းစားတွေကို free download ပေးပါတယ်။ တစ်ချို့ app တွေမှာ ပိုက်ပိုက်နဲ့ပေးမှ ဒီလို အလန်းစား တွေကို သုံးနိုင်မှာပါ။ download ဆွဲရာမှာလဲ effect တွေကို series လိုက် install လုပ်နိုင်တယ်။

မြန်လဲ မြန်တယ်ဗျ။ effect တွေအပြင် frame များစွာလဲ အခမဲ့ ရယူနိုင်ပါသေးတယ်။
frame တွေကလဲ အနုပညာ ရသမြောက်တဲ့ဟာတွေ အများကြီးရှိပါတယ်။ effects , filters ပိုင်းနဲ့ပက်သက်လို့ကတော့ Pixlr-o-matic လောက် အပေးကြမ်းတာ မတွေ့မိဘူး။ မသုံးဖူးသေးရင် သုံးကြည့်လိုက်ပါ။ ဓါတ်ပုံ အလန်းစားတွေ ဖန်တီးနိုင်အောင် အပြည့်ဝ ကူညီပါလိမ့်မယ်။
Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (6MB)

dropbox
 

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Myanmar Songs

မြန်မာ MTV များကို အားရပါးရ ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဖန်တီးထားသူကတော့ THE DOT CO ဖြစ်ပါတယ်။ MTV များကို YouTube Link တွေနဲ့ ချိတ်ဆက်ပေးထားတာဖြစ်လို့ ..
မိမိဖုန်းထဲမှာ YouTube (သို့) Web Browser တစ်ခုခုဖြင့် ကြည့်ရှုနိုင်ပါတယ်။ search box ပါရှိလို့ MTV များကို စာရိုက်ကာ ရှာဖွေနိုင်ပါတယ်။ သီချင်းချစ်သူတွေအတွက် up to date MTV များကို ရှာဖွေ ကြည့်ရှုနိုင်မယ့် Media App လေးဖြစ်ပါကြောင်း ညွှန်းလိုက်ပါတယ်။
သဘောကျရင် Play Store မှာ သွားရောက် အားပေး comment ရေးပေးကြပါ။ ဒါမှ developer တွေအတွက် အားတစ်ခုဖြစ်စေမှာပါ။ မြန်မာ app လေးတွေ ဖန်တီးကြသူများအား အစဉ်လေးစားလျှက် .........။

download -
 

play store

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD
CARROM 3D
ဒီပုံကိုမြင်တာနဲ့ ဘာဂိမ်းလေးလဲဆိုတာ သိကြမှာပါ။ အခု Android ပေါ်မှာ ဘိလစ်ထိုးလို့ရပါပြီ
တစ်ချို့ကတော့ ဇယ်တောက်ကစားတယ်လို့ခေါ်ကြပါတယ်။ ရွေးချယ်စရာ Level 3 မျိုးပါရှိပြီး တခြားဖုန်းတွေနဲ့လည်း wifi (or ) Bluetooth ဖြင့်ချိတ်ပြီး ကစားနိုင်ပါသေးတယ်။

CARROM 3D

Version: 1.16
Size: 1.04 MB
OS: 2.2 +

DOWNLOAD

dropbox


Mr.KT


Helmut Scanner
 

ဘော်ဒါတို့ရေ ဟိုးရှေးရှေးတုန်းက ရိုက်ထားတဲ့ Negative ဖလင် အဟောင်းတွေ ပြန်ရှာကြပေတော့။ ဖလင်ကင်မရာတွေနဲ့ ရိုက်ကူးထားတဲ့ Negative ဖလင်တွေကို ဓါတ်ပုံပြန်ကူးပေးမယ့် app ဗျာ။
ဟုတ်ပါ့မလားဆိုပြီး ကျွန်တော် အိမ်မှာ မရမက Negative ဖလင်အဟောင်းကို လိုက်ရှာပြီး စမ်းခဲ့တယ်။ အဖွားပုံရိုက်ထားတဲ့ Negative ဖလင် အဟောင်းလေးကို Helmut နဲ့ကာလာဓါတ်ပုံအဖြစ်
ပြန်ပြောင်းကြည့်တော့ တကယ် ရတယ်ခင်ဗျ။ လုံးဝ လန်းတယ်ဗျာ။ ဓါတ်ပုံဆိုင်သွားပြီး ဓါတ်ပုံကူးပေးသလိုမျိုး လုပ်ပေးပါတယ်။ Negative ဖလင် တွေမှာ အဖြူအမဲ ဖလင်၊ ကာလာဖလင် တွေကို ဓါတ်ပုံအဖြစ် ပြန်ကူးပေးနိုင်တဲ့ ရှားပါး Negative Scanner ဖြစ်ပါတယ်။ ဒါလေးရှာတွေ့ခဲ့တာ တကယ် တန်ဖိုးရှိပါတယ်။ Negative ဖလင် အဟောင်းများကို ဆိုင်သွားပြီး ကူးနေစရာမလိုတော့ဘူး။ ဖလင်ကို ဖုန်းကင်မရာနဲ့ ဓါတ်ပုံရိုက်လိုက်ပါ။ သေချာလေးရိုက်ပါ။ ဖလင်ပေါ်မှာ အလင်းမပြန်ပါစေနဲ့။ ရိုက်ပြီးရင် Helmut မှာ scan ဖတ်လိုက်ရင် ဓါတ်ပုံအချောကြီး ထွက်လာပါတယ်။ ဓါတ်ပုံအချောထွက်ပြီဆိုမှတော့ ကြိုက်တဲ့ Printer နဲ့သာထုတ်ပေတော့
ပြောင်းပြီးသား ဓါတ်ပုံများကို SD Card အောက်က dk.codeunited.helmu ဆိုတဲ့ folder ထဲမှာ ပြန်ရှာနိုင်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

လက်တွေ့စမ်းချင်ရင်တော့ Google Image မှာ Negative Pictures ဆိုပြီး
စာရိုက်ကာ Negative ပုံတစ်ပုံ ဒေါင်းပြီး ဖုန်းထဲထည့်ကာ Helmut နဲ့ ..
scan ဖတ်ပြီး ကာလာဓါတ်ပုံအဖြစ် ပြောင်းကြည့်လိုက်ပါ။

download - (2.6MB)

dropbox
 

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD (www.facebook.com/happyandroidowrld)

Thursday, August 15, 2013

 *** Shopping List နဲ့ ဈေးဝယ်ထွက်မယ် ***

မကြာခဏ ဈေးဝယ်ထွက်နေရတဲ့သူတွေအတွက် အလွန် အသုံးဝယ်တဲ့ App လေးတစ်ခု ရှာဖွေရေး လုပ်ပေးလိုက်ပါတယ်။ ဈေးဝယ်တဲ့အခါ အိမ်မှာကတည်းက ၀ယ်ရမယ့် ပစ္စည်းစာရင်းတွေကို ..
မှတ်သားသွားမယ်ဆိုရင် ဈေးဝယ်တဲ့အခါ အချိန်ကုန်သက်သာစေပါတယ်။
ဒီအတွက် Shopping List app က ကူညီပါလိမ့်မယ်။ ပစ္စည်းစာရင်း အရေအတွက်၊ ဘယ်မှာဝယ်ခဲ့သလဲ .. စတာတွေကို မှတ်သားပေးပါမယ်။ အရင်ဆုံး Shopping List ကို အသုံးပြုရာတွင် မြန်မာစာ အဆင်ပြေဖို့အတွက် Shopping List ရဲ့ setting ထဲကိုသွားပြီး Font နေရာမှာ System default font ကို ရွေးပေးရပါမယ်။ ဒါမှ မြန်မာလို မြင်နိုင် ရေးနိုင်မယ်။ Font size ကိုလဲ ကိုယ် လိုသလို ရွေးချယ်နိုင်ပါတယ်။ အသုံးပြုပုံက ရှင်းပါတယ်။

ပထမဆုံး မြင်ရမှာကတော့ Main Title ဖြစ်ပါတယ်။ ပုံ(၁)မှာ ပြထားသလိုပါပဲ။ သွားဝယ်မယ့် ဆိုင်တွေကို ရေးမှတ်နိုင်ပါတယ်။ မှတ်သားပြီးရင် Main Title အောက်မှာ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းစာရင်းကို မှတ်သားနိုင်မှာဖြစ်ပါတယ်။ ဥပမာ “ စိန်ဂေဟာမှာ ၀ယ်ရန်” ဆိုတဲ့အောက်မှာ ပုံ(၂)လို ရေးမှတ်နိုင်ပါတယ်။ မှတ်သားထားသော ပစ္စည်းအမျိုးအမည်ကို ၀ယ်ပြီးတဲ့အခါ ထိုနာမည်အပေါ်တွင် ကြာကြာဖိလိုက်တာနဲ့ မျဉ်းကြောင်းခြစ်ပေးပါမယ်။ ၀ယ်ပြီးသွားပြီဆိုတဲ့သဘောပေါ့။ အပေါ်က shopping ခြင်းလေးကလဲ ဘယ်နှစ်ခု ၀ယ်ပြီးပြီဆိုတာ ပြသပေးပါတယ်။
တကယ်အသုံးဝင်တယ်နော်။ ဈေးဝယ်ထွက်တဲ့အခါ လိုချင်တဲ့ပစ္စည်း ၀ယ်ဖို့ရာ သတိမေ့မှာ ပူစရာမလိုတော့ဘူး။ Shopping List ကိုကြည့်ပြီး တစ်ခုချင်း စတိုင်ကျကျ ၀ယ်သွားရုံပါပဲ။ အားလုံး သဘောကျမယ်လို့ မျှော်လင့်ပါတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD (www.facebook.com/happyandroidworld)


EarSmart

earphone(နားကြပ်)ကြိုးထိုးပြီး သီချင်းနားထောင်တဲ့အခါ ..
သီချင်းဖွင့်ဖို့ music player ကို ရှာရပါသေးတယ်။
မော်ဒယ်မြင့်ဖုန်းတစ်ချို့မှာတော့ နားကြပ်ကြိုးထိုးလိုက်တာနဲ့ ..
music player အလိုလို ပွင့်ပါတယ်။ EarSmart က သင့်ဖုန်းကို
မော်ဒယ်မြင့်ဖုန်းတွေလို နားကြပ်ကြိုးထိုးလိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ ..
app ကို ပွင့်သွားအောင် လုပ်နိုင်ပါတယ်။ ကြိုက်တဲ့ app ကို ဖွင့်ရန် သတ်မှတ်ပေးလို့ရပါတယ်။ နောက်ပြီး Media Volume အတိုးအချဲ့ ကို ကြိုတင်သတ်မှတ်ပေးထားလို့ရပါတယ်။ ကြိုးထိုးလိုက်တာနဲ့ Volume က ဘော်ဒါ သတ်မှတ်ပေးထားတဲ့အတိုင်း auto ချိန်ပေးသွားပါမယ်။
နောက်ထပ် လန်းတာက နားကြပ်ကြိုး ထိုးလိုက်တာနဲ့ သီချင်းကို auto ဖွင့်ပေးပါတယ်။ auto play function ကိုတော့ Android 4.1 အထက် တစ်ချို့ဖုန်းများတွင် အဆင်ပြေချင်မှ ပြေပါမယ်။ ကျွန်တော် S3 (4.2.2) မှာ စမ်းကြည့်တာတော့ အဆင်ပြေတယ်ဗျ။ earphone အပြင် bluetooth headset အတွက်လဲ အသုံးပြုနိုင်ပါတယ်။ အတော်လေး အဆင်ပြေတဲ့ app လေးပါ။ သီချင်းနားထောင်ဖို့ earphone တပ်လိုက်တာနဲ့ player လဲပွင့်၊ သီချင်းလဲ ဖွင့်ပြီးသားဖြစ်သွားတယ်။ အလန်းလေးမို့ ဘော်ဒါတွေဆီ အရောက်ပို့ပေးလိုက်ပါတယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


Wednesday, August 14, 2013



KMP TV
နိုင်ငံတကာမှာ TV Channel ပေါင်း များစွာကို ကြည့်ရှုနိုင်မယ့် Media app တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Channel များအပါဝင် ကဏ္ဍစုံလင်စွာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော် စမ်းကြည့်တာ ..
Streaming မြန်တာတွေ့ရပါတယ်။ WCDMA အင်တာနက်လိုင်းနဲ့ ကြည့်ခဲ့ပါတယ်။ အထစ်ငေါ့မရှိ ကြည့်လို့ရပါတယ်။ ပြောရရင် အရင်တုန်းက ဂြိုလ်တုစလောင်းနဲ့ ဖမ်းကြည့်ခဲ့သလိုမျိုး လိုင်းပေါင်းများစွာ ကြည့်ရှုနိုင်ပါတယ်။ ကျွန်တော်စမ်းခဲ့တဲ့ လိုင်းများထဲမှာ သဘောကျတဲ့ လိုင်းများကို အနည်းငယ် ရေးလိုက်တယ်။

Dancer တစ်ယောက်ဖြစ်ချင်သူတွေအတွက် Music ဆိုတဲ့ ကဏ္ဍအောက်မှာ Dancing Machine TV က လန်းပါတယ်။ က ကွက်တွေ အမျိုးမျိုးသင်ပေးပါတယ်။

Movie ၀ါသနာအိုးတွေအတွက် Action ကြိုက်လား၊ သိုင်းကားတွေကြိုက်လား၊ သရဲကားကြည့်မလား .. အများကြီး ကြည့်လို့ရတဲ့ Channel တွေလဲ ပါသဗျ။

အာရှ Channel များအနေနဲ့ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Trans TV နှင့် ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Arirang TV လိုင်းများ ကြည့်လို့ရပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲများကို Eng စာတန်းထိုးဖြင့် အလှည့်ကျ ပြသပေးပါတယ်။

Gamer များအတွက် အသစ်ထွက် ဂိမ်းတွေကို အမြဲ တင်ဆက်ပေးနေတဲ့ IGN.com TV နဲ့ Video Reviews - Game Trailers.com TV တွေကလဲ လန်းပါတယ်။

မိန်းကလေးတွေအတွက်ဆို Fashion Channel တွေ အများကြီးပါတယ်။

ကိုကိုတို့အတွက်ကတော့ BIKINI BABE Channel လေးက ရေလည်ဂွတ်:P

နိုင်ငံတကာမှ Movie များ၊ MTV များ၊ Sport များ၊ နည်းပညာများ၊ သင်ကြားရေးပိုင်းများ၊ Documentary များ .. Radio Channel များ အစရှိသည်တို့ကို အခမဲ့ အားပါးတရ live ကြည့်ရှုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Register လုပ်ရန် မလိုအပ်ပါဘူး။ ဒီအတိုင်းဖွင့်ပြီး တိုက်ရိုက်ကြည့်ရုံပါပဲ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

Dropbox

ပျော်ရွှင်ပါစေ။

Mr.AD

Tuesday, August 13, 2013


Mr.AD ရဲ့ Android ထဲမှ ဇာတ်လမ်းများ (အပိုင်း-၁)
*********************************

By Mr.AD (www.facebook.com/happyandroidworld)

**************

“ ချစ်ငယ်ကလည်းကွာ ကြာလိုက်တာ .. ချစ်ကြီး ရောက်နေတာကြာပြီ ”

“ ကြာဆို .. ဒီဖုန်းကြောင့်ပေါ့ .. ချစ်ကြီးဆီ လာခါနီးမှ ဖုန်းကို ဘယ်နားထားမိမှန်း မသိလို့ လိုက်ရှာနေတာနဲ့ ကြာသွားတာရှင့် .. မျက်နှာကြီးကလဲ ဆူပုပ်နေတာပဲ ”

“ နမော်နမဲ့နိုင်လိုက်တာကွာ .. သြော် .. သတိရပီ .. App လေးတစ်ခုရှိတယ် ဖုန်းကိုဘယ်နားထားမိမှန်း မသိတဲ့အခါ လက်ခုပ်တီးပြီး ရှာလို့ရတာလေး ”

“ ဟယ် .. ဟုတ်လား .. ပေးပေး .. ချစ်ငယ်အတွက် အဲ့ဒါ လိုအပ်တယ် ”

“ ပေးမှာပေါ့ ချစ်ငယ်ရဲ့ .. နေဦး download ဆွဲလိုက်ဦးမယ် ”

download - Clap to Find
dropbox

copy


“ ကဲ .. စမ်းကြည့်ပါဦး ”

“ လက်ခုပ်တီးရမှာလားဟင် ”

“ အင်းလေ လက်ခုပ်တီးလိုက် .. ဖုန်းက Ringtone သံမြည်လာလိမ့်မယ် ”

“ ဟုတ်လို့လား .. လာထား .. ဖြောင်း .. ဖြောင်း .. ဖြောင်း ..
ဟယ် .. ရတယ်တော့ .. အဟား .. မိုက်တယ် .. ချစ်ကြီးက အရမ်းချစ်ဖို့ကောင်းတာပဲ ”

“ ချစ်စရာကောင်းလား .. ဒါဆို အာဘွား ပေး ”

“ ဟွန့် .. လုပ်ပြီ .. အင်းပေါ့လေ .. ချစ်စရာကြီးဆိုတော့လဲ .......... ”

“ အဟဲ .. နောက်တစ်ဖက် ကျန်သေးတယ် ”

“ အာ .. ချစ်ကြီးနော် .. သူရှာပေးတာက တစ်ခုတည်း .. မရဘူး နောက်ပါးတစ်ဖက်ကို နမ်းစေချင်ရင် နောက်တစ်ခုရှာပေး ”

“ အင် .. အဲ့လိုကြီးလား .. ကဲ .. ဒီတစ်ခါ ဘာလိုချင်တာလဲ ”

“ ဟိုလေ .. မနေ့က ချစ်ငယ် သူငယ်ချင်းရဲ့ဖုန်းမှာ ပါးစပ်နဲ့ လေချွန်လိုက်တာနဲ့ဓါတ်ပုံရိုက်ပေးတဲ့ဟာလေး တွေ့ခဲ့ရတယ် .. အဲ့ဒါ လိုချင်လို့တောင်းတာ .. အဲ့မိန်းမက ပဲများတယ် .. လိုချင်ရင် နင့်ကိုကို ကို ရှာခိုင်းတဲ့ .. သိပ်အမြင်ကပ်တာပဲ .. အဲ့ဒါနဲ့ အမြင်ကပ်လို့ မတောင်းခဲ့တော့ဘူး .. အဲ့ဟာလေး လိုချင်တယ် ”

“ အင်း .. လိုချင်ရင် ရစေရမယ် .. နည်းနည်းတော့ ရှာရခက်မယ် ..
ချစ်ငယ် ရှာခိုင်းတာက ရှားပါးကြီး .. ဒါပေမဲ့ ရအောင် ရှာပေးမယ် .. အနမ်းခံချင်လို့ ”

“ မတွေ့လို့ကတော့ စိတ်ကောက်ပြီသာ မှတ် .. တွေ့ရင်တော့ အဟဲ ”

“ ဟော .. ဟေဟေး .. အနမ်းခံရတော့မယ်ကွ .. တွေ့ပြီ ဒါပဲဖြစ်မယ် ”

download - AutoCam
dropbox
 

copy

“ ရုပ်ကိုက မှိုရတဲ့ မျက်နှာကြီးနဲ့ .. ခိခိ ”

“ ရပြီ .. စမ်းကြည့်ရအောင် .. အိုကေ .. လက်ခုပ်တီးပြီး ရိုက်လို့လဲရတယ် ..
လေချွန်ပြီးလဲ ရိုက်လို့ရတယ်တဲ့ ချစ်ငယ်ရဲ့ .. လာထား .. ရွှီ .............. ”

“ ဟယ် .. ရိုက်သွားပြီ .. မိုက်တယ် .. မိုက်တယ် ”

“ ဒီတစ်ခါ လက်ခုပ်တီးကြည့်မယ် ... ဖြောင်း ဖြောင်း ဖြောင်း ... ”

“ ရတယ်တော့ .. အဟား .. မိုက်တယ်ကွာ .. ဓါတ်ပုံရိုက်ရင် ရိုက်တဲ့ နေရာကို လက်နဲ့ လှမ်းနှိပ်ရတော့ တစ်ခါတစ်ခါ လက်က မငြိမ်ဘူးဖြစ်သွားတယ် .. အခု ဒါလေးနဲ့ဆိုရင် လက်ကို ငြိမ်ငြိမ်ထားပြီး ပါးစပ်က လေချွန်လိုက်ရုံပဲ .. တော်လိုက်တာရှင့် .. မွ မွ ”

“ ဟင် အဲ့လို ပါးစပ်နဲ့ မွ မွ မလုပ်နဲ့လေ .. ဒီပါးကြီးကို မွမွ ပေး .. ”

“ အဟိ .. အဲ့လို မရဘူးလား .. အရမ်းချစ်ဖို့ကောင်းတယ် ............................... ”

“ ချစ်ကြီးလဲ အရမ်းချစ်တယ် .............................. ”

အပြန်အလှန် အနမ်းလေးတွေ ပေးရင်း ချစ်ကြီး၊ ချစ်ငယ် ဆိုတဲ့ ချစ်သူစုံတွဲလေးမှာ ကြည်နူးမှုတွေ အပြည့်ဖြင့် နေ့တစ်နေ့ရဲ့ အသာယာဆုံးအချိန်တွေကို အတူတကွ ဖြတ်သန်းခဲ့ကြတယ်။

*************************

App လေးတွေကို ဇာတ်လမ်းလေးတွေ ဆင်ပြီး ဆက်လက် တင်ဆက်ပေးသွားပါမယ်။ သဘောကျရဲ့လား ဘော်ဒါတို့ .. ဒန် တန့် တန် .... :)

Mr.AD (www.facebook.com/happyandroidworld)


Monday, August 12, 2013

 facebook window

Facebook သုံးရင်း ဖုန်းကလိချင်တဲ့သူတွေအတွက် ရေလည်လန်းတဲ့ facebook window ဆိုတာလေး တင်ပေးလိုက်တယ်။ ဒါလေးရှာတွေ့တာ အရမ်းပျော်တယ်ဗျာ။ ဘာလို့လဲဆိုတော့ ..
အရင်ကဆိုရင် facebook သုံးနေချိန် သီချင်းဖွင့်ချင်တာ၊ SMS ဖတ်ချင်တာ၊ တစ်ခြား ကိစ္စတွေ လုပ်ချင်ရင် facebook app ကို ပိတ်ရပါတယ်။ ဒါမှမဟုတ် home key နှိပ်ပြီး ပြန်ထွက်ရပါတယ်။ အလုပ်ရှုပ်တယ်ဗျ။
အခုတော့ faceboook window ဆိုတာလေးနဲ့ အဆင်ပြေသွားပါပြီ။ facebook ကို window တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်။ ချုံ့၊ ချဲ့ ပြုလုပ်နိုင်တယ်။ facebook function ကိုလဲ အပြည့်ဝ အသုံးပြုနိုင်ပါတယ်။ Hide လုပ်ထားလို့လဲရတယ်ဗျ။ ပြန်သုံးချင်ရင် တစ်ချက်နှိပ်ပြီး ပြန်ဖွင့်ရုံပဲ။
မြန်မာစာလဲ အဆင်ပြေတယ်ဗျာ။ သေးသေးကွေးကွေးလေးအထိ ချုံ့ထားနိုင်တယ်။ ဓါတ်ပုံတွေ zoom ဆွဲကြည့်သလို လက်ညိုး လက်မ သုံးပြီး ချုံ့၊ ချဲ့ လုပ်နိုင်တယ်။ file size က 90KB လေးပဲ ရှိတယ်ဗျာ .. လုံးဝ အလန်း :) Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Purf Screen Cleaner

Purf ဆိုတဲ့ ချာတိတ်လေးက သန့်ရှင်းရေးသမားတစ်ယောက်ပါ။
ဘော်ဒါနဲ့ ဖုန်း Screen ပေါ်က လက်ရာများ ထင်နေရင် သန့်ရှင်းရေးလုပ်ပေးတယ်။ ခဏခဏ သန့်ရှင်းရေးလုပ်ရရင်တော့ Purf တစ်ယောက် မျက်နှာကြီး နီရဲလာကာ ဒေါသထွက်လာပါတယ်။ မညှာမတာ သူ့ကို သန့်ရှင်းရေးလုပ်ခိုင်းရင် ငိုပါတယ်။ သူ့ကို မခိုင်းရင်တော့ Purf တစ်ယောက် ရေချိုးတယ်။ အိပ်တယ်။ စားတယ်။ ဇိမ်ခံနေပါတယ်။ Purf အိပ်ပျော်နေချိန်မှာ Screen ကို မှောင်သွားစေတာလေးလဲ
လန်းပါတယ်။ ဒီ app လေးကို ကျွန်တော် တင်မယ်နဲ့ မေ့နေတာ ခုမှပြန်တွေ့လို့ဗျ။ Purf Screen Cleaner ဆိုတဲ့ App လေးက တကယ်တော့ Live Wallpaper လေးပါ။ ဒါပေမဲ့ Live Wallpaper ထက်ပိုပြီး သင့်ကို ပျော်ရွှင်မှုပေးပါလိမ့်မယ်။ သန့်ရှင်းရေးသမားလေး Purf ကို ဖုန်းထဲထည့်ထားပြီး ပျင်းနေတဲ့အခါ သူ့ကို ထိုင်ကလိနေလို့ရပါတယ်။ အတော်ချစ်စရာကောင်းတဲ့ Live Wallpaper လေးပါ။
Funny App အနေနဲ့လဲ သင့်ကို ဖျော်ဖြေပါလိမ့်မယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (1MB)

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

စာလုံးများကို အလှဆင်နိုင်သော Funny Text Creator

Chatting , Social , Note .. ဘယ်နေရာမှာပဲဖြစ်ဖြစ် စာလုံးများကို အလှဆင်ပြီး အသုံးပြုနိုင်မယ့် App ဖြစ်ပါတယ်။ အရင်ဆုံး Funny Text Creator မှာ စာရိုက်ပြီး အလှဆင်ရပါမယ်။ ပြီးရင် Copy & Paste လုပ်ကာ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ အလှဆင်နိုင်တဲ့ ဒီဇိုင်းများစွာ ပါရှိပါတယ်။ တစ်ချို့ ဒီဇိုင်းများကတော့ မြန်မာစာနဲ့အဆင်မပြေလို့ အသုံးပြုလို့မရပါဘူး။ အင်္ဂလိပ်စာနဲ့ဆိုရင် အကုန်လုံးနီးပါး အလှဆင်နိုင်ပါတယ်။ ဒီလိုအလှဆင်ပြီး ပို့နိုင်တော့ ဘော်ဒါတွေကြားမှာ လန်းလို့ရတာပေါ့။ သိပ်အများကြီး မရေးတော့ဘူး။ အလန်းလေးမို့ ကိုယ်တိုင်သာ ကလိကြည့်ပေတော့။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD


*** Live Wallpaper အလန်းစားများ (selection 2)***

ရှာဖွေရေး By Mr.AD (www.facebook.com/happyandroidworld)

Live Wallpapers တွေ မတင်တာကြာပြီဖြစ်လို့ တင်ပေးလိုက်တယ်။ ကျွန်တော်တင်တဲ့ Live Wallpapers တွေ လန်းတယ်လို့ အားပေးကြလို့ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ ဆန်းသစ်လှပတာလေးတွေမှ တင်ချင်တယ်။ အခု Live Wallpapers (၅)ခု တင်ပေးလိုက်ပါတယ်။

** Beer **
ဒါကတော့ ဘီဘီကြိုက်တဲ့ ကိုကိုတွေအတွက်ရှာဖွေပေးထားတဲ့ Beer ဖန်ခွက်မှာ အမြုပ်တွေ ပလုံစီနေတဲ့ Live Wallpaper ဖြစ်ပါတယ်။ အတော်လေး အသက်ဝင်အောင် ဖန်တီးထားပါတယ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ ဆိုင်ပြေးသောက်ချင်စိတ် ပေါက်သွားမယ် :D

** Nossia **
ဒါကတော့ မိန်းကလေးတွေအတွက် ရည်ရွယ်ပြီး ရှာဖွေပေးလိုက်ပါတယ်။ ဂန္တ၀င်ဆန်ဆန် မိန်းကလေးတစ်ယောက်ရဲ့ ကပိုကရို အလှလေးကို Gray ရောင်လွှမ်းထားပြီး မြူမှုန်လေးတွေ .. ပေါလောမျောနေတဲ့ အရာလေးတွေနဲ့ အလှဆင်ထားပါတယ်။ Touch နဲ့ ကလိလို့ရပါတယ်။ ဆွဲဆောင်မှုအပြည့်ရှိတဲ့ Live Wallpaper ဖြစ်ပါတယ်။ Facebook မှာ Nossia Page ကို Like လုပ်ပေးရုံဖြင့် Full version အဖြစ်သို့ ပြောင်းလဲ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ စမ်းကြည့်ပေါ့ဗျာ။

** Blox Pro **
ဒါလေးကတော့ ဆန်းသစ်လှပတဲ့ အမြင်ဆန်း Live Wallpaper ဖြစ်ပါတယ်။ Blox အတုံးများ ညင်သာစွာ လှုပ်ရှားနေပါတယ်။ သဘောကျတာက Lighting effect ဖြစ်ပါတယ်။

လက်နဲ့ထောက်လိုက်တဲ့နေရာတိုင်းကို အလင်းရောင်ထိုးပေးတဲ့ effect လေးက အတော်လေး ဆွဲဆောင်မှုရှိတယ်။ 3D ဖြစ်လို့ ဖုန်းကို လှုပ်ရှားလိုက်တိုင်း Live Wallpaper လဲ လှုပ်ရှားပါမယ်။
Pro version ဖြစ်လို့ Blox color , Speed , Lighting စတာတွေကို အပြည့်ဝ ကလိနိုင်ပါတယ်။ ကျွန်တော် အရမ်းကြိုက် :)

** Flick Ur Pics **
ဒါလေးကတော့ ရိုးရိုးလေးနဲ့ ဘယ်တော့မှ မရိုးသွားနိုင်တဲ့ Live Wallpaper လေးပါ။ မရိုးနိုင်ဆို သူက ဘော်ဒါရဲ့ ဓါတ်ပုံတွေကို Slide Show လုပ်ပေးပါလိမ့်မယ်။ နှစ်သက်ရာ ဓါတ်ပုံ(၉)ပုံအထိ နောက်ခံ Slide Show ပြုလုပ်ထားနိုင်ပါတယ်။ ကိုယ့်ချစ်သူပုံကို Wallpaper တင်လေ့ရှိသူတွေအတွက် အဆင်ပြေတာပေါ့။ ပြောင်းလိုတဲ့ အချိန် နှင့် Animation တွေကို ကိုယ်နှစ်သက်သလို ချိန်နိုင်ပါတယ်။ ကိုယ်ချစ်သော ဓါတ်ပုံလေးများ အမြဲတမ်း ပြောင်းလဲ လှပနေပါလိမ့်မယ်။

** Balls in a Box **
ဘောင်ဘင်ခတ်တဲ့ ရာဘာ ဘောလုံးလေးတွေကို ဆော့ဖူးကြမှာပါ။ ဂျယ်လီဘောလုံးလို့လဲ ကျွန်တော်တို့ဆီမှာ ခေါ်တယ်။ တုန် တုန် တုန် နဲ့လေဗျာ။ အဲ့လို ဘောလုံးလေးတွေကို ဖုန်းထဲ ထည့်ပေးထားတဲ့ Live Wallpaper လေးပါ။ ဖုန်းကို လှုပ်လိုက်တာနဲ့ ဘောလုံးတွေ တစ်လုံးနဲ့တစ်လုံး အချင်းချင်းတိုက်ကာ ဘောင်ဘင်ခတ်သွားပါတယ်။ ချစ်စရာကောင်းတာလေးမို့ ထည့်ပေးလိုက်ပါတယ်။

ကဲ ယူကြပေတော့ .. ကျွန်တော် အမြဲသတိပေးခဲ့တဲ့အတိုင်းပါပဲ ..
Live Wallpaper အသုံးပြုခြင်းက ဖုန်း Battery ကိုတော့ အနည်းငယ် အားကုန်စေပါတယ်။

Download - ( 5MB - Zip file )

dropbox
 

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Saturday, August 10, 2013



RealPlayer v1.1.3
ကျွန်တော့်ဘော်ဒါများ RealPlayer ဆိုတာနဲ့ အားလုံးသိကြမှာပါ။ ကွန်ပျူတာမှာသုံးတဲ့ နာမည်ကြီး Online & Offline Media Player တစ်ခုပါ။ RealPlayer ကို Android မှာလဲ အသုံးပြုနိုင်ပါတယ်။ Android မှာ Media အစုံဖွင့်နိုင်တဲ့ Player တွေက လက်ချိုးရေလို့ရပါတယ်။ Music , Video , Photo သုံးခုစလုံး Player တစ်ခုတည်းနဲ့ ဖွင့်နိုင်တာမျိုး ရှားပါတယ်။ RealPlayer ကတော့ ဘက်စုံသုံးနိုင်တဲ့ Media Player အမိုက်စားလေးပါ။ Online Player အနေနဲ့လဲ အသုံးပြုနိုင်တာမို့ Facebook က Video များကို RealPlayer နဲ့ Downlod ဆွဲနိုင်ပါတယ်။ Web Video များလဲ download ဆွဲနိုင်တယ်။ Play Back (or) Download ပါဝင်လို့ All in one ဒီဇိုင်းလေးဖြစ်ပြီး လန်းပါတယ်။ UI လှပပြီး Player တစ်ခုတွင် ပါဝင်ရမယ့် အင်္ဂါရပ်တွေလဲ အစုံလင် ပါဝင်တယ်။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (12MB)

dropbox
 

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Friday, August 9, 2013

 100,000 + Wallpapers & Themes

Wallpaper တွေနဲ့ပက်သက်လို့ကတော့ အတော်လေးကို စုံလင်တဲ့ App တစ်ခုပါ။ Categories ပေါင်းများစွာ ပါဝင်ပြီး အရည်သွေးမြင့် HD Wallpaper များစွာကို အခမဲ့ ရယူနိုင်ပါတယ်။
တစ်ချို့က မိမိ ခံစားချက်အလိုက် Wallpaper များကို ပြောင်းလဲ တတ်ကြတယ်။ စိတ်ညစ်နေရင် တစ်မျိုး၊ စိတ်ချမ်းသာနေရင် တစ်မျိုး အမျိုးမျိုးသော ခံစားချက်တွေကို Wallpaper တွေနဲ့ ရင်ဖွင့်ကြတယ်။
100,000 + Wallpapers မှာ အဲ့လို ခံစားချက်တွေ ပုံဖော်ပေးနိုင်မယ့် Wallpaper အလန်းစားတွေ အများကြီးရှိပါတယ်။ သုံးကြည့်ပါ။ ပုံတွေဖတ်တဲ့အခါ Loading လဲမြန်ပါတယ်။ အလန်းစားလေးပါ။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

dropbox
 

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD

Wednesday, August 7, 2013

 Despicable Me Camera

Minion လေးတွေချစ်တဲ့သူတွေအတွက် သူတို့နဲ့အတူ ဓါတ်ပုံတွဲရိုက်လို့ရမယ့် Camera App လေးတင်ပေးလိုက်တယ်ဗျာ။ ရိုက်ထားတဲ့ ဓါတ်ပုံတွေမှာ Minion လေးတွေကို Sticker အနေဖြင့် ..
ကိုယ်ကြိုက်သလို ကပ်နိုင်ပါတယ်။ Sticker တွေ အများကြီးပါတယ်။ အားလုံးက 3D ရုပ်ထွက်လှလှလေးတွေချည်းပဲဗျ။ Minion တွေရဲ့ ပုံစံပေါ်မူတည်ပြီး ကိုယ့်ဘက်က ဂိုက်ပေးတတ်ဖို့တော့လိုတယ်နော် ဒါမှ သူတို့ အမူယာလေးတွေနဲ့ ကိုယ့်ပုံနဲ့ လိုက်ဖက်ညီသွားမယ်။
Minions ချစ်သူတွေ သဘောကျနေလောက်ပြီထင်တယ်။ ကျွန်တော်လဲ သဘောကျတယ်။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

Free app ဖြစ်လို့ ကြေငြာတွေတော့ ပါတယ်။ အင်တာနက်ပိတ်ပြီး အသုံးပြုပါ။ မဟုတ်ရင် ကြေငြာတွေကို နှိပ်မိရင် စိတ်ညစ်ရလို့

download - (10MB)

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD
 *** လန်းပါပေ့ Hovering Controls ရယ် ***

App အလန်းလေးတွေ တင်ပေးပါဆိုတဲ့ ဘော်ဒါများအတွက် Hovering Controls ဆိုတဲ့ App အလန်းလေး တင်ပေးတယ်ဗျာ။ Proximity Sensor ဆိုတာကို အားလုံး သိကြမယ်ထင်ပါတယ်။
ဖုန်းရဲ့ရှေ့ကင်မရာ နားမှာရှိတဲ့ အမဲရောင် အကွက်လေးက Proximity Sensor ဖြစ်ပါတယ်။ သူက ဖုန်းလာတဲ့အခါ နားနဲ့ကပ်ရင် Screen Off ဖြစ်အောင်လုပ်ပေးတဲ့ Sensor ပေါ့ဗျာ။
အဲ့ဒီ Proximity Sensor ကို အသုံးပြုပြီး မိမိဖုန်းကို ခိုင်းကြည့်မယ်။ Hovering Controls App နဲ့ ခိုင်းလိုက်ကြစို့ဗျာ

Hovering Controls နဲ့ ဘာတွေလုပ်နိုင်လဲဆိုတော့ ..

- Proximity Sensor ပေါ်သို့ လက်ဝါးဖြင့် ညာဘက်ကို ယိမ်းတဲ့အခါ ..
မိမိကြိုက်နှစ်သက်ရာ App တစ်ခုခုကို ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ နှစ်ဖက်စလုံး နှစ်ခါ ယိမ်းရင် နောက်ထပ် App တစ်ခု
ဖွင့်ခိုင်းလို့ရတယ်။

- ဘယ်၊ညာ မယိမ်းပဲ အပေါ်တည့်တည့် အုပ်မိုးထားတဲ့အခါမှာလည်း
နောက်ထပ် App တစ်ခု ဖွင့်ခိုင်းလို့ရတယ်။

ဖွင့်လိုသော App များကို မိမိစိတ်ကြိုက် သတ်မှတ်ပေးထားလို့ရတယ် ..
ကျွန်တော်ကတော့ အမြဲသုံးလေ့ရှိတဲ့ Page Manager , Facebook , Fast Reboot .. အဲ့သုံးမျိုးသတ်မှတ်ပေးထားတယ်

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး နောက်ထပ် သုံးနိုင်တာတွေက ..

- သီချင်းနားထောင်နေတဲ့အခါ ဘယ်၊ညာ ယိမ်းပြီး အပုဒ်ကျော်နိုင်မယ်။

- ဖုန်း call ၀င်လာတဲ့အခါ နားနဲ့ကပ်လိုက်တာနဲ့ အလိုလို ဖုန်းကိုင် ပြီးသားဖြစ်အောင် လုပ်နိုင်တယ်။

- ဖုန်းပြောနေရင်း Speaker ဖွင့်ချင်တဲ့အခါ ဖုန်းကို Shake လုပ်ပြီး ဖွင့်နိုင်တယ်။

- Gallery ထဲမှာ ဓါတ်ပုံတွေ ကြည့်တဲ့အခါလဲ ဖုန်းကို ထိစရာမလိုဘူး။ လက်ဝါးနဲ့ အသာလေး အပေါ်ကနေ ယိမ်းလိုက်တာနဲ့ နောက်တစ်ပုံ ပြောင်းပေးတယ်ဗျ။ Gallery မှာ သုံးမယ်ဆိုရင်တော့ မိမိဖုန်းက Root လုပ်ထားဖို့ လိုအပ်ပါတယ်။

- Internet Browser တွေနဲ့ web page တွေကြည့်တဲ့အခါမှာ လက်ဝါးနဲ့ အောက်ကို ဆွဲချလိုက်ရင် Scroll Down , လက်ဝါးနဲ့ အပေါ်ကို နှစ်ခါ တက်လိုက်ရင် Scroll up လုပ်ပေးပါတယ်။
ဒါကိုလဲ Root လုပ်ထားတဲ့ဖုန်းမှ အသုံးပြုနိုင်ပါမယ်။

ဘယ်လောက်လန်းလဲ။ ကျွန်တော်တော့ အရမ်းသဘောကျတယ်။ Unlock Screen အထိတောင် လက်ဝါးနဲ့ယိမ်းပြီး ဖွင့်နိုင်တယ်လို့ဆိုပါတယ်။ ကျွန်တော်စမ်းကြည့်တော့ ဖုန်းနဲ့မကိုက်လို့လားမသိဘူး ..
အလုပ်မလုပ်ဘူး။ အဲ့ဒါကိုတော့ ဖုန်းတိုင်းရချင်မှ ရပါမယ်။ ကျန်တာတွေလဲ ဖုန်းတိုင်းတွင် အသုံးပြုနိုင်မယ်လို့ သေချာမပြောနိုင်ဘူး။ ကျွန်တော် စမ်းကြည့်တာတော့ တော်တော်များများ အသုံးပြုလို့ရတယ်။ကိုယ့်ဖုန်းမှာသုံးလို့ရလားဆိုတာ သိချင်ရင် ကိုယ်တိုင် ကလိကြည့်ဗျာ။
တစ်ခြား အသုံးဝင် function များလဲ ကျန်ပါသေးတယ်။အဓိကအသုံးဝင်တာတွေကိုပဲ ရေးပေးလိုက်တာပါ။ Android 2.3 နှင့်အထက်ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox
 

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD


*** AirDroid အသုံးပြုနည်း နှင့် အသုံးဝင်ပုံ ***

Review By Mr.AD
 

AirDroid အကြောင်းကို ရေးချင်တာကြာခဲ့ပြီ။ သိတဲ့အတိုင်း လိုင်းမကောင်းလို့အခုမှပဲ ရေးဖြစ်တော့တယ်။ AirDroid ဆိုတာ လွယ်လွယ်ပြောရရင် မိမိဖုန်းကို ကွန်ပျူတာကနေ အသုံးပြုတာပါ။
internet connection သုံးပြီး ကြိုးမဲ့စနစ်ဖြင့် မိမိဖုန်းကို online ကနေ အသုံးပြုနိုင်တဲ့ Service တစ်ခုဖြစ်ပါတယ်။ AirDroid ကို အသုံးပြုဖို့အတွက် Gmail Account တစ်ခု ရှိရင် သုံးနိုင်ပါတယ်။Connection ကောင်းရင်တော့ အသုံးပြုရတာ အတော်ကို အဆင်ပြေပါတယ်။

ကျွန်တော်တို့တွေ ဖုန်းကနေ Wifi လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးကြတယ်။ SMS ၀င်လာတဲ့အခါ ၊ ဖုန်းထဲက တစ်ခုခုကို ကြည့်ချင်တဲ့အခါ ၊ App တွေကို install / uninstall လုပ်ချင်တဲ့အခါ .. စတဲ့ ကိစ္စတွေမှာ ဖုန်းကို ကိုင်ပြီး ပြုလုပ်ရပါတယ်။ အင်တာနက်လဲ အသုံးမပျက်၊ ဖုန်းကိုလဲ ကိုင်စရာမလိုပဲ ထို ကိစ္စများကို ကွန်ပျူတာကနေ လုပ်ဆောင်ချင်ရင်တော့ AirDroid ဆိုတဲ့ App လေးက လုပ်ဆောင်ပေးပါမယ်။ အင်တာနက်သုံးရင်း online ကနေ ကိုယ့်ဖုန်းကိုလှမ်းပြီး ထိန်းချုပ်ကြည့်မယ်။ နာမည်ကြီးတဲ့ App လေးဆိုတော့ သိတဲ့သူလဲရှိမယ်။ မသိတဲ့သူတွေလဲ သုံးကြည့်ပါလို့ ညွှန်ပါရစေ။ လိုင်းမကောင်းဘူး .. သုံးမရဘူး ဆိုလဲ လိုင်းကောင်းတဲ့အချိန်မှာသာ စမ်းကြည့်ဗျာ။ ကျွန်တော်လဲ ဖုန်းလိုင်းနဲ့သုံးတာပါပဲ။ လိုင်းကောင်းတဲ့အချိန်မှာ သုံးလို့ အတော်လေး အဆင်ပြေပါတယ်။

** AirDroid Register **
AirDroid ဆိုတာ ဘာလဲလို့ သိသွားပြီဆိုတော့ AirDroid စတင် အသုံးပြုပုံလေး ရှင်းပြပါ့မယ်။ AirDroid App ကို အရင်ဒေါင်းလိုက်ပါ။ ပြီးရင် install လုပ်ပါ။ ပုံ(၁)မှာ မြင်ရတဲ့အတိုင်း အရင်ဆုံး AirDroid မှာ Register လုပ်ရပါမယ်။ Sign in via Google ဆိုတာကို နှိပ်ပြီး Gmail နဲ့ Gmail Password ရိုက်ပြီး Register လုပ်လိုက်ပါ။ သင့်ဖုန်းထဲမှာ Google Account ထည့်ပြီးသားဆိုလဲ တစ်ခါတည်း ဖော်ပြပါလိမ့်မယ်။ ရွေးပြီးသွားရင် Active လုပ်ခိုင်းပါတယ်။ Active ကို နှိပ်လိုက်ရင် ပုံ(၂) မှာလိုမြင်ရပါမယ်။ ဒါဆို Register လုပ်ပြီးပါပြီ။

** AirDroid Web Server **
ကွန်ပျူတာကနေ အသုံးပြုဖို့အတွက် AirDroid Web Server ကို သွားရပါမယ်။ FireFox ကနေ http://web.airdroid.com/ ဆိုတဲ့ လိပ်စာကို ရိုက်ပြီးသွားပါ။ ပုံ(၃)မှာလို မြင်ရပါမယ်။ Sign in လုပ်ပေးရပါမယ်။ ခုနက မိမိ Register လုပ်ခဲ့တဲ့ Gmail Account နဲ့ Password ရိုက်ကာ Sign in ၀င်လိုက်တာနဲ့ AirDroid ကို စတင် အသုံးပြုနိုင်ပါပြီ။ ချိတ်မိသွားပြီဆိုတာနဲ့ မိမိဖုန်းမှာ ပုံ(၄)မှာလို မြင်ရပါမယ်။ ဒါဆို ဖုန်းနဲ့ AirDroid Web Server နဲ့ချိတ်သွားပါပြီ။ ပုံ(၅)မှာမြင်သလို ကွန်ပျူတာမှာ မြင်ရပြီဆိုရင်တော့ AirDroid ကို အသုံးပြုလို့ ရနေပါပြီ။

** AirDroid လုပ်ဆောင်နိုင်မှုများ **

- Message (SMS) , Contacts , Call Logs

ကွန်ပျူတာကနေ ဖုန်းမှာ SMS ပို့သလိုမျိုး အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာ အသုံးပြုသလိုပါပဲ။ ပို့ချင်တဲ့ နံပါတ်ရိုက် (09 ................) ပြီးsms ရေးကာ ပို့လိုက်ရုံပါပဲ။ ဖုန်းထဲမှာရှိတဲ့ sms တွေကိုလဲ မြန်မာလို ..
အဆင်ပြေစွာ ဖတ်ရှုနိုင်ပါတယ်။ ဘယ်လောက် အဆင်ပြေလဲ။ sms ပို့ချင်တာပဲဖြစ်ဖြစ် ဖတ်ချင်တာပဲဖြစ်ဖြစ် ဖုန်းကို သွားကြည့်စရာ မလိုတော့ဘူး။ ကွန်ပျူတာကနေ အသုံးပြုနိုင်ပါတယ်။
Contacts များနှင့် Call Logs များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။

- Music & Videos

ဖုန်းထဲမှာရှိတဲ့ သီချင်း နှင့် ဗီဒီယိုများကိုလဲ မွှေနှောက်ရှာဖွေနိုင်ပါတယ်။ သီချင်းများကို ကွန်ပျူတာကနေ လှမ်းဖွင့်ပြီး နားထောင်နိုင်ပါတယ်။ ဗီဒီယိုများကိုလဲ ကြည့်ရှုနိုင်ပါတယ်။ လိုချင်ရင် download ဆွဲပြီး ..
ဖုန်းထဲမှ သီချင်း နှင့် ဗီဒီယိုများကို ကွန်ပျူတာထဲ ထည့်သွင်းနိုင်ပါတယ်။

- Apps , Photos , Ringtones , files

မိမိဖုန်းထဲမှ Application များကိုလဲ ၀င်ကြည့်နိုင်ပါတယ်။ App များကို ကွန်ပျူတာကနေ install / uninstall လုပ်နိုင်တယ်ဗျာ။ ဖုန်းထဲမှ လိုချင်သော App များကိုလဲ download ဆွဲကာ သိမ်းနိုင်တယ်။
ဓါတ်ပုံများလဲ ရှာဖွေနိုင်တယ်။ Ringtones များကိုလဲ သတ်မှတ်နိုင်တယ်။ မိမိဖုန်းထဲမှာ File Manager အသုံးပြုသလိုမျိုး ကွန်ပျူတာကနေ ဖုန်းထဲကို အသေးစိတ် မွှေနှောက်ရှာဖွေနိုင်တယ်။

- Screenshot , Camera

မိမိဖုန်းကို ကွန်ပျူတာကနေ Screenshot လှမ်းရိုက်နိုင်ပါတယ်။ Screenshot ကို အသုံးပြုဖို့အတွက် မိမိဖုန်းက Root လုပ်ထားဖို့တော့ လိုအပ်ပါတယ်။ ဖုန်း Camera ကိုလဲ လှမ်းသုံးနိုင်ပါသေးတယ်။
ကွန်ပျူတာကနေ မိမိဖုန်း ကင်မရာမှ မြင်ရသမျှကို ကြည့်ရှုနိုင်ပါတယ်။ ဓါတ်ပုံရိုက်နိုင်တယ်။

ရေရေလည်လည် အသုံးဝင်တယ်နော်။ အင်တာနက်သုံးနေတဲ့အခါ AirDroid Web Server ကို ဖွင့်ထားပြီး အင်တာနက်လဲ အသုံးမပျက် မိမိဖုန်းကိုလဲ ကိုင်စရာမလိုပဲ လှမ်းထိန်းချုပ်နိုင်တော့ ရှယ်ပဲပေါ့ဗျာ။
ဒီလောက်ဆို အားလုံး နားလည်သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်။
မစမ်းဖူးသေးတဲ့ ဘော်ဒါတို့ စမ်းကြည့်ပေတော့ဗျာ

download - AirDroid 2.0.3 (6MB)

dropbox

copy
 

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD ( ရှာ .. တွေ့ .. ဒေါင်း .. စမ်း .. ကြိုက် .. မျှ .. ပျော် )

Monday, August 5, 2013


INFINITE SKY


ရှေ့တန်းစစ်မြေပြင်မှာ ကျူးကျော်လာတဲ့ ရန်သူ့လေယာဉ်တွေကို
ခုခံကာကွယ်ရမယ့် လေယာဉ်ပစ်ဂိမ်းလေးပါ။
ရွေးချယ်စရာ Player (၅)ယောက်ပါရှိပြီး ရန်သူ့လေယာဉ်တွေကို
တိုက်ခိုက်ရမှာပါ။ Coins များကိုစုဆောင်းပြီး မိမိလေယာဉ်ကို
Upgrade ပြုလုပ်နိုင်ပါသေးတယ်။ Boss တွေနဲ့လည်း
ခက်ခက်ခဲခဲ တိုက်ခိုက်ရဦးမှာပါ။ Graphic က အရမ်းကို
ကောင်းမွန်ပြီး လေယာဉ်တင်မကပဲ နောက်ခံရှုခင်းတွေကလည်း
အရမ်းကို ကြည့်ကောင်းပါတယ်။ Gameplay မှာလည်း လေယာဉ်ကို
နည်းလမ်း (၃) မျိုးနဲ့ Control လုပ်နိုင်ပါတယ်။
<<< ဒီဂိမ်းလေးက Play Store မှာ ကြယ်(၅)ပွင့်ရထားတဲ့ဂိမ်းပါ >>>

OS       - 2.2 & UP
APK    - 25.64 MB

DOWNLOAD

INFINITE SKY ( Apk )


Mr.KT

MAD DRAGON

မင်စာလေးတွေက နဂါးအိပ်နေတုန်းမှာ ဂူထဲကရတနာတွေကိုခိုးယူသွားတယ်။
နဂါးနိုးလာတော့ အရမ်းဒေါသထွက်သွားတယ် ဒါနဲ့ အဲဒီမင်စာတွေကို
လိုက်လံတိုက်ခိုက် မောင်းထုတ်ပြီး သူ့ရဲ့ရတနာတွေကို ပြန်လည်ရယူ
ရမယ့် ဂိမ်းလေးပါ။ မိမိက ဒေါသထွက်နေတဲ့ နဂါးနေရာကနေ
ဝင်ရောက်ကစားရမှာပါ။ ဒီဂိမ်းက one tap control အမျိုးအစားဖြစ်ပြီး
ကစားသူက လက်ချောင်းတစ်ဖက်တည်းနဲ့ ထိန်းချုပ်ကစားရမှာပါ။
အခန်းပေါင်း (၇၀)ကျော်ပါဝင်ပြီး မိမိရဲ့နဂါးရဲ့အသွင်အပြင်နဲ့
ပါဝါကိုလည်း upgrade လုပ်ကာ ပြောင်းလဲနိုင်ပါသေးတယ်။
Graphic ပိုင်းနဲ့ Gameplay ပိုင်းမှာလည်း ရိုးရှင်းပြီး ကစားလို့
ကောင်းတဲ့ဂိမ်းလေးပါ။


OS       - 2.3 & UP
APK    - 38.64 MB


DOWNLOAD

MAD DRAGON ( Apk )



Mr.KT

A+ TimeTable (အချိန်ဇယားကို ဖုန်းနဲ့မှတ်မယ်)

Mr.AD တို့ နုစဉ်အခါတုန်းက ကျောင်းအချိန်ဇယားမှတ်တာ မှတ်မိပါသေးရဲ့။

စာအုပ်နောက်ကျောမှာ ဖြစ်သလို တောင်ခြစ် မြောက်ခြစ်နဲ့ မှတ်ခဲ့ပါတယ်။
စာကြိုးစားသူများကတော့ ကဒ်ထူပေါ်မှာ သေသေချာချာ စနစ်တကျ

မှတ်သားပြီးပလက်စတစ်တောင် လောင်းထားပါသေးတယ်။ အခုနည်းပညာ တိုးတက်လာတော့ အချိန်ဇယားကို ဖုန်းထဲမှာ အလွယ်တကူ မှတ်သားနိုင်ပါပြီ။ အဆင်ကို ပြေလို့။ A+ TimeTable ဆိုတဲ့ အချိန်ဇယားမှတ်လို့ရတဲ့ App ကို သုံးကြည့်ပါ။ ကျောင်းသူကျောင်းသားအတွက်တင်မက လုပ်ငန်းခွင်ဝင်နေတဲ့သူတွေပါ အသုံးပြုနိုင်တဲ့ TimeTable လေးပါ။ အသုံးပြုရတာလဲ လွယ်ကူ ရိုးရှင်းပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ (၇)ရက်စလုံးမှာ အသေးစိတ် မှတ်သားနိုင်ပါတယ်။ ကျောင်းတက်နေသော ညီလေး ညီမလေးတို့အတွက် အလွန်အသုံးဝင်ပါတယ်။ စာသင်ချိန်တွေမှာ ဖုန်းကို silent လုပ်ပေးတဲ့ function လဲ ပါဝင်ပါတယ်။ App ကို စစခြင်း ဖွင့်တဲ့အခါ Monday to Friday ထိပဲမြင်ရပါမယ်။ (၇)ရက်စလုံး မြင်ချင်ရင် Setting ထဲမှာ Weekend days ကို အမှတ်ခြစ်ပေးရပါမယ်။ နောက်ပြီး Hour format မှာ 0/12 ကို ရွေးပေးပါ။ ဒါမှ နာရီများကို ၁၂နာရီစနစ်ဖြင့် ဖော်ပြပါမယ်။ မဟုတ်ရင် ၁နာရီဆိုရင် ၁၃နာရီလို့ ဖော်ပြနေပါမယ်။ ကျန်တဲ့ setting များကိုတော့ ကိုယ်လိုသလို ချိန်ကြည့်ပေါ့။အသုံးဝင်တဲ့ TimeTable App လေးမို့ တင်ပေးလိုက်ပါတယ်။
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Saturday, August 3, 2013

ဖုန်းဖြင့် အင်တာနက် လျှောက်လိုသူများသိရှိရန်

MPT ၏ GSM, WCDMA ဖုန်းလိုင်းများတွင် Internet service ရယူနိုင်ရန်အတွက် 1331 နံပါတ်သို့ အောက်ပါအတိုင်း SMS ပေးပို့ပြီး အင်တာနက် လျှောက်ထားနိုင်ပါသည်။

Orderdata service

– O (အို)ကို စာလုံးအကြီးဖြင့်ရိုက်ရမည်ဖြစ်သည်။
– Orderdata ကို တစ်ဆက်တည်းရိုက်ရမည်ဖြစ်သည်။
- Orderdata နောက်တွင် space (နေရာလွတ်) တစ်ချက်ခြားရန်လိုအပ်သည်။
– s (အက်စ်)ကို စာလုံးအသေးဖြင့်ရိုက်ရမည်ဖြစ်သည်။

မှတ်ချက် ။ ။ အင်တာနက် ဝန်ဆောင်မှု ရယူနိုင်ရန် ဝန်ဆောင်ခ ၁၀၀၀၀ ကျပ်ကို ကြိုတင် Bill မှ အလိုအလောက် ဖြတ်တောက်မည်ဖြစ်သဖြင့် ကြိုတင် Bill လက်ကျန်ငွေမှာ ၁၀၀၀၀ ကျပ် အထက် ရှိရန်လိုအပ်ပါသည်။ အဆင်မပြေမှုများရှိပါက MPT ၏ Call Centre ဖုန်းနံပါတ် 1876 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Ref - Myanmarmobileapp

Photo Wonder v3.0.5 ( Latest Update )

နာမည်ကြီး လူသုံးများ အထူးသဖြင့် မိန်းကလေးတွေ အကြိုက် ..
Photo Wonder Version အသစ် (3.0.5) ထွက်လို့လာပါပြီ။
July 25 ကတည်းက ထွက်နေတာ ခုမှ သတိထားမိလို့ ဟီး :) အထူးပြောစရာမလို သုံးဖူးသူသိ အလွန်ငြိမယ့် App လေးပါ။
Version အသစ်မှာ ဘာတွေ ထပ်ပြီး ပါဝင်လာလဲဆိုတော့ Brush Strokes အသစ်များ၊ One Click Beautify ဆိုတဲ့ တစ်ချက်နှိပ်ရုံဖြင့် သင့်ကို လှပသွားစေမယ့် function အလန်းစား ပါဝင်လာပါတယ်။ မိန်းကလေးအတွက်ရယ်လို့ ဟုတ်ဘူးနော်။ ကျွန်တော့် ကိုကို ညီညီများလဲ ဒီ App လေးနဲ့ လန်းလို့ရတယ်။ ကျွန်တော်တော့ သုံးကြည့်ပြီး ကိုယ့်ကိုကိုယ်တောင် ပြန်ပြီး ..
အာဘွားပေးချင်သွားတယ် :P

Photo Wonder မှာ Filter တွေကို ကင်မရာ မရိုက်ခင်ကတည်းက တစ်ခါတည်းထည့်ပြီး ရိုက်ရတဲ့ Filter Camera function ကလဲ လန်းတယ်။ Beautify App တွေထဲမှာတော့ ထိပ်ဆုံးမှ ရပ်တည်နေတဲ့ App တစ်ခုပါ။ Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (15MB)

dropbox

copy

zippyshare
 

ပျော်ရွှင်ပါစေ။

Mr.AD

DOLMUS DRIVER - Istanbul

Taxi ကားမောင်းရတဲ့ဂိမ်းလေးပါ။ Sega ရဲ့ Crazy Taxi လိုပါပဲ။
လမ်းပေါ်ကကားတွေကို မတိုက်အောင်ရှောင်မောင်းကာ
coins များကိုစုဆောင်းရမှာပါ။ နောက်ပြီး ရဲတွေ မမိအောင်ပါ
မောင်းပြေးရမှာပါ။ ရွေးချယ်စရာ ကား(၃)မျိုးပါဝင်ပြီး
မတူညီတဲ့လမ်းမ(၃)ခုပေါ်မှာမောင်းနှင်ရမှာပါ။
ကားရဲ့အမြန်နှုန်းကိုမြှင့်ပေးမယ့် Jetpacks များကိုလည်း
(၆)ခုအထိ Upgrade ပြုလုပ်နိုင်ဦးမှာပါ

OS       - 2.3 & UP
APK    - 45.58 MB

DOWNLOAD

DOLMUS DRIVER - Istanbul ( Apk )


Mr.KT


** Animation တွေနဲ့ sms ပို့နိုင်မယ့် Magic SMS **

Chinese App အလန်းစားလေးပါ။ Magic SMS ကို အသုံးပြုဖို့အတွက် ပို့မယ်သူရော၊ လက်ခံမယ့်သူရဲ့ဖုန်းမှာပါ Magic SMS app ကို ထည့်ထားရပါမယ်။ Animation လေးတွေနဲ့ အလန်းစား Show လေးတွေကို တစ်ဖက်နဲ့တစ်ဖက် sms ဖြင့် ပို့နိုင်ပါတယ်။ sms ပို့တဲ့နေရာမှာ Animation လေးတွေကို code နဲ့ ရေးပြီး ပို့ပေးတာဖြစ်လို့မိမိ sms မှာ animation code အတွက် စာလုံးရေ (15)လုံးလောက်တော့ နေရာပေးရပါတယ်။ မြန်မာစာကိုလဲ အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ animation လေးတွေက screen အပြည့် လှုပ်ရှားပေးတာဖြစ်လို့ အတော် ပျော်စရာကောင်းပါတယ်။ သူငယ်ချင်း၊ ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်စွာ sms ပို့နိုင်မယ့် app လေးပါ။ ဒီ app အလန်းလေးကို ကလိဖို့ ပေးခဲ့တဲ့ fan ထဲမှ “ SE V EN ” ကို ကျေးဇူးတင်ပါတယ်။

Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download - (4MB)

copy

dropbox

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD

Friday, August 2, 2013



*** ဓါတ်ပုံရိုက်ရင်း အသံပါသွင်းနိုင်တဲ့ CamVoice ***

Samsung S4 တွေမှာပါတဲ့ ဓါတ်ပုံရိုက်ရင်း အသံကိုပါ Record လုပ်နိုင်သလိုမျိုး အသုံးပြုနိုင်ပါတယ်။ Voice Recorder နဲ့ Camera နှစ်ခုပေါင်းပြီး ဖန်တီးထားပါတယ်။
ဓါတ်ပုံတွေရိုက်တဲ့အခါ ဘယ်နေရာမှာ၊ ဘယ်သူနဲ့ .. စသဖြင့် အမှတ်တရတွေကို အသံနဲ့ပါတစ်ခါတည်း တွဲပြီး မှတ်သားနိုင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးတာနဲ့ အသံကို Record တစ်ခါတည်းလုပ်နိုင်ပါတယ်။ ရိုက်ကူးပြီးသား ဓါတ်ပုံများကို CamVoice ရဲ့ Gallery ထဲမှာ အသံနဲ့တကွ ..
ပြန်လည်ကြည့်ရှု နားဆင်နိုင်မှာဖြစ်ပါတယ်။ မော်ဒယ်မြင့်ဖုန်းတွေမှာသာပါဝင်တဲ့ function အလန်းစားလေးကို မိမိဖုန်းမှာ သုံးနိုင်သွားပါပြီ

Android 2.3 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။

download -

dropbox

copy

zippyshare

ပျော်ရွှင်ပါစေ။

Mr.AD
TEAM DRAGON

Fighting Game လေးပါ။ Mode 4 မျိုးပါဝင်ပြီး
Career Mode မှာ မိမိကြိုက်နှစ်သက်ရာ Fighter
တစ်ယောက်ကိုရွေးပြီး တခြား Fighter တွေနဲ့ယှဉ်ပြိုင်ရမှာပါ။
နောက်ဆုံးအောင်မြင်သွားရင်တော့Fighter(16)ယောက်နဲ့
Fighting Arena(5)ခန်းအထိ ရွေးချယ်ကစားနိုင်မှာပါ
Multiplayer Mode မှာတော့ မိမိဖုန်းနဲ့ တခြားဖုန်းတလုံးကို
Bluetooth & Wifi ချိတ်ပြီးတော့ ကစားနိုင်ပါသေးတယ်
Graphic က 3D ရုပ်ထွက်မို့အရမ်းမိုက်ပါတယ်
Adreno GPU ပါတဲ့ဖုန်းတွေအတွက် အဆင်ပြေပြေဆော့ကစား
နိုင်မှာပါ




OS       - 2.3 & UP
APK     - 47.93 MB

DOWNLOAD

TEAM DRAGON ( Apk )

Mr.KT

Thursday, August 1, 2013

 

 VRoot Version 1.5.0 ( Latest update ) ထွက်ပါပြီ။


Android ဖုန်းအများစုကို လွယ်လွယ်ကူကူဖြင့် Root ဖောက်နိုင်သော ..
လူသုံးများ နာမည်ကြီး VRoot version 1.5 အသစ်ထွက်ပါပြီ။
လိုချင်သူများ အောက်က link ကနေ သွားဒေါင်းလိုက်ပါ။

vroot v1.5.0


အဆင်ပြေပါစေ။

Mr.AD
ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပက်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀တန် Sim Card များအား သက်တမ်းတိုးဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထက်တွင် ဆောင်ရွက်နိုင်ကြောင်းသိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်ပါက သက်တမ်းတိုးလျှောက်ထားနိုင်မည်ဖြစ်ပြီး လျှော်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍
သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာအချုပ်ထုတ်ပေး
ထားခြင်းမရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ဌာနမှ ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုးလျှောက်ထားနိုင်ခြင်းနှင့် ပက်သက်၍ ဇူလိုင်လ ၂၅ရက်ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက်(ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနရဲ့ထောက်ခံချက်) ပိုင်ရှင်ရဲ့ နိုင်ငံသား စီစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီး မန်နေဂျာထံလိပ်မူ၍ လျှောက်ထားနိုင်ကြောင်း
ဖော်ပြထားသည်။ ဖုန်းကတ်ဝယ် ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် ..
အနည်းဆုံး ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်း ထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွန်ရန်အတွက်
၁၅ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပတ်သွားမည်
ဖြစ်ကြောင်း သိရသည်။ ထို တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ်၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ် ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ်မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွား..
မည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ..
ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက်လိုင်းပိတ် ..
သွားမည်ဖြစ်ကြောင်း သိရသည်။

Source - Internet Journal (Vol.14, No.29)

Mr.AD

Mr.AD

ကျွန်တော့်အကြောင်းကတော့ simple ပါပဲ။ ၀ါသနာအရ ရှာဖွေရင်းကနေ ပျော်ရွှင်စရာ Android ကမ္ဘာထဲ နစ်မြုပ်သွားပါတော့တယ် :) Read More

visitor counter widget
Subscribe to RSS Feed Follow me on Twitter!